【 ပြည်တွင်း 】 သုံးနှစ်အတွင်း ရထားလမ်း၊ ရထားတံတားများနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးခွဲခံရမှု အကြိမ် ၁၈၀ ကျော်ရှိခဲ့

【 ပြည်တွင်း 】 သုံးနှစ်အတွင်း ရထားလမ်း၊ ရထားတံတားများနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးခွဲခံရမှု အကြိမ် ၁၈၀ ကျော်ရှိခဲ့

နေပြည်တော်၊ မတ် - ၁၈

ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံတစ်ဝန်းရှိ  ရထားလမ်း၊ ရထားတံတားများနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးခွဲခံရမှု အကြိမ် ၁၈၀ ကျော်ရှိခဲ့ကြောင်း သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၁) ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထို့အတူ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခံရမှုကလည်း (၁၂) ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အခုနှစ် မတ်လ ၁၃ ရက် ည ၁၂ နာရီခန့်ကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။

လင်းလင်း
Photo - MOI