【 ဆောင်းပါး 】 "ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ"

【 ဆောင်းပါး 】 "ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ"

ပုထုဇဉ်တွေဆိုတော့လည်း ဘယ်သူ့ဘယ်သူကိုမှ အပြစ်မပြောလိုပါဘူး။အမြဲတမ်းမှန်တာက သစ္စာလေးပါးပဲရှိမယ်လို့ ကိုယ့်ရဲ့တစ်သီးပုဂ္ဂလအမြင်နဲ့ ယူဆပါတယ်။

ဆိုပါစို့ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်က ဦးဘ။သူပြောတဲ့အမှန်တရားဆို မှားမှားမှန်မှန် လက်အောက်ငယ်သားဝန်ထမ်းတွေက ဦးဘမှန်ပါတယ်ဆိုပြီး လိုက်မှန်ကြရတာပါပဲ။ဦးဘနေရာကို ဦးလှလည်း ရောက်လာရော ဦးလှပြောတာမှန်သမျှ မှားမှားမှန်မှန်လိုက် လုပ်ကြရတာပါပဲ။တချို့အမှန်တရားဆိုတာတွေက အဲဒီအမှန်တရားကို သတ်မှတ်လိုက်တဲ့လူရဲ့ ရောက်ရှိနေတဲ့ သြဇာအာဏာလုပ်ပိုင်ခွင့်အပေါ်မှာ မူတည်ပါတယ်။

အရက်သမားအတွက် အရက်က ဘိန်းဖြူထက်ပိုကောင်းတယ်ဆိုတာ သူ့အတွက်အမှန်တရားပဲ။ဆေးသမားအတွက် ဘိန်းဖြူက အရက်ထက်ပိုကောင်းတယ်ဆိုတာ သူ့အတွက်အမှန်တရားပဲ။ဒါပေမယ့် သူတို့အတွက် အဲဒီအမှန်တရားတွေက တခြားသူတွေအတွက်ရော အမှန်တရားဖြစ်နိုင်ပါ့မလား။

ကိုယ်ကြိုက်တဲ့အရာကို ဘာကြောင့်ကြိုက်ကြောင်း ပြောပေးလိုက်ပါ။တခြားသူကို အတင်းမကြိုက်ခိုင်းပါနဲ့။ကိုယ်မကြိုက်တဲ့အရာကို ဘာကြောင့်မကြိုက်ကြောင်း ပြောပေးလိုက်ပါ။အတင်းမုန်းခိုင်းတာမျိုး မလုပ်ပါနဲ့။

လူ့တချို့သဘာဝက ကိုယ်လေးစားပြီဆိုရင် အဲဒီလူဘာလုပ်လုပ် မှန်တယ်ထင်တတ်ကြတယ်။အဲဒီလူဘာလုပ်လုပ် အကောင်းချည်းပဲတွေးတတ်ကြပါတယ်။ရွှေချလည်းထောက်ခံ ရွှေခွာလည်းထောက်ခံတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။အမှန်က အဲဒီလူမှားမှန်းသိပေမယ့် ငါလေးစားမိတဲ့လူ အမှားလုပ်တတ်တဲ့လူဆိုတာကို လက်မခံနိုင်တဲ့ ကိုယ့်အတ္တကြောင့်ပါ။အဲဒီလူကသာ ကိုယ့်အကျိုးစီးပွားထိခိုက်အောင် လုပ်လာပြီဆိုရင်တော့ အဲဒီလူမှားတယ်ဖြစ်တော့တာပါပဲ။သဘောက ကိုယ့်ပေါင်ပေါ်ကျတဲ့မီးမှ ပူတယ်ထင်တဲ့ အတ္တသမားတွေကများပါတယ်။

တချို့ကျတော့ ကိုယ့်ခံယူချက်နဲ့ကိုယ် နေတာမဟုတ်ပါဘူး။များရာဘက်ကိုလိုက်ပြီး အင်အားတောင့်မှ ပုဆိုးခြုံကြားက လက်သီးပုန်းပြတတ်ပါတယ်။နည်းတဲ့ဘက်ဆို မလိုက်ရဲဘူး ခံရမှာကြောက်တယ်လေ။အငုံ့စိတ်က အနိုင်လိုချင် အနိုင်ကျင့်ချင်တဲ့သဘော လူတချို့ကရှိတယ်။

ကိုယ်ချစ်တဲ့သူ ကိုယ်လေးစားတဲ့သူ ဘယ်သူဖြစ်နေပါစေ အဲဒီသူက ဘုရား၊ ရဟန်းနာမဟုတ်ဘူးဆိုရင်တော့ သူလည်းပုထုဇဉ်မို့ အမှားလုပ်မိမှာပါပဲ။အလုပ်လုပ်လေ အမှားများလေဖြစ်နိုင်ပါတယ်။အဲဒါကို အပြစ်တင်နေဖို့မလိုပါဘူး။သူမှားပြီဆိုတာ မှားတယ်လို့ လက်ခံနိုင်ဖို့ပဲလိုပါတယ်။ကိုယ့်ကြိုက်ချင်တာ ကြိုက်ကြပါ။ကိုယ်ကြိုက်တာကို သူကမကြိုက်နိုင်တာ သူ့အခွင့်အရေးလေ။

သူလည်းပုထုဇဉ် ကိုယ်လည်းပုထုဇဉ် ဘယ်သူကအမြဲမှန်နိုင်ပါ့မလဲ။အမြဲမမှန်နိုင်တဲ့သူအချင်းချင်း အမှန်တရားတွက်တိုက်ပွဲတွေ ဆင်နွှဲနေတာတွေ့ရတော့ အမြဲမမှန်တဲ့ကိုယ်တိုင်ကကော ဘယ်သူမှန်တယ်ပြောရင်ကောင်းမလဲလို့ စဉ်စားနေရင်း ကိုယ်တိုင်ကမှားတာပါလေဟုပဲ ဆင်ခြင်မိပါတယ်။

ကိုယ့်အကြိုက် သူ့အကြိုက် လွတ်လပ်စွာရွေးချယ်လိုက်ဆိုသလို ဒီမိုကရေစီ Right ဆိုတဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နောက်ထပ်တွေးမိတာလေးတစ်ခုရှိပါတယ်။အဲဒါက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးမယ့်ကိစ္စပါ။တချို့က မဲသွားပေးမယ်။တချို့က မဲသွားမပေးဘူး။ဒီမိုကရေစီအပြောင်းအလဲအတွက် မဲသွားပေးသင့်တယ်လို့ တချို့ကပြောတယ်။
မဲသွားမပေးရင် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်မကျေပွန်ဘူးရယ်လို့လည်း တချို့ကဝေဖန်တယ်။တချို့က မဲသွားမပေးဘူးဆိုတာကို ကိုယ်စိတ်ကြိုက်ဆုံးဖြတ်ထားရုံမက အများသိအောင်ကြေညာတယ်။

ဒီနေရာမှာပြောလိုတာက ရွေးကောက်တင်မြှောက်ခွင့်နဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရယ်၊ မဲပေးတာ မပေးတာရယ်က ဥပဒေအရ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်လို့ မြင်ပါတယ်။မဲမပေးချင်သူက သွားမပေးလို့ရသလို မဲပေးချင်သူကလည်း သွားပေးဖို့ ဥပဒေနဲ့အညီ သတ်မှတ်ပေးထားပါတယ်။

နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေတွေနဲ့ဖြစ်စေ မဆန့်ကျင်ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်မှာ ရွေးကောက်တင်မြှောက်ခွင့်နဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိတယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၉ (က) မှာ ပြဌာန်းထားပါတယ်။

"ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သောအခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ နေနိုင်သောအခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ နုတ်ထွက်နိုင်သောအခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သောအခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲ နေနိုင်သောအခွင့်အရေးကို ဆိုသည်'' လို့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ရဲ့ ပုဒ်မ ၂ (ဎ) မှာ ဆိုပါတယ်။

ဒါပေမယ့် တစ်ခုတော့ရှိပါတယ်။ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မဲပေးတာ/မဲမပေးတာက ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုပေမယ့် သူများကို ကိုယ်လုပ်ချင်တဲ့အတိုင်းလိုက်လုပ်ဖို့ မသမာတဲ့နည်းနဲ့ လိုက်စည်းရုံးလို့တော့မရပါဘူး။

ဆန္ဒမဲပေးဖို့ ဒါမှမဟုတ် ဆန္ဒမဲမပေးဘဲနေဖို့ မဲဆန္ဒရှင်တစ်ဦးဦးကို သွေးဆောင်ဖို့ဖြစ်ဖြစ်၊ သွေးဆောင်လိုလို့ အားထုတ်ဖို့ဖြစ်ဖြစ် တစ်ဦးတစ်ယောက်သောသူကို မိမိအတွက် ဒါမှမဟုတ် သူတစ်ပါးအတွက် လာဘ်လာဘလက်ခံဖို့ သဘောတူတာဟာ တရားမဲ့ပြုကျင့်မှုဖြစ်တယ်ဆိုပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမှာ ဆိုပါတယ်။

အဲဒီလိုပဲ ''မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်းမပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဆိုပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ရဲ့ ပုဒ်မ ၅၇ မှာ ပြဌာန်းထားပါတယ်။

ဒါ့tပြင် ''ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ စည်းဝေးဟောပြော ခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချီခြင်း၊ ပိုစတာများအသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဆိုပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ရဲ့ ပုဒ်မ ၅၈ ပြဌာန်းထားပါတယ်။

ဒါကြောင့်မို့ မဲပေးတာ မဲမပေးတာ အပါအဝင် ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို ကိုယ့်အတွက် ကိုယ့်ဘာသာလွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိပါတယ်။ဒါပေမယ့် ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရုံမကဘဲ ကိုယ်ကြိုက်တာကို သူများကိုလည်း အတင်းလိုက်ကြိုက်ခိုင်းဖို့ စည်းရုံးမယ်ဆိုရင်တော့ ဥပဒေနဲ့ ညီ/မညီဆိုတာကို ချင့်ချိန်တတ်ဖို့လိုပါမယ်လို့ အပြုသဘောဆောင် သတိပေးလိုက်ပါရစေ။

သာဓက
သြဂုတ် - ၁၅

( Zawgyi )

ပုထုဇဥ္ေတြဆိုေတာ့လည္း ဘယ္သူ႔ဘယ္သူကိုမွ အျပစ္မေျပာလိုပါဘူး။အၿမဲတမ္းမွန္တာက သစၥာေလးပါးပဲရွိမယ္လို႔ ကိုယ့္ရဲ႕တစ္သီးပုဂၢလအျမင္နဲ႔ ယူဆပါတယ္။

ဆိုပါစို႔ အဖြဲ႕အစည္းတစ္ခုမွာ ေခါင္းေဆာင္က ဦးဘ။သူေျပာတဲ့အမွန္တရားဆို မွားမွားမွန္မွန္ လက္ေအာက္ငယ္သားဝန္ထမ္းေတြက ဦးဘမွန္ပါတယ္ဆိုၿပီး လိုက္မွန္ၾကရတာပါပဲ။ဦးဘေနရာကို ဦးလွလည္း ေရာက္လာေရာ ဦးလွေျပာတာမွန္သမွ် မွားမွားမွန္မွန္လိုက္ လုပ္ၾကရတာပါပဲ။တခ်ိဳ႕အမွန္တရားဆိုတာေတြက အဲဒီအမွန္တရားကို သတ္မွတ္လိုက္တဲ့လူရဲ႕ ေရာက္ရွိေနတဲ့ ၾသဇာအာဏာလုပ္ပိုင္ခြင့္အေပၚမွာ မူတည္ပါတယ္။

အရက္သမားအတြက္ အရက္က ဘိန္းျဖဴထက္ပိုေကာင္းတယ္ဆိုတာ သူ႔အတြက္အမွန္တရားပဲ။ေဆးသမားအတြက္ ဘိန္းျဖဴက အရက္ထက္ပိုေကာင္းတယ္ဆိုတာ သူ႔အတြက္အမွန္တရားပဲ။ဒါေပမယ့္ သူတို႔အတြက္ အဲဒီအမွန္တရားေတြက တျခားသူေတြအတြက္ေရာ အမွန္တရားျဖစ္ႏိုင္ပါ့မလား။

ကိုယ္ႀကိဳက္တဲ့အရာကို ဘာေၾကာင့္ႀကိဳက္ေၾကာင္း ေျပာေပးလိုက္ပါ။တျခားသူကို အတင္းမႀကိဳက္ခိုင္းပါနဲ႔။ကိုယ္မႀကိဳက္တဲ့အရာကို ဘာေၾကာင့္မႀကိဳက္ေၾကာင္း ေျပာေပးလိုက္ပါ။အတင္းမုန္းခိုင္းတာမ်ိဳး မလုပ္ပါနဲ႔။

လူ႔တခ်ိဳ႕သဘာဝက ကိုယ္ေလးစားၿပီဆိုရင္ အဲဒီလူဘာလုပ္လုပ္ မွန္တယ္ထင္တတ္ၾကတယ္။အဲဒီလူဘာလုပ္လုပ္ အေကာင္းခ်ည္းပဲေတြးတတ္ၾကပါတယ္။ေ႐ႊခ်လည္းေထာက္ခံ ေ႐ႊခြာလည္းေထာက္ခံတာမ်ိဳးေတာ့ မျဖစ္ဖို႔လိုပါတယ္။အမွန္က အဲဒီလူမွားမွန္းသိေပမယ့္ ငါေလးစားမိတဲ့လူ အမွားလုပ္တတ္တဲ့လူဆိုတာကို လက္မခံႏိုင္တဲ့ ကိုယ့္အတၱေၾကာင့္ပါ။အဲဒီလူကသာ ကိုယ့္အက်ိဳးစီးပြားထိခိုက္ေအာင္ လုပ္လာၿပီဆိုရင္ေတာ့ အဲဒီလူမွားတယ္ျဖစ္ေတာ့တာပါပဲ။သေဘာက ကိုယ့္ေပါင္ေပၚက်တဲ့မီးမွ ပူတယ္ထင္တဲ့ အတၱသမားေတြကမ်ားပါတယ္။

တခ်ိဳ႕က်ေတာ့ ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ ေနတာမဟုတ္ပါဘူး။မ်ားရာဘက္ကိုလိုက္ၿပီး အင္အားေတာင့္မွ ပုဆိုးၿခဳံၾကားက လက္သီးပုန္းျပတတ္ပါတယ္။နည္းတဲ့ဘက္ဆို မလိုက္ရဲဘူး ခံရမွာေၾကာက္တယ္ေလ။အငုံ႔စိတ္က အႏိုင္လိုခ်င္ အႏိုင္က်င့္ခ်င္တဲ့သေဘာ လူတခ်ိဳ႕ကရွိတယ္။

ကိုယ္ခ်စ္တဲ့သူ ကိုယ္ေလးစားတဲ့သူ ဘယ္သူျဖစ္ေနပါေစ အဲဒီသူက ဘုရား၊ ရဟန္းနာမဟုတ္ဘူးဆိုရင္ေတာ့ သူလည္းပုထုဇဥ္မို႔ အမွားလုပ္မိမွာပါပဲ။အလုပ္လုပ္ေလ အမွားမ်ားေလျဖစ္ႏိုင္ပါတယ္။အဲဒါကို အျပစ္တင္ေနဖို႔မလိုပါဘူး။သူမွားၿပီဆိုတာ မွားတယ္လို႔ လက္ခံႏိုင္ဖို႔ပဲလိုပါတယ္။ကိုယ့္ႀကိဳက္ခ်င္တာ ႀကိဳက္ၾကပါ။ကိုယ္ႀကိဳက္တာကို သူကမႀကိဳက္ႏိုင္တာ သူ႔အခြင့္အေရးေလ။

သူလည္းပုထုဇဥ္ ကိုယ္လည္းပုထုဇဥ္ ဘယ္သူကအၿမဲမွန္ႏိုင္ပါ့မလဲ။အၿမဲမမွန္ႏိုင္တဲ့သူအခ်င္းခ်င္း အမွန္တရားတြက္တိုက္ပြဲေတြ ဆင္ႏႊဲေနတာေတြ႕ရေတာ့ အၿမဲမမွန္တဲ့ကိုယ္တိုင္ကေကာ ဘယ္သူမွန္တယ္ေျပာရင္ေကာင္းမလဲလို႔ စဥ္စားေနရင္း ကိုယ္တိုင္ကမွားတာပါေလဟုပဲ ဆင္ျခင္မိပါတယ္။

ကိုယ့္အႀကိဳက္ သူ႔အႀကိဳက္ လြတ္လပ္စြာေ႐ြးခ်ယ္လိုက္ဆိုသလို ဒီမိုကေရစီ Right ဆိုတဲ့ လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ ေနာက္ထပ္ေတြးမိတာေလးတစ္ခုရွိပါတယ္။အဲဒါက လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲေပးမယ့္ကိစၥပါ။တခ်ိဳ႕က မဲသြားေပးမယ္။တခ်ိဳ႕က မဲသြားမေပးဘူး။ဒီမိုကေရစီအေျပာင္းအလဲအတြက္ မဲသြားေပးသင့္တယ္လို႔ တခ်ိဳ႕ကေျပာတယ္။
မဲသြားမေပးရင္ ႏိုင္ငံသားတစ္ေယာက္ရဲ႕ တာဝန္မေက်ပြန္ဘူးရယ္လို႔လည္း တခ်ိဳ႕ကေဝဖန္တယ္။တခ်ိဳ႕က မဲသြားမေပးဘူးဆိုတာကို ကိုယ္စိတ္ႀကိဳက္ဆုံးျဖတ္ထား႐ုံမက အမ်ားသိေအာင္ေၾကညာတယ္။

ဒီေနရာမွာေျပာလိုတာက ေ႐ြးေကာက္တင္ေျမႇာက္ခြင့္နဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ရယ္၊ မဲေပးတာ မေပးတာရယ္က ဥပေဒအရ လူတစ္ဦးခ်င္းစီရဲ႕ လြတ္လပ္စြာ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္လို႔ ျမင္ပါတယ္။မဲမေပးခ်င္သူက သြားမေပးလို႔ရသလို မဲေပးခ်င္သူကလည္း သြားေပးဖို႔ ဥပေဒနဲ႔အညီ သတ္မွတ္ေပးထားပါတယ္။

ႏိုင္ငံသားတိုင္းဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ျဖစ္ေစ၊ သက္ဆိုင္ရာဥပေဒေတြနဲ႔ျဖစ္ေစ မဆန္႔က်င္ရင္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ဒါမွမဟုတ္ ျပည္နယ္လႊတ္ေတာ္တစ္ရပ္ရပ္မွာ ေ႐ြးေကာက္တင္ေျမႇာက္ခြင့္နဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ရွိတယ္ဆိုၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၆၉ (က) မွာ ျပဌာန္းထားပါတယ္။

"ေ႐ြးေကာက္မႈဆိုင္ရာ အခြင့္အေရးဆိုသည္မွာ ေ႐ြးေကာက္ပြဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ေသာအခြင့္အေရး၊ ပါဝင္ယွဥ္ၿပိဳင္ျခင္းမျပဳဘဲ ေနႏိုင္ေသာအခြင့္အေရး၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းစာရင္းမွ ႏုတ္ထြက္ႏိုင္ေသာအခြင့္အေရး၊ ေ႐ြးေကာက္ပြဲတြင္ မဲေပးႏိုင္ေသာအခြင့္အေရး သို႔မဟုတ္ မဲေပးျခင္းမျပဳဘဲ ေနႏိုင္ေသာအခြင့္အေရးကို ဆိုသည္'' လို႔ ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒနဲ႔ အမ်ိဳးသားလႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒတို႔ရဲ႕ ပုဒ္မ ၂ (ဎ) မွာ ဆိုပါတယ္။

ဒါေပမယ့္ တစ္ခုေတာ့ရွိပါတယ္။ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ မဲေပးတာ/မဲမေပးတာက ေ႐ြးေကာက္မႈဆိုင္ရာ အခြင့္အေရးဆိုေပမယ့္ သူမ်ားကို ကိုယ္လုပ္ခ်င္တဲ့အတိုင္းလိုက္လုပ္ဖို႔ မသမာတဲ့နည္းနဲ႔ လိုက္စည္း႐ုံးလို႔ေတာ့မရပါဘူး။

ဆႏၵမဲေပးဖို႔ ဒါမွမဟုတ္ ဆႏၵမဲမေပးဘဲေနဖို႔ မဲဆႏၵရွင္တစ္ဦးဦးကို ေသြးေဆာင္ဖို႔ျဖစ္ျဖစ္၊ ေသြးေဆာင္လိုလို႔ အားထုတ္ဖို႔ျဖစ္ျဖစ္ တစ္ဦးတစ္ေယာက္ေသာသူကို မိမိအတြက္ ဒါမွမဟုတ္ သူတစ္ပါးအတြက္ လာဘ္လာဘလက္ခံဖို႔ သေဘာတူတာဟာ တရားမဲ့ျပဳက်င့္မႈျဖစ္တယ္ဆိုၿပီး ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒေတြမွာ ဆိုပါတယ္။

အဲဒီလိုပဲ ''မည္သူမဆို ေ႐ြးေကာက္ပြဲမ်ားတြင္ ပုဂၢိဳလ္တစ္ဦး၏ ဆႏၵမဲေပးပိုင္ခြင့္ႏွင့္ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္တို႔ကို က်င့္သုံးျခင္းမျပဳႏိုင္ေစရန္ အၾကမ္းဖက္ျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ မေလ်ာ္ၾသဇာသုံးျခင္း၊ လိမ္လည္လွည့္ျဖားျခင္း၊ လာဘ္ေပးျခင္း သို႔မဟုတ္ လာဘ္ယူျခင္းကို ျပဳလုပ္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူအား တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္တစ္သိန္းထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္'' ဆိုၿပီး ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒနဲ႔ အမ်ိဳးသားလႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒတို႔ရဲ႕ ပုဒ္မ ၅၇ မွာ ျပဌာန္းထားပါတယ္။

ဒါ့tျပင္ ''ဆႏၵမဲေပးျခင္း ပ်က္ျပားေစရန္ျဖစ္ေစ၊ ေ႐ြးေကာက္ပြဲ ပ်က္ျပားေစရန္ျဖစ္ေစ စည္းေဝးေဟာေျပာ ျခင္း၊ လႈံ႕ေဆာ္ျခင္း၊ ေရးသားျခင္း၊ ျဖန္႔ခ်ီျခင္း၊ ပိုစတာမ်ားအသုံးျပဳျခင္း သို႔မဟုတ္ အျခားနည္းျဖင့္ အားထုတ္ႀကိဳးပမ္းျခင္း က်ဴးလြန္ေၾကာင္း သို႔မဟုတ္ က်ဴးလြန္ရန္ အားေပးကူညီေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူအား တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္တစ္သိန္းထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္'' ဆိုၿပီး ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒနဲ႔ အမ်ိဳးသားလႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒတို႔ရဲ႕ ပုဒ္မ ၅၈ ျပဌာန္းထားပါတယ္။

ဒါေၾကာင့္မို႔ မဲေပးတာ မဲမေပးတာ အပါအဝင္ ေ႐ြးေကာက္မႈဆိုင္ရာအခြင့္အေရးကို ကိုယ့္အတြက္ ကိုယ့္ဘာသာလြတ္လပ္စြာ ဆုံးျဖတ္ခြင့္ရွိပါတယ္။ဒါေပမယ့္ ကိုယ္ႀကိဳက္တာကို ကိုယ္လုပ္႐ုံမကဘဲ ကိုယ္ႀကိဳက္တာကို သူမ်ားကိုလည္း အတင္းလိုက္ႀကိဳက္ခိုင္းဖို႔ စည္း႐ုံးမယ္ဆိုရင္ေတာ့ ဥပေဒနဲ႔ ညီ/မညီဆိုတာကို ခ်င့္ခ်ိန္တတ္ဖို႔လိုပါမယ္လို႔ အျပဳသေဘာေဆာင္ သတိေပးလိုက္ပါရေစ။

သာဓက
ၾသဂုတ္ - ၁၅