【 ပြည်တွင်း 】 ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲ ကျင်းပ

【 ပြည်တွင်း 】 ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲ ကျင်းပ

ရန်ကုန်၊ မတ်လ - ၁၇
 
ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
 
မတ်လ ၁၅ ရက် နံနက် (၈) နာရီအချိန်တွင် နှစ်ကျိပ်ရှစ်ဆူ‌သော ဘုရားရှင်တို့အား ရည်မှန်းပူဇော်သည့်အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်များကို ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှ စတင်၍ ရင်ပြင်တော် တစ်ပတ်ခွဲ လှည့်လည်ပူဇော်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည့် ရင်ပြင်တော် မြောက်ဘက် ချမ်းသာကြီးတန်ဆောင်းတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရပါတယ်။
 
ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို မတ်လ ၁၅ ရက်နေ့မှ ၂၄ ရက် (တပေါင်းလပြည့်နေ့) အထိ ၁၀ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သံဃာအပါး (၁၂၀) တို့က ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမယ်လို့ ရွှေတိဂုံစေတီတော်ာဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
လင်းလင်း