【 ဆောင်းပါး 】 “ဦးဆောင်မှုအရည်အသွေး မြှင့်တင်ရန် မီးနီပြလာတဲ့ မြန်မာ့ပညာရေး”

【 ဆောင်းပါး 】 “ဦးဆောင်မှုအရည်အသွေး မြှင့်တင်ရန် မီးနီပြလာတဲ့ မြန်မာ့ပညာရေး”

မည်သည့်နိုင်ငံတွင်ဖြစ်စေ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနများကို နိုင်ငံအတွက် အခြေခံကျ၍ အရေးကြီးသည့် ဝန်ကြီးဌာနများဟု အများကသတ်မှတ်လက်ခံထားပါသည်။အင်အယ်လ်ဒီအစိုးရလက်ထက်တွင်၊ ယခင့် ယခင် အစိုးရများထက် ဤဝန်ကြီးဌာနနှစ်ရပ်စလုံးအတွက် အသုံးစရိတ်တိုးမြှင့်ပေးခဲ့ပါသည်။လူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပိုပေးနိုင်ရန် ကြိုးပမ်းခဲ့သည့်နည်းတူ၊ ပညာရေးဘက်တွင်လည်း အင်အယ်လ်ဒီအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း မြင်တွေ့ရပါသည်။ထိုသို့နိုင်ငံအတွက် အခြေခံကျသည့် ကျန်းမာရေးနှင့် ပညာရေးကို အစိုးရက အာရုံစိုက်လာ ပံ့ပိုးလာချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ကိုင်နိုင်စွမ်းမြင့်မားလာပြီး လူထုအပေါ် ဆက်ဆံပုံပျော့ပြောင်းလာလျက်၊ တာဝန်ယူမှု၊ တာဝန်ခံမှု သိသိသာသာပြောင်းလဲတိုးတက်လာသော်လည်း၊ ပညာရေးဝန်ကြီးဌာနဘက်တွင် တိုးတက်ပြောင်းလဲမှုနှေးကွေးသည့်အပြင် အဆင့်မြင့်တက္ကသိုလ်ပညာရေးနှင့် အခြေခံပညာရေး ၂ ဘက်စလုံးတွင် ပြဿနာများပေါ်ပေါက်ခဲ့ပါသည်။

တချို့ပြဿနာများသည် ဖြစ်သင့်ဖြစ်ထိုက်၍ ဖြစ်လာသော ပြဿနာများဟု ဆိုနိုင်သော်လည်း တချို့ပြဿနာများကား ပညာရေးကို ဦးဆောင်နေသူများ၏ လုပ်ကိုင်နိုင်စွမ်းရည်အားနည်းခြင်း၊ ပွင့်လင်မြင်သာချပြမှု အားနည်းခြင်းမှတဆင့် ဖြစ်ပေါ်လာသည့်ပြဿနာများဖြစ်ကြောင်း တွေ့ရှိရပါသည်။ဖြစ်ပေါ်လာသော ပြဿနာတချို့အား မှန်မှန်ကန်ကန်ကိုင်တွယ်ဖြေရှင်းခဲ့ပါက၊ ထိုကဲ့သို့ပြဿနာမျိုး နောက်ထပ်မပေါ်ပေါက်လာစေရန် ထိန်းသိမ်းလာကြနိုင်ပါသည်။သို့သော် မှန်မှန်ကန်ကန်ဖော်ထုတ်အရေးယူမှု အားနည်းပြီး၊ သိုသိုသိပ်သိပ် ဖုံးအုပ်ပေးမှုများကြောင့် ပြဿနာအမြစ်မပြတ်ဘဲ ဆင့်ကဲပြဿနာများပါ ပေါ်ပေါက်လာစေရုံသာမက၊ အမှားလုပ်လျှင်လည်း ဘာမှမဖြစဟု ယူဆလာကြပုံရပါသည်။ထိုသို့ဖြစ်လာတိုင်း ပညာရေးဝန်ကြီးဌာန၏ ကိုင်တွယ်ဖြေရှင်းပုံအပေါ် လူထုက အံ့ဩကြရ၊ အားမလိုအားမရ ဖြစ်ကြရပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်တစ်ခုတွင် ဌာနတစ်ခုမှ ပါမောက္ခ (ဌာနမှူး) နှင့် ကထိကတစ်ယောက်က ကျောင်းသူ ၂ ဦးထံမှ စာမေးပွဲအောင်စာရင်းနှင့် ပတ်သက်၍ ငွေ ၆ သိန်း တောင်းသည့်ကိစ္စ ဟိုးလေးတကျော်ဖြစ်ခဲ့ပါသည်။အဆိုပါတက္ကသိုလ်တွင် တက်ရောက်နေကြသည့် ကျောင်းသားကျောင်းသူ များပြားပြီး ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများကြား၌ အမှတ်ကိစ္စ၊ စာမေးပွဲအောင်ရန်ကိစ္စ၊ ကျူရှင်ကိစ္စတို့နှင့် ပတ်သက်ပြီး နှစ်စဉ်လိုလို ပြဿနာပေါ်လေ့ရှိသည်ဟု ဆိုပါသည်။ယခင်က ထိုသို့ပြဿနာများဖြစ်လျှင် အုပ်အုပ်ဆိုင်းဆိုင်း ဖြေရှင်းခဲ့သော်လည်း သည်တစ်ခါမူ ကျောင်းသူလေး ၂ ယောက်က ပညာရေးဝန်ကြီးဌာန၊ အဂတိတိုက်ဖျက်ရေးကော်မရှင် စသည်တို့ကို တိုင်ကြားသဖြင့် သတင်းစာ၊ ဂျာနယ်များကပါ ဖော်ပြခဲ့သည့် သတင်းတစ်ခုဖြစ်ခဲ့ပါသည်။ထိုပြဿနာကို အဖွဲ့ ဖွဲ့ စစ်ဆေးသည်ဟု ဆိုပါသည်။သို့သော် မည်သို့စစ်ဆေးတွေ့ရှိသည်၊ မည်သို့အရေးယူလိုက်သည် စသဖြင့် မည်သည့်သတင်းမှ နောက်ပိုင်းတွင် ထွက်မလာတော့ပေ။ပါမောက္ခ (ဌာနမှူး) ကို မန္တလေးအဝေးသင်သို့ ပြောင်းစေပြီး ကထိကဆရာမကို သတိပေးစာထုတ်သည်ဟု တက္ကသိုလ်အသိုင်းအဝိုင်းနှင့် ဆက်စပ်နေသူများသာ သိခဲ့ကြပါသည်။ထိုသတင်းမှန်ကန်ခဲ့ပါက၊ ပြောင်းရွှေ့ခံရသည့် ပါမောက္ခအတွက် ပိုကောင်းသွားပါသည်။အဘယ်ကြောင့်ဆိုသော်၊ ပါမောက္ခ (ဌာနမှူး) ပြဿနာပေါ်ခဲ့သည့် တက္ကသိုလ်ထက် မန္တလေးအဝေးသင်တက္ကသိုလ်တွင် တက်ရောက်သူ ကျောင်းသားကျောင်းသူ ပိုမိုများပြား၍ဖြစ်ပါသည်။ထို့ကြောင့် ပြောင်းရွှေ့ခံထိသူ ပါမောက္ခအတွက် ခွင်ပဲဟု တချို့ကရယ်သွမ်းသွေးကြပါသည်။

ရယ်သွမ်းသွေးကြရရုံသာမက၊ အံ့ဩဒေါသထွက်ကြရသည့်ပြဿနာ ထပ်ပေါ်လာပြန်ပါသည်။ယင်းကား ရှေးဟောင်းစာဆို မယ်ခွေ၏ ဆေးလိပ်လက်ဆောင်ကဗျာကိစ္စ ဖြစ်ပါသည်။ရှစ်တန်းတွင် ပြဌာန်းထားသည့် မယ်ခွေ ရေးသားသော ဆေးလိပ်လက်ဆောင်ကဗျာသည် လူငယ်ကျောင်းသားများအား ဆေးလိပ်သောက်လိုစိတ်ကို အားပေးသည်ဟုဆိုလျက် ထိုကဗျာကို သင်ရိုးမှဖြုတ်လိုက်ပါသည်။ဤသို့ဖြုတ်ရသည်မှာ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေသည့် ဆေးလိပ်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေး စီမံကိန်းအရ၊ ကျန်းမာရေးဘက်မှ အထူးကုဆရာဝန်မတစ်ဦး၏ အကြံပေးထောက်ပြမှုအရ ဖြုတ်ချခြင်းဖြစ်သည်ဟု သိရချိန်တွင် လူထုဘက်က ပိုအံ့ဩဒေါသဖြစ်ခဲ့ကြပါသည်။ကဗျာဆရာ၊ စာရေးဆရာများပါ သည်ပွဲတွင် ပါဝင်အပြစ်တင် ရေးသားလာကြပါသည်။ကဗျာအမည်က ဆေးလိပ်လက်ဆောင်ဖြစ်သော်လည်း  အချစ်ဘွဲ့ကဗျာသာ ဖြစ်ပါသည်။ကျန်းမာရေးဘက်က ဆရာဝန်မ နားမလည်တာကိုထားဦး၊ ပညာရေးဘက်က နားမလည်ရကောင်းလားဟု ဒေါသထွက်ကြပါသည်။သို့ဖြင့် မယ်ခွေကဗျာကို ရှစ်တန်းထက်မြင့်သော အတန်းတစ်တန်း၏ သင်ရိုးတွင် ပြန်ထည့်သွင်းပေးခဲ့ပါသည်။

နောက်ပြဿနာတစ်ခုကား တက္ကသိုလ် ဆရာ၊ ဆရာမများ၏ ကိုယ်ကျင့်တရားနှင့် ဆိုင်ပါသည်။တက္ကသိုလ်တွင် မကြာခဏပြောင်းလဲနေသော ရာထူးတိုး စည်းမျဉ်းစည်းကမ်းများအရ၊ ပါရဂူဘွဲ့ မရထားလျှင် ပါမောက္ခရာထူး၊ တွဲဘက်ပါမောက္ခရာထူး မရနိုင်တော့ပေ။သို့ဖြင့် ပါရဂူဘွဲ့ မရထားသော်လည်း လုပ်သက်ရင့်ကထိကများကို သုတေသနစာတမ်းရေးသားခြင်း၊ ပုံနှိပ်ဖော်ပြခံရခြင်းတို့ဖြင့် တိုင်းတာလျက် ရာထူးတိုးပေးသည့်မူကို ချမှတ်ခဲ့ပြန်ပါသည်။ဤတွင် တက္ကသိုလ် ဆရာ၊ ဆရာများ တင်သွင်းသည့် သုတေသနစာတမ်း တစ်ထောင်ကျော်မှာ နိုင်ငံခြားစာတမ်းများမှ ကူးယူထားကြပြီး မူလစာတမ်းများ (ကူးယူခံရသည့် စာတမ်းများ) ကိုယ်တိုင်က အတုများဖြစ်နေသည်ဆိုသော သတင်းပေါ်ထွက်လာပါသည်။ထိုဖြစ်ရပ်တွင် မည်သူ့ကိုမျှ အရေးမယူဟု သိရပါသည်။ပါးစပ်ပြောသတင်းများအရ၊ ထိုစာတမ်းများကို လက်ခံပြီး အထက်သို့ ဆက်လက်တင်ပေးခဲ့သည့် ပါမောက္ခများကိုပါ အရေးယူရမည့်ကိန်းဖြစ်နေ၍ မည်သူကိုမျှအရေးမယူဟု ဆိုပါသည်။

ဤသို့ ပြဿနာဗရပွပေါ်ပေါက်နေသော ပညာရေးဝန်ကြီးဌာနသည် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ အကြိုပွဲတွင်လည်း ပြဿနာတက်ပြန်ပါသည်။ရန်ကုန်တက္ကသိုလ်ထဲတွင် ပတ်လမ်းဖောက်ရန် စည်ပင်ကဝင်လာပြီး သစ်ပင်များခုတ်ပစ်၍ ကျောင်းသားများက ဟန့်တားခဲ့ကြပါသည်။စင်စစ် ရန်ကုန်တက္ကသိုလ်ဝင်းထဲသို့ ဝင်ရန်ထွက်ရန် အပေါက်ပေါင်း ၁၄ ခုခန့် ရှိပါသည်။ထိုဝင်ထွက်ပေါက်များကို ဖွင့်ပေးလျှင်ပြီးပါလျက် ဝင်ပေါက်ထွက်ပေါက်အများစုကို ပိတ်ထားပြီး ပတ်လမ်းဖောက်ရန် လုပ်ဆောင်ကြ၍ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများက တားမြစ်ဆန္ဒဖော်ထုတ်ကြပါသည်။သည်ပတ်လမ်းစီမံကိန်းကို လုပ်ဆောင်နေသည်မှာ တစ်နှစ်ကျော်ပြီဟု ဆိုပါသည်။ရန်ကုန်တက္ကသိုလ်၏ အနေအထားကို ဂဃနဏမသိသူများက ဖော်ဆောင်သည့် တလွဲစီမံကိန်းဟု ကျောင်းသားဟောင်းများနှင့် လူထုက ရှုမြင်ခဲ့ကြပါသည်။

၄ တန်း၊ ၈ တန်းနှင့် ၁၀ တန်းမှလွဲ၍ အခြေခံပညာအတန်းငယ်များသည် မတ်လ ၃၁ ထိ ကျောင်းတက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။အဆိုပါ အတန်းများအတွက် စာမေးပွဲများကို မတ်လ ၂၃ မှ ၃၁ အတွင်း စစ်ဆေးရမည် ဆိုပါသည်။သို့ဖြင့် ဆရာ၊ ဆရာမ တချို့နှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းတချို့က ကန့်ကွက်ဝေဖန်ကြပြီး မတ်လကုန်ထိ ကျောင်းတက်ရမည်ကို လက်မခံနိုင်ဟု ဆိုကြပါသည်။ထိုစဉ် သတင်းထောက်များ၏ အမေးကို မတ်လကုန်ထိ ကျောင်းတက်စေသည်မှာ နိုင်ငံတကာနည်းတူ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးက ပြန်ဖြေခဲ့သဖြင့် ထပ်မံပွဲဆူသွားပါသည်။

၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းတက်ချိန်စောလိုက်သဖြင့် ကျောင်းသားကျောင်းသူများဘက်မှ မိဘများဘက်မှ အခက်အခဲများစွာဖြစ်ခဲ့သည်ဟု ကျောင်းသားမိဘများက ညည်းညူကြပါသည်။အထူးသဖြင့် ရန်ကုန်တွင် ကျောင်းတက်ရသူများအတွက် မနက် ၅ နာရီကစ အိမ်ကထွက်မှ ကျောင်းတက်ချိန်မှီသူများ ရှိလာသည်ဟု ညည်းညူကြပါသည်။
ယခုတဖန် မတ်လကုန်ထိ ကျောင်းတက်ရမည်ဆိုရာ၊ လေးတန်းစာမေးပွဲနှင့် ရှစ်တန်းစာမေးပွဲအတွက် စာမေးပွဲဖြေမည့် အခန်းများပြင်ရန်၊ ဆက်လက်၍ ၁၀ တန်း စာမေးပွဲခန်းများ ပြင်ဆင်ရန် လုပ်ဆောင်ရမည့်အချိန်လည်းဖြစ် အလွန်ပူအိုက်လာချိန်လည်းဖြစ်ရာ အတန်းငယ်ကလေးများအတွက် ဒုက္ခများကြရမည်ဟု မိဘဘက်ကရော ဆရာ ဆရာမဘက်ကပါ ထောက်ပြကြပါသည်။

နိုင်ငံတကာနည်းတူဆိုသော ပညာရေးဝန်ကြီးအဖြေကို မကျေမနပ်ဖြစ်ကြပါသည်။နိုင်ငံတကာတွင် ဤသို့မူဝါဒတစ်ခုခု ပြောင်းမည်ဆိုလျှင် အထက် - အောက် အပြန်ပြန်အလှန်လှန် ချပြဆွေးနွေးရပါသည်။ပညာရေးဝန်ကြီးဌာနဘက်က ဤသို့မတ်လကုန်ထိ ကျောင်းတက်ရမည်ဆိုသည်ကို စီစဉ်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဟု ဆိုပါသည်။ဆရာ၊ ဆရာမများအား အဆိုပါညွှန်ကြားချက်ကို မည်သည့်အချိန်က ပေးပို့ထားကြောင်း မသိရသော်လည်း ကျောင်းသားမိဘများကား ယခုမှသိရှိကြရခြင်း ဖြစ်ပါသည်။နိုင်ငံတကာတွင် အတန်းတစ်တန်းလျှင် ကျောင်းသား ကျောင်းသူ ၂၀ မှ ၂၅ ထိသာ ဆရာတစ်ဦးက တာဝန်ယူရပါသည်။မြန်မာကျောင်းများတွင် အနည်းဆုံး အတန်းတစ်တန်းလျှင် ၅၀ မှ ၉၀ ကြားရှိ ကျောင်းသား ကျောင်းသူများကို ဆရာ၊ ဆရာမတစ်ဦးက တာဝန်ယူနေရခြင်းဖြစ်ပါသည်။နိုင်ငံတကာတွင် ဆရာ ဆရာမများကို လခကောင်းကောင်းပေးထားပြီး ကျူရှင်ပြပါကလည်း ထိရောက်စွာ အရေးယူပါသည်။ထို့ပြင် ဆရာ၊ ဆရာမများသည် သန်းခါင်စာရင်းကောက်လည်းပါရ၊ မဲရုံစောင့်လည်းပါရ စသောတာဝန်များကို မထမ်းရွက်ကြရပါ။

မတ်လ ၃၁ ထိ အတန်းငယ်များ ကျောင်းတက်ရမည့် အစီအစဉ်ကို ဝေဖန်ကန့်ကွက်သူများလာ၍ ၂၀၂၀ ဇန်နဝါရီ ၆ ရက်နေ့တွင် အခြေခံပညာကျောင်းဖွင့်ရက် ညှိနှိုင်းရေးအစည်းအဝေး ကျင်းပခဲ့ပါသည်။၁၀ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဆိုသော်လည်း ကျင်းပခြင်းမရှိခဲ့ပါ။ထို့နောက် မတ်လ ၂၅ ထိသာ တက်ရမည်ဟု ၆ ရက်လျှော့ပေးလိုက်ပါသည်။သို့သော် ဆရာ ဆရာမများဘက်က မည်သို့တုန့်ပြန်မည်ဆိုသောအဖြေ ယတိပြတ်မထွက်လာသေးပါ။

ရန်ကုန်တက္ကသိုလ် ပတ်လမ်းကိစ္စ၊ မတ်လကုန်ထိ ကျောင်းတက်ရမည့် ကိစ္စများသည် ပညာရေးဝန်ကြီးဌာန၏ အစီအမံများမဟုတ်ဘဲ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အစီအမံများသာဖြစ်သည်ဟု တချို့က ဖေ့စ်ဘုတ်ပေါ် ရေးတင်ကြပါသည်။အကယ်၍ အဆိုပါရေးသားချက်များ မှန်ကန်ခဲ့ပါက၊ လက်ရှိ ပကတိမြေပြင်အခြေအနေကို ရှင်းပြရန် ပညာရေးဝန်ကြီးဌာနမှ လူကြီးများတွင် တာဝန်ရှိပါသည်။အဘယ်ကြောင့် ဆိုသော်၊ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တက္ကသိုလ်၏ အနေအထားမှန်နှင့် ပိတ်ထားသည့် တံခါးပေါက်များစွာကိစ္စကို သိမည်မဟုတ်ပေ။ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သူမဟုတ်ပါ။ထို့အတူ မနက် ၇ နာရီ စတက်စေသော အချိန်ဇယားအပြောင်းအလဲကိုမှီရန် ဖယ်ရီများစောထွက်ရ၊ ဘတ်စ်ကားစီးကျောင်းတက်ရသည့် ကလေးများ မနက် ၅ နာရီကတည်းက အိမ်မှထွက်ကြရ၊ လိုက်ပို့သူ မိဘဆွေမျိုးများလည်း ထိုအချိန်ကစ အိမ်မှထွက်ရ စသည့်ပြဿနာများကို ဒေါ်အောင်ဆန်းစုကြည် သိမည်မဟုတ်ပေ။

မြန်မာ့ပညာရေးတွင် အထက် - အောက်၊ အောက် - အထက် ပွင့်လင်းမြင်သာ မညှိနှိုင်းဘဲ အထက်က မူဝါဒတစ်ခုများကို မြေပြင်ပကတိအခြေအနနှင့် မကိုက်ညီစေကာမူ ချမှတ်နေသမျှ ကာလပတ်လုံး၊  အထက်က ပြဌာန်းလိုက်၊ အောက်က ကန့်ကွက်လိုက်၊ ဆန္ဒဖော်ထုတ်လိုက် စသည့် မဖြစ်သင့်သည့် ပြဿနာများ ဖြစ်ပေါ်နေပေဦးမည်။
နိုင်ငံတော်၏အတိုင်ပင်ခံက အကြံပြုစေကာမူ၊ ရှင်းပြသင့် ရှင်းပြထိုက်သည်ကို ရှင်းပြရန် ပညာရေးကိုဦးဆောင်နေသည့် လူကြီးများ၏ တာဝန်ဖြစ်ပါသည်။ပစောက်နှင့် စသော ဝန်ကြီးဌာနများ၏ လုပ်ဆောင်မှုများ အားနည်းလွန်းသည်ဟု ဝေဖန်နေကြပါပြီ။၂၀၂၀ ရွေးကောက်ပွဲအပြီး အင်အယ်လ်ဒီ မဲနိုင်လျှင်ပင် ဤသို့သော ဝန်ကြီးများကို မခန့်ထားပေးပါနှင့် ဆိုလာကြပါပြီ။ပညာရေးဝန်ကြီးဌာနကို ဦးဆောင်နေသူများ ပွင့်လင်းမြင်သာချပြမှု၊ ဦးဆောင်နေသူတို့ အရည်အသွေးမြင့်မားမှု၊ ပြဿနာများကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းပြမှုများ လိုအပ်နေပြီဖြစ်ပါသည်။

ခင်နှင်းဦး
ဇန်န်၀ါရီ - ၁၈

( Zawgyi )

မည္သည့္နိုင္ငံတြင္ျဖစ္ေစ၊ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ပညာေရးဝန္ႀကီးဌာနမ်ားကို နိုင္ငံအတြက္ အေျခခံက်၍ အေရးႀကီးသည့္ ဝန္ႀကီးဌာနမ်ားဟု အမ်ားကသတ္မွတ္လက္ခံထားပါသည္။အင္အယ္လ္ဒီအစိုးရလက္ထက္တြင္၊ ယခင့္ ယခင္ အစိုးရမ်ားထက္ ဤဝန္ႀကီးဌာနႏွစ္ရပ္စလုံးအတြက္ အသုံးစရိတ္တိုးျမႇင့္ေပးခဲ့ပါသည္။လူထုအေပၚ က်န္းမာေရးေစာင့္ေရွာက္မႈ ပိုေပးနိုင္ရန္ ႀကိဳးပမ္းခဲ့သည့္နည္းတူ၊ ပညာေရးဘက္တြင္လည္း အင္အယ္လ္ဒီအစိုးရအေနျဖင့္ ျပဳျပင္ေျပာင္းလဲရန္ ႀကိဳးပမ္းေနေၾကာင္း ျမင္ေတြ႕ရပါသည္။ထိုသို႔နိုင္ငံအတြက္ အေျခခံက်သည့္ က်န္းမာေရးႏွင့္ ပညာေရးကို အစိုးရက အာ႐ုံစိုက္လာ ပံ့ပိုးလာခ်ိန္တြင္ က်န္းမာေရးဝန္ႀကီးဌာန၏ လုပ္ကိုင္နိုင္စြမ္းျမင့္မားလာၿပီး လူထုအေပၚ ဆက္ဆံပုံေပ်ာ့ေျပာင္းလာလ်က္၊ တာဝန္ယူမႈ၊ တာဝန္ခံမႈ သိသိသာသာေျပာင္းလဲတိုးတက္လာေသာ္လည္း၊ ပညာေရးဝန္ႀကီးဌာနဘက္တြင္ တိုးတက္ေျပာင္းလဲမႈေႏွးေကြးသည့္အျပင္ အဆင့္ျမင့္တကၠသိုလ္ပညာေရးႏွင့္ အေျခခံပညာေရး ၂ ဘက္စလုံးတြင္ ျပႆနာမ်ားေပၚေပါက္ခဲ့ပါသည္။

တခ်ိဳ႕ျပႆနာမ်ားသည္ ျဖစ္သင့္ျဖစ္ထိုက္၍ ျဖစ္လာေသာ ျပႆနာမ်ားဟု ဆိုနိုင္ေသာ္လည္း တခ်ိဳ႕ျပႆနာမ်ားကား ပညာေရးကို ဦးေဆာင္ေနသူမ်ား၏ လုပ္ကိုင္နိုင္စြမ္းရည္အားနည္းျခင္း၊ ပြင့္လင္ျမင္သာခ်ျပမႈ အားနည္းျခင္းမွတဆင့္ ျဖစ္ေပၚလာသည့္ျပႆနာမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။ျဖစ္ေပၚလာေသာ ျပႆနာတခ်ိဳ႕အား မွန္မွန္ကန္ကန္ကိုင္တြယ္ေျဖရွင္းခဲ့ပါက၊ ထိုကဲ့သို႔ျပႆနာမ်ိဳး ေနာက္ထပ္မေပၚေပါက္လာေစရန္ ထိန္းသိမ္းလာၾကနိုင္ပါသည္။သို႔ေသာ္ မွန္မွန္ကန္ကန္ေဖာ္ထုတ္အေရးယူမႈ အားနည္းၿပီး၊ သိုသိုသိပ္သိပ္ ဖုံးအုပ္ေပးမႈမ်ားေၾကာင့္ ျပႆနာအျမစ္မျပတ္ဘဲ ဆင့္ကဲျပႆနာမ်ားပါ ေပၚေပါက္လာေစ႐ုံသာမက၊ အမွားလုပ္လၽွင္လည္း ဘာမွမျဖစဟု ယူဆလာၾကပုံရပါသည္။ထိုသို႔ျဖစ္လာတိုင္း ပညာေရးဝန္ႀကီးဌာန၏ ကိုင္တြယ္ေျဖရွင္းပုံအေပၚ လူထုက အံ့ဩၾကရ၊ အားမလိုအားမရ ျဖစ္ၾကရပါသည္။

လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က ရန္ကုန္ၿမိဳ႕ေပၚရွိ တကၠသိုလ္တစ္ခုတြင္ ဌာနတစ္ခုမွ ပါေမာကၡ (ဌာနမႉး) ႏွင့္ ကထိကတစ္ေယာက္က ေက်ာင္းသူ ၂ ဦးထံမွ စာေမးပြဲေအာင္စာရင္းႏွင့္ ပတ္သက္၍ ေငြ ၆ သိန္း ေတာင္းသည့္ကိစၥ ဟိုးေလးတေက်ာ္ျဖစ္ခဲ့ပါသည္။အဆိုပါတကၠသိုလ္တြင္ တက္ေရာက္ေနၾကသည့္ ေက်ာင္းသားေက်ာင္းသူ မ်ားျပားၿပီး ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ဆရာ၊ ဆရာမမ်ားၾကား၌ အမွတ္ကိစၥ၊ စာေမးပြဲေအာင္ရန္ကိစၥ၊ က်ဴရွင္ကိစၥတို႔ႏွင့္ ပတ္သက္ၿပီး ႏွစ္စဥ္လိုလို ျပႆနာေပၚေလ့ရွိသည္ဟု ဆိုပါသည္။ယခင္က ထိုသို႔ျပႆနာမ်ားျဖစ္လၽွင္ အုပ္အုပ္ဆိုင္းဆိုင္း ေျဖရွင္းခဲ့ေသာ္လည္း သည္တစ္ခါမူ ေက်ာင္းသူေလး ၂ ေယာက္က ပညာေရးဝန္ႀကီးဌာန၊ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ စသည္တို႔ကို တိုင္ၾကားသျဖင့္ သတင္းစာ၊ ဂ်ာနယ္မ်ားကပါ ေဖာ္ျပခဲ့သည့္ သတင္းတစ္ခုျဖစ္ခဲ့ပါသည္။ထိုျပႆနာကို အဖြဲ႕ ဖြဲ႕ စစ္ေဆးသည္ဟု ဆိုပါသည္။သို႔ေသာ္ မည္သို႔စစ္ေဆးေတြ႕ရွိသည္၊ မည္သို႔အေရးယူလိုက္သည္ စသျဖင့္ မည္သည့္သတင္းမွ ေနာက္ပိုင္းတြင္ ထြက္မလာေတာ့ေပ။ပါေမာကၡ (ဌာနမႉး) ကို မႏၲေလးအေဝးသင္သို႔ ေျပာင္းေစၿပီး ကထိကဆရာမကို သတိေပးစာထုတ္သည္ဟု တကၠသိုလ္အသိုင္းအဝိုင္းႏွင့္ ဆက္စပ္ေနသူမ်ားသာ သိခဲ့ၾကပါသည္။ထိုသတင္းမွန္ကန္ခဲ့ပါက၊ ေျပာင္းေရႊ႕ခံရသည့္ ပါေမာကၡအတြက္ ပိုေကာင္းသြားပါသည္။အဘယ္ေၾကာင့္ဆိုေသာ္၊ ပါေမာကၡ (ဌာနမႉး) ျပႆနာေပၚခဲ့သည့္ တကၠသိုလ္ထက္ မႏၲေလးအေဝးသင္တကၠသိုလ္တြင္ တက္ေရာက္သူ ေက်ာင္းသားေက်ာင္းသူ ပိုမိုမ်ားျပား၍ျဖစ္ပါသည္။ထို႔ေၾကာင့္ ေျပာင္းေရႊ႕ခံထိသူ ပါေမာကၡအတြက္ ခြင္ပဲဟု တခ်ိဳ႕ကရယ္သြမ္းေသြးၾကပါသည္။

ရယ္သြမ္းေသြးၾကရ႐ုံသာမက၊ အံ့ဩေဒါသထြက္ၾကရသည့္ျပႆနာ ထပ္ေပၚလာျပန္ပါသည္။ယင္းကား ေရွးေဟာင္းစာဆို မယ္ေခြ၏ ေဆးလိပ္လက္ေဆာင္ကဗ်ာကိစၥ ျဖစ္ပါသည္။ရွစ္တန္းတြင္ ျပဌာန္းထားသည့္ မယ္ေခြ ေရးသားေသာ ေဆးလိပ္လက္ေဆာင္ကဗ်ာသည္ လူငယ္ေက်ာင္းသားမ်ားအား ေဆးလိပ္ေသာက္လိုစိတ္ကို အားေပးသည္ဟုဆိုလ်က္ ထိုကဗ်ာကို သင္ရိုးမွျဖဳတ္လိုက္ပါသည္။ဤသို႔ျဖဳတ္ရသည္မွာ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ပညာေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းလုပ္ေဆာင္ေနသည့္ ေဆးလိပ္ႏွင့္ မူးယစ္ေဆးဝါး သုံးစြဲမႈေလၽွာ့ခ်ေရး စီမံကိန္းအရ၊ က်န္းမာေရးဘက္မွ အထူးကုဆရာဝန္မတစ္ဦး၏ အႀကံေပးေထာက္ျပမႈအရ ျဖဳတ္ခ်ျခင္းျဖစ္သည္ဟု သိရခ်ိန္တြင္ လူထုဘက္က ပိုအံ့ဩေဒါသျဖစ္ခဲ့ၾကပါသည္။ကဗ်ာဆရာ၊ စာေရးဆရာမ်ားပါ သည္ပြဲတြင္ ပါဝင္အျပစ္တင္ ေရးသားလာၾကပါသည္။ကဗ်ာအမည္က ေဆးလိပ္လက္ေဆာင္ျဖစ္ေသာ္လည္း  အခ်စ္ဘြဲ႕ကဗ်ာသာ ျဖစ္ပါသည္။က်န္းမာေရးဘက္က ဆရာဝန္မ နားမလည္တာကိုထားဦး၊ ပညာေရးဘက္က နားမလည္ရေကာင္းလားဟု ေဒါသထြက္ၾကပါသည္။သို႔ျဖင့္ မယ္ေခြကဗ်ာကို ရွစ္တန္းထက္ျမင့္ေသာ အတန္းတစ္တန္း၏ သင္ရိုးတြင္ ျပန္ထည့္သြင္းေပးခဲ့ပါသည္။

ေနာက္ျပႆနာတစ္ခုကား တကၠသိုလ္ ဆရာ၊ ဆရာမမ်ား၏ ကိုယ္က်င့္တရားႏွင့္ ဆိုင္ပါသည္။တကၠသိုလ္တြင္ မၾကာခဏေျပာင္းလဲေနေသာ ရာထူးတိုး စည္းမ်ဥ္းစည္းကမ္းမ်ားအရ၊ ပါရဂူဘြဲ႕ မရထားလၽွင္ ပါေမာကၡရာထူး၊ တြဲဘက္ပါေမာကၡရာထူး မရနိုင္ေတာ့ေပ။သို႔ျဖင့္ ပါရဂူဘြဲ႕ မရထားေသာ္လည္း လုပ္သက္ရင့္ကထိကမ်ားကို သုေတသနစာတမ္းေရးသားျခင္း၊ ပုံႏွိပ္ေဖာ္ျပခံရျခင္းတို႔ျဖင့္ တိုင္းတာလ်က္ ရာထူးတိုးေပးသည့္မူကို ခ်မွတ္ခဲ့ျပန္ပါသည္။ဤတြင္ တကၠသိုလ္ ဆရာ၊ ဆရာမ်ား တင္သြင္းသည့္ သုေတသနစာတမ္း တစ္ေထာင္ေက်ာ္မွာ နိုင္ငံျခားစာတမ္းမ်ားမွ ကူးယူထားၾကၿပီး မူလစာတမ္းမ်ား (ကူးယူခံရသည့္ စာတမ္းမ်ား) ကိုယ္တိုင္က အတုမ်ားျဖစ္ေနသည္ဆိုေသာ သတင္းေပၚထြက္လာပါသည္။ထိုျဖစ္ရပ္တြင္ မည္သူ႔ကိုမၽွ အေရးမယူဟု သိရပါသည္။ပါးစပ္ေျပာသတင္းမ်ားအရ၊ ထိုစာတမ္းမ်ားကို လက္ခံၿပီး အထက္သို႔ ဆက္လက္တင္ေပးခဲ့သည့္ ပါေမာကၡမ်ားကိုပါ အေရးယူရမည့္ကိန္းျဖစ္ေန၍ မည္သူကိုမၽွအေရးမယူဟု ဆိုပါသည္။

ဤသို႔ ျပႆနာဗရပြေပၚေပါက္ေနေသာ ပညာေရးဝန္ႀကီးဌာနသည္ ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ အႀကိဳပြဲတြင္လည္း ျပႆနာတက္ျပန္ပါသည္။ရန္ကုန္တကၠသိုလ္ထဲတြင္ ပတ္လမ္းေဖာက္ရန္ စည္ပင္ကဝင္လာၿပီး သစ္ပင္မ်ားခုတ္ပစ္၍ ေက်ာင္းသားမ်ားက ဟန႔္တားခဲ့ၾကပါသည္။စင္စစ္ ရန္ကုန္တကၠသိုလ္ဝင္းထဲသို႔ ဝင္ရန္ထြက္ရန္ အေပါက္ေပါင္း ၁၄ ခုခန႔္ ရွိပါသည္။ထိုဝင္ထြက္ေပါက္မ်ားကို ဖြင့္ေပးလၽွင္ၿပီးပါလ်က္ ဝင္ေပါက္ထြက္ေပါက္အမ်ားစုကို ပိတ္ထားၿပီး ပတ္လမ္းေဖာက္ရန္ လုပ္ေဆာင္ၾက၍ ေက်ာင္းသားသမဂၢ၊ ဆရာသမဂၢမ်ားက တားျမစ္ဆႏၵေဖာ္ထုတ္ၾကပါသည္။သည္ပတ္လမ္းစီမံကိန္းကို လုပ္ေဆာင္ေနသည္မွာ တစ္ႏွစ္ေက်ာ္ၿပီဟု ဆိုပါသည္။ရန္ကုန္တကၠသိုလ္၏ အေနအထားကို ဂဃနဏမသိသူမ်ားက ေဖာ္ေဆာင္သည့္ တလြဲစီမံကိန္းဟု ေက်ာင္းသားေဟာင္းမ်ားႏွင့္ လူထုက ရႈျမင္ခဲ့ၾကပါသည္။

၄ တန္း၊ ၈ တန္းႏွင့္ ၁၀ တန္းမွလြဲ၍ အေျခခံပညာအတန္းငယ္မ်ားသည္ မတ္လ ၃၁ ထိ ေက်ာင္းတက္ရမည္ျဖစ္ေၾကာင္း၊ ၂၀၁၉ ဒီဇင္ဘာ ၂၇ ရက္ေန႔တြင္ ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါသည္။အဆိုပါ အတန္းမ်ားအတြက္ စာေမးပြဲမ်ားကို မတ္လ ၂၃ မွ ၃၁ အတြင္း စစ္ေဆးရမည္ ဆိုပါသည္။သို႔ျဖင့္ ဆရာ၊ ဆရာမ တခ်ိဳ႕ႏွင့္ ပညာေရးဆိုင္ရာအဖြဲ႕အစည္းတခ်ိဳ႕က ကန႔္ကြက္ေဝဖန္ၾကၿပီး မတ္လကုန္ထိ ေက်ာင္းတက္ရမည္ကို လက္မခံနိုင္ဟု ဆိုၾကပါသည္။ထိုစဥ္ သတင္းေထာက္မ်ား၏ အေမးကို မတ္လကုန္ထိ ေက်ာင္းတက္ေစသည္မွာ နိုင္ငံတကာနည္းတူ ေဆာင္ရြက္ျခင္းျဖစ္သည္ဟု ပညာေရးဝန္ႀကီးက ျပန္ေျဖခဲ့သျဖင့္ ထပ္မံပြဲဆူသြားပါသည္။

၂၀၁၉ ပညာသင္ႏွစ္တြင္ ေက်ာင္းတက္ခ်ိန္ေစာလိုက္သျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ားဘက္မွ မိဘမ်ားဘက္မွ အခက္အခဲမ်ားစြာျဖစ္ခဲ့သည္ဟု ေက်ာင္းသားမိဘမ်ားက ညည္းညဴၾကပါသည္။အထူးသျဖင့္ ရန္ကုန္တြင္ ေက်ာင္းတက္ရသူမ်ားအတြက္ မနက္ ၅ နာရီကစ အိမ္ကထြက္မွ ေက်ာင္းတက္ခ်ိန္မွီသူမ်ား ရွိလာသည္ဟု ညည္းညဴၾကပါသည္။
ယခုတဖန္ မတ္လကုန္ထိ ေက်ာင္းတက္ရမည္ဆိုရာ၊ ေလးတန္းစာေမးပြဲႏွင့္ ရွစ္တန္းစာေမးပြဲအတြက္ စာေမးပြဲေျဖမည့္ အခန္းမ်ားျပင္ရန္၊ ဆက္လက္၍ ၁၀ တန္း စာေမးပြဲခန္းမ်ား ျပင္ဆင္ရန္ လုပ္ေဆာင္ရမည့္အခ်ိန္လည္းျဖစ္ အလြန္ပူအိုက္လာခ်ိန္လည္းျဖစ္ရာ အတန္းငယ္ကေလးမ်ားအတြက္ ဒုကၡမ်ားၾကရမည္ဟု မိဘဘက္ကေရာ ဆရာ ဆရာမဘက္ကပါ ေထာက္ျပၾကပါသည္။

နိုင္ငံတကာနည္းတူဆိုေသာ ပညာေရးဝန္ႀကီးအေျဖကို မေက်မနပ္ျဖစ္ၾကပါသည္။နိုင္ငံတကာတြင္ ဤသို႔မူဝါဒတစ္ခုခု ေျပာင္းမည္ဆိုလၽွင္ အထက္ - ေအာက္ အျပန္ျပန္အလွန္လွန္ ခ်ျပေဆြးေႏြးရပါသည္။ပညာေရးဝန္ႀကီးဌာနဘက္က ဤသို႔မတ္လကုန္ထိ ေက်ာင္းတက္ရမည္ဆိုသည္ကို စီစဥ္ေနသည္မွာ တစ္ႏွစ္ခန႔္ရွိၿပီဟု ဆိုပါသည္။ဆရာ၊ ဆရာမမ်ားအား အဆိုပါညႊန္ၾကားခ်က္ကို မည္သည့္အခ်ိန္က ေပးပို႔ထားေၾကာင္း မသိရေသာ္လည္း ေက်ာင္းသားမိဘမ်ားကား ယခုမွသိရွိၾကရျခင္း ျဖစ္ပါသည္။နိုင္ငံတကာတြင္ အတန္းတစ္တန္းလၽွင္ ေက်ာင္းသား ေက်ာင္းသူ ၂၀ မွ ၂၅ ထိသာ ဆရာတစ္ဦးက တာဝန္ယူရပါသည္။ျမန္မာေက်ာင္းမ်ားတြင္ အနည္းဆုံး အတန္းတစ္တန္းလၽွင္ ၅၀ မွ ၉၀ ၾကားရွိ ေက်ာင္းသား ေက်ာင္းသူမ်ားကို ဆရာ၊ ဆရာမတစ္ဦးက တာဝန္ယူေနရျခင္းျဖစ္ပါသည္။နိုင္ငံတကာတြင္ ဆရာ ဆရာမမ်ားကို လခေကာင္းေကာင္းေပးထားၿပီး က်ဴရွင္ျပပါကလည္း ထိေရာက္စြာ အေရးယူပါသည္။ထို႔ျပင္ ဆရာ၊ ဆရာမမ်ားသည္ သန္းခါင္စာရင္းေကာက္လည္းပါရ၊ မဲ႐ုံေစာင့္လည္းပါရ စေသာတာဝန္မ်ားကို မထမ္းရြက္ၾကရပါ။

မတ္လ ၃၁ ထိ အတန္းငယ္မ်ား ေက်ာင္းတက္ရမည့္ အစီအစဥ္ကို ေဝဖန္ကန႔္ကြက္သူမ်ားလာ၍ ၂၀၂၀ ဇန္နဝါရီ ၆ ရက္ေန႔တြင္ အေျခခံပညာေက်ာင္းဖြင့္ရက္ ညႇိႏွိုင္းေရးအစည္းအေဝး က်င္းပခဲ့ပါသည္။၁၀ ရက္ေန႔တြင္ သတင္းစာရွင္းလင္းပြဲ က်င္းပမည္ဆိုေသာ္လည္း က်င္းပျခင္းမရွိခဲ့ပါ။ထို႔ေနာက္ မတ္လ ၂၅ ထိသာ တက္ရမည္ဟု ၆ ရက္ေလၽွာ့ေပးလိုက္ပါသည္။သို႔ေသာ္ ဆရာ ဆရာမမ်ားဘက္က မည္သို႔တုန႔္ျပန္မည္ဆိုေသာအေၿဖ ယတိျပတ္မထြက္လာေသးပါ။

ရန္ကုန္တကၠသိုလ္ ပတ္လမ္းကိစၥ၊ မတ္လကုန္ထိ ေက်ာင္းတက္ရမည့္ ကိစၥမ်ားသည္ ပညာေရးဝန္ႀကီးဌာန၏ အစီအမံမ်ားမဟုတ္ဘဲ၊ နိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၏ အစီအမံမ်ားသာျဖစ္သည္ဟု တခ်ိဳ႕က ေဖ့စ္ဘုတ္ေပၚ ေရးတင္ၾကပါသည္။အကယ္၍ အဆိုပါေရးသားခ်က္မ်ား မွန္ကန္ခဲ့ပါက၊ လက္ရွိ ပကတိေျမျပင္အေျခအေနကို ရွင္းျပရန္ ပညာေရးဝန္ႀကီးဌာနမွ လူႀကီးမ်ားတြင္ တာဝန္ရွိပါသည္။အဘယ္ေၾကာင့္ ဆိုေသာ္၊ ေဒၚေအာင္ဆန္းစုၾကည္သည္ ရန္ကုန္တကၠသိုလ္၏ အေနအထားမွန္ႏွင့္ ပိတ္ထားသည့္ တံခါးေပါက္မ်ားစြာကိစၥကို သိမည္မဟုတ္ေပ။ေဒၚေအာင္ဆန္းစုၾကည္သည္ ရန္ကုန္တကၠသိုလ္တြင္ ပညာသင္ၾကားခဲ့သူမဟုတ္ပါ။ထို႔အတူ မနက္ ၇ နာရီ စတက္ေစေသာ အခ်ိန္ဇယားအေျပာင္းအလဲကိုမွီရန္ ဖယ္ရီမ်ားေစာထြက္ရ၊ ဘတ္စ္ကားစီးေက်ာင္းတက္ရသည့္ ကေလးမ်ား မနက္ ၅ နာရီကတည္းက အိမ္မွထြက္ၾကရ၊ လိုက္ပို႔သူ မိဘေဆြမ်ိဳးမ်ားလည္း ထိုအခ်ိန္ကစ အိမ္မွထြက္ရ စသည့္ျပႆနာမ်ားကို ေဒၚေအာင္ဆန္းစုၾကည္ သိမည္မဟုတ္ေပ။

ျမန္မာ့ပညာေရးတြင္ အထက္ - ေအာက္၊ ေအာက္ - အထက္ ပြင့္လင္းျမင္သာ မညႇိႏွိုင္းဘဲ အထက္က မူဝါဒတစ္ခုမ်ားကို ေျမျပင္ပကတိအေျခအနႏွင့္ မကိုက္ညီေစကာမူ ခ်မွတ္ေနသမၽွ ကာလပတ္လုံး၊  အထက္က ျပဌာန္းလိုက္၊ ေအာက္က ကန႔္ကြက္လိုက္၊ ဆႏၵေဖာ္ထုတ္လိုက္ စသည့္ မျဖစ္သင့္သည့္ ျပႆနာမ်ား ျဖစ္ေပၚေနေပဦးမည္။
နိုင္ငံေတာ္၏အတိုင္ပင္ခံက အႀကံျပဳေစကာမူ၊ ရွင္းျပသင့္ ရွင္းျပထိုက္သည္ကို ရွင္းျပရန္ ပညာေရးကိုဦးေဆာင္ေနသည့္ လူႀကီးမ်ား၏ တာဝန္ျဖစ္ပါသည္။ပေစာက္ႏွင့္ စေသာ ဝန္ႀကီးဌာနမ်ား၏ လုပ္ေဆာင္မႈမ်ား အားနည္းလြန္းသည္ဟု ေဝဖန္ေနၾကပါၿပီ။၂၀၂၀ ေရြးေကာက္ပြဲအၿပီး အင္အယ္လ္ဒီ မဲနိုင္လၽွင္ပင္ ဤသို႔ေသာ ဝန္ႀကီးမ်ားကို မခန႔္ထားေပးပါႏွင့္ ဆိုလာၾကပါၿပီ။ပညာေရးဝန္ႀကီးဌာနကို ဦးေဆာင္ေနသူမ်ား ပြင့္လင္းျမင္သာခ်ျပမႈ၊ ဦးေဆာင္ေနသူတို႔ အရည္အေသြးျမင့္မားမႈ၊ ျပႆနာမ်ားကို မွန္မွန္ကန္ကန္ ကိုင္တြယ္ေျဖရွင္းျပမႈမ်ား လိုအပ္ေနၿပီျဖစ္ပါသည္။

ခင္ႏွင္းဦး
ဇန္န္၀ါရီ - ၁၈