【 သတင်းဆောင်းပါး 】 “ပဋိပက္ခကြားမှ”

【 သတင်းဆောင်းပါး 】 “ပဋိပက္ခကြားမှ”

ဇွန်လရဲ့ မိုးစက်တွေနဲ့အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးက အခြေခံပညာကျောင်းတွေရဲ့ ကျောင်းဖွင့်ချိန်ကာလကို ရောက်ရှိလာခဲ့ပါတယ်။တစ်နှစ်တာရဲ့ ရာသီစက်ဝန်းတစ်ခု လည်ပတ်လာတာနဲ့အတူ ပြည်တွင်းနေရာဒေသအသီးသီးက စာသင်ကျောင်းတွေမှာ တူညီဝတ်စုံလေးတွေနဲ့ ကျောင်းတက်ကြတာတွေ၊ နွေရာသီကာလမှာ ခြောက်သွေ့နေတဲ့ စာသင်ကျောင်းတွေမှာ ပြန်လည်စည်ကားလာပြီး စာအံသံတွေလည်း ပြန်လည်အသက်ဝင် လှုပ်ရှားလို့လာကြပါတယ်။

ထိုကဲ့သို့ ပြည်တွင်းက ဒေသအများစုမှာရှိတဲ့ စာသင်ကျောင်းတွေမှာ စာအံသံတွေနဲ့ အသက်ဝင်လှုပ်ရှားလာပေမယ့် ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်မိသားစုတွေ နေထိုင်ရာ ကျေးရွာတစ်ချို့က စာသင်ကျောင်းတွေမှာတော့ တိတ်ဆိတ်လို့နေပါသေးတယ်။

“နီးစပ်ရာကျောင်းတွေမှာ တက်ရောက်ဖို့ ခွင့်ပြုပေမယ့် ကလေးတွေကို မထားဖြစ်ဘူးလေ” လို့လည်း ဘူးသီးတောင်မြို့နယ်ကနေ စစ်တွေမြို့က ဆွေမျိုးတွေဆီကို ခေတ္တလာရောက်နေထိုင်ကြတဲ့ ကိုနိုင်ဝင်း က ဆိုပါတယ်။လတ်တလောမှာတော့ ရခိုင်ပြည်နယ်ထဲ မေလအထိ စစ်ဘေးရှောင်စခန်းပေါင်း ၁၀၀ ဝန်းကျင်လောက်ရှိပြီး မိသားစုတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို နီးစပ်ရာကျောင်းမှာ အပ်နှံဖို့ ညွှန်ကြားထားပေမယ့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသက ကျေးရွာတစ်ချို့က ကလေးတွေဟာ မိဘတွေနဲ့အတူ ယာယီရွှေ့ပြောင်း သွားလာနေထိုင်ကြရင်း ကျောင်းတက်ဖို့ အခွင့်အရေး ဆုံးရှုံးနေတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကျောင်းများပြန်ဖွင့်

ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စာသင်ကျောင်းတွေ အကုန်လုံးနီးပါးလိုလိုကို ဖွင့်လှစ်နေပြီး ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု နည်းစနစ်တွေအတိုင်း ပြည်နယ်ပညာရေးမှူးရုံးက အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ပါတယ်။တစ်ချို့သော ဝေးလံတဲ့ ကျေးရွာက ကျောင်းတွေမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေကို ကျောင်းမဖွင့်ခင် မေလနောက်ဆုံးပတ်ကတည်းက ရောက်ရှိနေစေဖို့ ညွှန်ကြားထားတာတွေလည်း ရှိပါတယ်။

“ကျွန်တော်သိသလောက်ကတော့ ပိတ်ထားတဲ့ကျောင်း မရှိအောင် ကျောင်းတော်တော်များများဖွင့်ပါပြီ၊ ကျောင်းနေအရွယ် ကလေးတိုင်းကိုလည်း ကျောင်းတက်နိုင်ဖို့ အသိပေးတာတွေလုပ်ခဲ့သလို ပြည်နယ်အဆင့်ကနေ ဦးစီးပြီးတော့ ကျောင်းအပ်နှံရေး သီတင်းပတ်အနေနဲ့ လုပ်ဆောင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်” လို့လည်း မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင် က ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လွန်ခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၄၂၄၁၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဇွန်လ ၈ ရက် အောင်စာရင်းထုတ်ပြန်ချိန်မှာတော့ ၁၀၁၆၅ ဦး အောင်မြင်ခဲ့ကာ အောင်မြင်မှုရာခိုင်နှုန်းဟာ ၂၃ ဒသမ ၉၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ယခုနှစ်စာမေးပွဲမှာ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၆ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၄၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၂၉ ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၈၈၄ ဦးတို့ ပေါ်ထွက်ခဲ့သလို ၂၀၁၈ ခုနှစ်က အောင်ချက် ၂၁ ဒသမ ၄၅ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ပေမယ့် တစ်ယောက်မှ မအောင်မြင်ခဲ့တဲ့ ကျောင်းပေါင်း ၂၂ ကျောင်း ရှိခဲ့ပါသေးတယ်။ထိုကဲ့သို့ ဖြစ်ခဲ့ရတာဟာ အခြေအနေများစွာကြောင့်လည်းဖြစ်သလို တစ်ချို့သော ကျောင်းတွေမှာ သင်ကြားရေးဆရာ လိုအပ်ချက်ရှိတာတွေအပြင် ပညာရည်ထူးချွန်တဲ့ ကျောင်းသား ကျောင်းသူ တစ်ချို့ဟာ မြို့ပြဒေသက ကျောင်းတွေကို ပြောင်းရွှေ့တက်ရောက်ကြတာ ဖြစ်နိုင်တယ်လို့လည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထွန်းလှ က ဆိုပါတယ်။

ထို့အပြင် တည်ငြိမ်မှုမရှိတဲ့ ကျေးရွာတွေမှာ ကျောင်းစာသင်ကြားမှု ပုံမှန်မရှိခဲ့တဲ့ အခြေအနေတွေ၊ မိဘတွေရဲ့ ရွှေ့ပြောင်းနေထိုင်ရာသို့ လိုက်ပါကြရတဲ့ အဖြစ်တွေကလည်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်အတွက် ပညာရေးအခြေခံကောင်းဖို့ အားနည်းချက်များဖြစ်စေခဲ့တယ်လို့ ဒေသခံ ပြင်ပကျူရှင်ဆရာတစ်ဦးက ပြောပြပါတယ်။

နေ့စဉ်ပြောင်းလဲနေတဲ့ စာရင်းတွေ

ရခိုင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲရှောင်ရင်း ရွှေ့ပြောင်းလာရောက်တဲ့သူတွေ များစွာရှိပေမယ့် စာရင်းအနေနဲ့တော့ နေ့စဉ်ပြောင်းလဲနေတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ပြောပါတယ်။

“တစ်ချို့ကျတော့လည်း ကျောင်းဖွင့်ချိန်အမီ ပြန်ကြတာတွေရှိတယ်၊ တိုက်ပွဲက ဘူးသီးတောင်ဘက်မှာဖြစ်တာ၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဘက် အစပ် ဟိုဘက်ခြမ်းတွေပေါ့၊ မောင်တောမှာတော့ မဖြစ်ဘူး၊ တော်တော်များများလည်း ကျောင်းဖွင့်ချိန်အမှီ ပြန်ကြတယ်၊ တစ်ချို့ဆိုရင်လာတုန်းက တောင်ကိုကျော်ပြီး ဒီဘက်ကိုလာပြီးတော့ ပြန်တဲ့အခါကျတော့ ဟိုဘက်ကနေပတ်ပြီး ပြန်ဖို့အတွက် စီစဉ်ပေးရတာလည်း ရှိပါတယ်၊ စာရင်းအနေနဲ့ကတော့ နေ့စဉ်ပြောင်းလဲနေတာ၊ အများဆုံးဖြစ်တဲ့အချိန်မှာဆိုရင် တိုက်ပွဲရှောင်က ၁၂၆၈၀ ဦး ရှိတယ်၊ တိုက်ပွဲရှောင် ၉၀၀၀ ကျော်လောက်က သူ့ဒေသကိုသူ ပြန်သွားပြီး သူတို့ရဲ့သားသမီးတွေကို ကျောင်းပြန်ထားကြပါပြီ၊ လက်ရှိမှာတော့ ကျား ၁၁၈၂ ဦးနဲ့ မ ၁၅၅၀ ဦး စုစုပေါင်း ၂၇၃၂ ဦးတော့ ရှိပါတယ်၊ သူတို့ထဲမှာလည်း အခြေအနေပြန်အေးတာနဲ့ ပြန်ကြတာကြောင့် စာရင်းအတိအကျကတော့ အမြဲကိုပြောင်းလဲနေတာ ဖြစ်ပါတယ်” လို့ ရခိုင်ပြည်နယ်သို့ သတင်းမီဒီယာများ ၃၁ ကြိမ်မြောက် သတင်းယူရောက်ရှိစဉ်မှာ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ရှင်းပြခဲ့ပါတယ်။

ယခုပညာသင်နှစ်ထဲမှာ ရခိုင်ပြည်နယ်ထဲက စာသင်ကျောင်းတွေကို အဆင့်တိုးမြှင့်် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး မူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခဲ့တာတွေ၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်းကျောင်း(ခွဲ)၊ အလယ်တန်း၊ မူလတန်းလွန်ကျောင်း၊ မူလတန်းကျောင်းခွဲ အစရှိတဲ့ ကျောင်းအဆင့်တိုးမြှင့််တာတွေကို ရခိုင်ပြည်နယ်တစ်ခုလုံးက ကျောင်းပေါင်း ၅၂၅ ကျောင်းကို ခွင့်ပြုတိုးမြှင့်ပေးခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

စည်ကားစွာ သွားလာလှုပ်ရှားနေကြတဲ့ သဲချောင်းဒုက္ခသည်စခန်း

ရခိုင်ပြည်နယ်ကို သတင်းမီဒီယာအဖွဲ့တွေနဲ့ ၃၁ ကြိမ်မြောက် သတင်းရယူတဲ့ အစီအစဉ်မှာ စစ်တွေမြို့ပေါ်မှာရှိတဲ့ သဲချောင်းဒုက္ခသည်စခန်းကို လေ့လာရောက်ရှိခဲ့ချိန်မှာ ဈေးဝယ်သူတွေ ဥဒဟိုသွားလာသူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။

အဆိုပါ သဲချောင်းဒုက္ခသည်စခန်းမှာ ရခိုင်၊ ကမန်၊ မွတ်စလင်တွေ နေထိုင်ကြပြီး ၁၂၉၂၉ ဦး နေထိုင်ကြတယ်လို့ ဒုက္ခသည်စခန်း စီမံခန့်ခွဲမှုကော်မတီရဲ့ အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်စိန် က ရှင်းပြပါတယ်။ထိုဒေသမှာ ကျောင်းနေအရွယ် ကလေးတွေနဲ့ လူလတ်ပိုင်းအရွယ်တွေကို များစွာတွေ့ရ သလို ပွဲဈေးတန်းကြီးတစ်ခုလို ဖုန်တထောင်းထောင်းကြားမှ သွားလာလှုပ်ရှားနေတာကို မြင်တွေ့ခဲ့ရပါတယ်။

“ဒီနားက လူတွေက ပညာရေးကို အလေးမထားကြဘူး၊ မြို့ပေါ်ကဆင်းလာတဲ့ လူလောက်ကပဲ ပညာရေးကို အလေးထားတာ ရှိတယ်၊ ပထမဆုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် ခိုးတာဝှက်တာ၊ လုတာရှိပေမယ့် အခုတော့ ပေါင်းပြီးတော့ လုပ်ကိုင်စားသောက်ကြတယ်၊ သဟဇာတဖြစ်အောင် နေထိုင်လို့ရအောင် နေကြတယ်” လို့ ရှင်းပြပါတယ်။

ထိုဒုက္ခသည်စခန်းမှာ ယာယီစာသင်ဆောင်တွေ ထားရှိပြီး မူလတန်းအရွယ် ကလေးတွေအတွက် ပညာသင်ကြားဖို့ အစီအမံတွေနဲ့ လုပ်ဆောင်ပေးကြသလို ကလေး ၁၅၀ ဝန်းကျင်လောက် သင်ကြားနေတဲ့အပြင် တက်ရောက်သင်ယူတဲ့သူတွေဟာ အလွန်နည်းပါးလို့နေပါတယ်။လေးတန်းအောင်ကာ အလယ်တန်းအရွယ်ရောက်တာနဲ့ အလယ်တန်းပညာ သင်ယူဖို့ သွားရောက်ရတဲ့ ကျောင်းနေရာဟာ ဝေးကွာတာတွေကြောင့်လည်း အနီးတစ်ဝိုက်မှာပဲ ရှာကြံလုပ်ကိုင်စားကြရတယ်လို့ ဆိုပါတယ်။

“LWF အဖွဲ့က Volunteer  ဆရာတွေလာသင်တယ်၊ တကယ်တော့ လာသင်တဲ့ဆရာတွေဟာ ဒေသက ၁၀တန်းအောင် ကျောင်းသားတွေကို ပြန်ခန့်ထားတာဆိုတော့ သင်ကြားရေးပိုင်းမှာ အရည်အသွေးက အလွန်ပဲ နည်းပါးနေပါသေးတယ်၊ ကျောင်းဆက်မနေတဲ့ ကလေးတွေလည်း ဒီမှာအများကြီးပဲ၊ ဒီအတိုင်းပဲနေကြတယ်၊ ကြီးတဲ့ကလေးတွေပေါ့ ၁၈ နှစ် အသက် ၂၀ လောက်ဆိုရင် ရေလုပ်ငန်းလုပ်တာတွေ ဆိုက်ကားနင်းတာတွေနဲ့ ကျပန်းလုပ်ငန်း လုပ်ကိုင်တာတွေရှိတယ်” လို့ သူက ရှင်းပြပါတယ်။

ယခုလိုစည်ကားနေတာဟာ စစ်တွေမြို့ပေါ်ကနေ ကုန်ပစ္စည်းတွေကို ဖြန့်ချီလုပ်ကိုင်သွားလာကြရင်း စည်ကားနေတာလည်း ဖြစ်တယ်လို့ ဘုမေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစံမြကျော် က ဆိုပါတယ်။ထိုနေရာမှာ နေထိုင်သူတွေဟာ ယခုဆိုရင် ခုနစ်နှစ်လောက်ရှိနေပြီး မိမိတို့သားသမီးတွေရဲ့ ပညာရေးထက် လတ်တလော လုပ်ကိုင်စားသောက်နိုင်မယ့် အခြေအနေမျိုးကိုပဲ လိုလားကြပြီး ပညာရေးကို အလှမ်းဝေးကွာသလို အနေအထားမျိုး ဖြစ်စေခဲ့ပါတယ်။

ခံယူချက်ကြောင့် နိမ့်ပါးတဲ့ပညာရေးကြုံရ

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေနဲ့ ဘင်္ဂါလီတွေမှာ ပညာရေးနိမ့်ပါးနေတာဟာ သူတို့ကိုယ်တိုင် ရွေးချယ်သော ခံယူချက်ကြောင့်လည်း ဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ပြောပြပါတယ်။

“သူတို့ကို ပညာသင်ဖို့ အခွင့်အလမ်းပေးပါတယ်၊ ကျောင်းတွေမှာလည်း တက်ရောက်ပညာသင်ယူလို့ ရပေမယ့် မသင်တာက သူတို့ရဲ့ ရွေးချယ်မှုတွေ ခံယူချက်တွေကြောင့်ပဲလေ၊ ကိုယ်တွေက ကျောင်းတက်နိုင်အောင် စီစဉ်ပေးပါတယ်” လို့ သူက ရှင်းပြပါတယ်။လူမှုကွန်ရက်တွေ အပါအဝင် ရခိုင်ကိစ္စ သတင်းတွေမှာ နာမည်ကြီးခဲ့တဲ့ အင်းဒင်ကျေးရွာသို့ လေ့လာရောက်ရှိတဲ့အချိန်မှာတော့ ကျောင်းမဖွင့်သေးတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို မမြင်ခဲ့ရပေမယ့် အထက်တန်းကျောင်းခွဲအဖြစ် အဆင့်မြှင့်တင်ခွင့်ပြုထားတဲ့ အင်းဒင်ကျေးရွာက စာသင်ကျောင်းကတော့ ရွာအဝင်လမ်းမထိပ်မှာ ခန့်ညားစွာတည်ရှိနေတာ မြင်ရပါတယ်။

ကျေးရွာထဲ လှည့်လည်လေ့လာချိန်မှာတော့ အိမ်တိုင်းနီးပါးလိုလို ခွေးမွေးထားတာတွေကို ထူးထူးခြားခြား တွေ့ရသလို ကျောင်းသားလူငယ်အရွယ် ကလေးတွေဟာ သောက်သုံးရေအတွက် ကြိုးပမ်းကာ ခပ်ယူလုပ်ကိုင်နေတာတွေကိုလည်း မြင်ခဲ့ရပါတယ်။ရွာအလယ်က အုတ်ရေကန်ကြီးမှာ ဝိုင်းအုံပြီး ရေလာခပ်ကာ စည်ကားနေတဲ့ မြင်ကွင်းမျိုးကို မြင်ရပေမယ့် ရွာရဲ့ လတ်တလောအခြေအနေအတွက် မေးမြန်းတဲ့အခါမှာတော့ ဖြေကြားမယ့်သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။

အငူမော်-မောင်တော လမ်းပေါ်မှာရှိတဲ့ ထိုကျေးရွာလေးကနေ မောင်တောမြို့ကိုသွားတဲ့ လမ်းတစ်လျှောက်မှာ မူလတန်းကျောင်းတွေ၊ မူလတန်းကျောင်းခွဲတွေကိုလည်း အများအပြားတွေ့ရတာဟာလည်း ဒေသခံတွေရဲ့ ပညာရေးဖွံ့ဖြိုးဖို့ အခြေခံကောင်းတွေဖြစ်လာစေတဲ့ အနေအထားမျိုး ရှုမြင်မိပါတယ်။ပညာရေးကို အလေးမထားတဲ့ ဘင်္ဂါလီတွေဟာ ပညာရည်အခြေအနေနဲ့ မူတည်ကာ ရွေးချယ်နေရာပေးတဲ့ ဌာနဆိုင်ရာလိုမျိုး အလုပ်တွေထက် ကျပန်းအလုပ်တွေ အပါအဝင် NGO တွေမှာ အများဆုံး လုပ်ကိုင်နေကြတာကိုလည်း တွေ့ရပါတယ်။အဓိက ကတော့ ပညာကို ကိုယ်တိုင်လိုလိုလားလားနဲ့ သင်ယူချင်စိတ်၊ တတ်မြောက်ချင်စိတ် ခံယူချက် ပြင်းပြဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုအဖြစ် ပါဝင်လျက်ရှိပါတယ်။

တည်ငြိမ်မှုမှ တိုးတက်မှုဆီသို့

မြန်မာနိုင်ငံရဲ့ ရှည်လျားလှတဲ့ ကမ်းရိုးတန်းကြီးကို အမှီပြုကာ နေထိုင်ကြတဲ့ ရခိုင်ဒေသမှာတော့ ကျေးလက်ဒေသတွေမှာ လတ်တလော စားဝတ်နေရေး ပြေလည်ရေးအတွက် အသက်မွေးဝမ်းကျောင်း အလုပ်တွေကိုသာ စိတ်ဝင်စားသူတွေ ရှိတာကြောင့်လည်း ပညာရေးကဏ္ဍမှာ တိုးတက်သင့်သလောက် မဖြစ်သေးတဲ့အပြင် တစ်ချို့သော ကျေးလက်စာသင်ကျောင်းတွေမှာ သင်ကြားရေး ဆရာ၊ ဆရာမ မလုံလောက်တဲ့ အခြေအနေတွေကလည်း ကြီးမားတဲ့ လိုအပ်ချက်တစ်ခုလို ဖြစ်နေပါတယ်။

ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာတွေက လုပ်ဆောင်နေကြသလို ၂၀၁၇ က ဖြစ်ခဲ့တဲ့ အခြေအနေတွေ ပြီးတဲ့နောက်မှာ တစ်ရှိန်ထိုးလုပ်ကိုင်လာခဲ့ကြပါတယ်။လမ်းအခြေအနေ အခက်အခဲကြောင့် ငါးနာရီ၊ ခြောက်နာရီလောက် သွားလာရတဲ့ အငူမော်-မောင်တော လမ်းမကြီးဟာ အခုဆိုရင် တစ်နာရီခွဲဝန်းကျင်လောက်ဖြင့် သွားရောက်နိုင်တာကြောင့်လည်း ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန် ချောမွေ့စေရေးကို အထောက်အကူပြုစေတဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်ထားတာ မျက်ဝါးထင်ထင် မြင်ရပါတယ်။ထိုသို့သော ကူးသန်းရောင်းဝယ်မှုတွေ ဖွံ့ဖြိုးလာစေဖို့ တည်ငြိမ်အေးချမ်းမှု ရှိစေရေးကလည်း ပြန်လည်အထောက်အကူ ပြုနေပြန်ပါတယ်။

ယခုဆိုရင် နှစ်နိုင်ငံအစိုးရရဲ့ အစီအစဉ်တွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံနိုင်ဖို့အတွက် မောင်တောခရိုင်ထဲမှာ ပြန်လည်လက်ခံရေးစခန်းတွေအဖြစ် ရေလမ်းမှ လာသူတွေကို ငါးခူရစခန်းနဲ့ ကုန်းလမ်းမှ လာသူတွေကို တောင်ပြိုလက်ဝဲတို့မှာ လက်ခံရေးစခန်းတွေကို တည်ဆောက်ထားပြီး စနစ်တကျ စိစစ်ကာ နေရာပြန်လည်ချပေးဖို့အတွက်ကိုလည်း နိုင်ငံတကာရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ အဆောက်အအုံတွေကိုလည်း ကြိမ်ချောင်း (တောင်) ကျေးရွာမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။ပြန်လည်လက်ခံရေး အစီအစဉ်တွေအတွက် ဌာနပေါင်းစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ထားတာတွေရှိသလို ပြန်လည်နေရာချထားပေးတဲ့အခါ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် လိုလေသေးမရှိအောင် စနစ်တကျ စီမံဆောင်ရွက်ထားတာကိုလည်း ပြန်လည်လက်ခံရေးစခန်း (ငါးခူရ) မှ စခန်းတာဝန်ခံ ဦးကျော်စိန် က ရှင်းပြပါတယ်။

ကျေးလက်ဒေသတွေပါမကျန် ပညာရေးဖွံ့ဖြိုးတိုးတက်မှု ရှိလာတဲ့အခါ အသိပညာတွေလည်း တိုးတက်လာစေပြီး အမှားအမှန် ဝေဖန်ပိုင်းခြားလာနိုင်မယ့်အပြင် အကျိုးအကြောင်း ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။ထို့အတွက် ပညာရေးဖွံ့ဖြိုးဖို့က မဖြစ်မနေကြိုးပမ်းကြရမယ့် အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ယခုဆိုရင် ပညာရေးဝန်ကြီးဌာနက မူလတန်းအရွယ်တွေအတွက် အခမဲ့ပညာရေးစနစ်အဖြစ် သတ်မှတ်လုပ်ကိုင်နေတာတွေ၊ ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ် တစ်ဒါဇင် အခမဲ့ပေးတာတွေ၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေအတွက် အခမဲ့ပညာရေးနဲ့ ပုံနှိပ်စာအုပ် အခမဲ့ပေးတာတွေကို လုပ်ဆောင်လာကြသလို ယခုပညာသင်နှစ်မှ စတင်ကာ ဆရာ၊ ဆရာမတွေအတွက် ကျောင်းလုံချည်များ အခမဲ့ထုတ်ပေးနိုင်ရန်လည်း စီစဉ်လာလျက်ရှိပါတယ်။

ထိုကဲ့သို့သော ပညာသင်ကြားဖို့ အခွင့်အလမ်းကောင်းတွေဟာ ပတ်ဝန်းကျင်မှာရှိလာတာကို အမိအရ ဖမ်းဆုပ်ရင်း မိမိတို့ရဲ့သားသမီးတွေရဲ့ပညာရေးကို ဦးစားပေးကြရင်း ဆင်ခြင်တွေးတောချိန်ဆနိုင်မှု အားကောင်းတဲ့ အနာဂတ် လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်စေရန်ပျိုးထောင်လာနိုင်သလို ပညာရေးနဲ့ အခြေခံကောင်းလာတာနဲ့ ဒေသဖွံ့ဖြိုးရေးကိုလည်း အပြန်အလှန်ဆွဲတင်နိုင်စေမှာဖြစ်စေသလို ဘာသာရေး၊ လူမျိုးရေး အစရှိသော ပဋိပက္ခအဖုံဖုံတွေကြောင့် မြေစာပင်လိုဖြစ်နေရတဲ့ ကလေးတွေရဲ့ဘဝကို မြှင့်တင်ကာ အေးချမ်းစွာ ပညာသင်ကြားရေးအတွက် မိဘအုပ်ထိန်းသူတွေ၊ ဒေသအုပ်ချုပ်သူတွေ အပါအဝင် အကုန်လုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

ဇွဲမာန်
ဇွန် - ၁၁

( Zawgyi )

ဇြန္လရဲ႕ မိုးစက္ေတြနဲ႔အတူ ျမန္မာႏိုင္ငံတစ္ဝန္းလုံးက အေျခခံပညာေက်ာင္းေတြရဲ႕ ေက်ာင္းဖြင့္ခ်ိန္ကာလကို ေရာက္ရွိလာခဲ့ပါတယ္။တစ္ႏွစ္တာရဲ႕ ရာသီစက္ဝန္းတစ္ခု လည္ပတ္လာတာနဲ႔အတူ ျပည္တြင္းေနရာေဒသအသီးသီးက စာသင္ေက်ာင္းေတြမွာ တူညီဝတ္စုံေလးေတြနဲ႔ ေက်ာင္းတက္ၾကတာေတြ၊ ေႏြရာသီကာလမွာ ေျခာက္ေသြ႕ေနတဲ့ စာသင္ေက်ာင္းေတြမွာ ျပန္လည္စည္ကားလာၿပီး စာအံသံေတြလည္း ျပန္လည္အသက္ဝင္ လႈပ္ရွားလို႔လာၾကပါတယ္။

ထိုကဲ့သို႔ ျပည္တြင္းက ေဒသအမ်ားစုမွာရွိတဲ့ စာသင္ေက်ာင္းေတြမွာ စာအံသံေတြနဲ႔ အသက္ဝင္လႈပ္ရွားလာေပမယ့္ ရခိုင္ျပည္နယ္ထဲက စစ္ေဘးေရွာင္မိသားစုေတြ ေနထိုင္ရာ ေက်း႐ြာတစ္ခ်ိဳ႕က စာသင္ေက်ာင္းေတြမွာေတာ့ တိတ္ဆိတ္လို႔ေနပါေသးတယ္။

“နီးစပ္ရာေက်ာင္းေတြမွာ တက္ေရာက္ဖို႔ ခြင့္ျပဳေပမယ့္ ကေလးေတြကို မထားျဖစ္ဘူးေလ” လို႔လည္း ဘူးသီးေတာင္ၿမိဳ႕နယ္ကေန စစ္ေတြၿမိဳ႕က ေဆြမ်ိဳးေတြဆီကို ေခတၱလာေရာက္ေနထိုင္ၾကတဲ့ ကိုႏိုင္ဝင္း က ဆိုပါတယ္။လတ္တေလာမွာေတာ့ ရခိုင္ျပည္နယ္ထဲ ေမလအထိ စစ္ေဘးေရွာင္စခန္းေပါင္း ၁၀၀ ဝန္းက်င္ေလာက္ရွိၿပီး မိသားစုေတြအေနနဲ႔ မိမိတို႔ရဲ႕ သားသမီးေတြကို နီးစပ္ရာေက်ာင္းမွာ အပ္ႏွံဖို႔ ၫႊန္ၾကားထားေပမယ့္ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ေမာင္ေတာေဒသက ေက်း႐ြာတစ္ခ်ိဳ႕က ကေလးေတြဟာ မိဘေတြနဲ႔အတူ ယာယီေ႐ႊ႕ေျပာင္း သြားလာေနထိုင္ၾကရင္း ေက်ာင္းတက္ဖို႔ အခြင့္အေရး ဆုံးရႈံးေနတာေတြရွိတယ္လို႔ ေဒသခံေတြက ဆိုၾကပါတယ္။

ေက်ာင္းမ်ားျပန္ဖြင့္

ရခိုင္ျပည္နယ္ထဲမွာ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ စာသင္ေက်ာင္းေတြ အကုန္လုံးနီးပါးလိုလိုကို ဖြင့္လွစ္ေနၿပီး ပညာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ ပညာေရးျပဳျပင္ေျပာင္းလဲမႈ နည္းစနစ္ေတြအတိုင္း ျပည္နယ္ပညာေရးမႉး႐ုံးက အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လာခဲ့ပါတယ္။တစ္ခ်ိဳ႕ေသာ ေဝးလံတဲ့ ေက်း႐ြာက ေက်ာင္းေတြမွာ တာဝန္က်တဲ့ ဆရာ၊ ဆရာမေတြကို ေက်ာင္းမဖြင့္ခင္ ေမလေနာက္ဆုံးပတ္ကတည္းက ေရာက္ရွိေနေစဖို႔ ၫႊန္ၾကားထားတာေတြလည္း ရွိပါတယ္။

“ကြၽန္ေတာ္သိသေလာက္ကေတာ့ ပိတ္ထားတဲ့ေက်ာင္း မရွိေအာင္ ေက်ာင္းေတာ္ေတာ္မ်ားမ်ားဖြင့္ပါၿပီ၊ ေက်ာင္းေနအ႐ြယ္ ကေလးတိုင္းကိုလည္း ေက်ာင္းတက္ႏိုင္ဖို႔ အသိေပးတာေတြလုပ္ခဲ့သလို ျပည္နယ္အဆင့္ကေန ဦးစီးၿပီးေတာ့ ေက်ာင္းအပ္ႏွံေရး သီတင္းပတ္အေနနဲ႔ လုပ္ေဆာင္ခဲ့တာေတြလည္း ရွိခဲ့ပါတယ္” လို႔လည္း ေမာင္ေတာခ႐ိုင္ ပညာေရးမႉး ဦးခင္ေအာင္ က ဆိုပါတယ္။

ရခိုင္ျပည္နယ္ထဲမွာ လြန္ခဲ့တဲ့ မတ္လက က်င္းပခဲ့တဲ့ ၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေက်ာင္းသား၊ ေက်ာင္းသူ ၄၂၄၁၆ ဦး ဝင္ေရာက္ေျဖဆိုခဲ့ၾကၿပီး ဇြန္လ ၈ ရက္ ေအာင္စာရင္းထုတ္ျပန္ခ်ိန္မွာေတာ့ ၁၀၁၆၅ ဦး ေအာင္ျမင္ခဲ့ကာ ေအာင္ျမင္မႈရာခိုင္ႏႈန္းဟာ ၂၃ ဒသမ ၉၇ ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။ယခုႏွစ္စာေမးပြဲမွာ ေျခာက္ဘာသာ ဂုဏ္ထူးရွင္ ၁၆ ဦး၊ ငါးဘာသာဂုဏ္ထူးရွင္ ၂၂ ဦး၊ ေလးဘာသာဂုဏ္ထူးရွင္ ၂၆ ဦး၊ သုံးဘာသာဂုဏ္ထူးရွင္ ၄၇ ဦး၊ ႏွစ္ဘာသာဂုဏ္ထူးရွင္ ၁၄၄ ဦး၊ တစ္ဘာသာဂုဏ္ထူးရွင္ ၆၂၉ ဦး စုစုေပါင္း ဂုဏ္ထူးရ ေက်ာင္းသား၊ ေက်ာင္းသူ ၈၈၄ ဦးတို႔ ေပၚထြက္ခဲ့သလို ၂၀၁၈ ခုႏွစ္က ေအာင္ခ်က္ ၂၁ ဒသမ ၄၅ ရာခိုင္ႏႈန္းထက္ ေက်ာ္လြန္ခဲ့ေပမယ့္ တစ္ေယာက္မွ မေအာင္ျမင္ခဲ့တဲ့ ေက်ာင္းေပါင္း ၂၂ ေက်ာင္း ရွိခဲ့ပါေသးတယ္။ထိုကဲ့သို႔ ျဖစ္ခဲ့ရတာဟာ အေျခအေနမ်ားစြာေၾကာင့္လည္းျဖစ္သလို တစ္ခ်ိဳ႕ေသာ ေက်ာင္းေတြမွာ သင္ၾကားေရးဆရာ လိုအပ္ခ်က္ရွိတာေတြအျပင္ ပညာရည္ထူးခြၽန္တဲ့ ေက်ာင္းသား ေက်ာင္းသူ တစ္ခ်ိဳ႕ဟာ ၿမိဳ႕ျပေဒသက ေက်ာင္းေတြကို ေျပာင္းေ႐ႊ႕တက္ေရာက္ၾကတာ ျဖစ္ႏိုင္တယ္လို႔လည္း ရခိုင္ျပည္နယ္ ပညာေရးမႉး႐ုံးမွ ဒုတိယၫႊန္ၾကားေရးမႉး ဦးေစာထြန္းလွ က ဆိုပါတယ္။

ထို႔အျပင္ တည္ၿငိမ္မႈမရွိတဲ့ ေက်း႐ြာေတြမွာ ေက်ာင္းစာသင္ၾကားမႈ ပုံမွန္မရွိခဲ့တဲ့ အေျခအေနေတြ၊ မိဘေတြရဲ႕ ေ႐ႊ႕ေျပာင္းေနထိုင္ရာသို႔ လိုက္ပါၾကရတဲ့ အျဖစ္ေတြကလည္း ေက်ာင္းသား၊ ေက်ာင္းသူ ကေလးငယ္အတြက္ ပညာေရးအေျခခံေကာင္းဖို႔ အားနည္းခ်က္မ်ားျဖစ္ေစခဲ့တယ္လို႔ ေဒသခံ ျပင္ပက်ဴရွင္ဆရာတစ္ဦးက ေျပာျပပါတယ္။

ေန႔စဥ္ေျပာင္းလဲေနတဲ့ စာရင္းေတြ

ရခိုင္ျပည္နယ္ထဲက ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာေၾကာင့္ တိုက္ပြဲေရွာင္ရင္း ေ႐ႊ႕ေျပာင္းလာေရာက္တဲ့သူေတြ မ်ားစြာရွိေပမယ့္ စာရင္းအေနနဲ႔ေတာ့ ေန႔စဥ္ေျပာင္းလဲေနတဲ့ အေျခအေနမ်ိဳး ျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ က ေျပာပါတယ္။

“တစ္ခ်ိဳ႕က်ေတာ့လည္း ေက်ာင္းဖြင့္ခ်ိန္အမီ ျပန္ၾကတာေတြရွိတယ္၊ တိုက္ပြဲက ဘူးသီးေတာင္ဘက္မွာျဖစ္တာ၊ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ဘက္ အစပ္ ဟိုဘက္ျခမ္းေတြေပါ့၊ ေမာင္ေတာမွာေတာ့ မျဖစ္ဘူး၊ ေတာ္ေတာ္မ်ားမ်ားလည္း ေက်ာင္းဖြင့္ခ်ိန္အမွီ ျပန္ၾကတယ္၊ တစ္ခ်ိဳ႕ဆိုရင္လာတုန္းက ေတာင္ကိုေက်ာ္ၿပီး ဒီဘက္ကိုလာၿပီးေတာ့ ျပန္တဲ့အခါက်ေတာ့ ဟိုဘက္ကေနပတ္ၿပီး ျပန္ဖို႔အတြက္ စီစဥ္ေပးရတာလည္း ရွိပါတယ္၊ စာရင္းအေနနဲ႔ကေတာ့ ေန႔စဥ္ေျပာင္းလဲေနတာ၊ အမ်ားဆုံးျဖစ္တဲ့အခ်ိန္မွာဆိုရင္ တိုက္ပြဲေရွာင္က ၁၂၆၈၀ ဦး ရွိတယ္၊ တိုက္ပြဲေရွာင္ ၉၀၀၀ ေက်ာ္ေလာက္က သူ႔ေဒသကိုသူ ျပန္သြားၿပီး သူတို႔ရဲ႕သားသမီးေတြကို ေက်ာင္းျပန္ထားၾကပါၿပီ၊ လက္ရွိမွာေတာ့ က်ား ၁၁၈၂ ဦးနဲ႔ မ ၁၅၅၀ ဦး စုစုေပါင္း ၂၇၃၂ ဦးေတာ့ ရွိပါတယ္၊ သူတို႔ထဲမွာလည္း အေျခအေနျပန္ေအးတာနဲ႔ ျပန္ၾကတာေၾကာင့္ စာရင္းအတိအက်ကေတာ့ အၿမဲကိုေျပာင္းလဲေနတာ ျဖစ္ပါတယ္” လို႔ ရခိုင္ျပည္နယ္သို႔ သတင္းမီဒီယာမ်ား ၃၁ ႀကိမ္ေျမာက္ သတင္းယူေရာက္ရွိစဥ္မွာ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ က ရွင္းျပခဲ့ပါတယ္။

ယခုပညာသင္ႏွစ္ထဲမွာ ရခိုင္ျပည္နယ္ထဲက စာသင္ေက်ာင္းေတြကို အဆင့္တိုးျမႇင့္္ ဖြင့္လွစ္ခြင့္ျပဳခဲ့ၿပီး မူလတန္းေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ခဲ့တာေတြ၊ အထက္တန္းေက်ာင္း(ခြဲ)၊ အလယ္တန္းေက်ာင္း(ခြဲ)၊ အလယ္တန္း၊ မူလတန္းလြန္ေက်ာင္း၊ မူလတန္းေက်ာင္းခြဲ အစရွိတဲ့ ေက်ာင္းအဆင့္တိုးျမႇင့္္တာေတြကို ရခိုင္ျပည္နယ္တစ္ခုလုံးက ေက်ာင္းေပါင္း ၅၂၅ ေက်ာင္းကို ခြင့္ျပဳတိုးျမႇင့္ေပးခဲ့တယ္လို႔ ပညာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

စည္ကားစြာ သြားလာလႈပ္ရွားေနၾကတဲ့ သဲေခ်ာင္းဒုကၡသည္စခန္း

ရခိုင္ျပည္နယ္ကို သတင္းမီဒီယာအဖြဲ႕ေတြနဲ႔ ၃၁ ႀကိမ္ေျမာက္ သတင္းရယူတဲ့ အစီအစဥ္မွာ စစ္ေတြၿမိဳ႕ေပၚမွာရွိတဲ့ သဲေခ်ာင္းဒုကၡသည္စခန္းကို ေလ့လာေရာက္ရွိခဲ့ခ်ိန္မွာ ေဈးဝယ္သူေတြ ဥဒဟိုသြားလာသူေတြနဲ႔ စည္ကားေနတာကို ေတြ႕ရပါတယ္။

အဆိုပါ သဲေခ်ာင္းဒုကၡသည္စခန္းမွာ ရခိုင္၊ ကမန္၊ မြတ္စလင္ေတြ ေနထိုင္ၾကၿပီး ၁၂၉၂၉ ဦး ေနထိုင္ၾကတယ္လို႔ ဒုကၡသည္စခန္း စီမံခန႔္ခြဲမႈေကာ္မတီရဲ႕ အဖြဲ႕ေခါင္းေဆာင္ ဦးေမာင္ေမာင္စိန္ က ရွင္းျပပါတယ္။ထိုေဒသမွာ ေက်ာင္းေနအ႐ြယ္ ကေလးေတြနဲ႔ လူလတ္ပိုင္းအ႐ြယ္ေတြကို မ်ားစြာေတြ႕ရ သလို ပြဲေဈးတန္းႀကီးတစ္ခုလို ဖုန္တေထာင္းေထာင္းၾကားမွ သြားလာလႈပ္ရွားေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

“ဒီနားက လူေတြက ပညာေရးကို အေလးမထားၾကဘူး၊ ၿမိဳ႕ေပၚကဆင္းလာတဲ့ လူေလာက္ကပဲ ပညာေရးကို အေလးထားတာ ရွိတယ္၊ ပထမဆုံးကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ခိုးတာဝွက္တာ၊ လုတာရွိေပမယ့္ အခုေတာ့ ေပါင္းၿပီးေတာ့ လုပ္ကိုင္စားေသာက္ၾကတယ္၊ သဟဇာတျဖစ္ေအာင္ ေနထိုင္လို႔ရေအာင္ ေနၾကတယ္” လို႔ ရွင္းျပပါတယ္။

ထိုဒုကၡသည္စခန္းမွာ ယာယီစာသင္ေဆာင္ေတြ ထားရွိၿပီး မူလတန္းအ႐ြယ္ ကေလးေတြအတြက္ ပညာသင္ၾကားဖို႔ အစီအမံေတြနဲ႔ လုပ္ေဆာင္ေပးၾကသလို ကေလး ၁၅၀ ဝန္းက်င္ေလာက္ သင္ၾကားေနတဲ့အျပင္ တက္ေရာက္သင္ယူတဲ့သူေတြဟာ အလြန္နည္းပါးလို႔ေနပါတယ္။ေလးတန္းေအာင္ကာ အလယ္တန္းအ႐ြယ္ေရာက္တာနဲ႔ အလယ္တန္းပညာ သင္ယူဖို႔ သြားေရာက္ရတဲ့ ေက်ာင္းေနရာဟာ ေဝးကြာတာေတြေၾကာင့္လည္း အနီးတစ္ဝိုက္မွာပဲ ရွာႀကံလုပ္ကိုင္စားၾကရတယ္လို႔ ဆိုပါတယ္။

“LWF အဖြဲ႕က Volunteer  ဆရာေတြလာသင္တယ္၊ တကယ္ေတာ့ လာသင္တဲ့ဆရာေတြဟာ ေဒသက ၁၀တန္းေအာင္ ေက်ာင္းသားေတြကို ျပန္ခန႔္ထားတာဆိုေတာ့ သင္ၾကားေရးပိုင္းမွာ အရည္အေသြးက အလြန္ပဲ နည္းပါးေနပါေသးတယ္၊ ေက်ာင္းဆက္မေနတဲ့ ကေလးေတြလည္း ဒီမွာအမ်ားႀကီးပဲ၊ ဒီအတိုင္းပဲေနၾကတယ္၊ ႀကီးတဲ့ကေလးေတြေပါ့ ၁၈ ႏွစ္ အသက္ ၂၀ ေလာက္ဆိုရင္ ေရလုပ္ငန္းလုပ္တာေတြ ဆိုက္ကားနင္းတာေတြနဲ႔ က်ပန္းလုပ္ငန္း လုပ္ကိုင္တာေတြရွိတယ္” လို႔ သူက ရွင္းျပပါတယ္။

ယခုလိုစည္ကားေနတာဟာ စစ္ေတြၿမိဳ႕ေပၚကေန ကုန္ပစၥည္းေတြကို ျဖန႔္ခ်ီလုပ္ကိုင္သြားလာၾကရင္း စည္ကားေနတာလည္း ျဖစ္တယ္လို႔ ဘုေမေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးစံျမေက်ာ္ က ဆိုပါတယ္။ထိုေနရာမွာ ေနထိုင္သူေတြဟာ ယခုဆိုရင္ ခုနစ္ႏွစ္ေလာက္ရွိေနၿပီး မိမိတို႔သားသမီးေတြရဲ႕ ပညာေရးထက္ လတ္တေလာ လုပ္ကိုင္စားေသာက္ႏိုင္မယ့္ အေျခအေနမ်ိဳးကိုပဲ လိုလားၾကၿပီး ပညာေရးကို အလွမ္းေဝးကြာသလို အေနအထားမ်ိဳး ျဖစ္ေစခဲ့ပါတယ္။

ခံယူခ်က္ေၾကာင့္ နိမ့္ပါးတဲ့ပညာေရးႀကဳံရ

ရခိုင္ျပည္နယ္ထဲက ဒုကၡသည္စခန္းမွာ ေနထိုင္သူေတြနဲ႔ ဘဂၤါလီေတြမွာ ပညာေရးနိမ့္ပါးေနတာဟာ သူတို႔ကိုယ္တိုင္ ေ႐ြးခ်ယ္ေသာ ခံယူခ်က္ေၾကာင့္လည္း ျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ က ေျပာျပပါတယ္။

“သူတို႔ကို ပညာသင္ဖို႔ အခြင့္အလမ္းေပးပါတယ္၊ ေက်ာင္းေတြမွာလည္း တက္ေရာက္ပညာသင္ယူလို႔ ရေပမယ့္ မသင္တာက သူတို႔ရဲ႕ ေ႐ြးခ်ယ္မႈေတြ ခံယူခ်က္ေတြေၾကာင့္ပဲေလ၊ ကိုယ္ေတြက ေက်ာင္းတက္ႏိုင္ေအာင္ စီစဥ္ေပးပါတယ္” လို႔ သူက ရွင္းျပပါတယ္။လူမႈကြန္ရက္ေတြ အပါအဝင္ ရခိုင္ကိစၥ သတင္းေတြမွာ နာမည္ႀကီးခဲ့တဲ့ အင္းဒင္ေက်း႐ြာသို႔ ေလ့လာေရာက္ရွိတဲ့အခ်ိန္မွာေတာ့ ေက်ာင္းမဖြင့္ေသးတဲ့အတြက္ ေက်ာင္းသား၊ ေက်ာင္းသူေတြကို မျမင္ခဲ့ရေပမယ့္ အထက္တန္းေက်ာင္းခြဲအျဖစ္ အဆင့္ျမႇင့္တင္ခြင့္ျပဳထားတဲ့ အင္းဒင္ေက်း႐ြာက စာသင္ေက်ာင္းကေတာ့ ႐ြာအဝင္လမ္းမထိပ္မွာ ခန႔္ညားစြာတည္ရွိေနတာ ျမင္ရပါတယ္။

ေက်း႐ြာထဲ လွည့္လည္ေလ့လာခ်ိန္မွာေတာ့ အိမ္တိုင္းနီးပါးလိုလို ေခြးေမြးထားတာေတြကို ထူးထူးျခားျခား ေတြ႕ရသလို ေက်ာင္းသားလူငယ္အ႐ြယ္ ကေလးေတြဟာ ေသာက္သုံးေရအတြက္ ႀကိဳးပမ္းကာ ခပ္ယူလုပ္ကိုင္ေနတာေတြကိုလည္း ျမင္ခဲ့ရပါတယ္။႐ြာအလယ္က အုတ္ေရကန္ႀကီးမွာ ဝိုင္းအုံၿပီး ေရလာခပ္ကာ စည္ကားေနတဲ့ ျမင္ကြင္းမ်ိဳးကို ျမင္ရေပမယ့္ ႐ြာရဲ႕ လတ္တေလာအေျခအေနအတြက္ ေမးျမန္းတဲ့အခါမွာေတာ့ ေျဖၾကားမယ့္သူ တစ္ေယာက္မွ မရွိခဲ့ပါဘူး။

အငူေမာ္-ေမာင္ေတာ လမ္းေပၚမွာရွိတဲ့ ထိုေက်း႐ြာေလးကေန ေမာင္ေတာၿမိဳ႕ကိုသြားတဲ့ လမ္းတစ္ေလွ်ာက္မွာ မူလတန္းေက်ာင္းေတြ၊ မူလတန္းေက်ာင္းခြဲေတြကိုလည္း အမ်ားအျပားေတြ႕ရတာဟာလည္း ေဒသခံေတြရဲ႕ ပညာေရးဖြံ႕ၿဖိဳးဖို႔ အေျခခံေကာင္းေတြျဖစ္လာေစတဲ့ အေနအထားမ်ိဳး ရႈျမင္မိပါတယ္။ပညာေရးကို အေလးမထားတဲ့ ဘဂၤါလီေတြဟာ ပညာရည္အေျခအေနနဲ႔ မူတည္ကာ ေ႐ြးခ်ယ္ေနရာေပးတဲ့ ဌာနဆိုင္ရာလိုမ်ိဳး အလုပ္ေတြထက္ က်ပန္းအလုပ္ေတြ အပါအဝင္ NGO ေတြမွာ အမ်ားဆုံး လုပ္ကိုင္ေနၾကတာကိုလည္း ေတြ႕ရပါတယ္။အဓိက ကေတာ့ ပညာကို ကိုယ္တိုင္လိုလိုလားလားနဲ႔ သင္ယူခ်င္စိတ္၊ တတ္ေျမာက္ခ်င္စိတ္ ခံယူခ်က္ ျပင္းျပဖို႔ကလည္း အေရးႀကီးတဲ့ အခ်က္တစ္ခုအျဖစ္ ပါဝင္လ်က္ရွိပါတယ္။

တည္ၿငိမ္မႈမွ တိုးတက္မႈဆီသို႔

ျမန္မာႏိုင္ငံရဲ႕ ရွည္လ်ားလွတဲ့ ကမ္း႐ိုးတန္းႀကီးကို အမွီျပဳကာ ေနထိုင္ၾကတဲ့ ရခိုင္ေဒသမွာေတာ့ ေက်းလက္ေဒသေတြမွာ လတ္တေလာ စားဝတ္ေနေရး ေျပလည္ေရးအတြက္ အသက္ေမြးဝမ္းေက်ာင္း အလုပ္ေတြကိုသာ စိတ္ဝင္စားသူေတြ ရွိတာေၾကာင့္လည္း ပညာေရးက႑မွာ တိုးတက္သင့္သေလာက္ မျဖစ္ေသးတဲ့အျပင္ တစ္ခ်ိဳ႕ေသာ ေက်းလက္စာသင္ေက်ာင္းေတြမွာ သင္ၾကားေရး ဆရာ၊ ဆရာမ မလုံေလာက္တဲ့ အေျခအေနေတြကလည္း ႀကီးမားတဲ့ လိုအပ္ခ်က္တစ္ခုလို ျဖစ္ေနပါတယ္။

ေဒသဖြံ႕ၿဖိဳးေရးအတြက္ သက္ဆိုင္ရာေတြက လုပ္ေဆာင္ေနၾကသလို ၂၀၁၇ က ျဖစ္ခဲ့တဲ့ အေျခအေနေတြ ၿပီးတဲ့ေနာက္မွာ တစ္ရွိန္ထိုးလုပ္ကိုင္လာခဲ့ၾကပါတယ္။လမ္းအေျခအေန အခက္အခဲေၾကာင့္ ငါးနာရီ၊ ေျခာက္နာရီေလာက္ သြားလာရတဲ့ အငူေမာ္-ေမာင္ေတာ လမ္းမႀကီးဟာ အခုဆိုရင္ တစ္နာရီခြဲဝန္းက်င္ေလာက္ျဖင့္ သြားေရာက္ႏိုင္တာေၾကာင့္လည္း ကုန္စည္စီးဆင္းမႈ လြယ္ကူလ်င္ျမန္ ေခ်ာေမြ႕ေစေရးကို အေထာက္အကူျပဳေစတဲ့ အေျခအေနမ်ိဳးကို ပိုင္ဆိုင္ထားတာ မ်က္ဝါးထင္ထင္ ျမင္ရပါတယ္။ထိုသို႔ေသာ ကူးသန္းေရာင္းဝယ္မႈေတြ ဖြံ႕ၿဖိဳးလာေစဖို႔ တည္ၿငိမ္ေအးခ်မ္းမႈ ရွိေစေရးကလည္း ျပန္လည္အေထာက္အကူ ျပဳေနျပန္ပါတယ္။

ယခုဆိုရင္ ႏွစ္ႏိုင္ငံအစိုးရရဲ႕ အစီအစဥ္ေတြနဲ႔ ေနရပ္စြန႔္ခြာထြက္ေျပးတဲ့ ဘဂၤါလီေတြကို ျပန္လည္လက္ခံႏိုင္ဖို႔အတြက္ ေမာင္ေတာခ႐ိုင္ထဲမွာ ျပန္လည္လက္ခံေရးစခန္းေတြအျဖစ္ ေရလမ္းမွ လာသူေတြကို ငါးခူရစခန္းနဲ႔ ကုန္းလမ္းမွ လာသူေတြကို ေတာင္ၿပိဳလက္ဝဲတို႔မွာ လက္ခံေရးစခန္းေတြကို တည္ေဆာက္ထားၿပီး စနစ္တက် စိစစ္ကာ ေနရာျပန္လည္ခ်ေပးဖို႔အတြက္ကိုလည္း ႏိုင္ငံတကာရဲ႕ အကူအညီနဲ႔ တည္ေဆာက္ေနတဲ့ အေဆာက္အအုံေတြကိုလည္း ႀကိမ္ေခ်ာင္း (ေတာင္) ေက်း႐ြာမွာ ေလ့လာေတြ႕ရွိခဲ့ပါတယ္။ျပန္လည္လက္ခံေရး အစီအစဥ္ေတြအတြက္ ဌာနေပါင္းစုံပါဝင္တဲ့ ပူးေပါင္းအဖြဲ႕နဲ႔ သက္ဆိုင္ရာက႑အလိုက္ စီစဥ္ထားတာေတြရွိသလို ျပန္လည္ေနရာခ်ထားေပးတဲ့အခါ လူမႈေရး၊ က်န္းမာေရး၊ ပညာေရးတို႔အတြက္ လိုေလေသးမရွိေအာင္ စနစ္တက် စီမံေဆာင္႐ြက္ထားတာကိုလည္း ျပန္လည္လက္ခံေရးစခန္း (ငါးခူရ) မွ စခန္းတာဝန္ခံ ဦးေက်ာ္စိန္ က ရွင္းျပပါတယ္။

ေက်းလက္ေဒသေတြပါမက်န္ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈ ရွိလာတဲ့အခါ အသိပညာေတြလည္း တိုးတက္လာေစၿပီး အမွားအမွန္ ေဝဖန္ပိုင္းျခားလာႏိုင္မယ့္အျပင္ အက်ိဳးအေၾကာင္း ဆင္ျခင္ႏိုင္မွာျဖစ္ပါတယ္။ထို႔အတြက္ ပညာေရးဖြံ႕ၿဖိဳးဖို႔က မျဖစ္မေနႀကိဳးပမ္းၾကရမယ့္ အေျခအေနတစ္ခုလည္း ျဖစ္ပါတယ္။ယခုဆိုရင္ ပညာေရးဝန္ႀကီးဌာနက မူလတန္းအ႐ြယ္ေတြအတြက္ အခမဲ့ပညာေရးစနစ္အျဖစ္ သတ္မွတ္လုပ္ကိုင္ေနတာေတြ၊ ပုံႏွိပ္စာအုပ္နဲ႔ ဗလာစာအုပ္ တစ္ဒါဇင္ အခမဲ့ေပးတာေတြ၊ အလယ္တန္းနဲ႔ အထက္တန္း ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ အခမဲ့ပညာေရးနဲ႔ ပုံႏွိပ္စာအုပ္ အခမဲ့ေပးတာေတြကို လုပ္ေဆာင္လာၾကသလို ယခုပညာသင္ႏွစ္မွ စတင္ကာ ဆရာ၊ ဆရာမေတြအတြက္ ေက်ာင္းလုံခ်ည္မ်ား အခမဲ့ထုတ္ေပးႏိုင္ရန္လည္း စီစဥ္လာလ်က္ရွိပါတယ္။

ထိုကဲ့သို႔ေသာ ပညာသင္ၾကားဖို႔ အခြင့္အလမ္းေကာင္းေတြဟာ ပတ္ဝန္းက်င္မွာရွိလာတာကို အမိအရ ဖမ္းဆုပ္ရင္း မိမိတို႔ရဲ႕သားသမီးေတြရဲ႕ပညာေရးကို ဦးစားေပးၾကရင္း ဆင္ျခင္ေတြးေတာခ်ိန္ဆႏိုင္မႈ အားေကာင္းတဲ့ အနာဂတ္ လူ႔ေဘာင္အဖြဲ႕အစည္းတစ္ခု ျဖစ္ေစရန္ပ်ိဳးေထာင္လာႏိုင္သလို ပညာေရးနဲ႔ အေျခခံေကာင္းလာတာနဲ႔ ေဒသဖြံ႕ၿဖိဳးေရးကိုလည္း အျပန္အလွန္ဆြဲတင္ႏိုင္ေစမွာျဖစ္ေစသလို ဘာသာေရး၊ လူမ်ိဳးေရး အစရွိေသာ ပဋိပကၡအဖုံဖုံေတြေၾကာင့္ ေျမစာပင္လိုျဖစ္ေနရတဲ့ ကေလးေတြရဲ႕ဘဝကို ျမႇင့္တင္ကာ ေအးခ်မ္းစြာ ပညာသင္ၾကားေရးအတြက္ မိဘအုပ္ထိန္းသူေတြ၊ ေဒသအုပ္ခ်ဳပ္သူေတြ အပါအဝင္ အကုန္လုံးက ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္သင့္ေၾကာင္း ေရးသားလိုက္ရပါတယ္။

ဇြဲမာန္
ဇြန္ - ၁၁