【 ဆောင်းပါး 】 ကျဆုံးလေပြီးသော ဖန်ခွက်အလွတ်များ

【 ဆောင်းပါး 】 ကျဆုံးလေပြီးသော ဖန်ခွက်အလွတ်များ

၁။

နှစ်ပေါင်း ၂၀ ကျော်သည်အထိ ခိုက်ရန်ဖြစ်ပွားမှု လုံးဝမရှိခဲ့သော အရက်ဖြူဆိုင်ကလေးတစ်ဆိုင် ကျွန်တော်တို့မြို့ကလေးတွင် ယခုထိရှိပါသည်။သူတို့သည် ယဉ်ကျေးသောဟူသည့် အသုံးအနှုန်းကို နားမလည်ကြသော်လည်း လွန်စွာမှတည်ငြိမ်ရင့်ကျက်သော အရက်သမားများဖြစ်ကြပါသည်။ဆိုင်နာမည် အတည်တကျမရှိသလို ဆိုင်ပိုင်ရှင်များကလည်း အတည်တကျမရှိပါ။တစ်ယောက်လက်မှ တစ်ယောက်ထံ ပြောင်းသွားကြသော်လည်း အရက်သမားများမှာ ထိုဆိုင်ကလေးအား အသွားအလာမပျက်ကြပါ။တချို့မှာ ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားကြပါသည်။တချို့မှာ ရူးသွပ်သွားကြပါသည်။သို့သော် ထိုအရက်ဆိုင်ပိုင်ရှင်များသည် ပါရီက ရိုတွန်းကဖေးဆိုင်ပိုင်ရှင် လီဗီယွန်လိုပင် သူ့ဖောက်သည်များ၏ ချစ်ခင်မှုကို ခံရပါသည်။အဘယ်ကြောင့်ဆိုသော် ပိုက်ဆံတစ်ပြားမှ မရှိသော်လည်း အကြွေးရောင်း၏။အမူးလွန်၍ အိပ်ပျော်နေသော သူ့ဖောက်သည်ကို စောင်ခြုံပေး၏။မိခင်တစ်ယောက်သည် သူ့သား ထိုအရက်ဆိုင်ကလေးသို့ ရောက်နေသည်ဆိုလျှင် အလိုလိုစိတ်ချတတ်ကြ၏။ထိုဆိုင်ကလေးတွင် အရက်မူးနေသည့် သားဆိုးတစ်ယောက်ကို ထမင်းချိုင့်လာပို့သော အမေတစ်ယောက်ပင် ရှိခဲ့ဖူးပါသည်။

၂။

ကျွန်တော်ငယ်စဉ်က ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းတစ်အုပ်ထဲတွင် "ခုန်စာများ" ဟူသည့် စာတစ်ပုဒ်ဖတ်ခဲ့ဖူး၏။အမှတ်မမှားဘူးဆိုလျှင် စာရေးဆရာ ဇဝနဖြစ်မည် ထင်သည်။ကျောင်းသားအများစု ရေးခဲ့ကြဖူးပါလိမ့်မည်။စာသင်ခုံများပေါ် တွင် ခဲတံ၊ ဘောပန်တို့နှင့် ရေးချင်ရာရေးခဲ့ကြသော စာတိုကလေးပေါင်းများစွာကို စာရေးဆရာက ပုံနှိပ်မှတ်တမ်းတင်ပေးလိုက်ခြင်းဖြစ်၏။

ထိုကဲ့သို့ပင် အရက်ဆိုင်တစ်ဆိုင်နံရံပေါ်မှ စာများကိုလည်း မှတ်တမ်းတင်သင့်သည်ဟု ထင်ပါသည်။

ကျွန်တော်တို့မြို့က အဖြူဆိုင်ကလေး၏ နံရံဝါကျင့်ကျင့်ပေါ်တွင် "ယနေ့အကြွေးမရောင်းပါ၊ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ လူသာလာပါ ပြဿနာခေါ်မလာပါနဲ့" ဆိုသည့် ခပ်ညံ့ညံ့စကားလုံးများမဟုတ်ပါ။ဆိုင်၏နံရံပေါ်တွင် တွေ့ရမည်မှာ လက်ရေးခပ်သော့သော့နှင့် ရေးထားကြသော စာတန်းများမှာ...

"အို မဏိမေခလာ ငါသည် မိထ္တီလာပြည်ကို မှန်းဆနိုင်၏၊ ရောက်မရောက်ကို ငါမတွေး"

"မလင်းပြာ၊ ငါ ရပ်ရှားဖြစ်ချင်တယ်"

"ငါသောက်တယ်၊ ထို့ကြောင့် ငါရှိတယ်"

"ခင်သန်းနု လင်ယူသွားတဲ့နှစ်မှာ ငါအရက်စသောက်တယ်" စသည်တို့ဖြစ်ပါသည်။

သူတို့သည် အရက်မူးလာလျှင် ပို၍ယဉ်ကျေးလာကြသည်။တစ်ယောက်ကို တစ်ယောက် အလွန်စောင့်ရှောက်ကြ၏။အပြန်အလှန်လိုက်ပို့ကြ၏။

ထိုဆိုင်ထဲတွင် အရက်သမား စစ်ဗိုလ်ပြုတ်တစ်ယောက်သည် ရှေ့တန်းတစ်ခုတွင် ရန်သူကို သူရွပ်ရွပ်ချွန်ချွန်ချေမှုန်းခဲ့ပုံကို စီကာပတ်ကုံး ပြောပြနေသော်လည်း အပေါစားဟောလီးဝုဒ်စစ်ကားထဲမှ ဇာတ်ဝင်ခန်းတစ်ခုသာဖြစ်ကြောင်း အားလုံးကသိနေကြ၏။

ဗေဒင်ဆရာတစ်ယောက်သည် သူ့ကို အရက်တစ်ပိုင်းတိုက်လျှင် တစ်ပတ်အတွင်း ရှင်ဘုရင်ဖြစ်လောက်သည်အထိ ဟောပြောပေး၏။

ကားဝပ်ရှော့ဆရာသည် လင်ငယ်နောက်လိုက်သွားသော သူ့မိန်းမအား စိတ်နာကြောင်းပြောပြပြီး မိန်းမ မကောင်းကြောင်းကို တွင်တွင်ပြောတတ်၏။

ဘုန်းကြီးလူထွက် အရက်သမားတစ်ယောက်ကမူ သာသနာကိုမစော်ကားနဲ့ဟု အမြဲပြောကာ ပါဆယ်ဝယ်သွားတတ်၏။

တစ်ခါက ထိုအရက်ဆိုင်ကလေးထဲတွင် ပန်းချီဆရာတစ်ယောက်ရောက်လာကာ သူတို့ စုပေါင်းပုံတူပန်းချီကား တစ်ကားပင် ရေးပေးသွားခဲ့ဖူးပါသည်။ထိုအရက်ဖြူဆိုင်ကလေးထဲရှိ အရက်သမားအားလုံး၏ တူညီသော ကြွေးကြော်သံမှာ "ငါတို့ဟာ အရက်သောက်တာကလွဲပြီး ဘုရားမကြိုက်တာ ဘာမှမလုပ်ဘူး" ဟူ၍ ဖြစ်ပါသည်။

၃။

ထိုအရက်ဆိုင်ကလေးတွင် ကြီးမားသော ဖြတ်သန်းမှုတစ်ခုရှိပါသည်။ထိုစဉ်က အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်မှာ သူတို့အားလုံး ပါဝင်လိုက်ပါခဲ့ကြဖူးသည်။တချို့မှာ အရိုက်ခံရပြီး ကွယ်လွန်သွားကြ၍ တချို့မှာ အဖမ်းခံခဲ့ရပါသည်။သို့ရာတွင် ထိုကမ္ဘာကျော် အရေးအခင်းကြီးအား သူတို့က တသသ လုပ်မနေကြပါ။ရေဒီယိုကလေး တဂျစ်ဂျစ်နှင့် ရောက်လာတတ်သော ကျောင်းဆရာကလေးသည် သူတို့ကို ထိုအရေးအခင်းကြီးအကြောင်း နားထောင်စေလိုသော်လည်း သူတို့စိတ်မဝင်စားကြပါ။သူတို့စိတ်ဝင်စားကြသည်မှာ နောက်ထပ်အသစ်ရောက်လာသော ဆိုင်ရှင်အား မည်သို့အကြွေးမှတ်ရမည်၊ မည်သို့ စည်းရုံးရမည်ကိုသာ စိတ်ဝင်စားနေကြပါသည်။

ကဗျာတစ်ပုဒ်ကိုတော့ သူတို့အလွန်သဘောကျကြဟန်တူ၏။ပါရှန်းကဗျာဆရာ အိုမာခရမ်၏ "သစ်တစ်ပင်အောက်မှာ၊ ဝိုင်တစ်ခွက်ရယ်၊ ပေါင်မုန့်တစ်လုံးရယ်၊ ချစ်တဲ့သူရယ် " ဟု ကျွန်တော်က ပြောပြသည့်အခါ "ဒီကောင်မဆိုးဘူးကွ၊ ဒါပေမဲ့ နည်းနည်းလောဘကြီးလွန်းသလားပဲ" ဟုပင် အိုမာခရမ်ကိုသွား၍ စောဒကတက်လိုက်ကြပါသေးသည်။

တစ်ရက်တွင်သော် ထိုအရက်ဆိုင်ကလေးထဲမှ အရက်သမားတစ်ယောက် ကွယ်လွန်သွားပါသည်။သူ့နာရေးသည် ပျော်စရာအလွန်ကောင်းသည်ဟု အသုဘလိုက်ပို့ကြသူများက သတိရတိုင်း ပြောတတ်ကြပါသည်။အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် စတီရီယိုအဆိုတော် စိန်ဝင်းထွန်း၏ စိတ်ညစ်တဲ့အမူးသမား သီချင်းကို သံပြိုင်သီဆိုကြကာ အသုဘလိုက်ပို့ကြပါသည်။အမိန့်ပြန်တမ်းကို နောက်ရောက်လာသော ဆိုင်ရှင်အသစ်က ဖတ်ပြပါသည်။ထိုပြန်တမ်းမှာ "သင်သည် ငါ့ဆိုင်ကို ဝိဉာဉ်အဖြစ်လာရောက်၍ ပိုက်ဆံမပါသော်လည်း အချိန်မရွေးသောက်နိုင်ပါသည်" ဟူ၍ ဖြစ်ပါသည်။ထိုအတိုင်းပင် သူထိုင်နေကျစားပွဲပေါ်တွင် အရက်ဖြူတစ်ခွက် အမြဲချပေးထားပါသည်။တခြားအရက်သမားများသည် သူတို့ပိုက်ဆံမပါသော်လည်း ဘယ်သူကမျှ ထိုအရက်ခွက်ကို မပြစ်မှားကြပါ။

၄။

ခေတ်များကပြောင်းလဲသွားပါသည်။ထိုအရက်ဆိုင်ကလေးသည် နောက်ထပ်ရောက်လာသည့် ဆိုင်ရှင်သစ်၏လက်ထက်တွင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းနှင့် တသွေးတမွေးဖြစ်နေပါပြီ။အရက်ကုမ္ပဏီကြီးများ၏ စပွန်ဆာနှင့် ပြောင်ပြောင်ရောင်ရောင်ဖြစ်နေပါပြီ။ဆိုင်ပိုင်ရှင်အသစ်သည် နံရံများကို ဆေးသုတ်ပစ်လိုက်ပါသည်။ဝီစကီမျိုးစုံ၊ ဘီယာမျိုးစုံလည်း သောက်ချင်လျှင် သောက်လို့ရနေပါပြီ။သို့သော် ထိုဆိုင်ထဲတွင် ပိုင်ရှင်အမျိုးမျိုးအား သိမှီလိုက်ကြသော အရက်သမားများကတော့ အရင်လိုခံစားမှုမျိုး မရှိကြတော့ပါ။ပြောင်းလဲနေသည့် ခေတ်ကြီးနှင့်အတူ သူတို့ခံစားမှုများက မျောပါသွားကြဟန်တူပါသည်။ကောင်တာ စားပွဲပေါ်မှ ပြောင်လက်နေသော ဖန်ခွက်အလွတ်များမှာ ကပ်စတန်မာအသစ်များကို ငေးမောကြည့်နေပါသည်။

ကြည်ဇော်အေး

( Zawgyi )

၁။

ႏွစ္ေပါင္း ၂၀ ေက်ာ္သည္အထိ ခိုက္ရန္ျဖစ္ပြားမႈ လုံးဝမရွိခဲ့ေသာ အရက္ျဖဴဆိုင္ကေလးတစ္ဆိုင္ ကြၽန္ေတာ္တို႔ၿမိဳ႕ကေလးတြင္ ယခုထိရွိပါသည္။သူတို႔သည္ ယဥ္ေက်းေသာဟူသည့္ အသုံးအႏႈန္းကို နားမလည္ၾကေသာ္လည္း လြန္စြာမွတည္ၿငိမ္ရင့္က်က္ေသာ အရက္သမားမ်ားျဖစ္ၾကပါသည္။ဆိုင္နာမည္ အတည္တက်မရွိသလို ဆိုင္ပိုင္ရွင္မ်ားကလည္း အတည္တက်မရွိပါ။တစ္ေယာက္လက္မွ တစ္ေယာက္ထံ ေျပာင္းသြားၾကေသာ္လည္း အရက္သမားမ်ားမွာ ထိုဆိုင္ကေလးအား အသြားအလာမပ်က္ၾကပါ။တခ်ိဳ႕မွာ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ကြယ္လြန္သြားၾကပါသည္။တခ်ိဳ႕မွာ ႐ူးသြပ္သြားၾကပါသည္။သို႔ေသာ္ ထိုအရက္ဆိုင္ပိုင္ရွင္မ်ားသည္ ပါရီက ႐ိုတြန္းကေဖးဆိုင္ပိုင္ရွင္ လီဗီယြန္လိုပင္ သူ႔ေဖာက္သည္မ်ား၏ ခ်စ္ခင္မႈကို ခံရပါသည္။အဘယ္ေၾကာင့္ဆိုေသာ္ ပိုက္ဆံတစ္ျပားမွ မရွိေသာ္လည္း အေႂကြးေရာင္း၏။အမူးလြန္၍ အိပ္ေပ်ာ္ေနေသာ သူ႔ေဖာက္သည္ကို ေစာင္ၿခဳံေပး၏။မိခင္တစ္ေယာက္သည္ သူ႔သား ထိုအရက္ဆိုင္ကေလးသို႔ ေရာက္ေနသည္ဆိုလွ်င္ အလိုလိုစိတ္ခ်တတ္ၾက၏။ထိုဆိုင္ကေလးတြင္ အရက္မူးေနသည့္ သားဆိုးတစ္ေယာက္ကို ထမင္းခ်ိဳင့္လာပို႔ေသာ အေမတစ္ေယာက္ပင္ ရွိခဲ့ဖူးပါသည္။

၂။

ကြၽန္ေတာ္ငယ္စဥ္က ရန္ကုန္တကၠသိုလ္ မဂၢဇင္းတစ္အုပ္ထဲတြင္ "ခုန္စာမ်ား" ဟူသည့္ စာတစ္ပုဒ္ဖတ္ခဲ့ဖူး၏။အမွတ္မမွားဘူးဆိုလွ်င္ စာေရးဆရာ ဇဝနျဖစ္မည္ ထင္သည္။ေက်ာင္းသားအမ်ားစု ေရးခဲ့ၾကဖူးပါလိမ့္မည္။စာသင္ခုံမ်ားေပၚ တြင္ ခဲတံ၊ ေဘာပန္တို႔ႏွင့္ ေရးခ်င္ရာေရးခဲ့ၾကေသာ စာတိုကေလးေပါင္းမ်ားစြာကို စာေရးဆရာက ပုံႏွိပ္မွတ္တမ္းတင္ေပးလိုက္ျခင္းျဖစ္၏။

ထိုကဲ့သို႔ပင္ အရက္ဆိုင္တစ္ဆိုင္နံရံေပၚမွ စာမ်ားကိုလည္း မွတ္တမ္းတင္သင့္သည္ဟု ထင္ပါသည္။

ကြၽန္ေတာ္တို႔ၿမိဳ႕က အျဖဴဆိုင္ကေလး၏ နံရံဝါက်င့္က်င့္ေပၚတြင္ "ယေန႔အေႂကြးမေရာင္းပါ၊ သင္ေကာင္းလွ်င္ကြၽႏ္ုပ္မဆိုးပါ၊ လူသာလာပါ ျပႆနာေခၚမလာပါနဲ႔" ဆိုသည့္ ခပ္ညံ့ညံ့စကားလုံးမ်ားမဟုတ္ပါ။ဆိုင္၏နံရံေပၚတြင္ ေတြ႕ရမည္မွာ လက္ေရးခပ္ေသာ့ေသာ့ႏွင့္ ေရးထားၾကေသာ စာတန္းမ်ားမွာ...

"အို မဏိေမခလာ ငါသည္ မိထၱီလာျပည္ကို မွန္းဆႏိုင္၏၊ ေရာက္မေရာက္ကို ငါမေတြး"

"မလင္းျပာ၊ ငါ ရပ္ရွားျဖစ္ခ်င္တယ္"

"ငါေသာက္တယ္၊ ထို႔ေၾကာင့္ ငါရွိတယ္"

"ခင္သန္းႏု လင္ယူသြားတဲ့ႏွစ္မွာ ငါအရက္စေသာက္တယ္" စသည္တို႔ျဖစ္ပါသည္။

သူတို႔သည္ အရက္မူးလာလွ်င္ ပို၍ယဥ္ေက်းလာၾကသည္။တစ္ေယာက္ကို တစ္ေယာက္ အလြန္ေစာင့္ေရွာက္ၾက၏။အျပန္အလွန္လိုက္ပို႔ၾက၏။

ထိုဆိုင္ထဲတြင္ အရက္သမား စစ္ဗိုလ္ျပဳတ္တစ္ေယာက္သည္ ေရွ႕တန္းတစ္ခုတြင္ ရန္သူကို သူ႐ြပ္႐ြပ္ခြၽန္ခြၽန္ေခ်မႈန္းခဲ့ပုံကို စီကာပတ္ကုံး ေျပာျပေနေသာ္လည္း အေပါစားေဟာလီးဝုဒ္စစ္ကားထဲမွ ဇာတ္ဝင္ခန္းတစ္ခုသာျဖစ္ေၾကာင္း အားလုံးကသိေနၾက၏။

ေဗဒင္ဆရာတစ္ေယာက္သည္ သူ႔ကို အရက္တစ္ပိုင္းတိုက္လွ်င္ တစ္ပတ္အတြင္း ရွင္ဘုရင္ျဖစ္ေလာက္သည္အထိ ေဟာေျပာေပး၏။

ကားဝပ္ေရွာ့ဆရာသည္ လင္ငယ္ေနာက္လိုက္သြားေသာ သူ႔မိန္းမအား စိတ္နာေၾကာင္းေျပာျပၿပီး မိန္းမ မေကာင္းေၾကာင္းကို တြင္တြင္ေျပာတတ္၏။

ဘုန္းႀကီးလူထြက္ အရက္သမားတစ္ေယာက္ကမူ သာသနာကိုမေစာ္ကားနဲ႔ဟု အၿမဲေျပာကာ ပါဆယ္ဝယ္သြားတတ္၏။

တစ္ခါက ထိုအရက္ဆိုင္ကေလးထဲတြင္ ပန္းခ်ီဆရာတစ္ေယာက္ေရာက္လာကာ သူတို႔ စုေပါင္းပုံတူပန္းခ်ီကား တစ္ကားပင္ ေရးေပးသြားခဲ့ဖူးပါသည္။ထိုအရက္ျဖဴဆိုင္ကေလးထဲရွိ အရက္သမားအားလုံး၏ တူညီေသာ ေႂကြးေၾကာ္သံမွာ "ငါတို႔ဟာ အရက္ေသာက္တာကလြဲၿပီး ဘုရားမႀကိဳက္တာ ဘာမွမလုပ္ဘူး" ဟူ၍ ျဖစ္ပါသည္။

၃။

ထိုအရက္ဆိုင္ကေလးတြင္ ႀကီးမားေသာ ျဖတ္သန္းမႈတစ္ခုရွိပါသည္။ထိုစဥ္က အတိုက္အခံႏိုင္ငံေရးေခါင္းေဆာင္တစ္ဦး၏ ခရီးစဥ္မွာ သူတို႔အားလုံး ပါဝင္လိုက္ပါခဲ့ၾကဖူးသည္။တခ်ိဳ႕မွာ အ႐ိုက္ခံရၿပီး ကြယ္လြန္သြားၾက၍ တခ်ိဳ႕မွာ အဖမ္းခံခဲ့ရပါသည္။သို႔ရာတြင္ ထိုကမာၻေက်ာ္ အေရးအခင္းႀကီးအား သူတို႔က တသသ လုပ္မေနၾကပါ။ေရဒီယိုကေလး တဂ်စ္ဂ်စ္ႏွင့္ ေရာက္လာတတ္ေသာ ေက်ာင္းဆရာကေလးသည္ သူတို႔ကို ထိုအေရးအခင္းႀကီးအေၾကာင္း နားေထာင္ေစလိုေသာ္လည္း သူတို႔စိတ္မဝင္စားၾကပါ။သူတို႔စိတ္ဝင္စားၾကသည္မွာ ေနာက္ထပ္အသစ္ေရာက္လာေသာ ဆိုင္ရွင္အား မည္သို႔အေႂကြးမွတ္ရမည္၊ မည္သို႔ စည္း႐ုံးရမည္ကိုသာ စိတ္ဝင္စားေနၾကပါသည္။

ကဗ်ာတစ္ပုဒ္ကိုေတာ့ သူတို႔အလြန္သေဘာက်ၾကဟန္တူ၏။ပါရွန္းကဗ်ာဆရာ အိုမာခရမ္၏ "သစ္တစ္ပင္ေအာက္မွာ၊ ဝိုင္တစ္ခြက္ရယ္၊ ေပါင္မုန႔္တစ္လုံးရယ္၊ ခ်စ္တဲ့သူရယ္ " ဟု ကြၽန္ေတာ္က ေျပာျပသည့္အခါ "ဒီေကာင္မဆိုးဘူးကြ၊ ဒါေပမဲ့ နည္းနည္းေလာဘႀကီးလြန္းသလားပဲ" ဟုပင္ အိုမာခရမ္ကိုသြား၍ ေစာဒကတက္လိုက္ၾကပါေသးသည္။

တစ္ရက္တြင္ေသာ္ ထိုအရက္ဆိုင္ကေလးထဲမွ အရက္သမားတစ္ေယာက္ ကြယ္လြန္သြားပါသည္။သူ႔နာေရးသည္ ေပ်ာ္စရာအလြန္ေကာင္းသည္ဟု အသုဘလိုက္ပို႔ၾကသူမ်ားက သတိရတိုင္း ေျပာတတ္ၾကပါသည္။အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔အားလုံးသည္ စတီရီယိုအဆိုေတာ္ စိန္ဝင္းထြန္း၏ စိတ္ညစ္တဲ့အမူးသမား သီခ်င္းကို သံၿပိဳင္သီဆိုၾကကာ အသုဘလိုက္ပို႔ၾကပါသည္။အမိန႔္ျပန္တမ္းကို ေနာက္ေရာက္လာေသာ ဆိုင္ရွင္အသစ္က ဖတ္ျပပါသည္။ထိုျပန္တမ္းမွာ "သင္သည္ ငါ့ဆိုင္ကို ဝိဉာဥ္အျဖစ္လာေရာက္၍ ပိုက္ဆံမပါေသာ္လည္း အခ်ိန္မေ႐ြးေသာက္ႏိုင္ပါသည္" ဟူ၍ ျဖစ္ပါသည္။ထိုအတိုင္းပင္ သူထိုင္ေနက်စားပြဲေပၚတြင္ အရက္ျဖဴတစ္ခြက္ အၿမဲခ်ေပးထားပါသည္။တျခားအရက္သမားမ်ားသည္ သူတို႔ပိုက္ဆံမပါေသာ္လည္း ဘယ္သူကမွ် ထိုအရက္ခြက္ကို မျပစ္မွားၾကပါ။

၄။

ေခတ္မ်ားကေျပာင္းလဲသြားပါသည္။ထိုအရက္ဆိုင္ကေလးသည္ ေနာက္ထပ္ေရာက္လာသည့္ ဆိုင္ရွင္သစ္၏လက္ထက္တြင္ သပ္သပ္ရပ္ရပ္ သန႔္သန႔္ရွင္းႏွင့္ တေသြးတေမြးျဖစ္ေနပါၿပီ။အရက္ကုမၸဏီႀကီးမ်ား၏ စပြန္ဆာႏွင့္ ေျပာင္ေျပာင္ေရာင္ေရာင္ျဖစ္ေနပါၿပီ။ဆိုင္ပိုင္ရွင္အသစ္သည္ နံရံမ်ားကို ေဆးသုတ္ပစ္လိုက္ပါသည္။ဝီစကီမ်ိဳးစုံ၊ ဘီယာမ်ိဳးစုံလည္း ေသာက္ခ်င္လွ်င္ ေသာက္လို႔ရေနပါၿပီ။သို႔ေသာ္ ထိုဆိုင္ထဲတြင္ ပိုင္ရွင္အမ်ိဳးမ်ိဳးအား သိမွီလိုက္ၾကေသာ အရက္သမားမ်ားကေတာ့ အရင္လိုခံစားမႈမ်ိဳး မရွိၾကေတာ့ပါ။ေျပာင္းလဲေနသည့္ ေခတ္ႀကီးႏွင့္အတူ သူတို႔ခံစားမႈမ်ားက ေမ်ာပါသြားၾကဟန္တူပါသည္။ေကာင္တာ စားပြဲေပၚမွ ေျပာင္လက္ေနေသာ ဖန္ခြက္အလြတ္မ်ားမွာ ကပ္စတန္မာအသစ္မ်ားကို ေငးေမာၾကည့္ေနပါသည္။

ၾကည္ေဇာ္ေအး