【 ဆောင်းပါး 】 ''ကျောသား ရင်သား ရဲသား''

【 ဆောင်းပါး 】 ''ကျောသား ရင်သား ရဲသား''

ဥပဒေရဲ့အထက်မှာ ဘယ်သူမှရှိနေလို့မရပါဘူး။သြဇာ၊ အာဏာ၊ ဥစ္စာဓန အင်အားသုံးပြီး ဥပဒေအထက်မှာနေဖို့ ကြိုးစားနေသူတွေကလည်း ယနေ့ချိန်ထိ နိုင်ငံတိုင်းလိုလိုမှာ အနည်းနဲ့အများတော့ရှိနိုင်တာပါပဲ။အဲဒီလိုလူမျိုးတွေကြောင့် တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေဖို့ နိုင်ငံတိုင်းမှာရှိတဲ့ တရားရေးနဲ့ဥပဒေနယ်ပယ်က သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက တတ်နိုင်သလောက် ထိန်းကျောင်းနေရပါတယ်။

ဒီနိုင်ငံမှာက ဥပဒေနယ်ပယ်နဲ့ဆက်နွယ်သူမဟုတ်ရင် သာမန်ပြည်သူတွေထဲမှာ ဥပဒေကို စဉ်ဆက်မပြတ်လေ့လာသူတွေက နိုင်ငံရဲ့လူဦးရေနဲ့နှိုင်းစာရင် သိပ်များများစားစားတော့မရှိလှပါဘူး။ဒါပေမယ့် ပြည်သူတချို့ရဲ့ ဥပဒေကိုစိတ်ဝင်စားတဲ့ ရေချိန်အတက်အကျက ထူးခြားဖြစ်စဉ်တစ်ခုခုဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်ရပ်ပေါ်မှာ မူတည်ပါတယ်။ဥပမာ - ကလေးသူငယ်ဆိုင်ရာ သက်ငယ်မုဒိမ်းတွေ အဖြစ်များလာတဲ့အချိန်မျိုးဆို ကလေးသူငယ်နဲ့ဆိုင်တဲ့ ဥပဒေတွေ၊ မုဒိမ်းမှုကို အရေးယူတဲ့ဥပဒေတွေကို စိတ်ဝင်တစားသိချင်လာကြတာ လေ့လာလာကြတာမျိုးပေါ့။

အခုတလော ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ စည်းကမ်းထိန်းသိမ်းရေးပိုင်းတွေ၊ အရေးယူမှုအပိုင်းတွေမှာ ဥပဒေအရ ဘယ်လိုလုပ်ပိုင်ခွင့်တွေရှိနေမလဲ၊ ဥပဒေကို အမြဲလိုလိုရင်းနှီးကျင့်သုံးနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကရော ဥပဒေကိုချိုးဖောက်ရင် ကျောသားရင်သားခွဲခြားပြီး ဘာသက်သာခွင့်တွေများရနိုင်မလဲဆိုပြီး သိချင်သူ ပြည်သူတွေ များနေတာတွေ့ရပါတယ်။

အဲဒီသိချင်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဥပဒေတွေက ခိုင်မာမှုမှမရှိဘဲကိုလို့ဆိုပြီး သံသယပွားသူတွေလည်း အများအပြားရှိနေပါတယ်။အရင့်အရင်ဆောင်းပါးတွေမှာလည်း မကြာခဏထည့်ရေးဖူးပါတယ်။ဥပဒေနဲ့ပတ်သက်လို့ ဒီနိုင်ငံမှာဖြစ်နေတဲ့ ချို့ယွင်းတဲ့ပြဿနာအချို့က ဥပဒေမခိုင်မာလို့ဆိုတာထက် ဥပဒေကို ခိုင်မာအောင်အသုံးမချလို့ဆိုတဲ့ အားနည်းချက်အချို့ကို တွေ့ရတတ်ပါတယ်။ဥပဒေအများစုကတော့ ဘယ်ပုဒ်မကို ကျူးလွန်ရင်ဖြင့် သေဒဏ်မှတစ်ပါး အခြားမရှိဆိုတဲ့ ပြစ်ဒဏ်တစ်ခုတည်းကိုပဲ မဖြစ်မနေအရေးယူဖို့ ပြဌာန်းမထားပါဘူး။
ကြိုတင်ကြံရွယ်ချက်နဲ့ သတ်တဲ့လူသတ်မှုလို ပြစ်မှုကြီးမျိုးကလွဲရင် ဥပဒေအများစုမှာ ပြဌာန်းထားတဲ့ပြစ်ဒဏ်တွေက ပြစ်မှုကျူးလွန်တဲ့ဖြစ်ရပ်ရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး ပြစ်ဒဏ်အနည်းအများချလို့ရအောင် ပြဌာန်းထားတာတွေ့ရပါတယ်။

အခုလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ဥပဒေတွေက မြန်မာနိုင်ငံမှာ အလုံအလောက်ရှိပြီးဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၄/၉၅ နဲ့ ပြဌာန်းခဲ့တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေဆိုတာ ရှိပါတယ်။ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ရင် ဒီဥပဒေတစ်ခုတည်းနဲ့ အရေးယူလို့ရတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ဒီဥပဒေက ရဲတပ်ဖွဲ့ဝင်တွေ စည်းကမ်းထိန်းသိမ်းဖို့ သီးခြားပြဌာန်းထားတဲ့ဥပဒေဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေက လူသတ်ရင်၊ မုဒိမ်းကျင့်ရင်၊ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်ရင်၊ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားရင် အဲဒီအမှုတွေကို အရေးယူတဲ့ သက်ဆိုင်တဲ့ဥပဒေတွေနဲ့ အရေးယူခံရမှာဖြစ်ပါတယ်။အခြားပြည်သူတွေကို အရေးယူသလိုပဲ ကျောသားရင်သားမခွဲခြားဘဲ အရေးယူခံရနိုင်ပါတယ်။ဒါပေမယ့် အရေးယူတာက အခြားပြည်သူတွေကိုအရေးယူသလို ထိရောက်မှု ရှိ/မရှိဆိုတာက အမှုကိုဆုံးဖြတ်မယ့် တရားသူကြီး၊ အမှုနဲ့ဆက်နွယ်ပြီး တာဝန်ထမ်းဆောင်မယ့် ဥပဒေအရာရှိ၊ ရဲတပ်ဖွဲ့ဝင် စတဲ့ ဥပဒေဘက်တော်သားတွေအပေါ်မှာ မူတည်မှာဖြစ်ပါတယ်။

ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးတာ ချုပ်နှောင်တာနဲ့ပတ်သက်လို့ အရင်ဦးဆုံးရှင်းပြလိုပါတယ်။ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဖမ်းဆီးနိုင်ပါတယ်။အကျယ်ချုပ် ဒါမှမဟုတ် အကျဉ်းချုပ်နဲ့ ထားနိုင်ပါတယ်။ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၂၄ နာရီထက်ကျော်လွန်ပြီး ၇ ရက်အထိ အကျယ်ချုပ်/အကျဉ်းချုပ်နှင့် ထားနိုင်ခွင့်ကို ရဲတပ်ရင်းမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး/ရဲမှူးထက် အဆင့်မနိမ့်တဲ့ အရာရှိတစ်ဦးက အမိန့်ပေးနိုင်ပါတယ်။

ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၇ ရက်ထက်ကျော်လွန်ပြီး ၃၀ ရက်အထိ အကျယ်ချုပ်/အကျဉ်းချုပ်နဲ့ ထားနိုင်ခွင့်ကို တိုင်း ဒါမှမဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးက အမိန့်ပေးနိုင်ပါတယ်။ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ ဝင်တစ်ဦးကို ရက် ၃၀ ထက်ကျော်လွန်ပြီး ရက်ပေါင်း ၆၀ အထိ အကျယ်ချုပ်/အကျဉ်းချုပ်နဲ့ ထားနိုင်ခွင့်ကို ရဲချုပ်က အမိန့်ပေးနိုင်ပါတယ်။ရဲတရားရုံးဖွဲ့စည်းပြီးရင် ရဲတရားရုံးရဲ့ ဥက္ကဋ္ဌက ရဲတရားရုံး၏ဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်ချက် အတည်ပြုပြီးတဲ့အချိန်ထိ တရားခံကို ဆက်လက်ချုပ်ထားဖို့ အမိန့်ပေးနိုင်ပါတယ်။

ရဲတရားရုံးနဲ့ပတ်သက်ရင်တော့ ရဲချုပ်က ရဲတရားရုံးကိုဖွဲ့စည်းနိုင်ပါတယ်။ရဲတရားရုံးမှာ ပြန်တမ်းဝင်အရာရှိသုံးဦး ပါဝင်ရမှာဖြစ်ပြီး အဲဒီအရာရှိတွေထဲက အနည်းဆုံးတစ်ဦးက ရဲမှူးအဆင့်ထက်မနိမ့်သူ ဖြစ်ရပါမယ်။အရာရှိရဲ့အမှုကို စစ်ဆေးရတဲ့အခါ အဖွဲ့ဝင်အားလုံးက စစ်ဆေးခံရတဲ့အရာရှိထက် အဆင့်မနိမ့်သူဖြစ်ရပါမယ်။

စစ်ဆေးစီရင်တာ စတင်ပြီးတဲ့နောက် ရဲတရားရုံးမှာပါဝင်တဲ့ အဖွဲ့ဝင်ဦးရေက တရားဝင်ဦးရေအောက်လျော့သွားရင် အဲဒီရဲတရားရုံးကို ဖျက်သိမ်းရမှာဖြစ်ပြီး ဆုံးဖြတ်ချက်မချမှတ်မီ တရားခံဖျားနာလို့ ဆက်လက်စစ်ဆေးစီရင်ဖို့ မဖြစ်နိုင်ရင်တော့ ရဲတရားရုံးကို ဖျက်သိမ်းရမှာဖြစ်ပါတယ်။
နောက်ပြီး ရဲချုပ်က လတ်တလောလိုအပ်တာတွေ ဒါမှမဟုတ် ရဲစည်းကမ်းတွေအရ လိုအပ်တာတွေကြောင့် ရဲတရားရုံးဆက်လက်ရုံးထိုင်ဖို့ မဖြစ်နိုင်ဘူး မသင့်လျော်ဘူးလို့ ထင်မြင်ယူဆရင် အဲဒီရဲတရားရုံးကို ဖျက်သိမ်းနိုင်ပါတယ်။ရဲတရားရုံးကို ဖျက်သိမ်းတဲ့အခါ တရားခံကို ထပ်မံစစ်ဆေးစီရင်နိုင်ပါတယ်။

''ရဲတရားရုံးသည် ဤဥပဒေအရ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုတစ်ခုခုအတွက် ဤဥပဒေကို လိုက်နာရသူတစ်ဦးအား စစ်ဆေးစီရင်နိုင်ရန်နှင့် ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ အောက်ပါပြစ်ဒဏ်တစ်ခုခုကိုသော်လည်းကောင်း၊ တစ်ခုထက်ပို၍သော်လည်းကောင်း ချမှတ်ရန်အာဏာရှိရမည် -
(က) ၃ နှစ်ထက်မပိုသော ထောင်ဒဏ်၊
(ခ) ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ပြစ်ဒဏ်၊
(ဂ) ရာထူးအဆင့်လျှော့ချဒဏ်၊
(ဃ) အငြိမ်းစားလစာအတွက် ရဲမှုထမ်းသက်လျှော့ဒဏ်၊
(င) လစာမှပေးလျော်ဒဏ်'' ဆိုပြီး ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၃ မှာ ပြဌာန်းထားပါတယ်။

ပုဒ်မ ၃၃ ပုဒ်မခွဲ (က) မှာ ဖော်ပြထားတဲ့ ပြစ်ဒဏ်ချမှတ်ရင် ပုဒ်မခွဲ (ခ) ပါ ပြစ်ဒဏ်ကိုလည်း ချမှတ်ရပါမယ်။ပုဒ်မ ၃၃ ပုဒ်မခွဲ (က) နဲ့ (ခ) မှာ ဖော်ပြထားတဲ့ ပြစ်ဒဏ်တစ်ခုခုချမှတ်ရင် ပုဒ်မခွဲ (ဂ)၊ (ဃ) နဲ့ (င) ပါ ပြစ်ဒဏ်တစ်ခုခုနဲ့ ပူးတွဲချမှတ်လို့မရပါဘူး။ရဲတပ်သားအဆင့်ရှိတဲ့သူကို ပုဒ်မ ၃၃ ပုဒ်မခွဲ (ဂ) ပါ ပြစ်ဒဏ်ချမှတ်လို့မရပါဘူး။အဲဒီလိုပြဌာန်းချက်တွေကို ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄ (က) (ခ) (ဂ) မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဥပဒေပါပြစ်မှုမဟုတ်ဘဲ အခြားတည်ဆဲဥပဒေပါပြစ်မှုကို ကျူးလွန်တာနဲ့ပတ်သက်လို့ ဒီဥပဒေအရပဲ အရေးယူလို့ရလား၊ အဲဒီလိုအရေးယူလိုက်လို့ ပြစ်ဒဏ်ပေါ့သွားမလားဆိုပြီး တချို့ကစိုးရိမ်ကြ၊ အထင်မှားကြတာလည်းရှိပါတယ်။အမှန်က သူတို့ထင်သလိုမဟုတ်ပါဘူး။
ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ဒီဥပဒေပါပြစ်မှုမဟုတ်ဘဲ အခြားတည်ဆဲဥပဒေပါ ပြစ်မှုတစ်ခုခုကိုကျူးလွန်လို့ ပြစ်မှုဆိုင်ရာတရားရုံးက စစ်ဆေးနိုင်ဖို့လွှဲပေးထားပြီး အဲဒီရဲတပ်ဖွဲ့ဝင်ကို အချုပ်နဲ့ထားမယ်ဆိုရင် ဆက်လက်ချုပ်နှောင်ခွင့်ရမန်ကို ပြစ်မှုဆိုင်ရာတရားရုံးထံကနေ ရယူရမှာဖြစ်ပါတယ်။

ဒီဥပဒေကိုလိုက်နာရတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဘယ်နေရာမှာမဆို ဒီဥပဒေပါပြစ်မှုတွေမှအပ အခြားတည်ဆဲဥပဒေပါ ပြစ်မှုတစ်ခုခုကိုကျူးလွန်ရင် ပြစ်မှုဆိုင်ရာတရားရုံးက စစ်ဆေးစီရင်နိုင်ဖို့ လွှဲပြောင်းပေးရမယ်လို့ ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၆ မှာ ဆိုပါတယ်။
ဒီပြဌာန်းချက်တွေကိုကြည့်ရင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဥပဒေပါပြစ်မှုမဟုတ်ဘဲ အခြားတည်ဆဲဥပဒေပါပြစ်မှုကို ကျူးလွန်ရင် သက်ဆိုင်ရာတည်ဆဲဥပဒေနဲ့ အရေးယူခံရမှာကို တွေ့ရှိရမှာဖြစ်ပါတယ်။

အဲဒီတော့ တချို့ကမေးပါတယ်။လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချတာ၊ အမြတ်ထုတ်တာ၊ စော်ကားတာတွေလုပ်တဲ့ ရဲအရာရှိကြီးတွေကိုရော ဒီဥပဒေအရပဲ အရေးယူတာလားတဲ့။ဒါက ရဲအရာရှိတစ်ဦးရဲ့ ကျူးလွန်တဲ့ဖြစ်စဉ်ပေါ်မှာ မူတည်ပါတယ်။ရဲအရာရှိတွေ လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချတာ၊ အမြတ်ထုတ်တာ၊ စော်ကားတာတွေလုပ်ရင် အရေးယူတဲ့ပုဒ်မမျိုး ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေမှာ တိုက်ရိုက်ပြဌာန်းထားတာမျိုးတော့ မတွေ့ရပါဘူး။

ဥပမာ - ရဲအရာရှိတစ်ဦးရဲ့လုပ်ရပ်ဟာ မုဒိမ်းမှုမြောက်ရင် မုဒိမ်းမှုပြစ်ဒဏ်အတိုင်း၊ မိန်းကလေးကို ကာယိန္ဒြေပျက်ပြားစေမှုမြောက်ရင် ကာယိန္ဒြေပျက်ပြားစေမှုပြစ်ဒဏ်အတိုင်း၊ ကာမကိုလိမ်လည်ရယူမှုမြောက်ရင် ကာမကိုလိမ်လည်ရယူမှုပြစ်ဒဏ်အတိုင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာပြစ်မှုကို ကျူးလွန်ရာမြောက်ရင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာပြစ်မှုပြစ်ဒဏ်အတိုင်း အရေးယူခံရမှာဖြစ်ပါတယ်။

မုဒိမ်းမှုကိုအရေးယူတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ လူကြီးမုဒိမ်းက နှစ်နှစ်ဆယ်ထိ ထောင်ချလို့ရပြီး ၁၂နှစ်အောက် မိန်းကလေးမုဒိမ်းက ထောင်ဒဏ်တစ်သက် ချမှတ်လို့ရပါတယ်။မုဒိမ်းမှုမြောက်ဖို့ အချက် ၅ ချက်နဲ့ ကိုက်ညီရပါမယ်။ပထမတစ်ချက်က မိန်းမက အလိုမတူပဲငြင်းဆန်တာ။ဒုတိယအချက်က မိန်းမက ခွင့်မပြုတာ။တတိယအချက်က မိန်းမက ခွင့်ပြုပေမယ့် အဲဒီလိုခွင့်ပြုတာဟာ အဲဒီမိန်းမကို သေစေမယ် နာကျင်စေမယ်ဆိုပြီး ကြောက်ရွံ့အောင်ပြုလုပ်လို့ ခွင့်ပြုရတာ။စတုတ္ထအချက်က မိန်းမက ခွင့်ပြုပေမယ့် ယောကျာ်းက မိမိဟာ အဲဒီမိန်းမရဲ့ လင်မဟုတ်ကြောင်းသိတဲ့အပြင် အဲဒီမိန်းမခွင့်ပြုတာကလည်း မိမိကို ဥပဒေနဲ့အညီလက်ထပ်ထားတဲ့၊ သို့မဟုတ် အဲဒီလိုလက်ထပ်ထားတယ်လို့ ယုံကြည်တဲ့ အခြားယောကျာ်းဖြစ်တယ်လို့ ယုံကြည်ပြီးသာ ခွင့်ပြုတယ်လို့ အဲဒီယောကျာ်းကသိတာ။ပဉ္စမအချက်က မိန်းမက ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ အဲဒီမိန်းမဟာ အသက် ၁၆ နှစ်အောက် အရွယ်ရှိတဲ့သူဖြစ်တာ အဲဒီအချက်ငါးချက်နဲ့ညိစွန်းရင် မုဒိမ်းမှုကျူးလွန်ရာရောက်ပါတယ်။
ဥပဒေရဲ့ကင်းလွတ်ချက်အရတော့ ယောကျာ်းဟာ အသက် ၁၅ နှစ်အောက်မဟုတ်တဲ့ မိမိရဲ့မယားနဲ့ ကာမစပ်ယှက်တာက မုဒိမ်းမှုမဟုတ်ပါဘူး။

မိန်းမရဲ့ကာယိန္ဒြေပျက်စီးစေဖို့အကြံနဲ့ လက်ရောက်မှုကျူးလွန်တာ၊ ရာဇဝတ်မကင်းတဲ့ အနိုင်အထက်ပြုတာတွေကို ကျူးလွန်တဲ့သူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄ မှာ ဆိုပါတယ်။
မိန်းမတို့ကာယိန္ဒြေကို စော်ကားဖို့ရည်ရွယ်တဲ့ စကားပြောတဲ့သူ၊ ကိုယ်အမူအရာနဲ့ပြသတဲ့သူကို တစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၉ မှာ ပြဌာန်းထားပါတယ်။

ဒါ့ပြင် လက်ရှိ မြန်မာနိုင်ငံမှာ ကာမကိုလိမ်လည်ရယူတာနဲ့ပတ်သက်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ နဲ့ အရေးယူလို့ရပါတယ်။ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ မှာ ပြဌာန်းထားတာက ဒီလိုပါ။မည်သူမဆို လိမ်လည်မှုကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်လို့ ပုဒ်မ ၄၁၇ မှာ ဆိုပါတယ်။

အလားတူပဲ အိမ်ထောင်သည်တွေက ကာမကိုလိမ်လည်ရယူမယ် ထပ်မံထိမ်းမြားမယ်ဆိုရင်တော့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ အရ အရေးယူရမှာဖြစ်ပါတယ်။ထိမ်းမြားပြီးသား ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ထိမ်းမြားမှုအတည်ဖြစ်နေစဉ်မှာ ထိမ်းမြားထားတာကိုထိန်ချန်ပြီး ထပ်မံထိမ်းမြားမယ်ဆိုရင် ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်ရမယ်လို့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ မှာ ပြဌာန်းထားတာဖြစ်ပါတယ်။

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ မှာ ဘယ်သူဖြစ်ဖြစ် ပုဒ်မ ၁ဝ ဒါမှမဟုတ် ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး ပြစ်မှုထင်ရှားစီရင်ခံရရင် အဲဒီသူကို ခုနစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ပုဒ်မ ၁ဝ အရ လင်နဲ့မယားတစ်ဦး ဒါမှမဟုတ် တစ်ဦးထက်ပိုပြီး တရားဝင်ထိမ်းမြားပြီးတဲ့ ယောကျာ်းနဲ့ မိန်းမဟာ ထိမ်းမြားမှုတည်မြဲနေစဉ်မှာ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ အာဏာတည်တဲ့နေ့ကစပြီး တခြားသူနဲ့ထပ်မံထိမ်းမြားခြင်း မပြုရဘူး၊ လင်မယားလို တရားမဝင်နေထိုင်ပေါင်းသင်းတာ မပြုရဘူးဆိုပြီး ပြဌာန်းထားပါတယ်။ပုဒ်မ ၁၂ မှာက ဘယ်သူမဆို ဥပဒေတစ်ရပ်ရပ်အရဖြစ်ဖြစ်၊ ကိုးကွယ်ရာဘာသာအရဖြစ်ဖြစ်၊ ဓလေ့ထုံးတမ်းအရဖြစ်ဖြစ် ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံပြီးထိမ်းမြားတာမပြုလုပ်ရ ဒါမှမဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်း မပြုရဆိုပြီး ပြဌာန်းထားတာဖြစ်ပါတယ်။

အခုအထက်မှာပြောခဲ့တဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ပတ်သက်လို့ ဖောက်ဖျက်ကျူးလွန်မိမယ်ဆိုရင် သာမန်ပြည်သူတင်မကပါဘူး ရဲအရာရှိကြီးတွေလည်း ဥပဒေပါအတိုင်း အရေးယူခံရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ ပြစ်မှုကျူးလွန်တဲ့သူဟာ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့ ရဲသားတစ်ဦးဖြစ်နေဦးတော့ ဒီနိုင်ငံကတရားဥပဒေက ကျောသားရင်သား မခွဲခြားပါဘူးဆိုတာကို သက်သေပြနိုင်မှသာ တရားဥပဒေစိုးမိုးရေးက အဓွန့်ရှည်တည်တံ့နေမှာပါလို့ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက
ဇူလိုင် - ၂

( Zawgyi )

ဥပေဒရဲ႕အထက္မွာ ဘယ္သူမွရွိေနလို႔မရပါဘူး။ၾသဇာ၊ အာဏာ၊ ဥစၥာဓန အင္အားသုံးၿပီး ဥပေဒအထက္မွာေနဖို႔ ႀကိဳးစားေနသူေတြကလည္း ယေန႔ခ်ိန္ထိ ႏိုင္ငံတိုင္းလိုလိုမွာ အနည္းနဲ႔အမ်ားေတာ့ရွိႏိုင္တာပါပဲ။အဲဒီလိုလူမ်ိဳးေတြေၾကာင့္ တရားဥပေဒစိုးမိုးေရးကို မထိခိုက္ေစဖို႔ ႏိုင္ငံတိုင္းမွာရွိတဲ့ တရားေရးနဲ႔ဥပေဒနယ္ပယ္က သက္ဆိုင္ရာ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းေတြက တတ္ႏိုင္သေလာက္ ထိန္းေက်ာင္းေနရပါတယ္။

ဒီႏိုင္ငံမွာက ဥပေဒနယ္ပယ္နဲ႔ဆက္ႏြယ္သူမဟုတ္ရင္ သာမန္ျပည္သူေတြထဲမွာ ဥပေဒကို စဥ္ဆက္မျပတ္ေလ့လာသူေတြက ႏိုင္ငံရဲ႕လူဦးေရနဲ႔ႏႈိင္းစာရင္ သိပ္မ်ားမ်ားစားစားေတာ့မရွိလွပါဘူး။ဒါေပမယ့္ ျပည္သူတခ်ိဳ႕ရဲ႕ ဥပေဒကိုစိတ္ဝင္စားတဲ့ ေရခ်ိန္အတက္အက်က ထူးျခားျဖစ္စဥ္တစ္ခုခုျဖစ္ေပၚလာတဲ့ အေျခအေနတစ္ရပ္ရပ္ေပၚမွာ မူတည္ပါတယ္။ဥပမာ - ကေလးသူငယ္ဆိုင္ရာ သက္ငယ္မုဒိမ္းေတြ အျဖစ္မ်ားလာတဲ့အခ်ိန္မ်ိဳးဆို ကေလးသူငယ္နဲ႔ဆိုင္တဲ့ ဥပေဒေတြ၊ မုဒိမ္းမႈကို အေရးယူတဲ့ဥပေဒေတြကို စိတ္ဝင္တစားသိခ်င္လာၾကတာ ေလ့လာလာၾကတာမ်ိဳးေပါ့။

အခုတေလာ ျပည္သူ႔ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ပတ္သက္လို႔ စည္းကမ္းထိန္းသိမ္းေရးပိုင္းေတြ၊ အေရးယူမႈအပိုင္းေတြမွာ ဥပေဒအရ ဘယ္လိုလုပ္ပိုင္ခြင့္ေတြရွိေနမလဲ၊ ဥပေဒကို အၿမဲလိုလိုရင္းႏွီးက်င့္သုံးေနရတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကေရာ ဥပေဒကိုခ်ိဳးေဖာက္ရင္ ေက်ာသားရင္သားခြဲျခားၿပီး ဘာသက္သာခြင့္ေတြမ်ားရႏိုင္မလဲဆိုၿပီး သိခ်င္သူ ျပည္သူေတြ မ်ားေနတာေတြ႕ရပါတယ္။

အဲဒီသိခ်င္မႈေတြရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ဥပေဒေတြက ခိုင္မာမႈမွမရွိဘဲကိုလို႔ဆိုၿပီး သံသယပြားသူေတြလည္း အမ်ားအျပားရွိေနပါတယ္။အရင့္အရင္ေဆာင္းပါးေတြမွာလည္း မၾကာခဏထည့္ေရးဖူးပါတယ္။ဥပေဒနဲ႔ပတ္သက္လို႔ ဒီႏိုင္ငံမွာျဖစ္ေနတဲ့ ခ်ိဳ႕ယြင္းတဲ့ျပႆနာအခ်ိဳ႕က ဥပေဒမခိုင္မာလို႔ဆိုတာထက္ ဥပေဒကို ခိုင္မာေအာင္အသုံးမခ်လို႔ဆိုတဲ့ အားနည္းခ်က္အခ်ိဳ႕ကို ေတြ႕ရတတ္ပါတယ္။ဥပေဒအမ်ားစုကေတာ့ ဘယ္ပုဒ္မကို က်ဴးလြန္ရင္ျဖင့္ ေသဒဏ္မွတစ္ပါး အျခားမရွိဆိုတဲ့ ျပစ္ဒဏ္တစ္ခုတည္းကိုပဲ မျဖစ္မေနအေရးယူဖို႔ ျပဌာန္းမထားပါဘူး။
ႀကိဳတင္ႀကံ႐ြယ္ခ်က္နဲ႔ သတ္တဲ့လူသတ္မႈလို ျပစ္မႈႀကီးမ်ိဳးကလြဲရင္ ဥပေဒအမ်ားစုမွာ ျပဌာန္းထားတဲ့ျပစ္ဒဏ္ေတြက ျပစ္မႈက်ဴးလြန္တဲ့ျဖစ္ရပ္ရဲ႕ အတိမ္အနက္ေပၚမူတည္ၿပီး ျပစ္ဒဏ္အနည္းအမ်ားခ်လို႔ရေအာင္ ျပဌာန္းထားတာေတြ႕ရပါတယ္။

အခုလည္း ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ပတ္သက္ၿပီး ထိထိေရာက္ေရာက္အေရးယူႏိုင္ဖို႔ ဥပေဒေတြက ျမန္မာႏိုင္ငံမွာ အလုံအေလာက္ရွိၿပီးျဖစ္ပါတယ္။ ၁၉၉၅ ခုႏွစ္၊ ဧၿပီလ ၂၆ ရက္က ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ ဥပေဒအမွတ္ ၄/၉၅ နဲ႔ ျပဌာန္းခဲ့တဲ့ ျပည္သူ႔ရဲတပ္ဖြဲ႕ စည္းကမ္းထိန္းသိမ္းေရးဥပေဒဆိုတာ ရွိပါတယ္။ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ပတ္သက္ရင္ ဒီဥပေဒတစ္ခုတည္းနဲ႔ အေရးယူလို႔ရတယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ဒီဥပေဒက ရဲတပ္ဖြဲ႕ဝင္ေတြ စည္းကမ္းထိန္းသိမ္းဖို႔ သီးျခားျပဌာန္းထားတဲ့ဥပေဒျဖစ္ပါတယ္။ရဲတပ္ဖြဲ႕ဝင္ေတြက လူသတ္ရင္၊ မုဒိမ္းက်င့္ရင္၊ လိင္ပိုင္းဆိုင္ရာျပစ္မႈက်ဴးလြန္ရင္၊ မူးယစ္ေဆးေရာင္းဝယ္ေဖာက္ကားရင္ အဲဒီအမႈေတြကို အေရးယူတဲ့ သက္ဆိုင္တဲ့ဥပေဒေတြနဲ႔ အေရးယူခံရမွာျဖစ္ပါတယ္။အျခားျပည္သူေတြကို အေရးယူသလိုပဲ ေက်ာသားရင္သားမခြဲျခားဘဲ အေရးယူခံရႏိုင္ပါတယ္။ဒါေပမယ့္ အေရးယူတာက အျခားျပည္သူေတြကိုအေရးယူသလို ထိေရာက္မႈ ရွိ/မရွိဆိုတာက အမႈကိုဆုံးျဖတ္မယ့္ တရားသူႀကီး၊ အမႈနဲ႔ဆက္ႏြယ္ၿပီး တာဝန္ထမ္းေဆာင္မယ့္ ဥပေဒအရာရွိ၊ ရဲတပ္ဖြဲ႕ဝင္ စတဲ့ ဥပေဒဘက္ေတာ္သားေတြအေပၚမွာ မူတည္မွာျဖစ္ပါတယ္။

ျပည္သူ႔ရဲတပ္ဖြဲ႕ စည္းကမ္းထိန္းသိမ္းေရးဥပေဒအရ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ဖမ္းဆီးတာ ခ်ဳပ္ေႏွာင္တာနဲ႔ပတ္သက္လို႔ အရင္ဦးဆုံးရွင္းျပလိုပါတယ္။ျပစ္မႈက်ဴးလြန္တယ္လို႔ စြပ္စြဲခံရတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို အဆင့္ျမင့္ရဲအရာရွိတစ္ဦးက ဖမ္းဆီးႏိုင္ပါတယ္။အက်ယ္ခ်ဳပ္ ဒါမွမဟုတ္ အက်ဥ္းခ်ဳပ္နဲ႔ ထားႏိုင္ပါတယ္။ဖမ္းဆီးထားတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ၂၄ နာရီထက္ေက်ာ္လြန္ၿပီး ၇ ရက္အထိ အက်ယ္ခ်ဳပ္/အက်ဥ္းခ်ဳပ္ႏွင့္ ထားႏိုင္ခြင့္ကို ရဲတပ္ရင္းမႉး၊ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး/ရဲမႉးထက္ အဆင့္မနိမ့္တဲ့ အရာရွိတစ္ဦးက အမိန႔္ေပးႏိုင္ပါတယ္။

ဖမ္းဆီးထားတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ၇ ရက္ထက္ေက်ာ္လြန္ၿပီး ၃၀ ရက္အထိ အက်ယ္ခ်ဳပ္/အက်ဥ္းခ်ဳပ္နဲ႔ ထားႏိုင္ခြင့္ကို တိုင္း ဒါမွမဟုတ္ ျပည္နယ္ရဲတပ္ဖြဲ႕မႉးက အမိန႔္ေပးႏိုင္ပါတယ္။ဖမ္းဆီးထားတဲ့ ရဲတပ္ဖြဲ႕ ဝင္တစ္ဦးကို ရက္ ၃၀ ထက္ေက်ာ္လြန္ၿပီး ရက္ေပါင္း ၆၀ အထိ အက်ယ္ခ်ဳပ္/အက်ဥ္းခ်ဳပ္နဲ႔ ထားႏိုင္ခြင့္ကို ရဲခ်ဳပ္က အမိန႔္ေပးႏိုင္ပါတယ္။ရဲတရား႐ုံးဖြဲ႕စည္းၿပီးရင္ ရဲတရား႐ုံးရဲ႕ ဥကၠ႒က ရဲတရား႐ုံး၏ဆုံးျဖတ္ခ်က္နဲ႔ ျပစ္ဒဏ္ခ်မွတ္ခ်က္ အတည္ျပဳၿပီးတဲ့အခ်ိန္ထိ တရားခံကို ဆက္လက္ခ်ဳပ္ထားဖို႔ အမိန႔္ေပးႏိုင္ပါတယ္။

ရဲတရား႐ုံးနဲ႔ပတ္သက္ရင္ေတာ့ ရဲခ်ဳပ္က ရဲတရား႐ုံးကိုဖြဲ႕စည္းႏိုင္ပါတယ္။ရဲတရား႐ုံးမွာ ျပန္တမ္းဝင္အရာရွိသုံးဦး ပါဝင္ရမွာျဖစ္ၿပီး အဲဒီအရာရွိေတြထဲက အနည္းဆုံးတစ္ဦးက ရဲမႉးအဆင့္ထက္မနိမ့္သူ ျဖစ္ရပါမယ္။အရာရွိရဲ႕အမႈကို စစ္ေဆးရတဲ့အခါ အဖြဲ႕ဝင္အားလုံးက စစ္ေဆးခံရတဲ့အရာရွိထက္ အဆင့္မနိမ့္သူျဖစ္ရပါမယ္။

စစ္ေဆးစီရင္တာ စတင္ၿပီးတဲ့ေနာက္ ရဲတရား႐ုံးမွာပါဝင္တဲ့ အဖြဲ႕ဝင္ဦးေရက တရားဝင္ဦးေရေအာက္ေလ်ာ့သြားရင္ အဲဒီရဲတရား႐ုံးကို ဖ်က္သိမ္းရမွာျဖစ္ၿပီး ဆုံးျဖတ္ခ်က္မခ်မွတ္မီ တရားခံဖ်ားနာလို႔ ဆက္လက္စစ္ေဆးစီရင္ဖို႔ မျဖစ္ႏိုင္ရင္ေတာ့ ရဲတရား႐ုံးကို ဖ်က္သိမ္းရမွာျဖစ္ပါတယ္။
ေနာက္ၿပီး ရဲခ်ဳပ္က လတ္တေလာလိုအပ္တာေတြ ဒါမွမဟုတ္ ရဲစည္းကမ္းေတြအရ လိုအပ္တာေတြေၾကာင့္ ရဲတရား႐ုံးဆက္လက္႐ုံးထိုင္ဖို႔ မျဖစ္ႏိုင္ဘူး မသင့္ေလ်ာ္ဘူးလို႔ ထင္ျမင္ယူဆရင္ အဲဒီရဲတရား႐ုံးကို ဖ်က္သိမ္းႏိုင္ပါတယ္။ရဲတရား႐ုံးကို ဖ်က္သိမ္းတဲ့အခါ တရားခံကို ထပ္မံစစ္ေဆးစီရင္ႏိုင္ပါတယ္။

''ရဲတရား႐ုံးသည္ ဤဥပေဒအရ ျပစ္ဒဏ္ခ်မွတ္ထိုက္သည့္ ျပစ္မႈတစ္ခုခုအတြက္ ဤဥပေဒကို လိုက္နာရသူတစ္ဦးအား စစ္ေဆးစီရင္ႏိုင္ရန္ႏွင့္ ပုဒ္မ ၃၄ ပါ ျပ႒ာန္းခ်က္မ်ားႏွင့္မဆန႔္က်င္ေစဘဲ ေအာက္ပါျပစ္ဒဏ္တစ္ခုခုကိုေသာ္လည္းေကာင္း၊ တစ္ခုထက္ပို၍ေသာ္လည္းေကာင္း ခ်မွတ္ရန္အာဏာရွိရမည္ -
(က) ၃ ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္၊
(ခ) ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ျပစ္ဒဏ္၊
(ဂ) ရာထူးအဆင့္ေလွ်ာ့ခ်ဒဏ္၊
(ဃ) အၿငိမ္းစားလစာအတြက္ ရဲမႈထမ္းသက္ေလွ်ာ့ဒဏ္၊
(င) လစာမွေပးေလ်ာ္ဒဏ္'' ဆိုၿပီး ျပည္သူ႔ရဲတပ္ဖြဲ႕ စည္းကမ္းထိန္းသိမ္းေရး ဥပေဒပုဒ္မ ၃၃ မွာ ျပဌာန္းထားပါတယ္။

ပုဒ္မ ၃၃ ပုဒ္မခြဲ (က) မွာ ေဖာ္ျပထားတဲ့ ျပစ္ဒဏ္ခ်မွတ္ရင္ ပုဒ္မခြဲ (ခ) ပါ ျပစ္ဒဏ္ကိုလည္း ခ်မွတ္ရပါမယ္။ပုဒ္မ ၃၃ ပုဒ္မခြဲ (က) နဲ႔ (ခ) မွာ ေဖာ္ျပထားတဲ့ ျပစ္ဒဏ္တစ္ခုခုခ်မွတ္ရင္ ပုဒ္မခြဲ (ဂ)၊ (ဃ) နဲ႔ (င) ပါ ျပစ္ဒဏ္တစ္ခုခုနဲ႔ ပူးတြဲခ်မွတ္လို႔မရပါဘူး။ရဲတပ္သားအဆင့္ရွိတဲ့သူကို ပုဒ္မ ၃၃ ပုဒ္မခြဲ (ဂ) ပါ ျပစ္ဒဏ္ခ်မွတ္လို႔မရပါဘူး။အဲဒီလိုျပဌာန္းခ်က္ေတြကို ျပည္သူ႔ရဲတပ္ဖြဲ႕ စည္းကမ္းထိန္းသိမ္းေရး ဥပေဒပုဒ္မ ၃၄ (က) (ခ) (ဂ) မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ဒီဥပေဒပါျပစ္မႈမဟုတ္ဘဲ အျခားတည္ဆဲဥပေဒပါျပစ္မႈကို က်ဴးလြန္တာနဲ႔ပတ္သက္လို႔ ဒီဥပေဒအရပဲ အေရးယူလို႔ရလား၊ အဲဒီလိုအေရးယူလိုက္လို႔ ျပစ္ဒဏ္ေပါ့သြားမလားဆိုၿပီး တခ်ိဳ႕ကစိုးရိမ္ၾက၊ အထင္မွားၾကတာလည္းရွိပါတယ္။အမွန္က သူတို႔ထင္သလိုမဟုတ္ပါဘူး။
ရဲတပ္ဖြဲ႕ဝင္တစ္ဦးဟာ ဒီဥပေဒပါျပစ္မႈမဟုတ္ဘဲ အျခားတည္ဆဲဥပေဒပါ ျပစ္မႈတစ္ခုခုကိုက်ဴးလြန္လို႔ ျပစ္မႈဆိုင္ရာတရား႐ုံးက စစ္ေဆးႏိုင္ဖို႔လႊဲေပးထားၿပီး အဲဒီရဲတပ္ဖြဲ႕ဝင္ကို အခ်ဳပ္နဲ႔ထားမယ္ဆိုရင္ ဆက္လက္ခ်ဳပ္ေႏွာင္ခြင့္ရမန္ကို ျပစ္မႈဆိုင္ရာတရား႐ုံးထံကေန ရယူရမွာျဖစ္ပါတယ္။

ဒီဥပေဒကိုလိုက္နာရတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ဘယ္ေနရာမွာမဆို ဒီဥပေဒပါျပစ္မႈေတြမွအပ အျခားတည္ဆဲဥပေဒပါ ျပစ္မႈတစ္ခုခုကိုက်ဴးလြန္ရင္ ျပစ္မႈဆိုင္ရာတရား႐ုံးက စစ္ေဆးစီရင္ႏိုင္ဖို႔ လႊဲေျပာင္းေပးရမယ္လို႔ ျပည္သူ႔ရဲတပ္ဖြဲ႕ စည္းကမ္းထိန္းသိမ္းေရး ဥပေဒပုဒ္မ ၂၆ မွာ ဆိုပါတယ္။
ဒီျပဌာန္းခ်က္ေတြကိုၾကည့္ရင္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ဒီဥပေဒပါျပစ္မႈမဟုတ္ဘဲ အျခားတည္ဆဲဥပေဒပါျပစ္မႈကို က်ဴးလြန္ရင္ သက္ဆိုင္ရာတည္ဆဲဥပေဒနဲ႔ အေရးယူခံရမွာကို ေတြ႕ရွိရမွာျဖစ္ပါတယ္။

အဲဒီေတာ့ တခ်ိဳ႕ကေမးပါတယ္။လိင္ပိုင္းဆိုင္ရာ အလြဲအသုံးခ်တာ၊ အျမတ္ထုတ္တာ၊ ေစာ္ကားတာေတြလုပ္တဲ့ ရဲအရာရွိႀကီးေတြကိုေရာ ဒီဥပေဒအရပဲ အေရးယူတာလားတဲ့။ဒါက ရဲအရာရွိတစ္ဦးရဲ႕ က်ဴးလြန္တဲ့ျဖစ္စဥ္ေပၚမွာ မူတည္ပါတယ္။ရဲအရာရွိေတြ လိင္ပိုင္းဆိုင္ရာ အလြဲအသုံးခ်တာ၊ အျမတ္ထုတ္တာ၊ ေစာ္ကားတာေတြလုပ္ရင္ အေရးယူတဲ့ပုဒ္မမ်ိဳး ျပည္သူ႔ရဲတပ္ဖြဲ႕ စည္းကမ္းထိန္းသိမ္းေရးဥပေဒမွာ တိုက္႐ိုက္ျပဌာန္းထားတာမ်ိဳးေတာ့ မေတြ႕ရပါဘူး။

ဥပမာ - ရဲအရာရွိတစ္ဦးရဲ႕လုပ္ရပ္ဟာ မုဒိမ္းမႈေျမာက္ရင္ မုဒိမ္းမႈျပစ္ဒဏ္အတိုင္း၊ မိန္းကေလးကို ကာယိေျႏၵပ်က္ျပားေစမႈေျမာက္ရင္ ကာယိေျႏၵပ်က္ျပားေစမႈျပစ္ဒဏ္အတိုင္း၊ ကာမကိုလိမ္လည္ရယူမႈေျမာက္ရင္ ကာမကိုလိမ္လည္ရယူမႈျပစ္ဒဏ္အတိုင္း၊ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာျပစ္မႈကို က်ဴးလြန္ရာေျမာက္ရင္ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာျပစ္မႈျပစ္ဒဏ္အတိုင္း အေရးယူခံရမွာျဖစ္ပါတယ္။

မုဒိမ္းမႈကိုအေရးယူတဲ့ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ လူႀကီးမုဒိမ္းက ႏွစ္ႏွစ္ဆယ္ထိ ေထာင္ခ်လို႔ရၿပီး ၁၂ႏွစ္ေအာက္ မိန္းကေလးမုဒိမ္းက ေထာင္ဒဏ္တစ္သက္ ခ်မွတ္လို႔ရပါတယ္။မုဒိမ္းမႈေျမာက္ဖို႔ အခ်က္ ၅ ခ်က္နဲ႔ ကိုက္ညီရပါမယ္။ပထမတစ္ခ်က္က မိန္းမက အလိုမတူပဲျငင္းဆန္တာ။ဒုတိယအခ်က္က မိန္းမက ခြင့္မျပဳတာ။တတိယအခ်က္က မိန္းမက ခြင့္ျပဳေပမယ့္ အဲဒီလိုခြင့္ျပဳတာဟာ အဲဒီမိန္းမကို ေသေစမယ္ နာက်င္ေစမယ္ဆိုၿပီး ေၾကာက္႐ြံ႕ေအာင္ျပဳလုပ္လို႔ ခြင့္ျပဳရတာ။စတုတၳအခ်က္က မိန္းမက ခြင့္ျပဳေပမယ့္ ေယာက်ာ္းက မိမိဟာ အဲဒီမိန္းမရဲ႕ လင္မဟုတ္ေၾကာင္းသိတဲ့အျပင္ အဲဒီမိန္းမခြင့္ျပဳတာကလည္း မိမိကို ဥပေဒနဲ႔အညီလက္ထပ္ထားတဲ့၊ သို႔မဟုတ္ အဲဒီလိုလက္ထပ္ထားတယ္လို႔ ယုံၾကည္တဲ့ အျခားေယာက်ာ္းျဖစ္တယ္လို႔ ယုံၾကည္ၿပီးသာ ခြင့္ျပဳတယ္လို႔ အဲဒီေယာက်ာ္းကသိတာ။ပၪၥမအခ်က္က မိန္းမက ခြင့္ျပဳသည္ျဖစ္ေစ ခြင့္မျပဳသည္ျဖစ္ေစ အဲဒီမိန္းမဟာ အသက္ ၁၆ ႏွစ္ေအာက္ အ႐ြယ္ရွိတဲ့သူျဖစ္တာ အဲဒီအခ်က္ငါးခ်က္နဲ႔ညိစြန္းရင္ မုဒိမ္းမႈက်ဴးလြန္ရာေရာက္ပါတယ္။
ဥပေဒရဲ႕ကင္းလြတ္ခ်က္အရေတာ့ ေယာက်ာ္းဟာ အသက္ ၁၅ ႏွစ္ေအာက္မဟုတ္တဲ့ မိမိရဲ႕မယားနဲ႔ ကာမစပ္ယွက္တာက မုဒိမ္းမႈမဟုတ္ပါဘူး။

မိန္းမရဲ႕ကာယိေျႏၵပ်က္စီးေစဖို႔အႀကံနဲ႔ လက္ေရာက္မႈက်ဴးလြန္တာ၊ ရာဇဝတ္မကင္းတဲ့ အႏိုင္အထက္ျပဳတာေတြကို က်ဴးလြန္တဲ့သူကို ႏွစ္ႏွစ္ထိေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၅၄ မွာ ဆိုပါတယ္။
မိန္းမတို႔ကာယိေျႏၵကို ေစာ္ကားဖို႔ရည္႐ြယ္တဲ့ စကားေျပာတဲ့သူ၊ ကိုယ္အမူအရာနဲ႔ျပသတဲ့သူကို တစ္ႏွစ္ထိ အလုပ္မဲ့ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၉ မွာ ျပဌာန္းထားပါတယ္။

ဒါ့ျပင္ လက္ရွိ ျမန္မာႏိုင္ငံမွာ ကာမကိုလိမ္လည္ရယူတာနဲ႔ပတ္သက္လို႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၁၇ နဲ႔ အေရးယူလို႔ရပါတယ္။ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၁၇ မွာ ျပဌာန္းထားတာက ဒီလိုပါ။မည္သူမဆို လိမ္လည္မႈက်ဴးလြန္လွ်င္ ထိုသူကို သုံးႏွစ္ထိေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးကိုျဖစ္ေစ ခ်မွတ္ရမည္လို႔ ပုဒ္မ ၄၁၇ မွာ ဆိုပါတယ္။

အလားတူပဲ အိမ္ေထာင္သည္ေတြက ကာမကိုလိမ္လည္ရယူမယ္ ထပ္မံထိမ္းျမားမယ္ဆိုရင္ေတာ့ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၇ အရ အေရးယူရမွာျဖစ္ပါတယ္။ထိမ္းျမားၿပီးသား ေယာက္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ ထိမ္းျမားမႈအတည္ျဖစ္ေနစဥ္မွာ ထိမ္းျမားထားတာကိုထိန္ခ်န္ၿပီး ထပ္မံထိမ္းျမားမယ္ဆိုရင္ ၁၀ ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္းခ်မွတ္ရမယ္လို႔ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၇ မွာ ျပဌာန္းထားတာျဖစ္ပါတယ္။

တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၃ မွာ ဘယ္သူျဖစ္ျဖစ္ ပုဒ္မ ၁ဝ ဒါမွမဟုတ္ ပုဒ္မ ၁၂ ကို ေဖာက္ဖ်က္က်ဴးလြန္တယ္ဆိုၿပီး ျပစ္မႈထင္ရွားစီရင္ခံရရင္ အဲဒီသူကို ခုနစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္တယ္လို႔ ျပဌာန္းထားပါတယ္။ပုဒ္မ ၁ဝ အရ လင္နဲ႔မယားတစ္ဦး ဒါမွမဟုတ္ တစ္ဦးထက္ပိုၿပီး တရားဝင္ထိမ္းျမားၿပီးတဲ့ ေယာက်ာ္းနဲ႔ မိန္းမဟာ ထိမ္းျမားမႈတည္ၿမဲေနစဥ္မွာ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာဥပေဒ အာဏာတည္တဲ့ေန႔ကစၿပီး တျခားသူနဲ႔ထပ္မံထိမ္းျမားျခင္း မျပဳရဘူး၊ လင္မယားလို တရားမဝင္ေနထိုင္ေပါင္းသင္းတာ မျပဳရဘူးဆိုၿပီး ျပဌာန္းထားပါတယ္။ပုဒ္မ ၁၂ မွာက ဘယ္သူမဆို ဥပေဒတစ္ရပ္ရပ္အရျဖစ္ျဖစ္၊ ကိုးကြယ္ရာဘာသာအရျဖစ္ျဖစ္၊ ဓေလ့ထုံးတမ္းအရျဖစ္ျဖစ္ ထိမ္းျမားမႈအတည္ျဖစ္ေနစဥ္ ထပ္မံၿပီးထိမ္းျမားတာမျပဳလုပ္ရ ဒါမွမဟုတ္ လင္မယားအျဖစ္ တရားမဝင္ေနထိုင္ေပါင္းသင္းျခင္း မျပဳရဆိုၿပီး ျပဌာန္းထားတာျဖစ္ပါတယ္။

အခုအထက္မွာေျပာခဲ့တဲ့ ဥပေဒျပဌာန္းခ်က္ေတြနဲ႔ပတ္သက္လို႔ ေဖာက္ဖ်က္က်ဴးလြန္မိမယ္ဆိုရင္ သာမန္ျပည္သူတင္မကပါဘူး ရဲအရာရွိႀကီးေတြလည္း ဥပေဒပါအတိုင္း အေရးယူခံရမွာျဖစ္ပါတယ္။ဒါေၾကာင့္မို႔ ျပစ္မႈက်ဴးလြန္တဲ့သူဟာ ရဲတပ္ဖြဲ႕ဝင္ဆိုတဲ့ ရဲသားတစ္ဦးျဖစ္ေနဦးေတာ့ ဒီႏိုင္ငံကတရားဥပေဒက ေက်ာသားရင္သား မခြဲျခားပါဘူးဆိုတာကို သက္ေသျပႏိုင္မွသာ တရားဥပေဒစိုးမိုးေရးက အဓြန႔္ရွည္တည္တံ့ေနမွာပါလို႔ အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

သာဓက
ဇူလိုင္ - ၂