【 နည်းပညာ 】 နာဆာက နေကြတ်ချိန် ဓာတ်ရောင်ခြည် ဖြာထွက်မှုကို ဒရုန်းနှစ်စင်း စေလွှတ် လေ့လာခဲ့

【 နည်းပညာ 】 နာဆာက နေကြတ်ချိန် ဓာတ်ရောင်ခြည် ဖြာထွက်မှုကို ဒရုန်းနှစ်စင်း စေလွှတ် လေ့လာခဲ့

ဝါရှင်တန်၊ ဧပြီ - ၁၀

၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး နေကြတ်မှုဖြစ်စဉ်ကတော့ ဧပြီ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန် အာကာသအေဂျင်စီဖြစ်တဲ့ နာဆာကတော့ နေကြတ်မှုဖြစ်စဉ်ကို လေ့လာဖို့အတွက် ဒုံးပျံသုံးစင်း လွှတ်တင်ခဲ့တဲ့အပြင်၊ အဆိုပါဖြစ်စဉ်အတွင်း ဓာတ်ရောင်ခြည် ဖြာထွက်မှုကို လေ့လာနိုင်ဖို့အတွက် မောင်းသူမဲ့ ဒရုန်းနှစ်စင်းကိုပါ စေလွှတ်ခဲ့ပါတယ်။

နေကြတ်ချိန် ဓာတ်ရောင်ခြည် ဖြာထွက်မှုကို လေ့လာဖို့အတွက် ဒရုန်းနှစ်စင်းကို မြေပြင်အထက် အမြင့် နှစ်မိုင်အကွာသို့ နာဆာက စေလွှတ်ခဲ့ပါတယ်။မိုးလေဝသပူဖောင်းတွေမှာ ပါဝင်လေ့ရှိတဲ့ ရာသီဥတု အာရုံခံကိရိယာတွေကို သုတေသီတွေက ဒရုန်းတွေမှာ တပ်ဆင်ပြီး၊ နေကြတ်ချိန် အပူချိန်၊ စိုထိုင်းဆ၊ ဖိအား၊ ဓာတ်ရောင်ခြည် ဖြာထွက်မှု အစရှိတဲ့ ဖြစ်စဉ်တွေရဲ့ ဒေတာအချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်။အဆိုပါဒရုန်းတွေမှ ရရှိလာတဲ့ ဒေတာအချက်အလက်တွေအပေါ် မူတည်ပြီး သုတေသီတွေဟာ ဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်။

နေကြတ်စဉ် ကမ္ဘာ့လေထုအတွင်း ဖြစ်ပေါ်လာဖွယ်ရှိတဲ့ အကျိုးသက်ရောက်မှုတွေကို နာဆာက အသေးစိတ်ဆက်လက်လေ့လာသွားမှာဖြစ်သလို၊ ကမ္ဘာ့ရာသီဥတုအပေါ် အကျိုးသက်ရောက်နိုင်ခြေတွေကိုလည်း ဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်။

နေကြတ်မှုဖြစ်စဉ်ဟာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအပေါ် ထိခိုက်မှုမရှိပေမယ့်၊ ၎င်းဖြစ်စဉ်ကို အကာအကွယ်စစ်ထုတ်မှုပါဝင်တဲ့ မျက်မှန်တွေနဲ့ မကြည့်ရှုပါက မျက်လုံးကို ပြင်းထန်စွာ ထိခိုက်စေနိုင်တယ်လို့ သုတေသီတွေက အကြံပြုထားကြပါတယ်။

Damien
Ref - upi, adirondackdailyenterprise