【 နည်းပညာ 】 AI နဲ့ ပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို အမှတ်အသားပြုလုပ်မည်ဟု Meta ဆို

【 နည်းပညာ 】 AI နဲ့ ပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို အမှတ်အသားပြုလုပ်မည်ဟု Meta ဆို

ကယ်လီဖိုးနီးယား၊ ဧပြီ - ၁၂

Facebook, Instagram အစရှိတဲ့ ကမ္ဘာကျော် လူမှုကွန်ရက်တွေရဲ့ မိခင်ကုမ္ပဏီကြီး Meta က လာ မယ့် မေလကစပြီး ၎င်းရဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ်မှ ဉာဏ်ရည်တု (AI) နဲ့ ပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို အမှတ်အသားပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အတုအယောင် အကြောင်းအရာတွေကို AI အသုံးပြု ဖန်တီးထားမှုကို တိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး၊ နိုင်ငံအစိုးရတွေနဲ့ သုံးစွဲသူတွေအတွက် စိတ်ချသေချာစေဖို့ ရည်ရွယ်တယ်လို့လည်း Meta က ဆိုပါတယ်။

မေလမှာ စတင်သွားမယ့် အစီအစဉ်အရ Meta ဟာ ၎င်းရဲ့ လူမှုကွန်ရက်တွေပေါ်မှ AI အသုံးပြု ထုတ်လုပ်ထားတဲ့ ဗီဒီယို၊ ရုပ်ပုံတွေနဲ့ အသံတွေမှာ အမှတ်အသားပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါ့အပြင် အများသူငှာကို ပိုမိုလှည့်ဖြားနိုင်ခြေမြင့်မားတဲ့ မီဒီယာတွေမှာတော့ ပိုမိုသိသာထင်ရှားတဲ့ အမှတ်အသား ဖော်ပြမှုကို အသုံးပြုသွားမှာဖြစ်ပါတယ်။

“Meta ရဲ့  Facebook ၊ Instagram နဲ့ Threads လူမှုကွန်ရက် ဝန်ဆောင်မှုများတွင် AI နဲ့ ပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို အမှတ်အသားပြုလုပ်သွားမယ့် နည်းလမ်းသစ်ဟာ အကျုံးဝင်သွားမှာဖြစ်ကြောင်း” Meta ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် “လူမှုကွန်ရက်တွေပေါ်မှာ ပိုမိုထင်ရှားပြီး အန္တရာယ်ပိုများတဲ့ အကြောင်းအရာတွေမှာတော့ အမှတ်အသားပြုလုပ်မှု နည်းလမ်းကို ချက်ခြင်းအသုံးပြုသွားမှာဖြစ်တယ်” လို့လည်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG