【 ပြည်တွင်း 】 ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း ၇၀ ဝန်းကျင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း ၇၀ ဝန်းကျင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် - ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း ၇၀ ဝန်းကျင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာနေ အောင်မျိုးဦး(ခ)အောင်လှိုင်ဦး (၃၀) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၂၈ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၆ နာရီခွဲအချိန် သန်းဖြိုးဦး (၂၃) နှစ်အား ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၄၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR မှ ထုတ်ပြန်ထားပါတယ်။

အဆိုပါဖမ်းမိသူတွေကို အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

ဇိုင်းဇိုင်း
Photo - CCDAC MYANMAR