【 ပြည်တွင်း 】 တရုတ်ဝယ်လက် မလာလို့ မန္တလေးကျောက်ဝိုင်းမှာ အရောင်းအဝယ်အေးနေ

【 ပြည်တွင်း 】 တရုတ်ဝယ်လက် မလာလို့ မန္တလေးကျောက်ဝိုင်းမှာ အရောင်းအဝယ်အေးနေ

မန္တလေး၊ မတ် - ၁၈

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းမှာ အဓိကဝယ်လက်ဖြစ်တဲ့ တရုတ်ကုန်သည်များ လာရောက်မှု နည်းပါးတာကြောင့် စျေးကွက်အတွင်းမှာ အရောင်းအဝယ် အေးစက်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူများက ပြောပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနှင့် ၈၇ လမ်းကြား သင်္ဂဇာချောင်းအနီး ဖွင့်လှစ်ထားသည့် အဆိုပါကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ဝယ်ယူသူအများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရပါတယ်။

“တရုတ်-မြန်မာ နယ်စပ်ဒေသအပါအဝင် နိုင်ငံတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ အခြေနေတွေကြောင့် လုံခြုံမှုမရှိဘူးဆိုပြီး တရုတ်ကုန်သည်တွေက အလာနည်းသွားတယ်။သူတို့က အဝယ်နည်းသွားတော့ ကျောက်စိမ်းစျေးကွက်ကလည်း တော်တော်လေးကို အေးစက်သွားတာပေါ့” လို့ မန္တလေးမြို့မှ ကျောက်ကုန်သည်တစ်ဦးက ပြောပါတယ်။

အဆိုပါကျောက်ဝိုင်းတွင် ၈၀ ရာခိုင်နှုန်းခန့်မှာ တရုတ်ကုန်သည်များကို မှီခိုရောင်းဝယ်နေကြရခြင်းဖြစ်ပြီး လက်ရှိမှာ အရောင်းအဝယ် အေးစက်နေခြင်းကြောင့် ကျောက်ဝိုင်းတွင် မှီခိုလုပ်ကိုင်စားသောက်နေကြသူ အများစုမှာလည်း ဝင်ငွေရရှိမှုနည်းလာကြကြောင်း ဒေသခံတွေက ဆိုပါတယ်။

အောင်အောင်