ကောလာဟလနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ရှိသော်လည်း ပြန်လည်ချေပ ဖြေရှင်းမှာမဟုတ်ဘဲ ပုံမှန်အတိုင်းသာ လုပ်ကိုင်သွားမယ်လို့ သရုပ်ဆောင် ခင်ဝင့်ဝါ ဆို

ကောလာဟလနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ရှိသော်လည်း ပြန်လည်ချေပ ဖြေရှင်းမှာမဟုတ်ဘဲ ပုံမှန်အတိုင်းသာ လုပ်ကိုင်သွားမယ်လို့ သရုပ်ဆောင် ခင်ဝင့်ဝါ ဆို

မိမိအပေါ် ကောလာဟလတွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ရှိနေပေမယ့် ပြန်လည်ချေပ ဖြေရှင်းမှာမဟုတ်ဘဲ ပုံမှန်အတိုင်းသာ လုပ်ကိုင်သွားဖို့ရှိတယ်လို့ သရုပ်ဆောင် ခင်ဝင့်ဝါ က ပြောပါတယ်။

“အပြစ်တင်တာတွေ၊ ကောလာဟလတွေကတော့ မကြာခဏကြုံပါတယ်၊ အရင်တုန်းကတော့ ပြန်ပြန်ပြီး ဖြေရှင်းတာတွေ လုပ်တာပေါ့၊ အဲ့ဒါကိုလည်း တစ်ချို့က စွာတယ်လို့လည်း ပြောပြန်ရော၊ အခု ညီမအနေနဲ့ အနုပညာလောကမှာ ကြုံတဲ့အတွေ့အကြုံတွေ လူမှုဆက်ဆံရေးတွေအရ အတွေ့အကြုံတွေ အများကြီးရတယ်လေ၊ ဒါကြောင့်လည်း ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ အေးအေးဆေးဆေးနဲ့ပဲ နေတာများပါတယ်” လို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပတဲ့ ရုပ်ရှင်အထူးပြသပွဲကို တက်ရောက်လာစဉ် မေးမြန်းတဲ့အပေါ် သရုပ်ဆောင် ခင်ဝင့်ဝါ က ပြောပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့အနေနဲ့ ရုပ်ရှင်ကားကြီးတွေမှာ သရုပ်ဆောင်ပါဝင်နေတာရှိသလို ဖိတ်ကြားလာခဲ့ အခမ်းအနားပွဲတွေ၊ ပရိုမိုးရှင်းပွဲတွေကိုလည်း တက်ရောက်နေသလို ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

“တစ်ခါတလေကျတော့ ညီမက ပွင့်ပွင့်လင်းလင်းနေတတ်တယ်၊ ဒါကြောင့်လည်း ပြဿနာတစ်ခုတက်ရင် ကိုယ့်ဘက်ကရပ်တည်မယ်ဆိုတဲ့သူတွေက တကယ်တမ်း ကိုယ့်ဘက်မှာ မရှိတော့ဘူး၊ ဒါပေမဲ့လည်း အမှန်တရားဆိုတာက အချိန်တန်တော့ ပေါ်လာတာပါပဲ၊ အနုပညာလောကထဲမှာတော့ ကြုံရတာတွေက အများကြီးပါပဲ၊ ကိစ္စမျိုးစုံ စုံတယ်လေ”လို့လည်း သူက ပြောပြပါတယ်။

သူ့အနေနဲ့ သူ့ကိုချစ်တဲ့ပရိသတ်တွေနဲ့အတူ ဘဝကို အေးအေးဆေးဆေး ဖြတ်ကျော်သွားဖို့လည်း စိတ်ကူး ထားတယ်လို့ ဆိုပါတယ်။

“ညီမ အမြဲခံယူထားပါတယ်၊ ကိုယ်ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ဆိုတာပါပဲ၊ ညီမ ကိုယ့်ကိုယ်ကို ကောင်းအောင်အမြဲကြိုးစားပါတယ်၊ ကိုယ့်နားမှာကိုယ့်ကိုချစ်တဲ့ ပရိသတ် တွေနဲ့အတူ ကိုယ့်အနုပညာအလုပ်ကို အေးအေးဆေးဆေး လုပ်ကိုင်သွားမှာပါ”လို့လည်း သူက ဆက်လက်ရှင်းပြပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁

( Zawgyi )

မိမိအေပၚ ေကာလာဟလေတြနဲ႔ ေဝဖန္တိုက္ခိုက္မႈေတြ ရွိေနေပမယ့္ ျပန္လည္ေခ်ပ ေျဖရွင္းမွာမဟုတ္ဘဲ ပုံမွန္အတိုင္းသာ လုပ္ကိုင္သြားဖို႔ရွိတယ္လို႔ သ႐ုပ္ေဆာင္ ခင္ဝင့္ဝါ က ေျပာပါတယ္။

“အျပစ္တင္တာေတြ၊ ေကာလာဟလေတြကေတာ့ မၾကာခဏႀကဳံပါတယ္၊ အရင္တုန္းကေတာ့ ျပန္ျပန္ၿပီး ေျဖရွင္းတာေတြ လုပ္တာေပါ့၊ အဲ့ဒါကိုလည္း တစ္ခ်ိဳ႕က စြာတယ္လို႔လည္း ေျပာျပန္ေရာ၊ အခု ညီမအေနနဲ႔ အႏုပညာေလာကမွာ ႀကဳံတဲ့အေတြ႕အႀကဳံေတြ လူမႈဆက္ဆံေရးေတြအရ အေတြ႕အႀကဳံေတြ အမ်ားႀကီးရတယ္ေလ၊ ဒါေၾကာင့္လည္း ကိုယ့္ဟာကိုယ္ တစ္ေယာက္ထဲ ေအးေအးေဆးေဆးနဲ႔ပဲ ေနတာမ်ားပါတယ္” လို႔ သမၼတ႐ုပ္ရွင္႐ုံမွာ က်င္းပတဲ့ ႐ုပ္ရွင္အထူးျပသပြဲကို တက္ေရာက္လာစဥ္ ေမးျမန္းတဲ့အေပၚ သ႐ုပ္ေဆာင္ ခင္ဝင့္ဝါ က ေျပာျပခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ သူ႔အေနနဲ႔ ႐ုပ္ရွင္ကားႀကီးေတြမွာ သ႐ုပ္ေဆာင္ပါဝင္ေနတာရွိသလို ဖိတ္ၾကားလာခဲ့ အခမ္းအနားပြဲေတြ၊ ပ႐ိုမိုးရွင္းပြဲေတြကိုလည္း တက္ေရာက္ေနသလို ေၾကာ္ျငာေတြကိုလည္း ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

“တစ္ခါတေလက်ေတာ့ ညီမက ပြင့္ပြင့္လင္းလင္းေနတတ္တယ္၊ ဒါေၾကာင့္လည္း ျပႆနာတစ္ခုတက္ရင္ ကိုယ့္ဘက္ကရပ္တည္မယ္ဆိုတဲ့သူေတြက တကယ္တမ္း ကိုယ့္ဘက္မွာ မရွိေတာ့ဘူး၊ ဒါေပမဲ့လည္း အမွန္တရားဆိုတာက အခ်ိန္တန္ေတာ့ ေပၚလာတာပါပဲ၊ အႏုပညာေလာကထဲမွာေတာ့ ႀကဳံရတာေတြက အမ်ားႀကီးပါပဲ၊ ကိစၥမ်ိဳးစုံ စုံတယ္ေလ”လို႔လည္း သူက ေျပာျပပါတယ္။

သူ႔အေနနဲ႔ သူ႔ကိုခ်စ္တဲ့ပရိသတ္ေတြနဲ႔အတူ ဘဝကို ေအးေအးေဆးေဆး ျဖတ္ေက်ာ္သြားဖို႔လည္း စိတ္ကူး ထားတယ္လို႔ ဆိုပါတယ္။

“ညီမ အၿမဲခံယူထားပါတယ္၊ ကိုယ္ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္ ဆိုတာပါပဲ၊ ညီမ ကိုယ့္ကိုယ္ကို ေကာင္းေအာင္အၿမဲႀကိဳးစားပါတယ္၊ ကိုယ့္နားမွာကိုယ့္ကိုခ်စ္တဲ့ ပရိသတ္ ေတြနဲ႔အတူ ကိုယ့္အႏုပညာအလုပ္ကို ေအးေအးေဆးေဆး လုပ္ကိုင္သြားမွာပါ”လို႔လည္း သူက ဆက္လက္ရွင္းျပပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁