တေးသံရှင် မီမီဝင်းဖေရဲ့ လတ်တလောလှုပ်ရှားမှု

တေးသံရှင် မီမီဝင်းဖေရဲ့ လတ်တလောလှုပ်ရှားမှု

ဂီတလောကမှာ လူကြိုက်များပြီး ပရိသတ်အခိုင်အမာနဲ့ နေရာတစ်ခုရရှိခဲ့တဲ့ တေးသံရှင် မီမီဝင်းဖေဟာ သူမ အနေနဲ့ ယခုရက်ပိုင်းထဲ ဖိတ်ကြားလာတဲ့ ပွဲလမ်းသဘင် အခမ်းအနားပွဲတွေမှာ အများဆုံးဖျော်ဖြေ လာရတယ်လို့ ပြောပါတယ်။“အစ်မက အခုလောလောဆယ်မှာ ဖိတ်ထားတဲ့ ပွဲလေးတွေရှိပါတယ်၊ အဲ့ဒီအခမ်းအနားပွဲလေးတွေတော့ သွားပြီး ဆိုရတယ်၊ စီးရီးသစ်တွေအနေနဲ့ကတော့ လုပ်တော့လုပ်မှာပါ၊ အခုနောက်ပိုင်း အွန်လိုင်း Application တွေမှာ အစ်မသီချင်းလေးတွေကို ပြန်လည်ဆန်းသစ်ပြီး လုပ်သွားဖို့တော့ ရှိမှာပါ၊ အခုရက်တွေက ပွဲလေးတွေ လက်ခံထားတာရှိနေတာရယ်၊ တစ်ချို့ကျတော့ ကိုယ်နဲ့အရမ်းခင်တဲ့မိတ်ဆွေတွေက ဖိတ်ထားတဲ့ပွဲလေးတွေမှာ ဆိုနေရတယ်၊ ပွဲလေးတွေ ဆက်တိုက်ဖြစ်နေတဲ့ ကာလဖြစ်နေလို့ သိပ်မအားလပ်တာကြောင့်လည်း စီးရီးလုပ်မယ့် ဘက်ကို သိပ်မလှည့်နိုင်သေးဘူး”လို့ တေးသံရှင် မီမီဝင်းဖေက ရှင်းပြပါတယ်။

သီချင်းအေးအေးလေးတွေ သီဆိုရင်း ပရိသတ်တွေနှစ်ခြိုက်ခဲ့ရတဲ့ သူမဟာ ပရိသတ်တွေ ခံစားနားဆင်နိုင်စေဖို့ အရင်ကတ်ဆက်ခွေခေတ်က ထွက်ရှိခဲ့ဖူးတဲ့ တေးသီချင်းတွေနဲ့ စုစည်းပေါင်းစပ်ပြီး တေးအယ်လ်ဘမ်တစ်ခု ကိုလည်း လွန်ခဲ့တဲ့ နှစ်ထဲမှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာ ခေတ်ကာလနဲ့လိုက်လျောညီထွေတဲ့ အခြေအနေမျိုးဖြစ်လာအောင် တေးသီချင်းတွေကို ဆန်းသစ်ဖို့စီစဉ်နေသလို Single Song တွေအဖြစ်နဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ “အစ်မတို့ကတော့ ခေတ်နဲ့အညီလိုက်နိုင်ဖို့ကြိုးစားနေကြဆဲပေါ့၊ အခုခေတ်က ခွေထုတ်ရင်ရှုံးမယ်ဆိုကြပေမယ့် အစ်မကတော့ အရှုံးအမြတ်ကိုစိတ်မဝင်စားပါဘူး၊ ကိုယ့်အနုပညာကို ပရိသတ်ခံစားနိုင်စေဖို့ပဲ မျှော်မှန်းပါတယ်၊ ကိုယ်လုပ်ချင်တာ ကိုယ်ဝါသနာပါရာကို လုပ်နေရရင် ကျေနပ်မိတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ယခုနောက်ပိုင်းမှာ ဂီတလောကအတွက် မျိုးဆက်သစ်တွေအများအပြား ဝင်ရောက်လာကြတာဟာ အနာဂတ်အတွက် ဂုဏ်ယူစရာအခြေအနေ မျိုးဖြစ်ကြောင်း၊ ယခင်ခေတ်က ပရိသတ်သတိထားမိစေဖို့ ခက်ခက်ခဲခဲနဲ့ အတော်လေး ကြိုးပမ်းခဲ့ရတဲ့အခြေအနေကနေ အခုနောက်ပိုင်းမှာ သီချင်းဆိုပြိုင်ပွဲတွေက လူငယ်မျိုးဆက်သစ်တွေအဖို့ ကိုယ်ဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို အောင်မြင်တဲ့အနေအထားမျိုးအထိ ရောက်အောင် လုပ်ဆောင်နိုင်မယ့် လှေကားထစ်ကလေးတွေသဖွယ်ဖြစ်စေကြောင်း၊ အရင်ခေတ်နဲ့ ယှဉ်ကြည့် မယ်ဆိုပါက အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ ခေတ်ကာလအခြေအနေမျိုး ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

 “အခုခေတ်က ကိုယ်ကြိုးစားရင်ကြိုးစားသလောက် အောင်မြင်မှုနဲ့က လက်တစ်ကမ်းမှာပဲ၊ ဟိုခေတ်တုန်းကလို မဟုတ်တော့ဘူး၊ ဒါဟာ မျိုးဆက်သစ်တွေအတွက်တော့ အားရစရာပါပဲ၊ အရေးကြီးတာက ကြိုးစားမှုကို ရပ်မပစ်ကြဖို့ပဲလေ”လို့ ၎င်းက ဆိုပါတယ်။ ဆက်လက်ပြီးတော့ လည်း သူဝါသနာပါတဲ့ ဂီတအလုပ်ကို အသက်ရှင်နေသရွေ့ဆက်လုပ်သွားဖို့ရှိနေသလို မျိုးဆက်သစ်တွေကိုလည်း လက်ဆင့်ကမ်းကာ လက်တွဲခေါ်ရင်း တေးသီချင်းတွေ ဖန်တီးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ ၂ 

(  Zawgyi  )

 ဂီတေလာကမွာ လူႀကိဳက္မ်ားၿပီး ပရိသတ္အခိုင္အမာနဲ႔ ေနရာတစ္ခုရရွိခဲ့တဲ့ ေတးသံရွင္ မီမီဝင္းေဖဟာ သူမ အေနနဲ႔ ယခုရက္ပိုင္းထဲ ဖိတ္ၾကားလာတဲ့ ပြဲလမ္းသဘင္ အခမ္းအနားပြဲေတြမွာ အမ်ားဆုံးေဖ်ာ္ေျဖ လာရတယ္လို႔ ေျပာပါတယ္။“အစ္မက အခုေလာေလာဆယ္မွာ ဖိတ္ထားတဲ့ ပြဲေလးေတြရွိပါတယ္၊ အဲ့ဒီအခမ္းအနားပြဲေလးေတြေတာ့ သြားၿပီး ဆိုရတယ္၊ စီးရီးသစ္ေတြအေနနဲ႔ကေတာ့ လုပ္ေတာ့လုပ္မွာပါ၊ အခုေနာက္ပိုင္း အြန္လိုင္း Application ေတြမွာ အစ္မသီခ်င္းေလးေတြကို ျပန္လည္ဆန္းသစ္ၿပီး လုပ္သြားဖို႔ေတာ့ ရွိမွာပါ၊ အခုရက္ေတြက ပြဲေလးေတြ လက္ခံထားတာရွိေနတာရယ္၊ တစ္ခ်ိဳ႕က်ေတာ့ ကိုယ္နဲ႔အရမ္းခင္တဲ့မိတ္ေဆြေတြက ဖိတ္ထားတဲ့ပြဲေလးေတြမွာ ဆိုေနရတယ္၊ ပြဲေလးေတြ ဆက္တိုက္ျဖစ္ေနတဲ့ ကာလျဖစ္ေနလို႔ သိပ္မအားလပ္တာေၾကာင့္လည္း စီးရီးလုပ္မယ့္ ဘက္ကို သိပ္မလွည့္ႏိုင္ေသးဘူး”လို႔ ေတးသံရွင္ မီမီဝင္းေဖက ရွင္းျပပါတယ္။

သီခ်င္းေအးေအးေလးေတြ သီဆိုရင္း ပရိသတ္ေတြႏွစ္ၿခိဳက္ခဲ့ရတဲ့ သူမဟာ ပရိသတ္ေတြ ခံစားနားဆင္ႏိုင္ေစဖို႔ အရင္ကတ္ဆက္ေခြေခတ္က ထြက္ရွိခဲ့ဖူးတဲ့ ေတးသီခ်င္းေတြနဲ႔ စုစည္းေပါင္းစပ္ၿပီး ေတးအယ္လ္ဘမ္တစ္ခု ကိုလည္း လြန္ခဲ့တဲ့ ႏွစ္ထဲမွာ ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ ယခုေနာက္ပိုင္းမွာ ေခတ္ကာလနဲ႔လိုက္ေလ်ာညီေထြတဲ့ အေျခအေနမ်ိဳးျဖစ္လာေအာင္ ေတးသီခ်င္းေတြကို ဆန္းသစ္ဖို႔စီစဥ္ေနသလို Single Song ေတြအျဖစ္နဲ႔ လုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ “အစ္မတို႔ကေတာ့ ေခတ္နဲ႔အညီလိုက္ႏိုင္ဖို႔ႀကိဳးစားေနၾကဆဲေပါ့၊ အခုေခတ္က ေခြထုတ္ရင္ရႈံးမယ္ဆိုၾကေပမယ့္ အစ္မကေတာ့ အရႈံးအျမတ္ကိုစိတ္မဝင္စားပါဘူး၊ ကိုယ့္အႏုပညာကို ပရိသတ္ခံစားႏိုင္ေစဖို႔ပဲ ေမွ်ာ္မွန္းပါတယ္၊ ကိုယ္လုပ္ခ်င္တာ ကိုယ္ဝါသနာပါရာကို လုပ္ေနရရင္ ေက်နပ္မိတယ္”လို႔ ၎က ဆက္လက္ရွင္းျပခဲ့ပါတယ္။

ယခုေနာက္ပိုင္းမွာ ဂီတေလာကအတြက္ မ်ိဳးဆက္သစ္ေတြအမ်ားအျပား ဝင္ေရာက္လာၾကတာဟာ အနာဂတ္အတြက္ ဂုဏ္ယူစရာအေျခအေန မ်ိဳးျဖစ္ေၾကာင္း၊ ယခင္ေခတ္က ပရိသတ္သတိထားမိေစဖို႔ ခက္ခက္ခဲခဲနဲ႔ အေတာ္ေလး ႀကိဳးပမ္းခဲ့ရတဲ့အေျခအေနကေန အခုေနာက္ပိုင္းမွာ သီခ်င္းဆိုၿပိဳင္ပြဲေတြက လူငယ္မ်ိဳးဆက္သစ္ေတြအဖို႔ ကိုယ္ဝါသနာပါတဲ့ ဂီတလမ္းေၾကာင္းကို ေအာင္ျမင္တဲ့အေနအထားမ်ိဳးအထိ ေရာက္ေအာင္ လုပ္ေဆာင္ႏိုင္မယ့္ ေလွကားထစ္ကေလးေတြသဖြယ္ျဖစ္ေစေၾကာင္း၊ အရင္ေခတ္နဲ႔ ယွဥ္ၾကည့္ မယ္ဆိုပါက အလားအလာေကာင္းေတြပိုင္ဆိုင္ထားတဲ့ ေခတ္ကာလအေျခအေနမ်ိဳး ေရာက္ရွိလာတယ္လို႔ ဆိုပါတယ္။

 “အခုေခတ္က ကိုယ္ႀကိဳးစားရင္ႀကိဳးစားသေလာက္ ေအာင္ျမင္မႈနဲ႔က လက္တစ္ကမ္းမွာပဲ၊ ဟိုေခတ္တုန္းကလို မဟုတ္ေတာ့ဘူး၊ ဒါဟာ မ်ိဳးဆက္သစ္ေတြအတြက္ေတာ့ အားရစရာပါပဲ၊ အေရးႀကီးတာက ႀကိဳးစားမႈကို ရပ္မပစ္ၾကဖို႔ပဲေလ”လို႔ ၎က ဆိုပါတယ္။ ဆက္လက္ၿပီးေတာ့ လည္း သူဝါသနာပါတဲ့ ဂီတအလုပ္ကို အသက္ရွင္ေနသေ႐ြ႕ဆက္လုပ္သြားဖို႔ရွိေနသလို မ်ိဳးဆက္သစ္ေတြကိုလည္း လက္ဆင့္ကမ္းကာ လက္တြဲေခၚရင္း ေတးသီခ်င္းေတြ ဖန္တီးသြားဖို႔ရွိေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ ၂