【 ဆောင်းပါး 】 ''စွယ်တော်ရွက်ပမာ ကိုဗစ်ဥပဒေ''

【 ဆောင်းပါး 】 ''စွယ်တော်ရွက်ပမာ ကိုဗစ်ဥပဒေ''

အခုတလော ဘယ်သူအမွှေဆုံးလဲမေးရင် ကိုဗစ်ပေါ့။ကိုဗစ်မွှေချက်က မြန်မာနိုင်ငံတင်မကဘူး တစ်ကမ္ဘာလုံး ယောက်ယက်ကိုခတ်နေတာပါပဲ။ဒီလိုအချိန် လူ့အခွင့်အရေးတွေဘာတွေ၊ လူသားချင်းစာနာမှုတွေဘာတွေ လာမပြောနဲ့ အများစုက လက်မခံကြပါဘူး။

အများနဲ့သက်ဆိုင်တဲ့နေရာ ကိုယ်သွားချင်သလိုသွားမယ် လာချင်သလိုလာမယ် မတားနဲ့လို့လည်း လုပ်လို့မရပါဘူး။ဟာ ဟိုမှာလူတစ်ယောက် နေသိပ်ကောင်းပုံမရဘူး၊ ဟယ် မူးလဲသွားပြီ လူသားချင်းစာနာစိတ်နဲ့ သွားကူညီဦးမှပါလေဆိုပြီးတော့လည်း လာကူညီချင်သူတွေ ပေါလိမ့်မယ်တော့မထင်ပါနဲ့။

ဒီလိုကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်နေချိန်မှာ ဟိုမသွားရ ဒီမဝင်ရ၊ ဟိုမကျော်ရ ဒီမခွရနဲ့ တားမြစ်ထားပြီဆိုလို့ကတော့ လူ့အခွင့်အရေးပဲဆိုပြီးဝင်သွားရင် ပြဿနာတက်ပြီသာမှတ်။အဖမ်းမခံရရင်တောင် အနည်းဆုံး အမေးအမြန်းအစစ်အဆေးတော့ ခံရမှာပါဘဲ။

ဒါတင်ပဲလားဆိုတော့ မကပါဘူး။အခုချိန် ရုတ်တရက်သာမူးလဲကြည့် သွေးတိုးရုံမကလို့ ဦးနှောက်သွေးကြောပဲပြတ်ပြတ်၊ အမောဖောက်ရုံမကလို့ နှလုံးပဲရပ်ရပ် လူသားချင်းစာနာပါတယ်ဆိုပြီးတော့ ချက်ချင်းပြေးလာပြီး ကူညီပေးမယ်မထင်ပါနဲ့။အနားကလူတွေ ထွက်မပြေးရင်တောင် ကံကောင်း။ဒါကြောင့်ပြောတာပေါ့။ခုလို ကိုဗစ်ကာလမှာ လူ့အခွင့်အရေးတွေဘာတွေ၊ လူသားချင်းစာနာမှုတွေဘာတွေ လာမပြောနဲ့ အများစုက လက်မခံကြပါဘူးလို့ ပြောရတာဖြစ်ပါတယ်။

ဒါကလည်း လူတွေကိုယ်တိုင် လူမှုရေးစိတ်ဓာတ် ခေါင်းပါးလာကြတာမဟုတ်ပါဘူး။တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတိုင်းက တစိမ်းဆန်ဆန်နေကြဖို့ ထုတ်ပြန်တားမြစ်နေရလို့ ဖြစ်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက် ၃ ပေ ခွာပါ၊ ခြောက်ပေခွာပါ၊ မိတ်ဆွေသူငယ်ချင်း ဆွေမျိုးရင်းချာ မိသားစုဝင်တွေတောင် နာရေးလို မဖြစ်မနေလူမှုရေးကိစ္စကလွဲရင် မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့၊လျှောက်မလည်ကြဖို့ သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ တာဝန်ရှိသူတွေက တရားဝင်စာတွေထုတ် တားမြစ်နေရလို့ဖြစ်ပါတယ်။

သက်ဆိုင်ရာက ကိုဗစ်နဲ့ပတ်သက်ပြီး တားမြစ်တယ်ဆိုလို့ တစ်ခုသွားသတိရပါတယ်။အခုချိန်က ကိုယ့်ရဲ့ခန္တီပါရမီ သည်းခံနိုင်စွမ်းကို အစမ်းသပ်ဆုံးအချိန်လို့ပြောရင် မမှားပါဘူး။အပြင်ထွက်ချင်တိုင်းမထွက်ရ၊ စားချင်တိုင်း အလွယ်ဝယ်စားလို့မရ၊ သွားချင်တဲ့အချိန်တိုင်း သွားချင်တဲ့နေရာ သွားချင်သလိုမသွားရ ဒီလိုပိတ်ပင်ချက်တွေက နေရာအများစုမှာရှိနေတာမို့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို အတတ်နိုင်ဆုံးချုပ်တည်းရမယ့် ကာလဖြစ်လို့ပါ။ဒါကလည်း ဒီလိုချုပ်တည်းတာ ဘယ်သူ့အတွက်လဲမေးရင် နိုင်ငံသားတစ်ယောက်ချင်းစီတိုင်းရဲ့ ကျန်းမာရေးလုံခြုံရေးသာမက သူတို့နဲ့ဆက်နွယ်တဲ့ မိသားစုမိတ်ဆွေ လုပ်ဖော်ကိုင်ဘက် အသိုင်းအဝိုင်းက လူတွေအတွက်ပါ ကျန်းမာလုံခြုံဖို့ဖြစ်ပါတယ်။အဲဒီလိုတွေ ခပ်စိမ်းစိမ်းပဲနေမှလည်း ကိုဗစ်ကူးစက်မှုရဲ့ စက်ဝန်းကိုဖြတ်ချပြီး တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကို အမြန်ဆုံးနလန်ပြန်ထူအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် quarantine လို lockdown လို အသွားအလာကန့်သတ်တာတွေကို လိုက်နာဖို့ အလွန်အရေးကြီးပါတယ်။အဲဒီလို အသွားအလာကန့်သတ်တာတွေကို သည်းမခံမချုပ်တည်းနိုင်ဘဲ ချိုးဖောက်မိရင် နောက်ဆက်တွဲ ဘယ်လိုတွေအရေးယူလို့ရလဲဆိုပြီး တချို့ကသိချင်ကြပါတယ်။

ဒီနေရာမှာ အများစုမရှင်းလင်းတာက ကိုဗစ်နဲ့ပတ်သက်ရင် အရေးယူနိုင်တဲ့ ဥပဒေနှစ်မျိုး ရှိနေတာကိုပါ။ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဆိုပြီး ဥပဒေနှစ်ခုဖြစ်ပါတယ်။အဲဒီတော့ ဒီနေရာမှာမေးစရာရှိတာက ကိုဗစ်ကိစ္စဆိုင်ရာ ပြစ်မှုကျူးလွန်မှု ချိုးဖောက်မှုတိုင်းကို ဥပဒေတစ်မျိုးတည်းနဲ့ ဘာလို့အရေးမယူရတာလဲလို့ပေါ့။

အမှန်ကတော့ အဲဒီဥပဒေနှစ်ခုလုံးမှာပါတဲ့ ပြဌာန်းချက်တွေက ဥပဒေတစ်ခုတည်း အသုံးပြုကိုင်တွယ်ရလောက်အောင် ဥပဒေကမပြည့်စုံလို့ဖြစ်ပါတယ်။နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတဲ့ စွယ်တော်ရွက်လေးလိုပါပဲ။အဲဒီဥပဒေနှစ်ခုလုံးကို အသုံးပြုအရေးယူမှသာ ကိုဗစ်ဆိုင်ရာ ချိုးဖောက်မှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်သူဖြစ်ဖြစ် ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှုတစ်ခုခုကြောင့်ဖြစ်ဖြစ်၊ ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်နိုင်တာကို သိလျက်နဲ့ တမင်ပြုလုပ်လို့ဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရင် ဒါမှမဟုတ် ဖြစ်ပေါ်စေဖို့အကြောင်းရှိရင် အဲဒီသူကို သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုပြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူ ဥပဒေပုဒ်မ ၂၅ မှာ ဆိုပါတယ်။အဲဒီပြဌာန်းချက်မျိုး ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေမှာ မပါဝင်ပါဘူး။

အဲဒီလိုပဲ ဒီဥပဒေအရ တာဝန်ပေးအပ်ခံရတဲ့ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ် ဆောင်ရွက်တာကို နှောက်ယှက်တားဆီးတာ၊ ဟန့်တားတာ၊ လက်ရောက်မှုကျူးလွန်တာ၊ ပြစ်မှုမကင်းတဲ့ အနိုင်အထက်ပြုတယ်ဆိုပြီး ပြစ်မှုထင်ရှား စီရင်ခံရရင် အဲဒီသူကို နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ မှာ ပြဌာန်းထားပါတယ်။အဲဒီပြဌာန်းချက်မျိုးလည်း ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေမှာ မပါဝင်ပါဘူး။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကိုဆောင်ရွက်ဖို့ ဒီဥပဒေအရ တာဝန်ပေးအပ်ခံရတဲ့ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာဖို့ တမင်ပျက်ကွက်တာ၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာ၊ အဆောက်အအုံအတွင်းကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာတွေပြုလုပ်လို့ ပြစ်မှုထင်ရှား စီရင်တာခံရရင် အဲဒီသူကို တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်ဖြစ် ချမှတ်ရမယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) (ခ) မှာ ဆိုပါတယ်။အဲဒီပြဌာန်းချက်မျိုးကလည်း ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေမှာ မပါဝင်ပါဘူး။ဒီပုဒ်မတွေအပြင် အခြားမတူညီတဲ့ပြဌာန်းချက်တွေ ဒီဥပဒေနှစ်ခုမှာ အများကြီးရှိပါသေးတယ်။

အထက်မှာပြောခဲ့တဲ့ အဲဒီဥပဒေနှစ်ခု သိသိသာသာကွာခြားတဲ့အချက်က ပြစ်ဒဏ်တွေပါ။ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေမှာ အမြင့်ဆုံးပြစ်ဒဏ်က ခြောက်လထိပဲချမှတ်လို့ရပြီး အာမခံရတဲ့ ပြစ်မှုတွေဖြစ်ပါတယ်။သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေမှာ အမြင့်ဆုံးပြစ်ဒဏ်က သုံးနှစ်ထိချမှတ်လို့ရတဲ့ ပုဒ်မပါပြီး အာမခံမရတဲ့ ပြစ်မှုပါပါတယ်။အခုထပ်ပြောလိုတာက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေမှာသာ အသေးစိတ်ပါပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေမှာမပါတဲ့ ပြဌာန်းချက်တွေဖြစ်ပါတယ်။

''ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း သို့မဟုတ် အရာရှိသည် အောက်ပါကိစ္စရပ်များအတွက် တားမြစ်ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်သည့် အမိန့်ထုတ်ပြန်နိုင်သည် -

(က) အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူအား နေအိမ်မှ ထွက်ခွာသွားလာခွင့်၊

(ခ) အဓိက ကူးစက်မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းရှိ နေသူများကို ပြင်ပသို့ထွက်ခွာသွားလာခွင့်၊

(ဂ) ပြင်ပမှ လူများအား အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းသို့ဝင်ရောက်ခွင့်၊

(ဃ) မီးရထား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေယာဉ် သို့မဟုတ် အခြားယာဉ်တစ်မျိုးမျိုးဖြင့် ရောက်ရှိလာသူများအနက် အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူ ပါရှိလာပါက ယင်းရောဂါဖြစ်ပွားနေသူအား ကျန်းမာရေးစစ်ဆေးရန်အလို့ငှာ သီးခြားထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သောအချိန်အထိ ပြင်ပသို့ထွက်ခွာသွားလာခွင့်၊

(င) ပွဲလမ်းသဘင်ကျင်းပနေစဉ် အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားလာပါက အများပြည်သူတို့အား ပွဲလမ်းသဘင်ကျင်းပရာနေရာသို့ သွားလာခွင့်နှင့် ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပခွင့်'' ဆိုပြီး ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၄ မှာ ပြဌာန်းထားပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်း၊ အရာရှိက ပုဒ်မ ၁၄ အရ ထုတ်ပြန်တဲ့ တားမြစ်ပိတ်ပင်ကန့်သတ်တဲ့အမိန့်ကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ပြစ်မှူထင်ရှားစီရင်တာခံရရင် အဲဒီသူကို ထောင်ဒဏ် ၆ လအထိဖြစ်ဖြစ်၊ ငွေဒဏ်ကျပ် ၁၀၀၀၀ အထိဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ မှာ ဆိုပါတယ်။အဲဒီလိုကူးစက်ရောဂါနဲ့ပတ်သက်ပြီး ထွက်ခွာသွားလာခွင့်ဆိုင်ရာ အသေးစိတ်ပြဌာန်းချက်မျိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေမှာ မပါဝင်ပါဘူး။ဒါကြောင့် ဒီဥပဒေနှစ်ခုဟာ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်ပမာဖြစ်နေတာကို တစ်ခုတည်းသာ ခွဲထုတ်သုံးစွဲလိုက်မယ်ဆိုရင်ဖြင့် အားနည်းချက် လိုအပ်ချက်တွေ ဖြစ်ပေါ်လာနိုင်တာမို့ စွယ်တော်ရွက်ပမာ ကိုဗစ်ဥပဒေသာ ဖြစ်သင့်ပါကြောင်း အပြုသဘောဆောင် အကြံပြုလိုက်ပါရစေ.....။

သာဓက
မေ - ၉
( Zawgyi )
အခုတေလာ ဘယ္သူအေမႊဆုံးလဲေမးရင္ ကိုဗစ္ေပါ့။ကိုဗစ္ေမႊခ်က္က ျမန္မာႏိုင္ငံတင္မကဘူး တစ္ကမာၻလုံး ေယာက္ယက္ကိုခတ္ေနတာပါပဲ။ဒီလိုအခ်ိန္ လူ႔အခြင့္အေရးေတြဘာေတြ၊ လူသားခ်င္းစာနာမႈေတြဘာေတြ လာမေျပာနဲ႔ အမ်ားစုက လက္မခံၾကပါဘူး။

အမ်ားနဲ႔သက္ဆိုင္တဲ့ေနရာ ကိုယ္သြားခ်င္သလိုသြားမယ္ လာခ်င္သလိုလာမယ္ မတားနဲ႔လို႔လည္း လုပ္လို႔မရပါဘူး။ဟာ ဟိုမွာလူတစ္ေယာက္ ေနသိပ္ေကာင္းပုံမရဘူး၊ ဟယ္ မူးလဲသြားၿပီ လူသားခ်င္းစာနာစိတ္နဲ႔ သြားကူညီဦးမွပါေလဆိုၿပီးေတာ့လည္း လာကူညီခ်င္သူေတြ ေပါလိမ့္မယ္ေတာ့မထင္ပါနဲ႔။

ဒီလိုကမာၻ႔ကပ္ေရာဂါ ကိုဗစ္-၁၉ ျဖစ္ေနခ်ိန္မွာ ဟိုမသြားရ ဒီမဝင္ရ၊ ဟိုမေက်ာ္ရ ဒီမခြရနဲ႔ တားျမစ္ထားၿပီဆိုလို႔ကေတာ့ လူ႔အခြင့္အေရးပဲဆိုၿပီးဝင္သြားရင္ ျပႆနာတက္ၿပီသာမွတ္။အဖမ္းမခံရရင္ေတာင္ အနည္းဆုံး အေမးအျမန္းအစစ္အေဆးေတာ့ ခံရမွာပါဘဲ။

ဒါတင္ပဲလားဆိုေတာ့ မကပါဘူး။အခုခ်ိန္ ႐ုတ္တရက္သာမူးလဲၾကည့္ ေသြးတိုး႐ုံမကလို႔ ဦးေႏွာက္ေသြးေၾကာပဲျပတ္ျပတ္၊ အေမာေဖာက္႐ုံမကလို႔ ႏွလုံးပဲရပ္ရပ္ လူသားခ်င္းစာနာပါတယ္ဆိုၿပီးေတာ့ ခ်က္ခ်င္းေျပးလာၿပီး ကူညီေပးမယ္မထင္ပါနဲ႔။အနားကလူေတြ ထြက္မေျပးရင္ေတာင္ ကံေကာင္း။ဒါေၾကာင့္ေျပာတာေပါ့။ခုလို ကိုဗစ္ကာလမွာ လူ႔အခြင့္အေရးေတြဘာေတြ၊ လူသားခ်င္းစာနာမႈေတြဘာေတြ လာမေျပာနဲ႔ အမ်ားစုက လက္မခံၾကပါဘူးလို႔ ေျပာရတာျဖစ္ပါတယ္။

ဒါကလည္း လူေတြကိုယ္တိုင္ လူမႈေရးစိတ္ဓာတ္ ေခါင္းပါးလာၾကတာမဟုတ္ပါဘူး။တစ္ကမာၻလုံးမွာရွိတဲ့ ႏိုင္ငံတိုင္းက တစိမ္းဆန္ဆန္ေနၾကဖို႔ ထုတ္ျပန္တားျမစ္ေနရလို႔ ျဖစ္ပါတယ္။တစ္ေယာက္နဲ႔ တစ္ေယာက္ ၃ ေပ ခြာပါ၊ ေျခာက္ေပခြာပါ၊ မိတ္ေဆြသူငယ္ခ်င္း ေဆြမ်ိဳးရင္းခ်ာ မိသားစုဝင္ေတြေတာင္ နာေရးလို မျဖစ္မေနလူမႈေရးကိစၥကလြဲရင္ မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔၊ေလွ်ာက္မလည္ၾကဖို႔ သက္ဆိုင္ရာႏိုင္ငံအသီးသီးရဲ႕ တာဝန္ရွိသူေတြက တရားဝင္စာေတြထုတ္ တားျမစ္ေနရလို႔ျဖစ္ပါတယ္။

သက္ဆိုင္ရာက ကိုဗစ္နဲ႔ပတ္သက္ၿပီး တားျမစ္တယ္ဆိုလို႔ တစ္ခုသြားသတိရပါတယ္။အခုခ်ိန္က ကိုယ့္ရဲ႕ခႏၲီပါရမီ သည္းခံႏိုင္စြမ္းကို အစမ္းသပ္ဆုံးအခ်ိန္လို႔ေျပာရင္ မမွားပါဘူး။အျပင္ထြက္ခ်င္တိုင္းမထြက္ရ၊ စားခ်င္တိုင္း အလြယ္ဝယ္စားလို႔မရ၊ သြားခ်င္တဲ့အခ်ိန္တိုင္း သြားခ်င္တဲ့ေနရာ သြားခ်င္သလိုမသြားရ ဒီလိုပိတ္ပင္ခ်က္ေတြက ေနရာအမ်ားစုမွာရွိေနတာမို႔ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵေတြကို အတတ္ႏိုင္ဆုံးခ်ဳပ္တည္းရမယ့္ ကာလျဖစ္လို႔ပါ။ဒါကလည္း ဒီလိုခ်ဳပ္တည္းတာ ဘယ္သူ႔အတြက္လဲေမးရင္ ႏိုင္ငံသားတစ္ေယာက္ခ်င္းစီတိုင္းရဲ႕ က်န္းမာေရးလုံၿခဳံေရးသာမက သူတို႔နဲ႔ဆက္ႏြယ္တဲ့ မိသားစုမိတ္ေဆြ လုပ္ေဖာ္ကိုင္ဘက္ အသိုင္းအဝိုင္းက လူေတြအတြက္ပါ က်န္းမာလုံၿခဳံဖို႔ျဖစ္ပါတယ္။အဲဒီလိုေတြ ခပ္စိမ္းစိမ္းပဲေနမွလည္း ကိုဗစ္ကူးစက္မႈရဲ႕ စက္ဝန္းကိုျဖတ္ခ်ၿပီး တစ္ကမာၻလုံးရဲ႕ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရးကို အျမန္ဆုံးနလန္ျပန္ထူေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္ quarantine လို lockdown လို အသြားအလာကန႔္သတ္တာေတြကို လိုက္နာဖို႔ အလြန္အေရးႀကီးပါတယ္။အဲဒီလို အသြားအလာကန႔္သတ္တာေတြကို သည္းမခံမခ်ဳပ္တည္းႏိုင္ဘဲ ခ်ိဳးေဖာက္မိရင္ ေနာက္ဆက္တြဲ ဘယ္လိုေတြအေရးယူလို႔ရလဲဆိုၿပီး တခ်ိဳ႕ကသိခ်င္ၾကပါတယ္။

ဒီေနရာမွာ အမ်ားစုမရွင္းလင္းတာက ကိုဗစ္နဲ႔ပတ္သက္ရင္ အေရးယူႏိုင္တဲ့ ဥပေဒႏွစ္မ်ိဳး ရွိေနတာကိုပါ။ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒနဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒဆိုၿပီး ဥပေဒႏွစ္ခုျဖစ္ပါတယ္။အဲဒီေတာ့ ဒီေနရာမွာေမးစရာရွိတာက ကိုဗစ္ကိစၥဆိုင္ရာ ျပစ္မႈက်ဴးလြန္မႈ ခ်ိဳးေဖာက္မႈတိုင္းကို ဥပေဒတစ္မ်ိဳးတည္းနဲ႔ ဘာလို႔အေရးမယူရတာလဲလို႔ေပါ့။

အမွန္ကေတာ့ အဲဒီဥပေဒႏွစ္ခုလုံးမွာပါတဲ့ ျပဌာန္းခ်က္ေတြက ဥပေဒတစ္ခုတည္း အသုံးျပဳကိုင္တြယ္ရေလာက္ေအာင္ ဥပေဒကမျပည့္စုံလို႔ျဖစ္ပါတယ္။ႏွစ္လႊာေပါင္းမွ တစ္႐ြက္ဆိုတဲ့ စြယ္ေတာ္႐ြက္ေလးလိုပါပဲ။အဲဒီဥပေဒႏွစ္ခုလုံးကို အသုံးျပဳအေရးယူမွသာ ကိုဗစ္ဆိုင္ရာ ခ်ိဳးေဖာက္မႈေတြကို ထိထိေရာက္ေရာက္ကိုင္တြယ္ႏိုင္မွာ ျဖစ္ပါတယ္။

ဘယ္သူျဖစ္ျဖစ္ ဆန္းစစ္ခ်က္မျပဳလုပ္ဘဲ ေပါ့ဆစြာေဆာင္႐ြက္မႈတစ္ခုခုေၾကာင့္ျဖစ္ျဖစ္၊ ေဘးအႏၲရာယ္ တစ္စုံတစ္ရာက်ေရာက္ႏိုင္တာကို သိလ်က္နဲ႔ တမင္ျပဳလုပ္လို႔ျဖစ္ျဖစ္၊ သဘာဝေဘးအႏၲရာယ္ျဖစ္ေပၚရင္ ဒါမွမဟုတ္ ျဖစ္ေပၚေစဖို႔အေၾကာင္းရွိရင္ အဲဒီသူကို သုံးႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္ဆိုၿပီးသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႉ ဥပေဒပုဒ္မ ၂၅ မွာ ဆိုပါတယ္။အဲဒီျပဌာန္းခ်က္မ်ိဳး ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒမွာ မပါဝင္ပါဘူး။

အဲဒီလိုပဲ ဒီဥပေဒအရ တာဝန္ေပးအပ္ခံရတဲ့ ဌာန၊ အဖြဲ႕အစည္း၊ ပုဂၢိဳလ္က သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈတစ္ရပ္ရပ္ ေဆာင္႐ြက္တာကို ေႏွာက္ယွက္တားဆီးတာ၊ ဟန႔္တားတာ၊ လက္ေရာက္မႈက်ဴးလြန္တာ၊ ျပစ္မႈမကင္းတဲ့ အႏိုင္အထက္ျပဳတယ္ဆိုၿပီး ျပစ္မႈထင္ရွား စီရင္ခံရရင္ အဲဒီသူကို ႏွစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၆ မွာ ျပဌာန္းထားပါတယ္။အဲဒီျပဌာန္းခ်က္မ်ိဳးလည္း ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒမွာ မပါဝင္ပါဘူး။

ဒါ့အျပင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈတစ္ရပ္ရပ္ကိုေဆာင္႐ြက္ဖို႔ ဒီဥပေဒအရ တာဝန္ေပးအပ္ခံရတဲ့ ဌာန၊ အဖြဲ႕အစည္း၊ ပုဂၢိဳလ္ရဲ႕ ၫႊန္ၾကားခ်က္တစ္ရပ္ရပ္ကို လိုက္နာဖို႔ တမင္ပ်က္ကြက္တာ၊ သဘာဝေဘးအႏၲရာယ္ က်ေရာက္တဲ့ေနရာ၊ အေဆာက္အအုံအတြင္းကို ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္တာေတြျပဳလုပ္လို႔ ျပစ္မႈထင္ရွား စီရင္တာခံရရင္ အဲဒီသူကို တစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၀ (က) (ခ) မွာ ဆိုပါတယ္။အဲဒီျပဌာန္းခ်က္မ်ိဳးကလည္း ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒမွာ မပါဝင္ပါဘူး။ဒီပုဒ္မေတြအျပင္ အျခားမတူညီတဲ့ျပဌာန္းခ်က္ေတြ ဒီဥပေဒႏွစ္ခုမွာ အမ်ားႀကီးရွိပါေသးတယ္။

အထက္မွာေျပာခဲ့တဲ့ အဲဒီဥပေဒႏွစ္ခု သိသိသာသာကြာျခားတဲ့အခ်က္က ျပစ္ဒဏ္ေတြပါ။ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒမွာ အျမင့္ဆုံးျပစ္ဒဏ္က ေျခာက္လထိပဲခ်မွတ္လို႔ရၿပီး အာမခံရတဲ့ ျပစ္မႈေတြျဖစ္ပါတယ္။သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒမွာ အျမင့္ဆုံးျပစ္ဒဏ္က သုံးႏွစ္ထိခ်မွတ္လို႔ရတဲ့ ပုဒ္မပါၿပီး အာမခံမရတဲ့ ျပစ္မႈပါပါတယ္။အခုထပ္ေျပာလိုတာက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒမွာသာ အေသးစိတ္ပါၿပီး သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒမွာမပါတဲ့ ျပဌာန္းခ်က္ေတြျဖစ္ပါတယ္။

''က်န္းမာေရးဝန္ႀကီးဌာနက လုပ္ပိုင္ခြင့္အပ္ႏွင္းျခင္းခံရေသာ အဖြဲ႕အစည္း သို႔မဟုတ္ အရာရွိသည္ ေအာက္ပါကိစၥရပ္မ်ားအတြက္ တားျမစ္ပိတ္ပင္သည့္ သို႔မဟုတ္ ကန႔္သတ္သည့္ အမိန႔္ထုတ္ျပန္ႏိုင္သည္ -

(က) အဓိက ကူးစက္ျမန္ေရာဂါ ျဖစ္ပြားေနသူအား ေနအိမ္မွ ထြက္ခြာသြားလာခြင့္၊

(ခ) အဓိက ကူးစက္ျမန္ေရာဂါျဖစ္ပြားရာ ေနအိမ္၊ ရပ္ကြက္၊ ေက်း႐ြာ သို႔မဟုတ္ ၿမိဳ႕နယ္အတြင္းရွိ ေနသူမ်ားကို ျပင္ပသို႔ထြက္ခြာသြားလာခြင့္၊

(ဂ) ျပင္ပမွ လူမ်ားအား အဓိက ကူးစက္ျမန္ေရာဂါ ျဖစ္ပြားရာ ေနအိမ္၊ ရပ္ကြက္၊ေက်း႐ြာ သို႔မဟုတ္ ၿမိဳ႕နယ္အတြင္းသို႔ဝင္ေရာက္ခြင့္၊

(ဃ) မီးရထား၊ ေမာ္ေတာ္ယာဥ္၊ ေလယာဥ္၊ ေရယာဥ္ သို႔မဟုတ္ အျခားယာဥ္တစ္မ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိလာသူမ်ားအနက္ အဓိက ကူးစက္ျမန္ေရာဂါ ျဖစ္ပြားေနသူ ပါရွိလာပါက ယင္းေရာဂါျဖစ္ပြားေနသူအား က်န္းမာေရးစစ္ေဆးရန္အလို႔ငွာ သီးျခားထိန္းသိမ္းေစာင့္ေရွာက္ရန္ လိုအပ္ေသာအခ်ိန္အထိ ျပင္ပသို႔ထြက္ခြာသြားလာခြင့္၊

(င) ပြဲလမ္းသဘင္က်င္းပေနစဥ္ အဓိက ကူးစက္ျမန္ေရာဂါ ျဖစ္ပြားလာပါက အမ်ားျပည္သူတို႔အား ပြဲလမ္းသဘင္က်င္းပရာေနရာသို႔ သြားလာခြင့္ႏွင့္ ပြဲလမ္းသဘင္ကို ဆက္လက္က်င္းပခြင့္'' ဆိုၿပီး ကူးစက္ ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒပုဒ္မ ၁၄ မွာ ျပဌာန္းထားပါတယ္။

သက္ဆိုင္ရာ အဖြဲ႕အစည္း၊ အရာရွိက ပုဒ္မ ၁၄ အရ ထုတ္ျပန္တဲ့ တားျမစ္ပိတ္ပင္ကန႔္သတ္တဲ့အမိန႔္ကို ေဖာက္ဖ်က္က်ဴးလြန္တယ္လို႔ ျပစ္မႉထင္ရွားစီရင္တာခံရရင္ အဲဒီသူကို ေထာင္ဒဏ္ ၆ လအထိျဖစ္ျဖစ္၊ ေငြဒဏ္က်ပ္ ၁၀၀၀၀ အထိျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒပုဒ္မ ၁၈ မွာ ဆိုပါတယ္။အဲဒီလိုကူးစက္ေရာဂါနဲ႔ပတ္သက္ၿပီး ထြက္ခြာသြားလာခြင့္ဆိုင္ရာ အေသးစိတ္ျပဌာန္းခ်က္မ်ိဳး သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒမွာ မပါဝင္ပါဘူး။ဒါေၾကာင့္ ဒီဥပေဒႏွစ္ခုဟာ ႏွစ္လႊာေပါင္းမွ တစ္႐ြက္ျဖစ္တဲ့ စြယ္ေတာ္႐ြက္ပမာျဖစ္ေနတာကို တစ္ခုတည္းသာ ခြဲထုတ္သုံးစြဲလိုက္မယ္ဆိုရင္ျဖင့္ အားနည္းခ်က္ လိုအပ္ခ်က္ေတြ ျဖစ္ေပၚလာႏိုင္တာမို႔ စြယ္ေတာ္႐ြက္ပမာ ကိုဗစ္ဥပေဒသာ ျဖစ္သင့္ပါေၾကာင္း အျပဳသေဘာေဆာင္ အႀကံျပဳလိုက္ပါရေစ.....။

သာဓက
ေမ - ၉