【 နိုင်ငံတကာဆောင်းပါး 】 ရင်းနှီးမြှုပ်နှံသူများရဲ့ ယုံကြည်ချက်ကို ဝါဒဖြန့်ချိမှုက မချိုးဖောက်နိုင်

【 နိုင်ငံတကာဆောင်းပါး 】 ရင်းနှီးမြှုပ်နှံသူများရဲ့ ယုံကြည်ချက်ကို ဝါဒဖြန့်ချိမှုက မချိုးဖောက်နိုင်

အနောက်နိုင်ငံများစွာက မီဒီယာများတွင် သတင်းအမှားများ ဖြန့်ချိမှုများရှိနေသည့်တိုင် တရုတ် ဈေးကွက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုမှာ ပို၍များပြားလျက်ရှိသည်ကို တွေ့ရသည်။
 
တရုတ်သည် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ရှိသည့်အတွက် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး စီးပွားရေးကြံ့ခိုင်မှုကိုလည်း ချီးကျူးဂုဏ်ပြုမှုများ လက်ခံရရှိလျက်ရှိသည်။
 
ဥပမာအားဖြင့် ဂျာမနီက တရုတ်တွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သောနှစ်တွင် ၄.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ဂျာမနီသည် အခြားအာရှနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်နေသော်လည်း စုစုပေါင်း ပြည်ပရင်းနှီးမြှုပ်နှံမှုအချိုးအစားတွင် တရုတ်က ၁၀.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ရိုက်တာသတင်းဌာနက သတင်းအရ ဂျာမန်စီးပွားရေးလုပ်ငန်းများက တရုတ်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေဆဲဖြစ်သည်ဟု သိရသည်။
 
ဂျာမန်အတိုင်ပင်ခံ အိုလက်ဖ်ရှုဇ်ကလည်း တရုတ်ဈေးကွက်တွင် ယုံကြည်ချက်မြင့်မားပြီး ထပ်မံ၍ ကုန်သွယ်သဘောတူညီချက်များ ရယူလိုသောကြောင့် ဧပြီလတွင် စီးပွားရေးအဖွဲ့နှင့်အတူ တရုတ်သို့ သွားရောက်မည်ဖြစ်သည်။
 
၂၅ နှစ်တာတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်သည် ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ယုံကြည်ချက် ညွှန်းကိန်းတွင် ပထမနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ထိုကိန်းကဏန်းများကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် အနောက်နိုင်ငံများ၏ မီဒီယာဝါဒဖြန့်ချိရေးများကို ဂရုမမူဘဲ တရုတ်တွင် ကြီးမားစွာ မြှုပ်နှံနေဆဲဖြစ်ကြောင်းကို သိနိုင်သည်။
 
တရုတ်နိုင်ငံတွင် အလယ်အလတ်လူတန်းစားများလည်း ကျယ်ပြန့်လာပြီး သန်း ၄၀၀ သော အ လယ်အလတ်လူတန်းစားများတွင် လူငယ်များ များစွာပါဝင်ပြီး လုပ်သားအင်အားဖြစ်တည်နေခြင်းဖြစ်သည်။လူပေါင်း ၁.၄ ဘီလီယံရှိသည့် ပြည်တွင်းဈေးကွက်၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပတ်ဝန်းကျင်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ထုတ်ကုန်နှင့် နည်းပညာအဆင့်မြင့် စက်မှုလုပ်ငန်းများတို့ကြောင့် တရုတ်သည် ဝယ်လိုအားများသော လူကြိုက်များသည့် နေရာတစ်ခုဖြစ်နေဆဲဖြစ်သည်။ 
 
ထို့အပြင် ရင်းနှီးမြှုပ်နှံသူများသည် အပြောသာမကဘဲ လက်တွေ့တွင်ပါ လုပ်ဆောင်ကြသည်။နိုင်ငံအတွင်းတွင် ကုန်ထုတ်ခြင်း၊ ပြန်လည်ဖြည့်တင်းမြဲစွမ်းအင်၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ လျှပ်စစ်၊ အဆင့်မြင့်ထုတ်လုပ်ခြင်း၊ အိမ်ခြံမြေနှင့် ယဉ်ကျေးမှုထုတ်ကုန်များ စသည်ဖြင့် များစွာသော နယ်ပယ်ပေါင်းစုံသည် တိုးတက်မှုအလားအလာများဖြင့် ပြည့်နှက်လျက်ရှိသည်။
 
ဥပမာ ၂၀၂၃ ခုနှစ်တွင် တရုတ်၏ ဝန်ဆောင်မှုနှင့် နည်းပညာအဆင့်မြင့် နယ်ပယ်များသည် ကြံ့ကြံ့ခံနိုင်ခဲ့ပြီး စီးပွားရေးနှင့် သုံးစွဲသူများ၏ ဝယ်လိုအားသာမက အစိုးရ၏ ထောက်ပံ့မှုကိုပါ ရရှိခဲ့သည်။အိမ်ခြံမြေနယ်ပယ်အတွက်တွင်မူ စည်းကမ်းချက်များ လျှော့ချပေးပြီး အစီအစဉ်များ ပြုလုပ်ပေးသောကြောင့် ပြန်လည်နာလန်ထူလာသည်ကို တွေ့ရသည်။
 
စီးပွားရေးတိုးတက်မှုဇုန်များကိုလည်း နိုင်ငံအနှံ့ တည်ဆောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတွင်း စီးပွားရေးတိုးတက်မှုများကို အရှိန်အဟုန် မြင့်စေလျက်ရှိသည်။
 
တရုတ်ဝန်ကြီးချုပ် လီချန်းက ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ရာတွင် တရုတ်၌ ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးကျေးဇူးများကို ဖော်ပြခဲ့ပြီး တရုတ်စီးပွားရေး၏ ရေရှည်ကောင်းမွန်မှုအလားအလာနှင့် နိုင်ငံ၏ တံခါးဖွင့်ဝါဒတို့ကို မျှဝေခဲ့သည်။နိုင်ငံများစွာ၌ အခြေချနေသော နာမည်ကြီးကုမ္ပဏီကြီးများက တရုတ်စီးပွားရေးတိုးတက်မှုကို ယုံကြည်ကြောင်းနှင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်းတို့ကို ဖော်ပြခဲ့ကြသည်။
 
တရုတ်၏ မူဝါဒချမှတ်သူများသည် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မှုအား မြှင့်တင်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကို ပိုမိုရရှိစေရန်အတွက် ထောက်ပံ့ပေးမှုများနှင့် အချိန်ကိုက် မူဝါဒများဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်တိုးလာပြီး စီးပွားရေးပတ်ဝန်းကျင်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံခြားမြှုပ်နှံမှုများကို တွန်းအားပေးလျက်ရှိသည်။
 
ဥပမာ ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော ဗဟိုစီးပွားရေးလုပ်ငန်းအဖွဲ့ညီလာခံတွင် တယ်လီဆက်သွယ်ခြင်း၊ ဆေးဘက်ဆိုင်ရာနှင့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများတွင် ဈေးကွက်ဝင်ရောက်ခွင့်ကို ပိုမိုလွယ်ကူအောင် ပြုလုပ်မည်ဟု ကတိပေးခဲ့ကြသည်။
 
ထိုကဲ့သို့ ဥပမာများကို ကြည့်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွား ရေးနိုင်ငံအပေါ် များစွာစိတ်ဝင်စားလျက်ရှိပြီး တရုတ်သည် များစွာသော သန်းကြွယ်သူဌေးများ အတွက် ရင်းနှီးမြှုပ်နှံရာ ပစ်မှတ်တစ်ခုဖြစ်လာသည်ကို တွေ့ရသည်။
 
တရုတ်၏ စီးပွားရေးသည် တည်ငြိမ်စွာ ပြန်လည်နာလန်ထူလာပြီး ဆက်လက်ကြီးထွားလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုများသည်လည်း များစွာဝင်ရောက်လာလျက်ရှိသည်။အစိုးရ၏ စည်းမျဉ်းများ၊ မူဝါဒများမှတစ်ဆင့် ပို၍အကျိုးသက်ရောက်မှုများလာခြင်းလည်းဖြစ်သည်။
 
ရင်းနှီးမြှုပ်နှံမှုအတွက် သာလွန်ကောင်းမွန်သည့် တရုတ်သည် လုံခြုံသောနေရာဖြစ်သည်ဟု နိုင်ငံ တကာရင်းနှီးမြှုပ်နှံသူများက ရှုမြင်ကြသည်။အနောက်နိုင်ငံများ၏ မူဝါဒဖြန့်ချိမှုများသည် တရုတ်၏ ဈေးကွက်အလားအလာများအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မချိုးဖောက်နိုင်ခြင်းပင်ဖြစ်သည်။
 
စိုးနိုင်ထွန်း
Ref - CMG | West propaganda campaign can't demoralize foreign investors' confidence in Chinese market