【 ဆောင်းပါး 】 “ဝန်များကြားတွင် မျှခြေရှာဖွေခြင်း”

【 ဆောင်းပါး 】 “ဝန်များကြားတွင် မျှခြေရှာဖွေခြင်း”

မြန်မာနိုင်ငံမှာ အင်္ဂလိပ်ခေတ်ကို ဖယ်လိုက်ရင် ကိုယ့်မြန်မာချင်း အုပ်ချုပ်တဲ့ခေတ် ၄ ခေတ် ရှိခဲ့ပါတယ်။ဒီခေတ်တွေမှာ အုပ်ချုပ်သူအစိုးရကို ကိုယ်စားပြုပြီး ရှေ့ထွက်ကပြကြရတဲ့ တနည်းအားဖြင့် အရေးကြီးတဲ့နေရာတွေမှာ တာဝန်ယူခဲ့ကြတဲ့ ဝန်အမျိုးမျိုးကို တွေ့ကြုံခဲ့ကြရ၊ တွေ့ကြုံနေရဆဲ ဖြစ်ပါတယ်။ရှေးမြန်မာမင်းတွေ လက်ထက်တုန်းက ဝန်တွေကို စာတွေ့အရပဲ သိကြရပေမဲ့ ယောမင်းကြီး ဦးဘိုးလှိုင် လို တော်လဲတော်၊ ထက်လဲထက်၊ မှန်ရာလဲပြောဝံ့တဲ့ ဝန်ကြီးမျိုး သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ နည်းပါးလှပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ ဝန်တွေ၊ စစ်အာဏာရှင်ခေတ် ဝန်တွေနဲ့ ၂၀၁၁ က စလို့ တကျော့ပြန်ကျင့်သုံးတဲ့ ဒီမိုကရေစီခေတ် ဝန်တွေ စတဲ့ ဝန်အမျိုးမျိုးနဲ့ မြန်မာလူထု ကြုံဆုံခဲ့ပါတယ်။

ခေတ်လေးခေတ် ဝန်တွေထဲမှာ လူကြီးပိုင်းကလွဲလို့ လူလတ်ပိုင်း လူငယ်ပိုင်းတွေဟာ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ် ဝန်တွေကို စာတွေ့အရသိသူပဲ များပါလိမ့်မယ်။ဖဆပလဝန်တွေကို ကိုယ်တွေ့မီခဲ့သူတွေဟာ ၈၀ တန်း၊ ၉၀ တန်းတွေမို့ အတော်နည်းပါးသွားပါပြီ။အဲဒီနောက် အာဏာရှင်ခေတ် ဝန်တွေနဲ့  ထပ်မံဆုံကြကြုံကြရပြန်ပါတယ်။အာဏာရှင်ခေတ်ကို သေသေချာချာပြောမယ်ဆိုရင် ၄ ပိုင်း ထွက်လာပါမယ်။၁၉၆၂ - ၁၉၇၂ စစ်အာဏာရှင်ခေတ် (တော်လှန်ရေးကောင်စီခေတ်)၊ ၁၉၇၂-၁၉၈၈ တစ်ပါတီအာဏာရှင်ခေတ် (မဆလခေတ်)၊ နဝတခေတ်နဲ့ နအဖခေတ် ဆိုတဲ့ စစ်ဝတ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ခေတ် ၃ ခေတ်၊ အရပ်ဝတ် ဝတ်ပြီး တစ်ပါတီအာဏာရှင်စနစ်နဲ့ အုပ်ချူပ်တဲ့တစ်ခေတ် စုစုပေါင်း လေးခေတ် ထွက်လာပေမဲ့ ထိပ်ပိုင်းစစ်ဗိုလ်တွေပဲ စစ်ဝတ်နဲ့အုပ်ချုပ်လိုက် အရပ်ဝတ်လဲဝတ်ပြီး အုပ်ချုပ်လိုက်နဲ့ ဒီလူ ဒီလူတွေပဲ အုပ်ချုပ်ခဲ့ကြတာပါ။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေး ၂ ကြိမ်ပဲရှိခဲ့ပြီး ကျန်တဲ့အုပ်ချုပ်ရေးတွေဟာ နာမည်အမျိုးမျိုးပြောင်းထားတဲ့ တပ်ဘက်အုပ်ချုပ်ရေးတွေချည်းပါပဲ။တော်လှန်ရေးကောင်စီအစိုးရ လက်ထက်ကနေ ဦးသိန်းစိန် အရပ်သားတစ်ပိုင်း ဒီမိုကရေစီအစိုးရလက်ထက်ထိ အစိုးရအဖွဲ့ထဲမှာ အရပ်သားဝန်ကြီးတချို့ကို ကြားညှပ်နေရာပေးပါတယ်။အများစုကတော့ စစ်ဗိုလ်တွေပဲ ဝန်ကြီးနေရာ ဒု-ဝန်ကြီးနေရာတွေ ယူကြပြီး အောက်ခြေဆင်းလိုက်ရင် ညွှန်ချုပ်ကအစ ညွှန်မှူးထိ နေရာအများစုမှာလဲ စစ်ဗိုလ်တွေကိုပဲ နေရာပေးခဲ့ပါတယ်။အောက်ခြေက စလုပ်လာတဲ့ အရပ်သား ပညာတတ်တွေ သူတို့အောက်က ရာထူးတွေမှာပဲ တာဝန်ထမ်းရင်း ဝန်ထမ်းဘဝကို အဆုံးသတ်ကြရတာပါ။

မြန်မာနိုင်ငံရဲ့ အာဏာရှင်ခေတ်တွေကို ဒီကနေ့ သမင်လည်ပြန် ပြန်ကြည့်လိုက်တော့ အတော်များများက ရယ်စရာဖြစ်နေပေမဲ့ ဒီဖြစ်ရပ်တွေကို ဖြတ်ကျော်နေရတဲ့ အချိန်တွေတုန်းကတော့ ရယ်မောစရာ တစက်မှမကောင်းဘဲ ဒေါသထွက်စရာ စိတ်တိုစရာတွေပါ။ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ဒေါသမဖြစ်ဝံ့၊ စိတ်မတိုဝံ့ကြပြန်ပါဘူး။ဒါတောင် တချိန်တုန်းက မှန်ကန်တဲ့ပညာရေးက မွေးထုတ်ပေးလိုက်တဲ့ စစ်ဗိုလ်ဝန်ကြီးတချို့ဟာ လုပ်ရည်ကိုင်ရည်ရှိကြပါတယ်။အာဏာရှင်စနစ်ဆိုပေမဲ့ လုပ်သင့်လုပ်ထိုက်တာကို ဆုံးဖြတ်ချက်မှန်မှန်နဲ့ လုပ်ပေးနိုင်ခဲ့ကြတယ်ဆိုတာကို တွေ့နိုင်ပါတယ်။

ဥပမာ - တော်လှန်ရေးကောင်စီအစိုးရ လက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနနှစ်ခုကို တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး လှဟန် ဆိုရင် ခန္တီးလို နာဂဒေသကို ကိုယ်တိုင်သွားပြီး တိုင်စာမျိုးစုံတက်နေတဲ့ ဆေးရုံကို စစ်ဆေးခဲ့တယ်။တာဝန်ထမ်းနေတဲ့ ဆရာဝန်ဘက်က မှန်မှန်ကန်ကန်ပြောဆို တာဝန်ထမ်းနေတယ်ဆိုတာကို တွေ့ရသိရပြီး ဒီဆရာဝန် တာဝန်ယူနေတဲ့ ဆေးရုံအတွက် လိုအပ်တာတွေကို ရဟတ်ယာဉ်နဲ့ ပို့ပေးစေတဲ့အပြင် ဆရာဝန်ကို သူနဲ့ တိုက်ရိုက်ဆက်သွယ် ပြောဆိုခွင့်ပါ ပြုခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စနစ်သစ်ပညာရေးလို့ပြောလိုက် ညံ့ဖျင်းလွဲမှားတဲ့ပညာရေး ဖြစ်လာလိုက်နဲ့ တဖြည်းဖြည်းကျလာတဲ့ ပညာရေးက မွေးထုတ်ပေးတဲ့ အာဏာရှင်ခေတ် စစ်ဗိုလ်ဝန်ကြီးတွေထဲမှာ တချို့ဝန်တွေကို ဟာသအပြောဆုံး လူတွေအဖြစ် ကြုံလာရပါတော့တယ်။နဝတအစိုးရ တက်လာတော့ တာဝန်ရှိသူ စစ်ဗိုလ်ဝန်ကြီးတစ်ပါးဟာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကို လာရောက်စစ်ဆေးပါတယ်။တက္ကသိုလ်မှာရှိတဲ့ စာကြည့်တိုက်ကိုလဲ ဝင်စစ်ပါတယ်။စာအုပ်စင်တွေပေါ်မှာ တင်ထားတဲ့ စာအုပ်တွေကို လက်ညှိုးထိုးပြီး “မင်းတယ်ညံ့ပါလား။စာအုပ်တောင် မစီတတ်ဘူး။အရွယ်တူ အရောင်တူ စီထားမှ လှလှပပ သပ်သပ်ရပ်ရပ် ကြည့်ကောင်းမှာပေါ့” လို့ လိုအပ်သည်များကို လက်ညှိုးထိုး ညွှန်ကြားသွားပါတယ်။အဲဒီတုန်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စာကြည့်တိုက်မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူနေတဲ့ ဦးမြင့်သိန်း က ခါးလေးကိုင်း၊ ခေါင်းလေးညွှတ်ပြီး “ဟုတ်ကဲ့ပါ ဝန်ကြီး” ပေါ့။

စာကြည့်တိုက်တွေမှာ အဓိကလုပ်ရတာက စုဆောင်းထားတဲ့ စာအုပ်တွေကို ဖတ်မယ့် ငှားမယ့်သူကပဲ ကိုယ်တိုင်ရှာရှာ စာကြည့်တိုက်ဝန်ထမ်းကပဲ ရှားပေးရ ရှာပေးရ မိနစ်ပိုင်းအတွင်း လိုချင်တဲ့စာအုပ် ရှာတွေ့ဖို့ပါ။တက္ကသိုလ်စာကြည့်တိုက်တွေဆိုတာ ဘယ်စာကြည့်တိုက်မဆို စာအုပ် သောင်းဂဏန်း၊ သိန်းဂဏန်း ရှိတာချည်းပါပဲ။ဒါကြောင့် စာကြည့်တိုက်စနစ်သုံးပြီး ပညာရပ်အလိုက် တူညီတဲ့အုပ်စုလိုက် (မျိုးတူစု နံပတ်အလိုက်) စင်ပေါ်တင်ကြရပါတယ်။ဒါမှ ဘယ်အချိန်ကဝယ်တဲ့ စာအုပ်ဖြစ်ဖြစ် ဘာသာရပ်တူတဲ့ စာအုပ်တွေဟာ စာကြည့်တိုက်ထဲ လွန်ခဲ့တဲ့ ငါးနှစ်ကပဲ ရောက်လာ ရောက်လာ အခုပဲ ဝယ်လာ ဝယ်လာ သက်ဆိုင်တဲ့ ပညာရပ်တူရာ စင်ပေါ်မှာ အတူရှိနေကြမှာပါ။ဒါကြောင့် စာအုပ်တွေကို အရောင်တွေ အရွယ်တွေနဲ့ စီလို့မရပါဘူး။ကျွဲ၊ နွား၊ ခွာနာလျှာနာအကြောင်း စာအုပ်ဆိုပါတော့ ၆၃၆ ဆိုတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ နံပတ်နားမှာ ရှိရမှာပါ။ကျွဲနွားရောဂါ စာအုပ်ကို ၁၉၅၀၊ ၁၉၇၀၊ ၁၉၈၀ ထုတ် စာအုပ်သုံးအုပ်ကို ဘယ်အချိန်ကပဲဝယ်ဝယ် စင်ပေါ်မှာတော့ ဒီပညာရပ်နဲ့ဆိုင်တဲ့ အဲဒီနံပတ်နေရာမှာ အတူရှိနေကြမှာပါ။

တက္ကသိုလ်စာကြည့်တိုက်လောကမှာ ဦးမြင့်သိန်း ၂ ယောက်ရှိပါတယ်။တစ်ယောက်ကငယ်ပြီး တစ်ယောက်က အသက်ကြီးပါတယ်။ရေဆင်းဦးမြင့်သိန်း က အသက်ကြီးတော့ သူ့ကို အဘဦးမြင့်သိန်း လို့ ခေါ်ကြပါတယ်။အဘဦးမြင့်သိန်း က ရန်ကုန်ရောက်တဲ့အခါ သူ့ဝန်ကြီးရဲ့ ပြောင်မြောက်လှတဲ့ ညွှန်ကြားချက်ကို ပြန်ပြောပြပြီး ကွမ်းစားလွန်းလို့ မည်းတူးနေတဲ့ သွားတွေပေါ်တဲ့ထိ တဟားဟားရယ်ပါတယ်။ကြားသိရသူအပေါင်းလဲ အော်ရယ်ကြရပါတယ်။ဒီအဖြစ်က နဝတအစိုးရ လက်ထက်။

ရန်ကုန်အမျိုးသားစာကြည့်တိုက်ကို ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးလက်အောက်မှာ ထားရှိတဲ့အတွက် နအဖခေတ် ယဉ်ကျေးမှုဝန်ကြီး အလိုကျ ကပြကြရပါတော့တယ်။ဒီဝန်ကြီး ထင်တိုင်းကြဲတာတွေ ရေးရမယ်ဆို ရင် ဆောင်းပါး ၁၀ ပုဒ်စာလောက်ရေးမှ ပြည့်စုံပါမယ်။ယဉ်ကျေးမှုဝန်ရဲ့ ပြောင်မြောက်လှတဲ့ ကျန်တဲ့လုပ်ဆောင်ချက်တွေကို ဖယ်ပြီး စာကြည့်တိုက်အတွက် ညွှန်ကြားတဲ့ စံမတူ အယူအဆတွေကို မျှဝေပါမယ်။

“စာအုပ်စင်တွေပေါ်မှာ လူထုဦးလှ၊ လူထုအဒေါ်အမာ စာအုပ်တစ်အုပ်မှ မထားနဲ့ သိလား။ဂျူး ရေးတဲ့ အမှတ်တရ၊ ပင်လယ်နဲ့တူသော မိန်းမများ ဘယ်သူ့မှ မငှားနဲ့၊ ဘယ်သူမှ မဖတ်စေနဲ့။ခင်နှင်းယု ရေးတဲ့ မိန်းမရိုင်းနဲ့ ကျွန်းဧကရီ ဘယ်သူ့မှ မငှားနဲ့ ဘယ်သူမှ မဖတ်စေနဲ့။အင်္ဂလိပ်တွေနဲ့ နိုင်ငံခြားသားတွေရေးတဲ့ ဘာမား စာလုံးပါတဲ့ စာအုပ်၊ မြန်မာနိုင်ငံအကြောင်း စာအုပ်တစ်အုပ်မှ စင်ပေါ်မှာ မထားနဲ့”

အဲဒီတုန်းက အမျိုးသားစာကြည့်တိုက်ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာ စာကြည့်တိုက်လောကသား မဟုတ်ပါဘူး။တခြား အသက်မွေးဝမ်းကျောင်း ပညာရှင်ပါ။သူက ပျော့ပြောင်းလိုက်နာတတ်သူဖြစ်လို့ ဝန်ကြီး လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်ပါတယ်။သူ့အောက်မှာ အဆင့်ဆင့် တာဝန်ယူနေကြရတဲ့ စာကြည့်မှူးတွေလဲ ငြိမ်နေကြရပါတယ်။ဒီဖြစ်ရပ်ကို သိသွားတဲ့ ဆရာကြီး ဦးသော်ကောင်း က “အင်းလေ တော်သေးတာပေါ့။အားလုံးပုံ မီးရှို့လိုက် မပြောတာ” လို့ အဆိုးထဲက အကောင်းရှာပြပါတယ်။

အခုတော့ ပြည်သူ တခဲနက် မဲပေးတင်မြှောက်ခဲ့တဲ့ အင်အယ်လ်ဒီအစိုးရ လက်ထက် ရောက်ခဲ့ပါပြီ။ပညာရေးကို စနစ်သစ်ပြန်ပြီဆိုတိုင်း မိဘ ကျောင်းသား ဆရာ၊ ဆရာမတွေ ရင်မနေကြရတာကို အမျိုးသားပညာရေးကော်မတီခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံ သိ၊ မသိ မသိရပေမဲ့၊ ကျောင်းသားမိဘတွေလဲ စိတ်မအေးနိုင်။ဆရာ၊ ဆရာမတွေလဲ အားတင်းရင်ဆိုင်ကြရ။အလူးအလဲခံရသူတွေကတော့ ကျောင်းသား၊ ကျောင်းသူကလေးတွေပါ။ဒေါ်အောင်ဆန်းစုကြည် က စာကြည့်တိုက်ဆိုတော့ လိုက်စာကြည့်တိုက်ကြရပြန်ပါတယ်။စာသင်ချိန်နဲ့ စာကြည့်တိုက်၊ တခြားဖွံ့ဖြိုးမှုအချိန်တွေကြား အချိန်လုနေရတဲ့အထဲ စာငှားစာရင်းကို ဘယ်လိုလုပ်ထားဆိုတာကတမျိုး၊ စာကြည့်တိုက် ရက်တိုသင်တန်းပြတဲ့ စာကြည့်တိုက် ဆရာ၊ ဆရာမတွေက မညွှန်ကြားတာမျိုးတောင် အထက်က လာညွှန်ကြားတာကတမျိုး။တစ်နေ့ တစ်နေ့ အသက်လုရှုရတယ်လို့ ညည်းသူတွေ ပေါ်လာပါတယ်။

ပြည်သူ့ဆန္ဒအရ တက်လာတဲ့ အစိုးရခေတ်မှာ ပညာရေးဝန်ကြီးဆိုတာ ထက်ထက်မြက်မြက် လုပ်ရဲကိုင်ရဲ လုပ်တတ်ကိုင်တတ်ဆိုရင် ဘယ်လောက် တိုင်းပြည်အနာဂတ် လှပလာလေမလဲ။ပညာရေးနဲ့ ကျန်းမာရေးဟာ တိုင်းပြည်တစ်ပြည်အတွက် အရေးကြီးဆုံး အခြေခံတွေဖြစ်လို့ ဒီအစိုးရလက်ထက် ကျန်းမာရေးဘက်က တက်လာသလို၊ ပညာရေးဘက်က တက်လာရင် မိဘ၊ ကျောင်းသား၊ ဆရာ သုံးပွင့်ဆိုင် ပျော်ရွှင်စိတ်အေးကြမှာပါ။အောက်မှ အထက် ဆိုတာမျိုး မကြုံရ။အထက်မှ အောက်သာ ကြုံမြဲကြုံနေရပြီး သင့်တာရော မသင့်တာရော ညွှန်ကြားနေတာတွေကို ခေါင်းငုံ့နားထောင်ရတာ မကုန်သေးတဲ့ခေတ်။

ရန်ကုန်နဲ့ ခဲတပစ်ပဲဝေးတဲ့ ရွာငယ်လေးတချို့မှာရှိတဲ့ ကျောင်းသားက စုစုပေါင်း ၄၀၊ ၅၀ ဝန်းကျင်၊ ဆရာ၊ ဆရာမ အင်အားက ၅ ယောက် ၆ ယောက်။ဒီအချိန်မှာ ဝေးလံခေါင်သီတဲ့ ဒေသက ရွာတွေမှာ ဆရာ၊ ဆရာမ တစ်ယောက်ထဲရှိတာ၊ တစ်ယောက်မှ မရှိတဲ့အဖြစ်တွေ ခုချိန်ထိ ၂၀၁၉ ဒီကနေ့ထိ ဖြစ်နေတုန်း။ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူ အဆင့်ဆင့်သာ သွက်သွက်လက်လက် စေတနာပါပါ ခေတ်ကပေးနေတဲ့ အခွင့်အခါကို အမိဖမ်းပြီး အလုပ်လုပ်ခဲ့ရင် ၂၀၁၆ - ၂၀၁၉ အင်အယ်လ်ဒီအစိုးရ သက်တမ်း ၄ နှစ်ထဲ ရောက်လာချိန်ထိ ရန်ကုန်က တဖဝါးမှ မခွာဖူးတဲ့ ဆရာ၊ ဆရာမတွေကို နှစ်နှစ်တန်သည် သုံးနှစ်တန်သည် နယ်တွေကိုပို့ပေး။အင်အားပိုနေတဲ့ကျောင်းနဲ့ အင်အားလိုနေတဲ့ကျောင်းတွေ စာရင်းမှန်မှန်ကန်ကန်ပြုစုပြီး ဆရာ၊ ဆရာမ အင်အားကို မျှမျှတတဖြစ်အောင် စီမံပေး စတဲ့ အလုပ်တွေ လုပ်ပြီးသင့်ပါပြီ။တကယ်တော့ အရင့်အရင်ကအတိုင်း ဆိုတာတွေပဲ များနေဆဲဆိုတာ မိဘတွေသိတယ်။ကျောင်းသား ဆရာ၊ ဆရာမတွေ သိတယ်။အမျိုးသား ပညာရေးကော်မတီ သိဟန်မတူ။

၂၀၁၉ ပညာသင်နှစ်ကစပြီး  ၃ တန်း၊ ၄ တန်းနဲ့ ၅ တန်းတွေမှာ ပြွေမှုတ်သင်ရတဲ့အခါ အစိုးရပေးထားတာက ပြွေတချောင်းထဲ ကျောင်းသားတိုင်းက ကိုယ့်ငွေနဲ့ကိုယ် ပြွေမဝယ်နိုင်တာက တစ်မျိုး၊ တောကျောင်းတွေဆို ပြွေတချောင်းကိုပဲ ဆရာနဲ့ တပည့် တလှည့်စီမှုတ်ရတဲ့ အဖြစ်တွေကို အောက်ကလဲ အထက်ကို မပြောရဲ။အထက်ကလဲ အောက်ခြေဘယ်လိုရှိသလဲ သိဟန်မတူ။အတန်းချိန် ၈ ချိန်လုပ်လိုက်လို့ မနက် ၇ နာရီ စတက်ရမယ့် ၂ ချိန်သင် ကျောင်းတက်နေရတဲ့ ကလေးတွေခမျာ ငါးနာရီကတည်းက အိမ်ကထွက်ကြရပါသတဲ့။ကလေးတွေကို မိဘက မနက်စောစာ မကျွေးလိုက်နိုင်ကြ။ဒါ့အပြင် နေ့လယ်မုန့်စား ထမင်းစားချိန်က အရင်နာရီဝက် အစား ၁၅ မိနစ် ဖြစ်သွားလို့ ကလေးတွေခမျာ ထမင်းဘူးတစ်ဘူးကုန်အောင် မျိုချကြရတာတွေ၊ အိမ်ကို မိုးချုပ်လုမှ ပြန်ရောက်တာတွေ။မိဘကလည်း စိတ်ညစ်ကြပြီ။ကလေးတွေလဲ ခြေကုန်လက်ပန်းကျကြပြီ။

“ဆောင်းတွင်းဆို မနက်ငါးနာရီဆိုတာ မှောင်နေတုန်းပဲ။ကလေးတွေကို ဘယ်လိုကျောင်းလွှတ်ရမလဲ ခုကတည်းက စိတ်ပူနေရတယ်။ကျွန်တော်တို့ကလဲ လင်မယားနှစ်ယောက်စလုံး အလုပ်သွားရတယ်” မိဘတစ်ယောက်ရဲ့ ရင်ဖွင့်သံ။

“စလိုက်တဲ့ စနစ်သစ်ပညာရေးဆိုတာကနေ ထွက်လာတဲ့ရလဒ်ကဘာလဲ ဘာပြုပြင်ဖို့လိုလဲ။သီအိုရီနဲ့ လက်တွေ့ အလုပ်ဖြစ်ရဲ့လား၊ ဘာသုတေသနမှ ရှိပုံမပေါ်ဘူး။အောက်ခြေမှာ ဘာဖြစ်နေသလဲ တစ်ချက်မှ ငဲ့မကြည့်ဘူး။ကျန်းမာရေးဘက်က လာကြည့်တဲ့ တစ်ဖွဲ့ကတော့ အခုလို ကလေးတွေ တစ်နေ့ ၈ ချိန် သင်ကြားနေရတာ ကျန်းမာရေးထိခိုက်မယ်လို့ မှတ်ချက်ချသွားတယ်။အဲဒီမှတ်ချက် မြန်မြန် ကျယ်ကျယ်လောင်လောင် ထွက်လာပါစေ ဆုတောင်းနေရတယ်” ဆရာ၊ ဆရာမ တချို့ရဲ့ အသံ။

“ညံ့တဲ့ ဆရာ၊ ဆရာမတွေကို ဝေးတဲ့နေရာတွေ ပို့ပစ်မယ်” လို့ ပညာ---- က မိန့်ကြားတုန်းက ပြည်နယ်တွေက လူထုခမျာ ဆတ်ဆတ်ခါ နာခဲ့ကြပါတယ်။ပညာရေးစိတ်ပညာကို မူလတန်းသင် ဆရာ၊ ဆရာမအဆင့်က လွဲလို့ ကျန်အဆင့်တွေ သိစရာမလိုလို့ ဆိုလေတော့ ပညာရေးတက္ကသိုလ်က ပါရဂူဘွဲ့ရထားတဲ့ ဌာနမှူး ဆရာ၊ ဆရာမတွေတောင် စိတ်ပျက်တယ်လို့ အော်ကြဟစ်ကြပါတော့တယ်။ဒါတင်မက ဆယ်တန်းအောင်မှတ်များသူတွေ အသက်ဝမ်းကျောင်း တက္ကသိုလ်တွေကို သွားကြ။နည်းနည်းအမှတ်များသူတွေက သိပ္ပံယူ၊ အမှတ်နည်းသူတွေက ဝိဇ္ဇာယူကြလို့ ခွဲတမ်းချပေးတော့ ပညာရေးမှာ တစ်ဘက်စောင်းနင်း သင်ကြားပေးလို့မဖြစ်တာကို သိကြလို့ ဝိဇ္ဇာဘာသာရပ်တွေကို လေးလေးစားစား ထည့်သွင်းသင်ပေးနေတဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးတွေဟာ မြန်မာနိုင်ငံက ပညာ---- ဆီ လာပြီး ပညာယူသင့်တယ်လို့ ပါမောက္ခဟောင်းတစ်ယောက်က မှတ်ချက်ချပါတယ်။

ဒီလို အဘက်ဘက်က ပြောင်မြောက်လှတဲ့ ပညာ---- ဟာ ဆော့ဖ်စကေးရယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပြောလို့ ခေတ်စားလာတဲ့ စကားလုံးနောက်ကို အမှီလိုက်ဖို့ အားထုတ်ရှာပါတယ်။မြန်မာစာပေလောကမှာ တက်ကျမ်းတွေ မျိုးစုံရေးပြီး တချိန်က မြန်မာပြည်အနံှ့ စာပေဟောပြောပွဲလိုက်ရတဲ့ လူလတ်တန်း စာရေးဆရာတစ်ယောက်ဟာ သူ့ရဲ့ မောက်မာရိုင်းပျမှု၊ သူဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုနေတယ်ဆိုတာ ရုပ်လုံးပေါ်လာမှုတို့ကြောင့် စာပေလောကထဲက ကျဉ်ခံထားရတာ ကြာပါပြီ။ဟောပြောပွဲဖိတ်ခံရတဲ့ စာရေးဆရာတွေက ဘယ်သူနဲ့တွဲဟောရမလဲ ဖိတ်ကြားတဲ့သူတွေကို မေးကြပါတယ်။အဲဒီ လူလတ်တန်း စာရေးဆရာ ပါမယ်ဆိုရင် ဘယ်စာရေးဆရာကမှ ဟောပြောပွဲကို လက်မခံတော့ပါဘူး။သူနဲ့ တွဲဟောနိုင်သူ စာရေးဆရာ အနည်းအကျဉ်းတော့ ရှိနိုင်ပါတယ်။သူကိုယ်တိုင်တောင် ဆော့ဖ်စကေး မရှိလို့ ရောက်ရာမြို့က မြို့ခံတွေနဲ့ ပြဿနာဖြစ်သူကို ဆော့ဖ်စကေး လာရောက်သင်ကြားပေးပါလို့ ဖိတ်ကြားပါသတဲ့။

အမေစု စကားနောက် အမှီလိုက်ဖို့ ပညာရေးဝန်ထမ်းတွေကို ဆော့ဖ်စကေး (Soft Scale) သင်ကြားပေးဖို့ အနှီ လူလတ်တန်း စာရေးဆရာကို ပင့်ဖိတ်သတဲ့ဆိုတဲ့သတင်း တောမီးလို ပျံ့နှံ့သွားပါတယ်။ဖေ့စ်ဘုတ်ပေါ်မှာ ပညာ---- ကို ကောင်းချီးပေးတဲ့ ပို့စ်တွေ တစ်ခုပြီး တစ်ခု တက်လာပါတော့တယ်။ပညာရေးနယ်ပယ်ကို တာဝန်ယူနေပေမဲ့ မိမိနိုင်ငံရဲ့ စာပေနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်၊ လူမှုနယ်ပယ်တွေကို ဘာမှမသိပါဘူးလို့ ဝန်ခံနေတာနဲ့တူတဲ့ လုပ်ရပ်တွေ အပြောတွေကို အခါအားလျော်စွာ ပြောလာ၊ လုပ်လာတဲ့ ပညာ---- ကို ပညာနယ်မှာ ဒီလိုလူကို တာဝန်ပေးထားတာ ပေးစရာလူရှားလို့လားဆိုတဲ့ မေးခွန်းထုတ်သူတွေက ထုတ်လာပါပြီ။

ဒီထက်ပြောင်မြောက်တဲ့ အရည်အသွေးရှိပါသေးတယ်ဆိုတာ ဖေ့စ်ဘုတ်ပရိသတ်ကြီး မသိလို့သာ ပညာ---- ခမျာ သက်သာနေတာပါ။ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တောင်ကိုရီးယား သမ္မတနဲ့ သမ္မတကတော် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ကြပါတယ်။အရေးကြီးတဲ့ ဧည့်သည်တော်တွေ လာမယ်ဆိုရင် လာမယ့် ဧည့်သည်တော်တွေ သွားရောက်မယ့် တွေ့ဆုံမယ့် နေရာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်စီမံရတာတွေ အများကြီးပါ။နေပြည်တော် ခရီးစဉ်ပြီးလို့ ရန်ကုန်ရောက်ရင် သမ္မတက ဟိုတယ်မှာ ဒီခရီးစဉ်နဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့နေတဲ့အချိန်မှာ သမ္မတကတော်က တက္ကသိုလ်တစ်ခုက ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့မှာပါ။

သမ္မတကတော် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပေးတွေ့မယ့်နေရာအဖြစ် အဲဒီတက္ကသိုလ်မှာရှိတဲ့ စာကြည့်တိုက်ကို ရွေးလိုက်ပါတယ်။စာကြည့်တိုက်ထဲမှာ ဘယ်လိုအခင်းအကျင်းနဲ့ ပေးတွေ့မယ်ဆိုတာကို စီစဉ်ဖို့ ဝန်ခမျာ မကြာခဏ တက္ကသိုလ်စာကြည့်တိုက်ကို လာရပါတော့တယ်။စာအုပ်စင်တွေကို ကြည့်ပြီး ပညာ---- က စိတ်မသက်မသာဖြစ်ပုံရပါတယ်။စင်ပေါ်မှာ တင်ထားတဲ့ စာအုပ်တွေက တိုတာကတို ရှည်တာကရှည် ရောနေတော့ မလှဘူး မသပ်ရပ်ဘူးလို့ စိတ်ထဲခံစားနေရတာကို ထုတ်ပြောပါတော့တယ်။

"စာအုပ်တွေကို အရွယ်တူရွေးပြီး စင်ကိုလဲ စာအုပ်အရွယ်နဲ့ အနေတော် အကျယ်အကျဉ်း ထားပါလား။စာအုပ်တွေက မညီမညာနဲ့ တိုတာကတို ရှည်တာရှည် ထူတာကထူ ပါးတာကပါး ကြည့်မကောင်းဘူး" လို့ လမ်းညွှန်လိုက်ပါတယ်။ပညာ---- ခမျာ စိတ်ပူနေတဲ့ဇောက ကပ်နေတော့ စာကြည့်တိုက်မှူး အကြီးအကျယ် မျက်နှာပျက်သွားတာကို သတိမထားလိုက်မိဘူး။နောက်တော့ ဓာတ်လှေခါးမရှိတဲ့ စာကြည့်တိုက်ရှိရာ အပေါ်ထပ်ကို သမ္မတကတော်က ခြေထောက်နဲ့ မတက်နိုင်တော့ အောက်ထပ်က အခန်းတစ်ခန်းမှာပဲ တွေ့ဆုံဖို့ ပြင်ဆင်ပေးလိုက်ပါတယ်။ဒီတော့မှ စာကြည့်တိုက်မှူးလဲ သက်ပြင်းချနိုင်ပါတော့တယ်။

သမ္မတကတော်က တက္ကသိုလ်ကျောင်းထွက်လို့ သတင်းစာမှာပါတဲ့ ကိုယ်ရေးအကျဉ်းကို စာကြည့်တိုက်မှူးက ဖတ်ထားပါတယ်။ပညာ---- အလိုကျ စာအုပ်တွေကို ရွယ်တူစီလိုက်ပါပြီတဲ့။သမ္မတကတော်ဟာ တက္ကသိုလ်ကျောင်းသူ ဘဝတုန်းက စာကြည့်တိုက်ကို ကောင်းကောင်းသုံးခဲ့သူဖြစ်နေရင် မျိုးတူစုနံပတ်နဲ့ပဲ စာအုပ်စင်ကို ကြည့်တော့မှာ။အရှက်ကြီး ဟက်တက်ကွဲရချည်ရဲ့လို့ သူငယ်ချင်းတွေကို ပြန်ပြောပြရင်း နဖူးကစီးကျလာတဲ့ ချွေးတွေကို သုတ်နေပါတယ်။

ခေတ်အဆက်ဆက် ဝန်တွေကြားမှာ မျှခြေရှာတော့ ဒီမိုကရေစီခေတ် ပြည်သူတင်မြှောက်တဲ့ အစိုးရခေတ်မှာ ရလာတဲ့ မျှခြေတချို့ဟာ တိုင်းပြည်အတွက် ရင်မောဖွယ်ပါတကား။

ခင်နှင်းဦး
စက်တင်ဘာ - ၁၁

( Zawgyi )

ျမန္မာႏိုင္ငံမွာ အဂၤလိပ္ေခတ္ကို ဖယ္လိုက္ရင္ ကိုယ့္ျမန္မာခ်င္း အုပ္ခ်ဳပ္တဲ့ေခတ္ ၄ ေခတ္ ရွိခဲ့ပါတယ္။ဒီေခတ္ေတြမွာ အုပ္ခ်ဳပ္သူအစိုးရကို ကိုယ္စားျပဳၿပီး ေရွ႕ထြက္ကျပၾကရတဲ့ တနည္းအားျဖင့္ အေရးႀကီးတဲ့ေနရာေတြမွာ တာဝန္ယူခဲ့ၾကတဲ့ ဝန္အမ်ိဳးမ်ိဳးကို ေတြ႕ႀကဳံခဲ့ၾကရ၊ ေတြ႕ႀကဳံေနရဆဲ ျဖစ္ပါတယ္။ေရွးျမန္မာမင္းေတြ လက္ထက္တုန္းက ဝန္ေတြကို စာေတြ႕အရပဲ သိၾကရေပမဲ့ ေယာမင္းႀကီး ဦးဘိုးလႈိင္ လို ေတာ္လဲေတာ္၊ ထက္လဲထက္၊ မွန္ရာလဲေျပာဝံ့တဲ့ ဝန္ႀကီးမ်ိဳး သက္ဦးဆံပိုင္ဘုရင္ေခတ္မွာ နည္းပါးလွပါတယ္။လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ဖဆပလ ဝန္ေတြ၊ စစ္အာဏာရွင္ေခတ္ ဝန္ေတြနဲ႔ ၂၀၁၁ က စလို႔ တေက်ာ့ျပန္က်င့္သုံးတဲ့ ဒီမိုကေရစီေခတ္ ဝန္ေတြ စတဲ့ ဝန္အမ်ိဳးမ်ိဳးနဲ႔ ျမန္မာလူထု ႀကဳံဆုံခဲ့ပါတယ္။

ေခတ္ေလးေခတ္ ဝန္ေတြထဲမွာ လူႀကီးပိုင္းကလြဲလို႔ လူလတ္ပိုင္း လူငယ္ပိုင္းေတြဟာ ဖဆပလေခတ္၊ ေတာ္လွန္ေရးေကာင္စီေခတ္၊ မဆလေခတ္ ဝန္ေတြကို စာေတြ႕အရသိသူပဲ မ်ားပါလိမ့္မယ္။ဖဆပလဝန္ေတြကို ကိုယ္ေတြ႕မီခဲ့သူေတြဟာ ၈၀ တန္း၊ ၉၀ တန္းေတြမို႔ အေတာ္နည္းပါးသြားပါၿပီ။အဲဒီေနာက္ အာဏာရွင္ေခတ္ ဝန္ေတြနဲ႔  ထပ္မံဆုံၾကႀကဳံၾကရျပန္ပါတယ္။အာဏာရွင္ေခတ္ကို ေသေသခ်ာခ်ာေျပာမယ္ဆိုရင္ ၄ ပိုင္း ထြက္လာပါမယ္။၁၉၆၂ - ၁၉၇၂ စစ္အာဏာရွင္ေခတ္ (ေတာ္လွန္ေရးေကာင္စီေခတ္)၊ ၁၉၇၂-၁၉၈၈ တစ္ပါတီအာဏာရွင္ေခတ္ (မဆလေခတ္)၊ နဝတေခတ္နဲ႔ နအဖေခတ္ ဆိုတဲ့ စစ္ဝတ္နဲ႔အုပ္ခ်ဳပ္တဲ့ အာဏာရွင္ေခတ္ ၃ ေခတ္၊ အရပ္ဝတ္ ဝတ္ၿပီး တစ္ပါတီအာဏာရွင္စနစ္နဲ႔ အုပ္ခ်ဴပ္တဲ့တစ္ေခတ္ စုစုေပါင္း ေလးေခတ္ ထြက္လာေပမဲ့ ထိပ္ပိုင္းစစ္ဗိုလ္ေတြပဲ စစ္ဝတ္နဲ႔အုပ္ခ်ဳပ္လိုက္ အရပ္ဝတ္လဲဝတ္ၿပီး အုပ္ခ်ဳပ္လိုက္နဲ႔ ဒီလူ ဒီလူေတြပဲ အုပ္ခ်ဳပ္ခဲ့ၾကတာပါ။

လြတ္လပ္ေရးရၿပီး ျမန္မာႏိုင္ငံမွာ အရပ္သားအုပ္ခ်ဳပ္ေရး ၂ ႀကိမ္ပဲရွိခဲ့ၿပီး က်န္တဲ့အုပ္ခ်ဳပ္ေရးေတြဟာ နာမည္အမ်ိဳးမ်ိဳးေျပာင္းထားတဲ့ တပ္ဘက္အုပ္ခ်ဳပ္ေရးေတြခ်ည္းပါပဲ။ေတာ္လွန္ေရးေကာင္စီအစိုးရ လက္ထက္ကေန ဦးသိန္းစိန္ အရပ္သားတစ္ပိုင္း ဒီမိုကေရစီအစိုးရလက္ထက္ထိ အစိုးရအဖြဲ႕ထဲမွာ အရပ္သားဝန္ႀကီးတခ်ိဳ႕ကို ၾကားညႇပ္ေနရာေပးပါတယ္။အမ်ားစုကေတာ့ စစ္ဗိုလ္ေတြပဲ ဝန္ႀကီးေနရာ ဒု-ဝန္ႀကီးေနရာေတြ ယူၾကၿပီး ေအာက္ေျခဆင္းလိုက္ရင္ ၫႊန္ခ်ဳပ္ကအစ ၫႊန္မႉးထိ ေနရာအမ်ားစုမွာလဲ စစ္ဗိုလ္ေတြကိုပဲ ေနရာေပးခဲ့ပါတယ္။ေအာက္ေျခက စလုပ္လာတဲ့ အရပ္သား ပညာတတ္ေတြ သူတို႔ေအာက္က ရာထူးေတြမွာပဲ တာဝန္ထမ္းရင္း ဝန္ထမ္းဘဝကို အဆုံးသတ္ၾကရတာပါ။

ျမန္မာႏိုင္ငံရဲ႕ အာဏာရွင္ေခတ္ေတြကို ဒီကေန႔ သမင္လည္ျပန္ ျပန္ၾကည့္လိုက္ေတာ့ အေတာ္မ်ားမ်ားက ရယ္စရာျဖစ္ေနေပမဲ့ ဒီျဖစ္ရပ္ေတြကို ျဖတ္ေက်ာ္ေနရတဲ့ အခ်ိန္ေတြတုန္းကေတာ့ ရယ္ေမာစရာ တစက္မွမေကာင္းဘဲ ေဒါသထြက္စရာ စိတ္တိုစရာေတြပါ။ဒါေပမဲ့ ပြင့္ပြင့္လင္းလင္း ေဒါသမျဖစ္ဝံ့၊ စိတ္မတိုဝံ့ၾကျပန္ပါဘူး။ဒါေတာင္ တခ်ိန္တုန္းက မွန္ကန္တဲ့ပညာေရးက ေမြးထုတ္ေပးလိုက္တဲ့ စစ္ဗိုလ္ဝန္ႀကီးတခ်ိဳ႕ဟာ လုပ္ရည္ကိုင္ရည္ရွိၾကပါတယ္။အာဏာရွင္စနစ္ဆိုေပမဲ့ လုပ္သင့္လုပ္ထိုက္တာကို ဆုံးျဖတ္ခ်က္မွန္မွန္နဲ႔ လုပ္ေပးႏိုင္ခဲ့ၾကတယ္ဆိုတာကို ေတြ႕ႏိုင္ပါတယ္။

ဥပမာ - ေတာ္လွန္ေရးေကာင္စီအစိုးရ လက္ထက္မွာ ပညာေရးနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနႏွစ္ခုကို တာဝန္ယူခဲ့တဲ့ ဗိုလ္မႉးႀကီး လွဟန္ ဆိုရင္ ခႏၲီးလို နာဂေဒသကို ကိုယ္တိုင္သြားၿပီး တိုင္စာမ်ိဳးစုံတက္ေနတဲ့ ေဆး႐ုံကို စစ္ေဆးခဲ့တယ္။တာဝန္ထမ္းေနတဲ့ ဆရာဝန္ဘက္က မွန္မွန္ကန္ကန္ေျပာဆို တာဝန္ထမ္းေနတယ္ဆိုတာကို ေတြ႕ရသိရၿပီး ဒီဆရာဝန္ တာဝန္ယူေနတဲ့ ေဆး႐ုံအတြက္ လိုအပ္တာေတြကို ရဟတ္ယာဥ္နဲ႔ ပို႔ေပးေစတဲ့အျပင္ ဆရာဝန္ကို သူနဲ႔ တိုက္႐ိုက္ဆက္သြယ္ ေျပာဆိုခြင့္ပါ ျပဳခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း စနစ္သစ္ပညာေရးလို႔ေျပာလိုက္ ညံ့ဖ်င္းလြဲမွားတဲ့ပညာေရး ျဖစ္လာလိုက္နဲ႔ တျဖည္းျဖည္းက်လာတဲ့ ပညာေရးက ေမြးထုတ္ေပးတဲ့ အာဏာရွင္ေခတ္ စစ္ဗိုလ္ဝန္ႀကီးေတြထဲမွာ တခ်ိဳ႕ဝန္ေတြကို ဟာသအေျပာဆုံး လူေတြအျဖစ္ ႀကဳံလာရပါေတာ့တယ္။နဝတအစိုးရ တက္လာေတာ့ တာဝန္ရွိသူ စစ္ဗိုလ္ဝန္ႀကီးတစ္ပါးဟာ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ကို လာေရာက္စစ္ေဆးပါတယ္။တကၠသိုလ္မွာရွိတဲ့ စာၾကည့္တိုက္ကိုလဲ ဝင္စစ္ပါတယ္။စာအုပ္စင္ေတြေပၚမွာ တင္ထားတဲ့ စာအုပ္ေတြကို လက္ညႇိဳးထိုးၿပီး “မင္းတယ္ညံ့ပါလား။စာအုပ္ေတာင္ မစီတတ္ဘူး။အ႐ြယ္တူ အေရာင္တူ စီထားမွ လွလွပပ သပ္သပ္ရပ္ရပ္ ၾကည့္ေကာင္းမွာေပါ့” လို႔ လိုအပ္သည္မ်ားကို လက္ညႇိဳးထိုး ၫႊန္ၾကားသြားပါတယ္။အဲဒီတုန္းက ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ စာၾကည့္တိုက္မွာ စာၾကည့္တိုက္မႉးအျဖစ္ တာဝန္ယူေနတဲ့ ဦးျမင့္သိန္း က ခါးေလးကိုင္း၊ ေခါင္းေလးၫႊတ္ၿပီး “ဟုတ္ကဲ့ပါ ဝန္ႀကီး” ေပါ့။

စာၾကည့္တိုက္ေတြမွာ အဓိကလုပ္ရတာက စုေဆာင္းထားတဲ့ စာအုပ္ေတြကို ဖတ္မယ့္ ငွားမယ့္သူကပဲ ကိုယ္တိုင္ရွာရွာ စာၾကည့္တိုက္ဝန္ထမ္းကပဲ ရွားေပးရ ရွာေပးရ မိနစ္ပိုင္းအတြင္း လိုခ်င္တဲ့စာအုပ္ ရွာေတြ႕ဖို႔ပါ။တကၠသိုလ္စာၾကည့္တိုက္ေတြဆိုတာ ဘယ္စာၾကည့္တိုက္မဆို စာအုပ္ ေသာင္းဂဏန္း၊ သိန္းဂဏန္း ရွိတာခ်ည္းပါပဲ။ဒါေၾကာင့္ စာၾကည့္တိုက္စနစ္သုံးၿပီး ပညာရပ္အလိုက္ တူညီတဲ့အုပ္စုလိုက္ (မ်ိဳးတူစု နံပတ္အလိုက္) စင္ေပၚတင္ၾကရပါတယ္။ဒါမွ ဘယ္အခ်ိန္ကဝယ္တဲ့ စာအုပ္ျဖစ္ျဖစ္ ဘာသာရပ္တူတဲ့ စာအုပ္ေတြဟာ စာၾကည့္တိုက္ထဲ လြန္ခဲ့တဲ့ ငါးႏွစ္ကပဲ ေရာက္လာ ေရာက္လာ အခုပဲ ဝယ္လာ ဝယ္လာ သက္ဆိုင္တဲ့ ပညာရပ္တူရာ စင္ေပၚမွာ အတူရွိေနၾကမွာပါ။ဒါေၾကာင့္ စာအုပ္ေတြကို အေရာင္ေတြ အ႐ြယ္ေတြနဲ႔ စီလို႔မရပါဘူး။ကြၽဲ၊ ႏြား၊ ခြာနာလွ်ာနာအေၾကာင္း စာအုပ္ဆိုပါေတာ့ ၆၃၆ ဆိုတဲ့ အိမ္ေမြးတိရစာၦန္ေတြနဲ႔ ပတ္သက္တဲ့ နံပတ္နားမွာ ရွိရမွာပါ။ကြၽဲႏြားေရာဂါ စာအုပ္ကို ၁၉၅၀၊ ၁၉၇၀၊ ၁၉၈၀ ထုတ္ စာအုပ္သုံးအုပ္ကို ဘယ္အခ်ိန္ကပဲဝယ္ဝယ္ စင္ေပၚမွာေတာ့ ဒီပညာရပ္နဲ႔ဆိုင္တဲ့ အဲဒီနံပတ္ေနရာမွာ အတူရွိေနၾကမွာပါ။

တကၠသိုလ္စာၾကည့္တိုက္ေလာကမွာ ဦးျမင့္သိန္း ၂ ေယာက္ရွိပါတယ္။တစ္ေယာက္ကငယ္ၿပီး တစ္ေယာက္က အသက္ႀကီးပါတယ္။ေရဆင္းဦးျမင့္သိန္း က အသက္ႀကီးေတာ့ သူ႔ကို အဘဦးျမင့္သိန္း လို႔ ေခၚၾကပါတယ္။အဘဦးျမင့္သိန္း က ရန္ကုန္ေရာက္တဲ့အခါ သူ႔ဝန္ႀကီးရဲ႕ ေျပာင္ေျမာက္လွတဲ့ ၫႊန္ၾကားခ်က္ကို ျပန္ေျပာျပၿပီး ကြမ္းစားလြန္းလို႔ မည္းတူးေနတဲ့ သြားေတြေပၚတဲ့ထိ တဟားဟားရယ္ပါတယ္။ၾကားသိရသူအေပါင္းလဲ ေအာ္ရယ္ၾကရပါတယ္။ဒီအျဖစ္က နဝတအစိုးရ လက္ထက္။

ရန္ကုန္အမ်ိဳးသားစာၾကည့္တိုက္ကို ယဥ္ေက်းမႈဝန္ႀကီးဌာန ဝန္ႀကီးလက္ေအာက္မွာ ထားရွိတဲ့အတြက္ နအဖေခတ္ ယဥ္ေက်းမႈဝန္ႀကီး အလိုက် ကျပၾကရပါေတာ့တယ္။ဒီဝန္ႀကီး ထင္တိုင္းႀကဲတာေတြ ေရးရမယ္ဆို ရင္ ေဆာင္းပါး ၁၀ ပုဒ္စာေလာက္ေရးမွ ျပည့္စုံပါမယ္။ယဥ္ေက်းမႈဝန္ရဲ႕ ေျပာင္ေျမာက္လွတဲ့ က်န္တဲ့လုပ္ေဆာင္ခ်က္ေတြကို ဖယ္ၿပီး စာၾကည့္တိုက္အတြက္ ၫႊန္ၾကားတဲ့ စံမတူ အယူအဆေတြကို မွ်ေဝပါမယ္။

“စာအုပ္စင္ေတြေပၚမွာ လူထုဦးလွ၊ လူထုအေဒၚအမာ စာအုပ္တစ္အုပ္မွ မထားနဲ႔ သိလား။ဂ်ဴး ေရးတဲ့ အမွတ္တရ၊ ပင္လယ္နဲ႔တူေသာ မိန္းမမ်ား ဘယ္သူ႔မွ မငွားနဲ႔၊ ဘယ္သူမွ မဖတ္ေစနဲ႔။ခင္ႏွင္းယု ေရးတဲ့ မိန္းမ႐ိုင္းနဲ႔ ကြၽန္းဧကရီ ဘယ္သူ႔မွ မငွားနဲ႔ ဘယ္သူမွ မဖတ္ေစနဲ႔။အဂၤလိပ္ေတြနဲ႔ ႏိုင္ငံျခားသားေတြေရးတဲ့ ဘာမား စာလုံးပါတဲ့ စာအုပ္၊ ျမန္မာႏိုင္ငံအေၾကာင္း စာအုပ္တစ္အုပ္မွ စင္ေပၚမွာ မထားနဲ႔”

အဲဒီတုန္းက အမ်ိဳးသားစာၾကည့္တိုက္ရဲ႕ တာဝန္အရွိဆုံးပုဂၢိဳလ္ဟာ စာၾကည့္တိုက္ေလာကသား မဟုတ္ပါဘူး။တျခား အသက္ေမြးဝမ္းေက်ာင္း ပညာရွင္ပါ။သူက ေပ်ာ့ေျပာင္းလိုက္နာတတ္သူျဖစ္လို႔ ဝန္ႀကီး လမ္းၫႊန္တဲ့အတိုင္း ေဆာင္႐ြက္ပါတယ္။သူ႔ေအာက္မွာ အဆင့္ဆင့္ တာဝန္ယူေနၾကရတဲ့ စာၾကည့္မႉးေတြလဲ ၿငိမ္ေနၾကရပါတယ္။ဒီျဖစ္ရပ္ကို သိသြားတဲ့ ဆရာႀကီး ဦးေသာ္ေကာင္း က “အင္းေလ ေတာ္ေသးတာေပါ့။အားလုံးပုံ မီးရႈိ႕လိုက္ မေျပာတာ” လို႔ အဆိုးထဲက အေကာင္းရွာျပပါတယ္။

အခုေတာ့ ျပည္သူ တခဲနက္ မဲေပးတင္ေျမႇာက္ခဲ့တဲ့ အင္အယ္လ္ဒီအစိုးရ လက္ထက္ ေရာက္ခဲ့ပါၿပီ။ပညာေရးကို စနစ္သစ္ျပန္ၿပီဆိုတိုင္း မိဘ ေက်ာင္းသား ဆရာ၊ ဆရာမေတြ ရင္မေနၾကရတာကို အမ်ိဳးသားပညာေရးေကာ္မတီေခါင္းေဆာင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ သိ၊ မသိ မသိရေပမဲ့၊ ေက်ာင္းသားမိဘေတြလဲ စိတ္မေအးႏိုင္။ဆရာ၊ ဆရာမေတြလဲ အားတင္းရင္ဆိုင္ၾကရ။အလူးအလဲခံရသူေတြကေတာ့ ေက်ာင္းသား၊ ေက်ာင္းသူကေလးေတြပါ။ေဒၚေအာင္ဆန္းစုၾကည္ က စာၾကည့္တိုက္ဆိုေတာ့ လိုက္စာၾကည့္တိုက္ၾကရျပန္ပါတယ္။စာသင္ခ်ိန္နဲ႔ စာၾကည့္တိုက္၊ တျခားဖြံ႕ၿဖိဳးမႈအခ်ိန္ေတြၾကား အခ်ိန္လုေနရတဲ့အထဲ စာငွားစာရင္းကို ဘယ္လိုလုပ္ထားဆိုတာကတမ်ိဳး၊ စာၾကည့္တိုက္ ရက္တိုသင္တန္းျပတဲ့ စာၾကည့္တိုက္ ဆရာ၊ ဆရာမေတြက မၫႊန္ၾကားတာမ်ိဳးေတာင္ အထက္က လာၫႊန္ၾကားတာကတမ်ိဳး။တစ္ေန႔ တစ္ေန႔ အသက္လုရႈရတယ္လို႔ ညည္းသူေတြ ေပၚလာပါတယ္။

ျပည္သူ႔ဆႏၵအရ တက္လာတဲ့ အစိုးရေခတ္မွာ ပညာေရးဝန္ႀကီးဆိုတာ ထက္ထက္ျမက္ျမက္ လုပ္ရဲကိုင္ရဲ လုပ္တတ္ကိုင္တတ္ဆိုရင္ ဘယ္ေလာက္ တိုင္းျပည္အနာဂတ္ လွပလာေလမလဲ။ပညာေရးနဲ႔ က်န္းမာေရးဟာ တိုင္းျပည္တစ္ျပည္အတြက္ အေရးႀကီးဆုံး အေျခခံေတြျဖစ္လို႔ ဒီအစိုးရလက္ထက္ က်န္းမာေရးဘက္က တက္လာသလို၊ ပညာေရးဘက္က တက္လာရင္ မိဘ၊ ေက်ာင္းသား၊ ဆရာ သုံးပြင့္ဆိုင္ ေပ်ာ္႐ႊင္စိတ္ေအးၾကမွာပါ။ေအာက္မွ အထက္ ဆိုတာမ်ိဳး မႀကဳံရ။အထက္မွ ေအာက္သာ ႀကဳံၿမဲႀကဳံေနရၿပီး သင့္တာေရာ မသင့္တာေရာ ၫႊန္ၾကားေနတာေတြကို ေခါင္းငုံ႔နားေထာင္ရတာ မကုန္ေသးတဲ့ေခတ္။

ရန္ကုန္နဲ႔ ခဲတပစ္ပဲေဝးတဲ့ ႐ြာငယ္ေလးတခ်ိဳ႕မွာရွိတဲ့ ေက်ာင္းသားက စုစုေပါင္း ၄၀၊ ၅၀ ဝန္းက်င္၊ ဆရာ၊ ဆရာမ အင္အားက ၅ ေယာက္ ၆ ေယာက္။ဒီအခ်ိန္မွာ ေဝးလံေခါင္သီတဲ့ ေဒသက ႐ြာေတြမွာ ဆရာ၊ ဆရာမ တစ္ေယာက္ထဲရွိတာ၊ တစ္ေယာက္မွ မရွိတဲ့အျဖစ္ေတြ ခုခ်ိန္ထိ ၂၀၁၉ ဒီကေန႔ထိ ျဖစ္ေနတုန္း။ပညာေရးဝန္ႀကီးဌာနက တာဝန္ရွိသူ အဆင့္ဆင့္သာ သြက္သြက္လက္လက္ ေစတနာပါပါ ေခတ္ကေပးေနတဲ့ အခြင့္အခါကို အမိဖမ္းၿပီး အလုပ္လုပ္ခဲ့ရင္ ၂၀၁၆ - ၂၀၁၉ အင္အယ္လ္ဒီအစိုးရ သက္တမ္း ၄ ႏွစ္ထဲ ေရာက္လာခ်ိန္ထိ ရန္ကုန္က တဖဝါးမွ မခြာဖူးတဲ့ ဆရာ၊ ဆရာမေတြကို ႏွစ္ႏွစ္တန္သည္ သုံးႏွစ္တန္သည္ နယ္ေတြကိုပို႔ေပး။အင္အားပိုေနတဲ့ေက်ာင္းနဲ႔ အင္အားလိုေနတဲ့ေက်ာင္းေတြ စာရင္းမွန္မွန္ကန္ကန္ျပဳစုၿပီး ဆရာ၊ ဆရာမ အင္အားကို မွ်မွ်တတျဖစ္ေအာင္ စီမံေပး စတဲ့ အလုပ္ေတြ လုပ္ၿပီးသင့္ပါၿပီ။တကယ္ေတာ့ အရင့္အရင္ကအတိုင္း ဆိုတာေတြပဲ မ်ားေနဆဲဆိုတာ မိဘေတြသိတယ္။ေက်ာင္းသား ဆရာ၊ ဆရာမေတြ သိတယ္။အမ်ိဳးသား ပညာေရးေကာ္မတီ သိဟန္မတူ။

၂၀၁၉ ပညာသင္ႏွစ္ကစၿပီး  ၃ တန္း၊ ၄ တန္းနဲ႔ ၅ တန္းေတြမွာ ေႁပြမႈတ္သင္ရတဲ့အခါ အစိုးရေပးထားတာက ေႁပြတေခ်ာင္းထဲ ေက်ာင္းသားတိုင္းက ကိုယ့္ေငြနဲ႔ကိုယ္ ေႁပြမဝယ္ႏိုင္တာက တစ္မ်ိဳး၊ ေတာေက်ာင္းေတြဆို ေႁပြတေခ်ာင္းကိုပဲ ဆရာနဲ႔ တပည့္ တလွည့္စီမႈတ္ရတဲ့ အျဖစ္ေတြကို ေအာက္ကလဲ အထက္ကို မေျပာရဲ။အထက္ကလဲ ေအာက္ေျခဘယ္လိုရွိသလဲ သိဟန္မတူ။အတန္းခ်ိန္ ၈ ခ်ိန္လုပ္လိုက္လို႔ မနက္ ၇ နာရီ စတက္ရမယ့္ ၂ ခ်ိန္သင္ ေက်ာင္းတက္ေနရတဲ့ ကေလးေတြခမ်ာ ငါးနာရီကတည္းက အိမ္ကထြက္ၾကရပါသတဲ့။ကေလးေတြကို မိဘက မနက္ေစာစာ မေကြၽးလိုက္ႏိုင္ၾက။ဒါ့အျပင္ ေန႔လယ္မုန႔္စား ထမင္းစားခ်ိန္က အရင္နာရီဝက္ အစား ၁၅ မိနစ္ ျဖစ္သြားလို႔ ကေလးေတြခမ်ာ ထမင္းဘူးတစ္ဘူးကုန္ေအာင္ မ်ိဳခ်ၾကရတာေတြ၊ အိမ္ကို မိုးခ်ဳပ္လုမွ ျပန္ေရာက္တာေတြ။မိဘကလည္း စိတ္ညစ္ၾကၿပီ။ကေလးေတြလဲ ေျခကုန္လက္ပန္းက်ၾကၿပီ။

“ေဆာင္းတြင္းဆို မနက္ငါးနာရီဆိုတာ ေမွာင္ေနတုန္းပဲ။ကေလးေတြကို ဘယ္လိုေက်ာင္းလႊတ္ရမလဲ ခုကတည္းက စိတ္ပူေနရတယ္။ကြၽန္ေတာ္တို႔ကလဲ လင္မယားႏွစ္ေယာက္စလုံး အလုပ္သြားရတယ္” မိဘတစ္ေယာက္ရဲ႕ ရင္ဖြင့္သံ။

“စလိုက္တဲ့ စနစ္သစ္ပညာေရးဆိုတာကေန ထြက္လာတဲ့ရလဒ္ကဘာလဲ ဘာျပဳျပင္ဖို႔လိုလဲ။သီအိုရီနဲ႔ လက္ေတြ႕ အလုပ္ျဖစ္ရဲ႕လား၊ ဘာသုေတသနမွ ရွိပုံမေပၚဘူး။ေအာက္ေျခမွာ ဘာျဖစ္ေနသလဲ တစ္ခ်က္မွ ငဲ့မၾကည့္ဘူး။က်န္းမာေရးဘက္က လာၾကည့္တဲ့ တစ္ဖြဲ႕ကေတာ့ အခုလို ကေလးေတြ တစ္ေန႔ ၈ ခ်ိန္ သင္ၾကားေနရတာ က်န္းမာေရးထိခိုက္မယ္လို႔ မွတ္ခ်က္ခ်သြားတယ္။အဲဒီမွတ္ခ်က္ ျမန္ျမန္ က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာပါေစ ဆုေတာင္းေနရတယ္” ဆရာ၊ ဆရာမ တခ်ိဳ႕ရဲ႕ အသံ။

“ညံ့တဲ့ ဆရာ၊ ဆရာမေတြကို ေဝးတဲ့ေနရာေတြ ပို႔ပစ္မယ္” လို႔ ပညာ---- က မိန႔္ၾကားတုန္းက ျပည္နယ္ေတြက လူထုခမ်ာ ဆတ္ဆတ္ခါ နာခဲ့ၾကပါတယ္။ပညာေရးစိတ္ပညာကို မူလတန္းသင္ ဆရာ၊ ဆရာမအဆင့္က လြဲလို႔ က်န္အဆင့္ေတြ သိစရာမလိုလို႔ ဆိုေလေတာ့ ပညာေရးတကၠသိုလ္က ပါရဂူဘြဲ႕ရထားတဲ့ ဌာနမႉး ဆရာ၊ ဆရာမေတြေတာင္ စိတ္ပ်က္တယ္လို႔ ေအာ္ၾကဟစ္ၾကပါေတာ့တယ္။ဒါတင္မက ဆယ္တန္းေအာင္မွတ္မ်ားသူေတြ အသက္ဝမ္းေက်ာင္း တကၠသိုလ္ေတြကို သြားၾက။နည္းနည္းအမွတ္မ်ားသူေတြက သိပၸံယူ၊ အမွတ္နည္းသူေတြက ဝိဇၨာယူၾကလို႔ ခြဲတမ္းခ်ေပးေတာ့ ပညာေရးမွာ တစ္ဘက္ေစာင္းနင္း သင္ၾကားေပးလို႔မျဖစ္တာကို သိၾကလို႔ ဝိဇၨာဘာသာရပ္ေတြကို ေလးေလးစားစား ထည့္သြင္းသင္ေပးေနတဲ့ ကမာၻ႔တကၠသိုလ္ႀကီးေတြဟာ ျမန္မာႏိုင္ငံက ပညာ---- ဆီ လာၿပီး ပညာယူသင့္တယ္လို႔ ပါေမာကၡေဟာင္းတစ္ေယာက္က မွတ္ခ်က္ခ်ပါတယ္။

ဒီလို အဘက္ဘက္က ေျပာင္ေျမာက္လွတဲ့ ပညာ---- ဟာ ေဆာ့ဖ္စေကးရယ္လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံေျပာလို႔ ေခတ္စားလာတဲ့ စကားလုံးေနာက္ကို အမွီလိုက္ဖို႔ အားထုတ္ရွာပါတယ္။ျမန္မာစာေပေလာကမွာ တက္က်မ္းေတြ မ်ိဳးစုံေရးၿပီး တခ်ိန္က ျမန္မာျပည္အနံွ႔ စာေပေဟာေျပာပြဲလိုက္ရတဲ့ လူလတ္တန္း စာေရးဆရာတစ္ေယာက္ဟာ သူ႔ရဲ႕ ေမာက္မာ႐ိုင္းပ်မႈ၊ သူဘယ္အဖြဲ႕အစည္းကို ကိုယ္စားျပဳေနတယ္ဆိုတာ ႐ုပ္လုံးေပၚလာမႈတို႔ေၾကာင့္ စာေပေလာကထဲက က်ဥ္ခံထားရတာ ၾကာပါၿပီ။ေဟာေျပာပြဲဖိတ္ခံရတဲ့ စာေရးဆရာေတြက ဘယ္သူနဲ႔တြဲေဟာရမလဲ ဖိတ္ၾကားတဲ့သူေတြကို ေမးၾကပါတယ္။အဲဒီ လူလတ္တန္း စာေရးဆရာ ပါမယ္ဆိုရင္ ဘယ္စာေရးဆရာကမွ ေဟာေျပာပြဲကို လက္မခံေတာ့ပါဘူး။သူနဲ႔ တြဲေဟာႏိုင္သူ စာေရးဆရာ အနည္းအက်ဥ္းေတာ့ ရွိႏိုင္ပါတယ္။သူကိုယ္တိုင္ေတာင္ ေဆာ့ဖ္စေကး မရွိလို႔ ေရာက္ရာၿမိဳ႕က ၿမိဳ႕ခံေတြနဲ႔ ျပႆနာျဖစ္သူကို ေဆာ့ဖ္စေကး လာေရာက္သင္ၾကားေပးပါလို႔ ဖိတ္ၾကားပါသတဲ့။

အေမစု စကားေနာက္ အမွီလိုက္ဖို႔ ပညာေရးဝန္ထမ္းေတြကို ေဆာ့ဖ္စေကး (Soft Scale) သင္ၾကားေပးဖို႔ အႏွီ လူလတ္တန္း စာေရးဆရာကို ပင့္ဖိတ္သတဲ့ဆိုတဲ့သတင္း ေတာမီးလို ပ်ံ႕ႏွံ႔သြားပါတယ္။ေဖ့စ္ဘုတ္ေပၚမွာ ပညာ---- ကို ေကာင္းခ်ီးေပးတဲ့ ပို႔စ္ေတြ တစ္ခုၿပီး တစ္ခု တက္လာပါေတာ့တယ္။ပညာေရးနယ္ပယ္ကို တာဝန္ယူေနေပမဲ့ မိမိႏိုင္ငံရဲ႕ စာေပနယ္ပယ္၊ ယဥ္ေက်းမႈနယ္ပယ္၊ လူမႈနယ္ပယ္ေတြကို ဘာမွမသိပါဘူးလို႔ ဝန္ခံေနတာနဲ႔တူတဲ့ လုပ္ရပ္ေတြ အေျပာေတြကို အခါအားေလ်ာ္စြာ ေျပာလာ၊ လုပ္လာတဲ့ ပညာ---- ကို ပညာနယ္မွာ ဒီလိုလူကို တာဝန္ေပးထားတာ ေပးစရာလူရွားလို႔လားဆိုတဲ့ ေမးခြန္းထုတ္သူေတြက ထုတ္လာပါၿပီ။

ဒီထက္ေျပာင္ေျမာက္တဲ့ အရည္အေသြးရွိပါေသးတယ္ဆိုတာ ေဖ့စ္ဘုတ္ပရိသတ္ႀကီး မသိလို႔သာ ပညာ---- ခမ်ာ သက္သာေနတာပါ။ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ေတာင္ကိုရီးယား သမၼတနဲ႔ သမၼတကေတာ္ ျမန္မာႏိုင္ငံကို ခ်စ္ၾကည္ေရးခရီး လာေရာက္ၾကပါတယ္။အေရးႀကီးတဲ့ ဧည့္သည္ေတာ္ေတြ လာမယ္ဆိုရင္ လာမယ့္ ဧည့္သည္ေတာ္ေတြ သြားေရာက္မယ့္ ေတြ႕ဆုံမယ့္ ေနရာနဲ႔ပတ္သက္လို႔ တာဝန္ရွိသူေတြအေနနဲ႔ ႀကိဳတင္စီမံရတာေတြ အမ်ားႀကီးပါ။ေနျပည္ေတာ္ ခရီးစဥ္ၿပီးလို႔ ရန္ကုန္ေရာက္ရင္ သမၼတက ဟိုတယ္မွာ ဒီခရီးစဥ္နဲ႔သက္ဆိုင္တဲ့ ပုဂၢိဳလ္ေတြ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ေနတဲ့အခ်ိန္မွာ သမၼတကေတာ္က တကၠသိုလ္တစ္ခုက ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ေတြ႕မွာပါ။

သမၼတကေတာ္ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ေပးေတြ႕မယ့္ေနရာအျဖစ္ အဲဒီတကၠသိုလ္မွာရွိတဲ့ စာၾကည့္တိုက္ကို ေ႐ြးလိုက္ပါတယ္။စာၾကည့္တိုက္ထဲမွာ ဘယ္လိုအခင္းအက်င္းနဲ႔ ေပးေတြ႕မယ္ဆိုတာကို စီစဥ္ဖို႔ ဝန္ခမ်ာ မၾကာခဏ တကၠသိုလ္စာၾကည့္တိုက္ကို လာရပါေတာ့တယ္။စာအုပ္စင္ေတြကို ၾကည့္ၿပီး ပညာ---- က စိတ္မသက္မသာျဖစ္ပုံရပါတယ္။စင္ေပၚမွာ တင္ထားတဲ့ စာအုပ္ေတြက တိုတာကတို ရွည္တာကရွည္ ေရာေနေတာ့ မလွဘူး မသပ္ရပ္ဘူးလို႔ စိတ္ထဲခံစားေနရတာကို ထုတ္ေျပာပါေတာ့တယ္။

"စာအုပ္ေတြကို အ႐ြယ္တူေ႐ြးၿပီး စင္ကိုလဲ စာအုပ္အ႐ြယ္နဲ႔ အေနေတာ္ အက်ယ္အက်ဥ္း ထားပါလား။စာအုပ္ေတြက မညီမညာနဲ႔ တိုတာကတို ရွည္တာရွည္ ထူတာကထူ ပါးတာကပါး ၾကည့္မေကာင္းဘူး" လို႔ လမ္းၫႊန္လိုက္ပါတယ္။ပညာ---- ခမ်ာ စိတ္ပူေနတဲ့ေဇာက ကပ္ေနေတာ့ စာၾကည့္တိုက္မႉး အႀကီးအက်ယ္ မ်က္ႏွာပ်က္သြားတာကို သတိမထားလိုက္မိဘူး။ေနာက္ေတာ့ ဓာတ္ေလွခါးမရွိတဲ့ စာၾကည့္တိုက္ရွိရာ အေပၚထပ္ကို သမၼတကေတာ္က ေျခေထာက္နဲ႔ မတက္ႏိုင္ေတာ့ ေအာက္ထပ္က အခန္းတစ္ခန္းမွာပဲ ေတြ႕ဆုံဖို႔ ျပင္ဆင္ေပးလိုက္ပါတယ္။ဒီေတာ့မွ စာၾကည့္တိုက္မႉးလဲ သက္ျပင္းခ်ႏိုင္ပါေတာ့တယ္။

သမၼတကေတာ္က တကၠသိုလ္ေက်ာင္းထြက္လို႔ သတင္းစာမွာပါတဲ့ ကိုယ္ေရးအက်ဥ္းကို စာၾကည့္တိုက္မႉးက ဖတ္ထားပါတယ္။ပညာ---- အလိုက် စာအုပ္ေတြကို ႐ြယ္တူစီလိုက္ပါၿပီတဲ့။သမၼတကေတာ္ဟာ တကၠသိုလ္ေက်ာင္းသူ ဘဝတုန္းက စာၾကည့္တိုက္ကို ေကာင္းေကာင္းသုံးခဲ့သူျဖစ္ေနရင္ မ်ိဳးတူစုနံပတ္နဲ႔ပဲ စာအုပ္စင္ကို ၾကည့္ေတာ့မွာ။အရွက္ႀကီး ဟက္တက္ကြဲရခ်ည္ရဲ႕လို႔ သူငယ္ခ်င္းေတြကို ျပန္ေျပာျပရင္း နဖူးကစီးက်လာတဲ့ ေခြၽးေတြကို သုတ္ေနပါတယ္။

ေခတ္အဆက္ဆက္ ဝန္ေတြၾကားမွာ မွ်ေျခရွာေတာ့ ဒီမိုကေရစီေခတ္ ျပည္သူတင္ေျမႇာက္တဲ့ အစိုးရေခတ္မွာ ရလာတဲ့ မွ်ေျခတခ်ိဳ႕ဟာ တိုင္းျပည္အတြက္ ရင္ေမာဖြယ္ပါတကား။

ခင္ႏွင္းဦး
စက္တင္ဘာ - ၁၁