【 ပြည်တွင်း 】 “Belt and Road” အတူတကွ တည်ဆောက်ရေးနှင့် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ဆက်လက်တွန်းအားပေးသွားမည်ဟု ဆို

【 ပြည်တွင်း 】 “Belt and Road” အတူတကွ တည်ဆောက်ရေးနှင့် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ဆက်လက်တွန်းအားပေးသွားမည်ဟု ဆို

ရန်ကုန်၊ မတ် - ၁၇
 
တရုတ်သံရုံးအနေဖြင့် “Belt and Road” အတူတကွ တည်ဆောက်ရေးနှင့် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ဆက်လက်တွန်းအားပေးသွားမည်ဖြစ်သလို မြန်မာနိုင်ငံနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးဌာနမှ အတွင်းဝန် Ms. Fan Yiyi က ပြောပါတယ်။
 
ရန်ကုန်မြို့မှာ မတ်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ “လေ့လာသုံးသပ် တရုတ်-မြန်မာ စီးပွားရေးအခွင့်အလမ်းသစ်” စကားဝိုင်းမှာ Ms. Fan Yiyi က ပြောကြားခဲ့တာဖြစ်ပါတယ်။
 
အဆိုပါစကားဝိုင်းတွင် Ms. Fan Yiyi က တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အယူအဆအသစ်ကို အပြည့်အဝဖော်ဆောင်၍ ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းသစ် တည်ဆောက်မှုကို အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖော်ဆောင်ကာ အရည်အသွေးမြင့် တံခါးဖွင့်မှုကို ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေး စဉ်ဆက်မပြတ် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် ယုံကြည်ချက်ရှိသလို စွမ်းရည်လည်းရှိကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် အရည်အသွေးမြင့် “Belt and Road” အတူတကွ တည်ဆောက်ရေးနှင့် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေး စသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ဆက်သွယ် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
CGTN Myanmar က ဦးဆောင်ပြုလုပ်တဲ့ အဆိုပါစကားဝိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးဌာနမှ အတွင်းဝန် Ms. Fan Yiyi နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားကဏ္ဍမှ အရာရှိများ၊ တတ်သိပညာရှင်များနှင့် လုပ်ငန်းရှင်များသည် ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ အစည်းအဝေးကြီးနှစ်ရပ် (Two Sessions) နှင့် စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ကြပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား၊ တရုတ်နိုင်ငံ စီးပွားရေး စသည့် အစည်းအဝေးကြီးနှစ်ရပ်တွင် အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှု၊ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
 
အောင်အောင်
Photo - တရုတ်သံရုံး