【 နိုင်ငံတကာ 】 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် ဗိုလ်ချုပ်ကြီးရာထူးအဆင့် တိုးမြှင့်ပွဲ အခမ်းအနား ကျင်းပ

【 နိုင်ငံတကာ 】 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် ဗိုလ်ချုပ်ကြီးရာထူးအဆင့် တိုးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပေကျင်း၊ မတ် - ၂၉

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ရေးကော်မရှင်၊ ဗိုလ်ချုပ်ကြီးရာထူးအဆင့် တိုးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ ရက်နေ့တွင် ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

ဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်းရုတ်ရှာသည် ရှီကျင့်ဖျင် လက်မှတ်ရေးထိုးထားသော ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခြင်း အမိန့်ကို ဖတ်ကြားခဲ့ပါတယ်။

ဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဟိုဝေ့တုန်းက ယင်းအခမ်းအနားကို ကြီးမှူးကျင်းပခဲ့ပါတယ်။

ယခုအကြိမ် ဗိုလ်ချုပ်ကြီးရာထူးအဆင့် တိုးမြှင့်ခံရသော စစ်ဗိုလ်က ဗဟိုစစ်ရေးကော်မရှင် နိုင်ငံရေးနှင့် ဥပဒေကော်မရှင် အတွင်းရေးမှူး ဝမ်ရမ်ဟွာနှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ရှောင်းထျန်းလျန့် ဖြစ်ပါတယ်။

ယင်းနောက် ရှီကျင့်ဖျင်အပါအဝင် ခေါင်းဆောင်များသည် ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခံရသော စစ်ဗိုလ်များနှင့် အမှတ်တရ ဓာတ်ပုံများကို ရိုက်ကူးခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။