【 နိုင်ငံတကာဆောင်းပါး 】 ရှီ၏ ကလေးဘဝမှ သင်ယူစရာများ

【 နိုင်ငံတကာဆောင်းပါး 】 ရှီ၏ ကလေးဘဝမှ သင်ယူစရာများ

၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာကလေးများနေ့ အခါသမယမှာ  နိုင်ငံတစ်ဝှမ်းရှိ ကလေးငယ်များဟာ  တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကနေ နှုတ်ခွန်းဆက်စကားများ လက်ခံရရှိခဲ့ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း၊ Jiangsu ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းမှ တရုတ်လူငယ်ရှေ့ဆောင်အဖွဲ့ဝင်များထံ မေလ ၃၀ ရက်စွဲဖြင့် အကြောင်းပြန်စာတစ်စောင်မှာဆိုရင် ရှီက ပါတီသမိုင်းကို လေ့လာပြီး ငယ်စဉ်ကတည်းက ခိုင်မာသော ယုံကြည်ချက်နှင့် လိုက်နာမှုရှိရန် တောင်းဆိုခဲ့ပါတယ်။

ရှီဟာ ကလေးများ ကြီးပြင်းလာမှုအတွက် သူ၏စိုးရိမ်မှုကို မကြာခဏပြသခဲ့ပါတယ်။သူဟာ ကလေးများဆီ မကြာခဏစာရေးတတ်တာ၊ ကျောင်းတွေကို သွားရောက်တတ်တာ၊ အိမ်တွေကို သွားရောက်တတ်တာ၊ အားကစားလုပ်တာတွေကို ကြည့်တတ်တာနဲ့ တရုတ်စာ လက်ရေးလေ့ကျင့်တာ၊ သစ်ပင်စိုက်ပျိုးခြင်း စတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တာတွေ လုပ်တတ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၎င်း၏ ငယ်ဘဝအမှတ်တရများစွာကို အကြိမ်ပေါင်းများစွာ ဝေမျှခဲ့ပါတယ်။သမ္မတ ရှီကျင့်ဖျင်၏ ကလေးဘဝကို ဖြတ်သန်းခဲ့ရပုံနှင့် ထိုအတွေ့အကြုံများက သူ့ကို မည်သူမည်ဝါဖြစ်စေသလားဆိုသည်မှာ။

တော်လှန်ရေးသမားတစ်ဦးဖြစ်သည့် သမ္မတ ရှီ၏ မိသားစုတွင် ချွေတာသော လူနေမှုပုံစံကို လက်ခံကျင့်သုံးသည့် ဓလေ့ရှိသည်။ ၂၀၀၃ ခုနှစ်က CCTV နှင့် အင်တာဗျူးတွင်  ရှီက သူ့အစ်မတွေဆီက ပန်းပွင့်တွေပါတဲ့ အင်္ကျီနဲ့ ဖိနပ်တွေကို ဝတ်ခဲ့ရတာကို ပြန်သတိရကြောင်း ပြောခဲ့သည်။

၂၀၁၄  ခုနှစ် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မတိုင်မီတွင် သမ္မတ ရှီသည် ပေကျင်းရှိ Haidian ခရိုင်ရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ကလေးငယ်များအကြား ကလေးငယ်များအကြား ဆိုရှယ်လစ်စံနှုန်းများကို မွေးမြူပျိုးထောင်ပေးရန် တောင်းဆိုခဲ့သည်။

ရှေ့ဆောင်လူငယ်များ အခမ်းအနားသို့ တက်ရောက်စဉ် ရှီက ကျောင်းသားများအား ၎င်း၏ “ငိုကြွေးခဲ့ရသည့် ဇာတ်လမ်း” ကို ပြောပြခဲ့သည်။

၎င်းက “ ရှေ့ဆောင်လူငယ် ပထမအသုတ်ထဲ ပါဖို့အတွက် အသက်မပြည့်သေးတဲ့အတွက် ငိုခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ရှီက “ဒါကြောင့် ငိုရတာ ရှက်စရာလား” ဟု မေးသောအခါ ကလေးများအားလုံး ရယ်ကြသည်။

ထို့နောက် ရှေ့ဆောင်လူငယ်များကို ဆိုရှယ်လစ်စနစ်၏ ရှေ့ခရီးအတွက် အဆင်သင့်ဖြစ်နေကြရန် တိုက်တွန်းရင်း အဖွဲ့အစည်းတွင် ပါဝင်ခွင့်ရပြီးနောက် သူ၏စိတ်လှုပ်ရှားမှုကို ပြန်လည်အမှတ်ရမိကြောင်း ဆိုသည်။

ထိုခရီးစဉ်အတွင်း ရှီကျင့်ဖျင်သည် “Jing Zhong Bao Guo” ဟူသော စာလုံးဖြင့် လက်ရေးလှရေး လေ့ကျင့်နေသော ကျောင်းသားအုပ်စုနှင့်လည်း ကြုံတွေ့ခဲ့ရပြီး ထိုစာလုံးအဓိပ္ပာယ်မှာ “လူမျိုးကို အကြွင်းမဲ့ သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်း” ဟု အဓိပ္ပာယ်ရသည်။

ထိုစကားစုသည် ၎င်း၏မျိုးချစ်စိတ်ကြောင့် လူသိများသော ရှေးခေတ်စစ်သူကြီး Yue Fei ၏ ပုံပြင်မှ ဆင်းသက်လာခြင်းဖြစ်သည်။ Yue ၏ မိခင်သည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၏ အရေးပါမှုကို သတိရစေရန် ၎င်း၏ကျောတွင် ဤတရုတ်စာလုံးလေးလုံးကို တက်တူးထိုးထားသည်။

ရှီက  ကျောင်းသားတွေကို သူငယ်စဉ်ကလေးဘဝတုန်းက သူ့အမေပေးခဲ့တဲ့ ရုပ်ပုံစာအုပ်ကနေ သင်ယူခဲ့ရသည့်  ရှေးခေတ်စစ်သူကြီး Yue Fei ၏ ဇာတ်လမ်းကို အရမ်းသဘောကျခဲ့တယ်လို့ ကျောင်းသားတွေကို ပြောပြခဲ့သည်။

“နောက်ကျောမှာ တက်တူးထိုးထားတဲ့ စကားလုံးတွေက အရမ်းနာကျင်လိမ့်မယ် ထင်တယ်လို့ ငါပြောခဲ့တယ်၊ ဒါပေမဲ့ အမေက နာကျင်ပေမယ့်၊ နှလုံးသားနဲ့ မှတ်မိစေတယ်” လို့ ပြောခဲ့တယ်ဟု ရှီက ပြန်ပြောပြခဲ့သည်။

“ဒီ (Jing Zhong Bao Guo) ဟာ ငါ့ဘဝရဲ့ ရအောင် အားထုတ်ဖို့ ဖြစ်လာခဲ့တယ်” ဟု ရှီက ထပ်လောင်းပြောခဲ့သည်။

သမ္မတ ရှီသည် ၂၀၁၆ ခုနှစ်က  ဆရာများနေ့ မတိုင်မီ ၎င်းငယ်စဉ်က မူလတန်းနှင့် အလယ်တန်း၊ အထက်တန်း တက်ရောက်ခဲ့သည့် Alma Mater Bayi ကျောင်းသို့ သွားရောက်ခဲ့သည်။

ကျောင်းသားတွေ လေ့ကျင့်နေတဲ့ ဘောလုံးကွင်းမှာ ရပ်နေရင်း ဘောလုံးဝါသနာရှင်ဖြစ်သည့် ရှီက အခု မြက်ခင်းပြင်ကြီးဖြစ်နေတဲ့ လွန်ခဲ့တဲ့ နှစ် ၅၀ က ရွှံ့ပြင်ဖြစ်နေတဲ့ ဒီနေရာမှာ ရွှံ့တွေနဲ့အတူတူ ကစားခဲ့တဲ့ နေ့ရက်တွေကို ပြန်ပြောင်းပြောပြခဲ့သည်။

ရှီက ကျောင်းသားတွေကို ကာယလေ့ကျင့်ခန်းသည် စိတ်နေစိတ်ထားနှင့် စိတ်စွမ်းအားကို မွေးမြူရန် အရေးကြီးကြောင်း ပြောခဲ့သည်။

၂၀၁၇ ခုနှစ်က ပေကျင်းရှိ ၂၀၂၂ ဆောင်းရာသီ အိုလံပစ်အတွက် အားကစားရုံသို့ သွားရောက်လည်ပတ်စဉ် သမ္မတ ရှီက ထိုနေရာတွင် လေ့ကျင့်နေသော လူငယ်ရေခဲဟော်ကီကစားသမားများအား ၎င်း၏အကြောင်း ကို မျှဝေခဲ့သည်။

ရှီက “အေးခဲနေတဲ့ Shichahai ရေကန်ကြီးပေါ်မှာပဲ စကိတ်စီးနိုင်ခဲ့တယ်” ဟု ၎င်း၏ ဆယ်ကျော်သက်နှစ်များကို ပြန်ပြောင်းအမှတ်ရမိကာ ပြောခဲ့သည်။သူက စကိတ်စီးရတာ ဝါသနာပါပြီး ညီငယ်က ရေခဲပြင်ဟော်ကီ ကစားရတာကို နှစ်သက်တယ်လို့ ဆိုသည်။

သူတို့နှစ်ယောက်အတွက် မိဘများက စကိတ်စီးဖိနပ်တစ်ရံသာ ဝယ်ပေးနိုင်ခဲ့ရာ သူ့ညီဖြစ်သူကို အခွင့်အရေးပေးခဲ့ကြောင်း ရှီက ပြောခဲ့လေသည်။

စိုးနိုင်ထွန်း
Ref - CMG | What can we learn from President Xi Jinping's childhood ?