【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်ကတော့ အာရုံစားတဲ့ကာလပါဘဲ။ရပ်ထဲရွာထဲနေရင်တောင် ကိုယ့်ဆီ ခေါင်းစားမယ့်ပြဿနာတွေ လာတတ်တဲ့ကာလထဲ ရောက်နေပါတယ်။အကြီးအကဲလုပ်သူတွေ၊ အရာထမ်းဝန်ထမ်းတွေအဖို့  ဒီကာလမှာ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးရတတ်ပါတယ်။ဒီကာလမှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာ အမှားအနည်းဆုံးပါဘဲ။စပ်တူကိစ္စတွေ အိမ်ခြံမြေကိစ္စတွေမှာ သတိထားမှ တော်ရာကျပါ့မယ်။လုပ်ငန်းတိုးတက်အောင်မြင်မှုနဲ့အတူ သူတပါးက ကိုယ့်အပေါ် မနာလိုတာတွေ၊ ရန်စတာတွေ ရှိလာတတ်ပါတယ်။လင်မယားကြား၊ မောင်နှမကြား စတဲ့ ကြားသုံးကြားထဲ ညှပ်တတ်တာ အထင်လွဲတာတွေ ရှိတတ်ပါတယ်။သစ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရေထွက်ကုန်သမားတွေ အခြေအနေကောင်းပေမယ့် ငွေကြပ်တတ်တဲ့ကာလပါ။ပြည်တွင်း ပြည်ပ ခရီးတွေစီစဉ်ထားရင် ဒီတစ်ပတ်အတွင်း သွားရကိန်းရှိပါတယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးပေါ်ရင် မငြင်းပါနဲ့။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ပညာရေးကတော့ အကောင်းဘက်ပါ။အိမ်ထောင်ရှင်များ စကားများစိတ်ဝမ်းကွဲတတ်ပေမယ့်  ချစ်သူတွေအတွက် သတင်းကောင်းကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့်အရပ်သို့ စိတ်ကမေတ္တာပို့ကာ နံနက်ဖက်တွင် ကျီး၊ စာကလေး စသည့်သတ္တဝါများကို အစာကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားတွင် ကြံပန်းခိုင်ကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အလှပြင်ပစ္စည်းအစုတ်များ၊ အင်္ဂါနံပစ္စည်းအဟောင်းများ လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။    ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၅/၇/၈/ ဂဏန်းများပါသည့် ထီလက်မှတ်ကိုထိုးလိုက်ပါ။

( Zawgyi )

သင့္အတြက္ ဒီတစ္ပတ္ကေတာ့ အာ႐ုံစားတဲ့ကာလပါဘဲ။ရပ္ထဲ႐ြာထဲေနရင္ေတာင္ ကိုယ့္ဆီ ေခါင္းစားမယ့္ျပႆနာေတြ လာတတ္တဲ့ကာလထဲ ေရာက္ေနပါတယ္။အႀကီးအကဲလုပ္သူေတြ၊ အရာထမ္းဝန္ထမ္းေတြအဖို႔  ဒီကာလမွာ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြကို ကိုင္တြယ္ေျဖရွင္းေပးရတတ္ပါတယ္။ဒီကာလမွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြကို တိုင္ပင္တာ အမွားအနည္းဆုံးပါဘဲ။စပ္တူကိစၥေတြ အိမ္ၿခံေျမကိစၥေတြမွာ သတိထားမွ ေတာ္ရာက်ပါ့မယ္။လုပ္ငန္းတိုးတက္ေအာင္ျမင္မႈနဲ႔အတူ သူတပါးက ကိုယ့္အေပၚ မနာလိုတာေတြ၊ ရန္စတာေတြ ရွိလာတတ္ပါတယ္။လင္မယားၾကား၊ ေမာင္ႏွမၾကား စတဲ့ ၾကားသုံးၾကားထဲ ညႇပ္တတ္တာ အထင္လြဲတာေတြ ရွိတတ္ပါတယ္။သစ္လုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ ေရထြက္ကုန္သမားေတြ အေျခအေနေကာင္းေပမယ့္ ေငြၾကပ္တတ္တဲ့ကာလပါ။ျပည္တြင္း ျပည္ပ ခရီးေတြစီစဥ္ထားရင္ ဒီတစ္ပတ္အတြင္း သြားရကိန္းရွိပါတယ္။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးေပၚရင္ မျငင္းပါနဲ႔။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတတ္ပါတယ္။ပညာေရးကေတာ့ အေကာင္းဘက္ပါ။အိမ္ေထာင္ရွင္မ်ား စကားမ်ားစိတ္ဝမ္းကြဲတတ္ေပမယ့္  ခ်စ္သူေတြအတြက္ သတင္းေကာင္းၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ၾကာသပေတးနံ မာလကာ၊ ပန္းသီး စသည္တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုသည့္အရပ္သို႔ စိတ္ကေမတၱာပို႔ကာ နံနက္ဖက္တြင္ က်ီး၊ စာကေလး စသည့္သတၱဝါမ်ားကို အစာေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားတြင္ ႀကံပန္းခိုင္ကပ္လႉကာ ဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အလွျပင္ပစၥည္းအစုတ္မ်ား၊ အဂၤါနံပစၥည္းအေဟာင္းမ်ား လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။    ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ။ပန္းအိုးမွ ပန္းေျခာက္မ်ား သန္႔ရွင္းေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၅/၇/၈/ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကိုထိုးလိုက္ပါ။