【 ပညာရှင်များ၏အမြင် 】 “အရည်အချင်းရှိဖို့လိုသလို လုပ်ရည်ကိုင်ရည်လည်းရှိဖို့လိုတယ်”

【 ပညာရှင်များ၏အမြင် 】 “အရည်အချင်းရှိဖို့လိုသလို လုပ်ရည်ကိုင်ရည်လည်းရှိဖို့လိုတယ်”

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ကိုဗစ် ၁၉ ကပ်ရောဂါကြားမှ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။အဆိုပါရွေးကောက်ပွဲတွင် အများပြည်သူလိုလားရွေးချယ်ခဲ့သည့်အတိုင်း လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့ကာ နောက် ၅ နှစ်သက်တမ်းကို ဆက်လက်ထမ်းဆောင်ရန် ဖြစ်လာခဲ့ပါတယ်။အရပ်သားအစိုးရစစ်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရ၏ ပထမငါးနှစ်သက်တမ်းတွင် အောင်မြင်မှုများရှိသလို တချို့နေရာများတွင် မအောင်မြင်ခဲ့သည့်ကိစ္စများ၊ လူနှင့် နေရာအလွဲများလည်း ဖြစ်ခဲ့သည်များလည်းရှိခဲ့သဖြင့် နောင်လာမည့် ၅ နှစ်သက်တမ်းတွင် အစိုးရသစ်အခင်းအကျင်း မည်သို့ရှိလာမည်၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး မည်သို့ရှိလာနိုင်သည်ကို လက်ရှိအစိုးရလက်ထက် နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေးအဖွဲ့ဝင်ဖြစ်သူ ဝါရင့်စီးပွားရေးပညာရှင် ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ကိုဗစ်အလွန် မြန်မာ့စီးပွားရေး နိုးထမှုအတွက် လုပ်သင့်လုပ်ထိုက်သည့် ဆောင်ရွက်မှုများအတွက် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက ၂၀၁၅ ထက်ကို ပြတ်ပြတ်သားသားအနိုင်ရတာ တွေ့ရတယ်။ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် အစိုးရအဖွဲ့အခင်းအကျင်းမှာ ယခင်လူဟောင်းတွေ ပြန်ပါလာနိုင်မလား။ဒါမှမဟုတ် တခြားသောလူသစ်တွေနဲ့ ပြောင်းလဲဖွဲ့စည်းလာနိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ပထမငါးနှစ်ပြီးသွားပြီးပေါ့။ပထမငါးနှစ်ရဲ့ သင်ခန်းစာတွေရှိလာပြီလေ။အဲဒီတော့သင်ခန်းစာတွေကိုကြည့်ပြီး ဒုတိယငါးနှစ်မှာ ဘယ်လိုလုပ်မလဲ။လူရွေးတဲ့ကိစ္စပေါ့။ပထမငါးနှစ်မှာ အောင်မြင်တာတွေရှိတယ်။မအောင်မြင်တာတွေရှိတယ်။အဆင်ပြေတာတွေရှိတယ်။အဆင်မပြေတာတွေရှိတယ်။အဲ့ဒါတွေကို သုံးသပ်ပြီးတော့ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်မလဲ စဉ်းစားကြရမှာပါ။အမှန်ကတော့ ကိုယ့်ဆီမှာ ၅၄ သန်းတောင်ရှိတာပဲ လူတွေက။တော်တဲ့လူတွေ သူတို့လိုချင်တဲ့သူတွေရွေးပေါ့။ဒါပေမယ့် တစ်ခုရှိတာက ရွေးချယ်မှုဆိုတာက သူတို့နဲ့ဆိုင်တယ်လေ။စွမ်းဆောင်ရည်ရှိတဲ့ အရည်အချင်းရှိတဲ့ လူတော်တွေလိုတယ်ပေါ့။အခုအချိန်မှာ ဆရာတို့တွေ့တဲ့ကိစ္စက သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ ပေါ်လစီတွေ သိပ်ကောင်းတယ်။သို့သော်လည်း အကောင်အထည်ဖော်တဲ့အခါမှာ သူတို့လုပ်ရကိုင်ရ နည်းနည်းခက်နေတာပေါ့။အဲ့တော့ ဒီလိုတွန်းတွန်းထိုးထိုး လုပ်နိုင်မယ့်သူ လိုလိမ့်မယ်။

တစ်ဖက်ကလည်း အရည်အချင်းရှိဖို့လိုသလို လုပ်ရည်ကိုင်ရည်လည်းရှိဖို့လိုတယ်။သူတို့ငါးနှစ်မှာ လုပ်ခဲ့တာတွေကို ပြန်သုံးသပ်ဖို့။အမှန်ကတော့ ဒါက သင်ခန်းစာတစ်ခုပေါ့လေ။ငါးနှစ်ဆိုတဲ့အချိန်က နည်းတာမှမဟုတ်တာ။ဒီငါးနှစ်မှာ ကိုယ်ဘာတွေလုပ်ခဲ့တယ်။ဘာတွေလုပ်နိုင်တယ်။ဘာတွေမလုပ်နိုင်ခဲ့ဘူး။ဘာကြောင့်လုပ်နိုင်တယ်။ဘာကြောင့်မလုပ်နိုင်ဘူး။နောက်တစ်ခါ ဘယ်သူတွေအားနည်းတယ်။ဒီလိုပြောတဲ့အခါမှာ အပိုင်းသုံးပိုင်းပေါ့။အုပ်ချုပ်ရေးယန္တရားကိုပဲ လူတွေကအာရုံစိုက်တာ။တကယ်တမ်းတော့ ဥပဒေပြုရေးမဏ္ဍိုင်လဲ အရေးကြီးတာလေ။တတိယကတော့ တရားရေးမဏ္ဍိုင်ဆိုရင် ဒီငါးနှစ်အတွင်းမှာ ဘာမှကိုမကြားလိုက်ရဘူး။နောက်တစ်ခါ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာပေါ့။အမှန်ကတော့ နည်းနည်းပြန်ကြည့်မယ်ထင်တယ်။
ကိုယ်ဖြတ်သန်းလာတဲ့ သက်တမ်းပေါ့။ပထမသက်တမ်းမှာ ဘာတွေကောင်းခဲ့တယ်၊ ဘာတွေအားနည်းခဲ့တယ်။ဘာတွေလုပ်နိုင်ခဲ့တယ်။ဘာတွေမလုပ်နိုင်ခဲ့ဘူး။ဘယ်သူတွေ လုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာ သိနေတာပဲ။ဘယ်နေရာမှာ အားဖြည့်ဖို့လိုတယ်ဆိုတာ။ဖြည့်လည်းဖြည့်မှာပါ။

အရေးကြီးတာကတော့ mandate ပေါ့လေ။ပြည်သူတွေက သူတို့ကို ယုံယုံကြည်ကြည်နဲ့ မဲထည့်လိုက်တဲ့အခါမှာ အဲ့ဒီယုံကြည်မှုကို ပြန်ပြီးတုန့်ပြန်ဖို့လိုလိမ့်မယ်။အဲ့ဒါပါပဲ။အဓိကတော့ ယုံကြည်မှုကို ပြန်ပြီးတုန့်ပြန်နိုင်အောင် သူတို့အနေနဲ့ စဉ်းစားဖို့လိုမယ်။စဉ်းလည်း စဉ်းစားမယ် ထင်တာပါပဲ။သိနေတာပဲ။အတွေးအခေါ်ရှိတဲ့သူက ဘယ်သူတွေအားနည်းတယ်။ဘယ်သူတွေလုပ်နိုင်ခဲ့တယ်ဆိုတာ တော်တော်ထင်ရှားတာပဲ။မသိမသာ မဟုတ်ဘူးလေ။လူတွေကလည်းပြောကြတယ် ဒီတစ်ခါလည်း ကိုဗစ်ကြောင့်ဖြစ်ပေမယ့် အနစ်နာခံပြီး စွန့်စားပြီး မဲထည့်ကြတယ်လေ။ကိုယ့်ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာ စိုးရိမ်စိတ်တွေရှိကြပေမယ့် လူတွေအားလုံးက အားကိုးတကြီးနဲ့ပေါ့။အဲ့လိုအားကိုးလေ ကိုယ့်မှာတာဝန်ကြီးလေပဲလေ။

နိုင်ငံရေးမှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ကိုယ့်အနေနဲ့ သူတို့မျှော်လင့်တဲ့အတိုင်း လုပ်ပေးနိုင်ဖို့မှာ တာဝန်ကပိုကြီးလာတာပေါ့။မျှော်လင့်ချက်နည်းရင် ကိစ္စမရှိဘူး။ဒီတစ်ခေါက်ကတော့ပြီးသွားပြီ။ငါးနှစ်ကကုန်သွားပြီ။ဒီငါးနှစ်ကတော့ သက်သေပြရတော့မယ်။ပြလည်းပြမယ်ထင်ပါတယ်။ရဲရဲဝံ့ဝံ့လုပ်နိုင်တဲ့သူတွေ၊ သတ္တိရှိရှိလုပ်နိုင်တဲ့သူတွေ ပြောရဲဆိုရဲရှိတဲ့သူတွေ လိုလိမ့်မယ်။ပထမငါးနှစ်တုန်းကတော့ အတွေ့အကြုံနည်းလို့ဆိုတဲ့ အကြောင်းပြချက်တွေရှိတယ်လေ။ဒီတစ်ခါတော့မရတော့ဘူး။အမှန်ကတော့ ဘောလုံးအသင်းတစ်သင်းလိုပေါ့။တစ်ပွဲပြီးသွားပြီ ဒုတိယပွဲလေ။တစ်ဖက်မှာ အတိုက်အခံကလည်း မရှိသလောက်ပဲလေ။ပြီးသွားပြီလေ။အတိုက်အခံကလည်း ဘာမှကိုပြောလို့ရမှာ မဟုတ်တော့ဘူး။အော်နေတာပဲရှိမယ်။ဟိုဘက်က ၂၅ ရာခိုင်နှုန်းရှိရုံက လွဲလို့ပေါ့။အတိုက်အခံက အားကြီးရင် ကိုယ်က အတိုက်အခံကို ဂရုစိုက်ရမှာ။လှည့်မကြည့်ဖို့လိုတဲ့အချိန်မှာ ပိုပြီးသတိထားရမယ်။

သေချာတာကတော့ ကိုဗစ်ကြီးကို ဘယ်လိုဖြတ်မလဲ။နောက်တစ်ခါ စီးပွားရေးကို ဘယ်လိုကျော်မလဲ။ငြိမ်းချမ်းရေးဘယ်လိုလုပ်မလဲ။နောက် တရုတ်ဆက်ဆံရေး ဘယ်လိုလုပ်မလဲ။မှန်းကြည့်လိုက်ရင်သိတာပဲ တကယ် ကိုယ်ရင်ဆိုင်ရမယ့်ဟာက။သေချာတာကတော့ ကိုဗစ်ကြီးကို ကိုင်တွယ်ရမယ်။ကိုဗစ်နဲ့တွဲပြီး စီးပွားရေးကျနေတာကို  ဘယ်လိုလုပ်မလဲ။ငြိမ်းချမ်းရေးကိစ္စ ဘယ်လိုလုပ်မလဲ။ငြိမ်းချမ်းရေးကိစ္စပြောရင် တရုတ်ဆက်ဆံရေး ဘယ်လိုလုပ်မလဲ။တရုတ်ကိစ္စပြောပြန်ရင်လည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဆက်ဆံရေး ဘယ်လိုလုပ်မလဲ။အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးလို့ပြောလိုက်ရင် ရခိုင်ကိစ္စက ပါလာပြန်ရော။ဒါတွေအားလုံးက ကွင်းဆက်တွေချည်းပဲ။ဒါကြောင့် ပြီးခဲ့တဲ့ငါးနှစ်ကို သင်ခန်းစာယူတတ်ဖို့ပဲလိုတာ။သင်ခန်းစာယူတတ်ရင် လုပ်ရတဲ့လူအတွက် ကောင်းတယ်လေ။အခုက မသိလို့ပါဆိုတဲ့ ဆင်ခြေပေးလို့မရတော့ဘူးလေ။အစိုးရတစ်ခုကို ငါးနှစ်တာဝန်ယူနိုင်တယ်ဆိုတာ နည်းတဲ့အခွင့်အရေးမှ မဟုတ်တာ။အဲဒီတော့ လူမှန်ရွေးတတ်ဖို့ပဲလိုတာပါ။မူတွေကတော့ သိပ်မကွာပါဘူး။အခုအချိန်မှာ တစ်ကမ္ဘာလုံးမှာကြည့် ရင် နိုင်ငံရေးဘောဂဗေဒနည်းလမ်းနဲ့ကြည့်ရင် ရွေးချယ်စရာနည်းလမ်း သိပ်မှမရှိတာ။အားလုံးက စျေးကွက်စီးပွားရေးစနစ်ကို အားပေးတဲ့စနစ်ချည်းပဲ။နောက်တစ်ခါ အားလုံးက လစ်ဘရယ်ဒီမိုကရေစီပေါ့။

အရင် ၁၉၈၀ မတိုင်ခင်တုန်းကလို နိုင်ငံရေးအယူဝါဒ တကယ့်ကိုဆန့်ကျင်ဘက်တွေ မရှိတော့ဘူးလေ။နိုင်ငံတွေအားလုံးကြည့်လိုက်လို့ရှိရင် စျေးကွက်စီးပွားရေးစနစ်ကိုပဲ ပုံစံအမျိုးမျိုးနဲ့ သွားနေတာပေါ့။ပူတင်ကလည်း သူ့ပုံစံနဲ့သူ၊ ရှီကျင်ဖျင်ကလည်း သူ့ပုံစံနဲ့သူ ထရမ့်ကလည်း အရင်တုန်းက သူ့ပုံစံနဲ့သူပေါ့။ဒါပေမယ့် အားလုံးက စီးပွားရေးက ပွင့်လင်းမြင်သာတယ်။အရင်လို မဆလပုံစံတော့ မဟုတ်တော့ဘူး။အဲ့ဒါတော့သေချာတယ်။အရင်တုန်းကတော့ ပြည်သူပိုင်သိမ်းမယ်။သမဝါယမလုပ်မယ် စသည်ဖြင့် ဘာညာဆိုပြီးတော့ ပေါ်လစီတွေက အများကြီးရှိတယ်။အခုကတော့ ဘာမှမရှိဘူး။

တစ်ခုပဲရှိတယ် အစိုးရရဲ့စီးပွားရေးအခန်းကဏ္ဍ ဘယ်လောက်လောက်ရှိမလဲ။ဘယ်လောက်ပါဝင်မလဲ မပါဝင်ဘူးလဲပေါ့။အချို့နိုင်ငံတွေမှာတော့ အစိုးရက လုံးဝမပါဘူး။ကိုယ့်မှာတော့ အစိုးရပါတဲ့ သမိုင်းကြီးကရှိနေတာ ဆရာတို့မှာ နောက်တစ်ခါ တပ်မတော်အနေနဲ့လည်း စီးပွားရေးလုပ်ငန်းတွေမှာ ပါနေတာကိုး။အဲ့ဒီကိစ္စကလည်း ကိုင်တွယ်လို့မရဘူးလေ။တခြားနိုင်ငံတွေမှာ ကိုဗစ်နဲ့ စီးပွားရေးနှစ်ခုပဲ ကိုင်တွယ်ရတာ။ဆရာတို့မှာက ကိုဗစ်ရယ်၊ စီးပွားရေးရယ်၊ ငြိမ်းချမ်းရေးရယ် ဒီသုံးခုကို တစ်ပြိုင်တည်းကိုင်ဖို့က တော်တော်ခက်တာကိုး။ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ကြမလဲ။ ငြိမ်းချမ်းရေးလို့ပြောရင် တပ်မတော်နဲ့ ရွေးကောက်ပွဲနိုင်တဲ့သူတွေနဲ့ ဘယ်လိုနားလည်မှုရှိနိုင်မလဲဆိုတာလည်း ကြည့်ရအုံးမှာပဲ။အဲ့တော့ ငါးနှစ်ကာလမှာတော့ အားလုံးလည်းသိတာပဲ အခြေနေတွေကတစ်မျိုးလေ။ဒီအခြေနေတွေ ပြောင်းလာဖို့တော့ လိုလိမ့်မယ်ထင်တယ်။

နောက်တစ်ခုက နိုင်ငံရေးနဲ့ပတ်သက်လာရင် ပေါ်လစီကတစ်ခု ပုဂ္ဂိုလ်ရေးကတစ်မျိုးရှိနေတာကိုး။ပေါ်လစီကြည့်ပြောလို့မရဘူး။တစ်ယောက်ချင်းရဲ့ သဘောထားတွေ၊ အမြင်တွေ သူတို့ရဲ့လိုအပ်ချက်တွေ ရှိနေတာကိုး။အဲ့ဒါကိုဘယ်လိုကိုင်တွယ်မလဲ။နောက်တစ်ခါ ဒီငါးနှစ်ပြီးရင် generation of change ပေါ့။စဉ်းစားစရာပေါ့လေ။စိတ်ဝင်စားစရာလည်းကောင်းတယ်။အဲ့တော့ အရေးကြီးတာက မီဒီယာရဲ့အခန်းကဏ္ဍပေါ့။သူတို့ရဲ့ ဒုတိယသက်တမ်းမှာ မီဒီယာရဲ့အခန်းကဏ္ဍကို ဘယ်လောက်လောက်ထိ ခွင့်ပြုမလဲဆိုတာလည်း စဉ်းစားစရာလေ။အဲ့ဒါလည်းလိုတာကိုး။မီဒီယာရဲ့ အခန်းကဏ္ဍကောင်းမှလည်း ကိုယ်လိုချင်တဲ့ ပြည်သူလူထုရဲ့အသံကို စဉ်းစားပုံတူလိမ့်မယ်။ပထမသက်တမ်းမှာ ဝန်ကြီးချုပ်ရွေးတဲ့ကိစ္စတွေ တိုင်းရင်းသားတွေနဲ့ ကိုယ်နဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလွဲမှားတာတွေရှိတယ်။အဲ့ဒါတွေ ဘယ်လိုလုပ်ကြမလဲ။အခု လွှတ်တော်မှာ ကိုယ်က လုပ်ပိုင်ခွင့်က အရင်ထက်တောင်ပိုရနေတော့ ဘာမှတောင်ပြောစရာမလိုဘူးလေ။အဲ့လိုအခြေနေမှာ ပိုပြီးသတိထားရမှာပေ့ါ။  

Opinion Leaders ။     ။ အခု အမေရိကန်နိုင်ငံမှာလည်း မြန်မာနိုင်ငံရေးသမားတွေနဲ့ နီးစပ်မှုရှိတဲ့ ဂျိုးဘိုင်ဒန် အနိုင်ရထားတယ်။မြန်မာဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် က အနိုင်ရထားတဲ့အတွက် အခုလာမယ့် ဒုတိယသက်တမ်းမှာ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးက ဘယ်လိုများပြောင်းလဲလာဖို့ရှိလဲ။

ဒေါက်တာအောင်ထွန်းသက် ။     ။ သူတို့အနေနဲ့ သူတို့နိုင်ငံရဲ့ တိုးတက်မှု၊ လုံခြုံမှုကို စဉ်းစားမယ်လေ။စဉ်းစားတဲ့အခါမှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူတို့နဲ့အားပြိုင်တာ တရုတ်လေ။အဲ့တော့ တရုတ်နဲ့ပတ်သက်တဲ့ စဉ်းစားမှုတွေ ဆက်ဆံမှုတွေဟာ မြန်မာပြည်နဲ့လည်းပတ်သက်နေတာကိုး။တခြားနိုင်ငံတွေနဲ့မတူဘူးလေ။ဆရာတို့နိုင်ငံမှာတော့ တရုတ်ပါနေတော့ အဲ့ဒါကို သူတို့ဘယ်လိုကိုင်တွယ်မလဲ စဉ်းစားဖို့လိုတယ်။နောက် ရုရှားဆို ပြဿနာမဟုတ်ဘူး။သူတို့နဲ့က နီးစပ်မှုက ဒီလောက်ရှိတာမဟုတ်ဘူး။ငြိမ်းချမ်းရေးပြဿနာမှာလည်း တရုတ်ပါတယ်။စီးပွားရေးပြဿနာမှာလည်း တရုတ်ပါတော့ ဘိုင်ဒန်အနေနဲ့ ဘယ်လိုစဉ်းစားမလဲ။

တစ်ခုတော့ရှိပါတယ် အမေရိကန်သမ္မတတွေတောက်လျှောက် ဒီမိုကရက်တစ်ဖြစ်ဖြစ် ရီပတ်ဘလီကင်ဖြစ်ဖြစ် သိပ်တော့မထူးလှဘူး။သူတို့ရဲ့ပေါ်လစီက မြန်မာပြည်နဲ့ပတ်သက်လာရင်။တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ Human Right ပေါ့။ဒီဘက်ပိုင်းမှာတော့ NLD တက်လာပြီးတဲ့အခါမှာ ရခိုင်ကြောင့် တစ်မျိုးဖြစ်သွားတာကိုး။အဲ့တော့ ကိုယ်ကတော့ အိမ်းနီးနားချင်း အာဆီယံရယ်၊ တရုတ်ရယ်၊ ဂျပန်၊ ကိုရီးယားပေါ့။ပြီးတော့မှ US ပေါ့။အဲ့ဒါကို ဘယ်လိုကိုင်တွယ်မလဲ။သူတို့နားမှာရှိပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနက အများကြီး။သူတို့တာဝန်ယူပါလိမ့်မယ်။

Opinion Leaders ။     ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
နိုဝင်ဘာ - ၁၂

( Zawgyi )

ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၈ ရက္က ျမန္မာႏိုင္ငံတြင္ ေ႐ြးေကာက္ပြဲကို ကိုဗစ္ ၁၉ ကပ္ေရာဂါၾကားမွ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ခဲ့ပါတယ္။အဆိုပါေ႐ြးေကာက္ပြဲတြင္ အမ်ားျပည္သူလိုလားေ႐ြးခ်ယ္ခဲ့သည့္အတိုင္း လက္ရွိအာဏာရပါတီျဖစ္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အႏိုင္ရခဲ့ကာ ေနာက္ ၅ ႏွစ္သက္တမ္းကို ဆက္လက္ထမ္းေဆာင္ရန္ ျဖစ္လာခဲ့ပါတယ္။အရပ္သားအစိုးရစစ္ျဖစ္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဦးေဆာင္သည့္ အစိုးရ၏ ပထမငါးႏွစ္သက္တမ္းတြင္ ေအာင္ျမင္မႈမ်ားရွိသလို တခ်ိဳ႕ေနရာမ်ားတြင္ မေအာင္ျမင္ခဲ့သည့္ကိစၥမ်ား၊ လူႏွင့္ ေနရာအလြဲမ်ားလည္း ျဖစ္ခဲ့သည္မ်ားလည္းရွိခဲ့သျဖင့္ ေနာင္လာမည့္ ၅ ႏွစ္သက္တမ္းတြင္ အစိုးရသစ္အခင္းအက်င္း မည္သို႔ရွိလာမည္၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး မည္သို႔ရွိလာႏိုင္သည္ကို လက္ရွိအစိုးရလက္ထက္ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပးအဖြဲ႕ဝင္ျဖစ္သူ ဝါရင့္စီးပြားေရးပညာရွင္ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ကိုဗစ္အလြန္ ျမန္မာ့စီးပြားေရး ႏိုးထမႈအတြက္ လုပ္သင့္လုပ္ထိုက္သည့္ ေဆာင္႐ြက္မႈမ်ားအတြက္ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ NLD ပါတီက ၂၀၁၅ ထက္ကို ျပတ္ျပတ္သားသားအႏိုင္ရတာ ေတြ႕ရတယ္။ေ႐ြးေကာက္ပြဲအၿပီး ျဖစ္လာမယ့္ အစိုးရအဖြဲ႕အခင္းအက်င္းမွာ ယခင္လူေဟာင္းေတြ ျပန္ပါလာႏိုင္မလား။ဒါမွမဟုတ္ တျခားေသာလူသစ္ေတြနဲ႔ ေျပာင္းလဲဖြဲ႕စည္းလာႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ပထမငါးႏွစ္ၿပီးသြားၿပီးေပါ့။ပထမငါးႏွစ္ရဲ႕ သင္ခန္းစာေတြရွိလာၿပီေလ။အဲဒီေတာ့သင္ခန္းစာေတြကိုၾကည့္ၿပီး ဒုတိယငါးႏွစ္မွာ ဘယ္လိုလုပ္မလဲ။လူေ႐ြးတဲ့ကိစၥေပါ့။ပထမငါးႏွစ္မွာ ေအာင္ျမင္တာေတြရွိတယ္။မေအာင္ျမင္တာေတြရွိတယ္။အဆင္ေျပတာေတြရွိတယ္။အဆင္မေျပတာေတြရွိတယ္။အဲ့ဒါေတြကို သုံးသပ္ၿပီးေတာ့ ဒီထက္ေကာင္းေအာင္ ဘယ္လိုလုပ္မလဲ စဥ္းစားၾကရမွာပါ။အမွန္ကေတာ့ ကိုယ့္ဆီမွာ ၅၄ သန္းေတာင္ရွိတာပဲ လူေတြက။ေတာ္တဲ့လူေတြ သူတို႔လိုခ်င္တဲ့သူေတြေ႐ြးေပါ့။ဒါေပမယ့္ တစ္ခုရွိတာက ေ႐ြးခ်ယ္မႈဆိုတာက သူတို႔နဲ႔ဆိုင္တယ္ေလ။စြမ္းေဆာင္ရည္ရွိတဲ့ အရည္အခ်င္းရွိတဲ့ လူေတာ္ေတြလိုတယ္ေပါ့။အခုအခ်ိန္မွာ ဆရာတို႔ေတြ႕တဲ့ကိစၥက သူတို႔ရဲ႕ရည္႐ြယ္ခ်က္ေတြ၊ ေပၚလစီေတြ သိပ္ေကာင္းတယ္။သို႔ေသာ္လည္း အေကာင္အထည္ေဖာ္တဲ့အခါမွာ သူတို႔လုပ္ရကိုင္ရ နည္းနည္းခက္ေနတာေပါ့။အဲ့ေတာ့ ဒီလိုတြန္းတြန္းထိုးထိုး လုပ္ႏိုင္မယ့္သူ လိုလိမ့္မယ္။

တစ္ဖက္ကလည္း အရည္အခ်င္းရွိဖို႔လိုသလို လုပ္ရည္ကိုင္ရည္လည္းရွိဖို႔လိုတယ္။သူတို႔ငါးႏွစ္မွာ လုပ္ခဲ့တာေတြကို ျပန္သုံးသပ္ဖို႔။အမွန္ကေတာ့ ဒါက သင္ခန္းစာတစ္ခုေပါ့ေလ။ငါးႏွစ္ဆိုတဲ့အခ်ိန္က နည္းတာမွမဟုတ္တာ။ဒီငါးႏွစ္မွာ ကိုယ္ဘာေတြလုပ္ခဲ့တယ္။ဘာေတြလုပ္ႏိုင္တယ္။ဘာေတြမလုပ္ႏိုင္ခဲ့ဘူး။ဘာေၾကာင့္လုပ္ႏိုင္တယ္။ဘာေၾကာင့္မလုပ္ႏိုင္ဘူး။ေနာက္တစ္ခါ ဘယ္သူေတြအားနည္းတယ္။ဒီလိုေျပာတဲ့အခါမွာ အပိုင္းသုံးပိုင္းေပါ့။အုပ္ခ်ဳပ္ေရးယႏၲရားကိုပဲ လူေတြကအာ႐ုံစိုက္တာ။တကယ္တမ္းေတာ့ ဥပေဒျပဳေရးမ႑ိဳင္လဲ အေရးႀကီးတာေလ။တတိယကေတာ့ တရားေရးမ႑ိဳင္ဆိုရင္ ဒီငါးႏွစ္အတြင္းမွာ ဘာမွကိုမၾကားလိုက္ရဘူး။ေနာက္တစ္ခါ စတုတၳမ႑ိဳင္လို႔ေခၚတဲ့ မီဒီယာေပါ့။အမွန္ကေတာ့ နည္းနည္းျပန္ၾကည့္မယ္ထင္တယ္။
ကိုယ္ျဖတ္သန္းလာတဲ့ သက္တမ္းေပါ့။ပထမသက္တမ္းမွာ ဘာေတြေကာင္းခဲ့တယ္၊ ဘာေတြအားနည္းခဲ့တယ္။ဘာေတြလုပ္ႏိုင္ခဲ့တယ္။ဘာေတြမလုပ္ႏိုင္ခဲ့ဘူး။ဘယ္သူေတြ လုပ္ႏိုင္တယ္ မလုပ္ႏိုင္ဘူးဆိုတာ သိေနတာပဲ။ဘယ္ေနရာမွာ အားျဖည့္ဖို႔လိုတယ္ဆိုတာ။ျဖည့္လည္းျဖည့္မွာပါ။

အေရးႀကီးတာကေတာ့ mandate ေပါ့ေလ။ျပည္သူေတြက သူတို႔ကို ယုံယုံၾကည္ၾကည္နဲ႔ မဲထည့္လိုက္တဲ့အခါမွာ အဲ့ဒီယုံၾကည္မႈကို ျပန္ၿပီးတုန႔္ျပန္ဖို႔လိုလိမ့္မယ္။အဲ့ဒါပါပဲ။အဓိကေတာ့ ယုံၾကည္မႈကို ျပန္ၿပီးတုန႔္ျပန္ႏိုင္ေအာင္ သူတို႔အေနနဲ႔ စဥ္းစားဖို႔လိုမယ္။စဥ္းလည္း စဥ္းစားမယ္ ထင္တာပါပဲ။သိေနတာပဲ။အေတြးအေခၚရွိတဲ့သူက ဘယ္သူေတြအားနည္းတယ္။ဘယ္သူေတြလုပ္ႏိုင္ခဲ့တယ္ဆိုတာ ေတာ္ေတာ္ထင္ရွားတာပဲ။မသိမသာ မဟုတ္ဘူးေလ။လူေတြကလည္းေျပာၾကတယ္ ဒီတစ္ခါလည္း ကိုဗစ္ေၾကာင့္ျဖစ္ေပမယ့္ အနစ္နာခံၿပီး စြန႔္စားၿပီး မဲထည့္ၾကတယ္ေလ။ကိုယ့္က်န္းမာေရးကို ထိခိုက္မယ္ဆိုတာ စိုးရိမ္စိတ္ေတြရွိၾကေပမယ့္ လူေတြအားလုံးက အားကိုးတႀကီးနဲ႔ေပါ့။အဲ့လိုအားကိုးေလ ကိုယ့္မွာတာဝန္ႀကီးေလပဲေလ။

ႏိုင္ငံေရးမွာ ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ကိုယ့္အေနနဲ႔ သူတို႔ေမွ်ာ္လင့္တဲ့အတိုင္း လုပ္ေပးႏိုင္ဖို႔မွာ တာဝန္ကပိုႀကီးလာတာေပါ့။ေမွ်ာ္လင့္ခ်က္နည္းရင္ ကိစၥမရွိဘူး။ဒီတစ္ေခါက္ကေတာ့ၿပီးသြားၿပီ။ငါးႏွစ္ကကုန္သြားၿပီ။ဒီငါးႏွစ္ကေတာ့ သက္ေသျပရေတာ့မယ္။ျပလည္းျပမယ္ထင္ပါတယ္။ရဲရဲဝံ့ဝံ့လုပ္ႏိုင္တဲ့သူေတြ၊ သတၱိရွိရွိလုပ္ႏိုင္တဲ့သူေတြ ေျပာရဲဆိုရဲရွိတဲ့သူေတြ လိုလိမ့္မယ္။ပထမငါးႏွစ္တုန္းကေတာ့ အေတြ႕အႀကဳံနည္းလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေတြရွိတယ္ေလ။ဒီတစ္ခါေတာ့မရေတာ့ဘူး။အမွန္ကေတာ့ ေဘာလုံးအသင္းတစ္သင္းလိုေပါ့။တစ္ပြဲၿပီးသြားၿပီ ဒုတိယပြဲေလ။တစ္ဖက္မွာ အတိုက္အခံကလည္း မရွိသေလာက္ပဲေလ။ၿပီးသြားၿပီေလ။အတိုက္အခံကလည္း ဘာမွကိုေျပာလို႔ရမွာ မဟုတ္ေတာ့ဘူး။ေအာ္ေနတာပဲရွိမယ္။ဟိုဘက္က ၂၅ ရာခိုင္ႏႈန္းရွိ႐ုံက လြဲလို႔ေပါ့။အတိုက္အခံက အားႀကီးရင္ ကိုယ္က အတိုက္အခံကို ဂ႐ုစိုက္ရမွာ။လွည့္မၾကည့္ဖို႔လိုတဲ့အခ်ိန္မွာ ပိုၿပီးသတိထားရမယ္။

ေသခ်ာတာကေတာ့ ကိုဗစ္ႀကီးကို ဘယ္လိုျဖတ္မလဲ။ေနာက္တစ္ခါ စီးပြားေရးကို ဘယ္လိုေက်ာ္မလဲ။ၿငိမ္းခ်မ္းေရးဘယ္လိုလုပ္မလဲ။ေနာက္ တ႐ုတ္ဆက္ဆံေရး ဘယ္လိုလုပ္မလဲ။မွန္းၾကည့္လိုက္ရင္သိတာပဲ တကယ္ ကိုယ္ရင္ဆိုင္ရမယ့္ဟာက။ေသခ်ာတာကေတာ့ ကိုဗစ္ႀကီးကို ကိုင္တြယ္ရမယ္။ကိုဗစ္နဲ႔တြဲၿပီး စီးပြားေရးက်ေနတာကို  ဘယ္လိုလုပ္မလဲ။ၿငိမ္းခ်မ္းေရးကိစၥ ဘယ္လိုလုပ္မလဲ။ၿငိမ္းခ်မ္းေရးကိစၥေျပာရင္ တ႐ုတ္ဆက္ဆံေရး ဘယ္လိုလုပ္မလဲ။တ႐ုတ္ကိစၥေျပာျပန္ရင္လည္း အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြ ဆက္ဆံေရး ဘယ္လိုလုပ္မလဲ။အေနာက္ႏိုင္ငံေတြနဲ႔ ဆက္ဆံေရးလို႔ေျပာလိုက္ရင္ ရခိုင္ကိစၥက ပါလာျပန္ေရာ။ဒါေတြအားလုံးက ကြင္းဆက္ေတြခ်ည္းပဲ။ဒါေၾကာင့္ ၿပီးခဲ့တဲ့ငါးႏွစ္ကို သင္ခန္းစာယူတတ္ဖို႔ပဲလိုတာ။သင္ခန္းစာယူတတ္ရင္ လုပ္ရတဲ့လူအတြက္ ေကာင္းတယ္ေလ။အခုက မသိလို႔ပါဆိုတဲ့ ဆင္ေျခေပးလို႔မရေတာ့ဘူးေလ။အစိုးရတစ္ခုကို ငါးႏွစ္တာဝန္ယူႏိုင္တယ္ဆိုတာ နည္းတဲ့အခြင့္အေရးမွ မဟုတ္တာ။အဲဒီေတာ့ လူမွန္ေ႐ြးတတ္ဖို႔ပဲလိုတာပါ။မူေတြကေတာ့ သိပ္မကြာပါဘူး။အခုအခ်ိန္မွာ တစ္ကမာၻလုံးမွာၾကည့္ ရင္ ႏိုင္ငံေရးေဘာဂေဗဒနည္းလမ္းနဲ႔ၾကည့္ရင္ ေ႐ြးခ်ယ္စရာနည္းလမ္း သိပ္မွမရွိတာ။အားလုံးက ေစ်းကြက္စီးပြားေရးစနစ္ကို အားေပးတဲ့စနစ္ခ်ည္းပဲ။ေနာက္တစ္ခါ အားလုံးက လစ္ဘရယ္ဒီမိုကေရစီေပါ့။

အရင္ ၁၉၈၀ မတိုင္ခင္တုန္းကလို ႏိုင္ငံေရးအယူဝါဒ တကယ့္ကိုဆန႔္က်င္ဘက္ေတြ မရွိေတာ့ဘူးေလ။ႏိုင္ငံေတြအားလုံးၾကည့္လိုက္လို႔ရွိရင္ ေစ်းကြက္စီးပြားေရးစနစ္ကိုပဲ ပုံစံအမ်ိဳးမ်ိဳးနဲ႔ သြားေနတာေပါ့။ပူတင္ကလည္း သူ႔ပုံစံနဲ႔သူ၊ ရွီက်င္ဖ်င္ကလည္း သူ႔ပုံစံနဲ႔သူ ထရမ့္ကလည္း အရင္တုန္းက သူ႔ပုံစံနဲ႔သူေပါ့။ဒါေပမယ့္ အားလုံးက စီးပြားေရးက ပြင့္လင္းျမင္သာတယ္။အရင္လို မဆလပုံစံေတာ့ မဟုတ္ေတာ့ဘူး။အဲ့ဒါေတာ့ေသခ်ာတယ္။အရင္တုန္းကေတာ့ ျပည္သူပိုင္သိမ္းမယ္။သမဝါယမလုပ္မယ္ စသည္ျဖင့္ ဘာညာဆိုၿပီးေတာ့ ေပၚလစီေတြက အမ်ားႀကီးရွိတယ္။အခုကေတာ့ ဘာမွမရွိဘူး။

တစ္ခုပဲရွိတယ္ အစိုးရရဲ႕စီးပြားေရးအခန္းက႑ ဘယ္ေလာက္ေလာက္ရွိမလဲ။ဘယ္ေလာက္ပါဝင္မလဲ မပါဝင္ဘူးလဲေပါ့။အခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ အစိုးရက လုံးဝမပါဘူး။ကိုယ့္မွာေတာ့ အစိုးရပါတဲ့ သမိုင္းႀကီးကရွိေနတာ ဆရာတို႔မွာ ေနာက္တစ္ခါ တပ္မေတာ္အေနနဲ႔လည္း စီးပြားေရးလုပ္ငန္းေတြမွာ ပါေနတာကိုး။အဲ့ဒီကိစၥကလည္း ကိုင္တြယ္လို႔မရဘူးေလ။တျခားႏိုင္ငံေတြမွာ ကိုဗစ္နဲ႔ စီးပြားေရးႏွစ္ခုပဲ ကိုင္တြယ္ရတာ။ဆရာတို႔မွာက ကိုဗစ္ရယ္၊ စီးပြားေရးရယ္၊ ၿငိမ္းခ်မ္းေရးရယ္ ဒီသုံးခုကို တစ္ၿပိဳင္တည္းကိုင္ဖို႔က ေတာ္ေတာ္ခက္တာကိုး။ၿငိမ္းခ်မ္းေရးကို ဘယ္လိုလုပ္ၾကမလဲ။ ၿငိမ္းခ်မ္းေရးလို႔ေျပာရင္ တပ္မေတာ္နဲ႔ ေ႐ြးေကာက္ပြဲႏိုင္တဲ့သူေတြနဲ႔ ဘယ္လိုနားလည္မႈရွိႏိုင္မလဲဆိုတာလည္း ၾကည့္ရအုံးမွာပဲ။အဲ့ေတာ့ ငါးႏွစ္ကာလမွာေတာ့ အားလုံးလည္းသိတာပဲ အေျခေနေတြကတစ္မ်ိဳးေလ။ဒီအေျခေနေတြ ေျပာင္းလာဖို႔ေတာ့ လိုလိမ့္မယ္ထင္တယ္။

ေနာက္တစ္ခုက ႏိုင္ငံေရးနဲ႔ပတ္သက္လာရင္ ေပၚလစီကတစ္ခု ပုဂၢိဳလ္ေရးကတစ္မ်ိဳးရွိေနတာကိုး။ေပၚလစီၾကည့္ေျပာလို႔မရဘူး။တစ္ေယာက္ခ်င္းရဲ႕ သေဘာထားေတြ၊ အျမင္ေတြ သူတို႔ရဲ႕လိုအပ္ခ်က္ေတြ ရွိေနတာကိုး။အဲ့ဒါကိုဘယ္လိုကိုင္တြယ္မလဲ။ေနာက္တစ္ခါ ဒီငါးႏွစ္ၿပီးရင္ generation of change ေပါ့။စဥ္းစားစရာေပါ့ေလ။စိတ္ဝင္စားစရာလည္းေကာင္းတယ္။အဲ့ေတာ့ အေရးႀကီးတာက မီဒီယာရဲ႕အခန္းက႑ေပါ့။သူတို႔ရဲ႕ ဒုတိယသက္တမ္းမွာ မီဒီယာရဲ႕အခန္းက႑ကို ဘယ္ေလာက္ေလာက္ထိ ခြင့္ျပဳမလဲဆိုတာလည္း စဥ္းစားစရာေလ။အဲ့ဒါလည္းလိုတာကိုး။မီဒီယာရဲ႕ အခန္းက႑ေကာင္းမွလည္း ကိုယ္လိုခ်င္တဲ့ ျပည္သူလူထုရဲ႕အသံကို စဥ္းစားပုံတူလိမ့္မယ္။ပထမသက္တမ္းမွာ ဝန္ႀကီးခ်ဳပ္ေ႐ြးတဲ့ကိစၥေတြ တိုင္းရင္းသားေတြနဲ႔ ကိုယ္နဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈလြဲမွားတာေတြရွိတယ္။အဲ့ဒါေတြ ဘယ္လိုလုပ္ၾကမလဲ။အခု လႊတ္ေတာ္မွာ ကိုယ္က လုပ္ပိုင္ခြင့္က အရင္ထက္ေတာင္ပိုရေနေတာ့ ဘာမွေတာင္ေျပာစရာမလိုဘူးေလ။အဲ့လိုအေျခေနမွာ ပိုၿပီးသတိထားရမွာေပ့ါ။  

Opinion Leaders ။     ။ အခု အေမရိကန္ႏိုင္ငံမွာလည္း ျမန္မာႏိုင္ငံေရးသမားေတြနဲ႔ နီးစပ္မႈရွိတဲ့ ဂ်ိဳးဘိုင္ဒန္ အႏိုင္ရထားတယ္။ျမန္မာဘက္မွာလည္း ေဒၚေအာင္ဆန္းစုၾကည္ က အႏိုင္ရထားတဲ့အတြက္ အခုလာမယ့္ ဒုတိယသက္တမ္းမွာ ျမန္မာႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံရဲ႕ ဆက္ဆံေရးက ဘယ္လိုမ်ားေျပာင္းလဲလာဖို႔ရွိလဲ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ သူတို႔အေနနဲ႔ သူတို႔ႏိုင္ငံရဲ႕ တိုးတက္မႈ၊ လုံၿခဳံမႈကို စဥ္းစားမယ္ေလ။စဥ္းစားတဲ့အခါမွာ ကမာၻ႔ဇာတ္ခုံေပၚမွာ သူတို႔နဲ႔အားၿပိဳင္တာ တ႐ုတ္ေလ။အဲ့ေတာ့ တ႐ုတ္နဲ႔ပတ္သက္တဲ့ စဥ္းစားမႈေတြ ဆက္ဆံမႈေတြဟာ ျမန္မာျပည္နဲ႔လည္းပတ္သက္ေနတာကိုး။တျခားႏိုင္ငံေတြနဲ႔မတူဘူးေလ။ဆရာတို႔ႏိုင္ငံမွာေတာ့ တ႐ုတ္ပါေနေတာ့ အဲ့ဒါကို သူတို႔ဘယ္လိုကိုင္တြယ္မလဲ စဥ္းစားဖို႔လိုတယ္။ေနာက္ ႐ုရွားဆို ျပႆနာမဟုတ္ဘူး။သူတို႔နဲ႔က နီးစပ္မႈက ဒီေလာက္ရွိတာမဟုတ္ဘူး။ၿငိမ္းခ်မ္းေရးျပႆနာမွာလည္း တ႐ုတ္ပါတယ္။စီးပြားေရးျပႆနာမွာလည္း တ႐ုတ္ပါေတာ့ ဘိုင္ဒန္အေနနဲ႔ ဘယ္လိုစဥ္းစားမလဲ။

တစ္ခုေတာ့ရွိပါတယ္ အေမရိကန္သမၼတေတြေတာက္ေလွ်ာက္ ဒီမိုကရက္တစ္ျဖစ္ျဖစ္ ရီပတ္ဘလီကင္ျဖစ္ျဖစ္ သိပ္ေတာ့မထူးလွဘူး။သူတို႔ရဲ႕ေပၚလစီက ျမန္မာျပည္နဲ႔ပတ္သက္လာရင္။တပ္မေတာ္အစိုးရ လက္ထက္တုန္းကေတာ့ Human Right ေပါ့။ဒီဘက္ပိုင္းမွာေတာ့ NLD တက္လာၿပီးတဲ့အခါမွာ ရခိုင္ေၾကာင့္ တစ္မ်ိဳးျဖစ္သြားတာကိုး။အဲ့ေတာ့ ကိုယ္ကေတာ့ အိမ္းနီးနားခ်င္း အာဆီယံရယ္၊ တ႐ုတ္ရယ္၊ ဂ်ပန္၊ ကိုရီးယားေပါ့။ၿပီးေတာ့မွ US ေပါ့။အဲ့ဒါကို ဘယ္လိုကိုင္တြယ္မလဲ။သူတို႔နားမွာရွိပါတယ္။ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အမ်ားႀကီး။သူတို႔တာဝန္ယူပါလိမ့္မယ္။

Opinion Leaders ။     ။ အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ႏိုဝင္ဘာ - ၁၂