【 ဆောင်းပါး 】 “ပညာရေးအရွေ့နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”

【 ဆောင်းပါး 】 “ပညာရေးအရွေ့နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”

ကျွန်တော်တို့နိုင်ငံမှာ စနစ်သစ် ပညာရေးပြုပြင်ပြောင်းလဲမှုတွေ စတင်လာချိန်မျိုးမှာ ပညာရေးနဲ့ပတ်သက်လို့ ဖတ်မှတ်ထားတာတွေထဲက သိရှိထားတာလေးတွေ ပြောချင်လာမိပါတယ်။ဘာကြောင့်လဲဆိုရင် နိုင်ငံတစ်နိုင်ငံ ပညာရေးဆိုတာ အလွန်အရေးပါပါတယ်။အထူးသဖြင့် ပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ဘ၀ အလားအလာဟာ ကောင်းမွန်တဲ့ ပညာရေးစနစ်အပေါ်မှာ မူတည်နေတယ်လို့ ဆိုရမှာပါ။ဆိုရရင် ကျောင်းသားလူငယ်တွေရဲ့ ပညာရေးဟာ အနာဂတ်ကာလမှာ လက်တွေ့လုပ်ငန်းခွင်နဲ့ အကြားအဟမရှိတဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေမယ့် ပညာရေးစနစ်မျိုးဖြစ်ဖို့ လိုအပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ မိဘအများစုဟာ သားသမီးတွေနဲ့ ပညာရေးနဲ့ပတ်သက်ရင် သူတို့သိထားတာ တစ်ခုပဲရှိတယ်။သားသမီးတွေ အရွယ်ရောက်လာတာနဲ့ ကျောင်းကိုသွား၊ ပညာသင်၊ အမှတ်ကောင်းကောင်း ရအောင်လုပ်၊ ဒါဆိုရင် မိဘကလည်း မိဘဝတ္တရားကျေပွန်သလို သားသမီးကလည်း သားသမီးတာဝန်ကို ကျေပွန်တယ်ဆိုတဲ့ သဘောပေါ့။ဘာကြောင့် ဒီလိုပြောဆိုလဲဆိုရင် သားသမီးတွေ ပညာတတ်အောင်လုပ်၊ ဘွဲ့ရပညာတတ်ရင် အခွင့်အလမ်းတွေ ပေါများလာမယ်၊ အဲ့ဒီအချိန်ကျရင် ကိုယ်ဖြစ်ချင်တာဖြစ်ပြီဆိုတဲ့ သားသမီးတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ မိဘတွေရဲ့အတွေးဟောင်း သံသရာတစ်ခုလို ဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ ဒီနေ့ခေတ်က ၂၁ ရာစုခေတ်၊ ပြိုင်ဆိုင်မှုကြီးမားတဲ့ခေတ်၊ အထူးသဖြင့် လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ ပြိုင်ဆိုင်မှုကြီးမားတဲ့ခေတ်။ဒီလိုအချိန်မျိုးမှာ အရင်လို ပညာရေးနဲ့ပတ်သက်တဲ့ အတွေးဟောင်းတွေက အလုပ်ဖြစ်တော့မှာမဟုတ်ဘူး။ဘာကြောင့်ဒီလိုပြောရလည်းဆိုရင် မကြာသေးမီက နိုင်ငံတကာကျောင်းသားများ အကဲဖြတ်မှုပရိုဂရမ်နဲ့ အစီရင်ခံစာမှာ ဒီလိုဆိုထားတယ်။အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူကလွဲရင် နိုင်ငံအတော်များက ပညာရေးအဆင့်အတန်းက အညံ့ဆုံးအဆင့်တန်းမှာ ရှိနေတယ်လို့ ဆိုတဲ့အတွက်ကြောင့် ဖြစ်တယ်။

စင်ကာပူနိုင်ငံ အခြေစိုက် ပညာရေးဆိုင်ရာ Think – Tank ဖောင်ဒေးရှင်းက အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ပါမောက္ခ ဂိုပင်နာသန် က ဘာပြောလဲဆိုရင် အရှေ့တောင်အာရှနိုင်ငံက အစိုးရတွေဟာ ကျောင်းသားတိုင်း ကျောင်းတက်ခွင့်ရရေးကို ၁၀၀ ရာခိုင်နှုန်း စီမံဆောင်ရွက်တတ်ကြတယ်။ဒါပေမဲ့ အစိုးရအနေနဲ့ မျက်မှောက်ခေတ် နိုင်ငံစီးပွားရေးနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ပညာရေးအဆင့်တစ်ခုဆီ ရောက်အောင်လုပ်နိုင်ဖို့ အတွက် ဖြည့်ဆည်းပေးနိုင်တာမျိုး မရှိဘူးလို့ဆိုတယ်။

သူက ဘာထပ်ပြောလဲဆိုရင် ဒီနေ့ခတ် စီးပွားရေးအရွေ့ကိုကြည့်ရင် ဝန်ဆောင်မှုကို အခြေခံတဲ့ စီးပွားရေးနဲ့ လုပ်ငန်းခွင်သဘာဝဟာ အလျင်အမြန်ပြောင်းလဲနေတဲ့ အရွေ့လို့ဆိုတယ်။ဆိုရရင် စာသင်ကျောင်းတွေမှာ အဲ့ဒီစီးပွားရေးအရွေ့နဲ့ လိုက်လျောညီထွေမှုရှိတဲ့ သင်ကြားရေးပုံစံမျိုး ရှိမနေဘူးလို့ ဆိုတယ်။သူပြောချင်တာက ကျောင်းတွေမှာ သင်္ချာ၊ ဘာသာစကား၊ သိပ္ပံ စတဲ့ ဘာသာရပ်တွေကို သင်ကြားရာမှာ ကျွမ်းကျင်ပိုင်နိုင်အောင် တတ်မြောက်တာမျိုးမရှိဘူးလို့ ဆိုတယ်။

နောက်တစ်ခုက ကျောင်းသားတွေ ဘွဲ့ရပြီးသွားရင် လုပ်ငန်းခွင်ထဲကို ဝင်ရတော့မှာပါ။အဲ့ဒီအချိန်ကျရင် အလုပ်အကိုင် ဈေးကွက်ထဲကို မိမိတို့နိုင်ငံက ဘွဲ့ရကျောင်းသားတွေ ဝင်ရောက်နိုင်ဖို့ ပြင်ဆင်ပြီးပြီလားဆိုရင်တော့ ဟင့်အင်းလို့ ပြောရလိမ့်မယ်ထင်တယ်၊ ဘာကြောင့် ဒီလိုပြောရလဲဆိုရင် လက်ရှိကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ပုံစံကိုကြည့်ရင် လက်တွေ့ထက် စာတွေ့က ပိုများနေတယ်။ဒီလို ကျောင်းသားတစ်ယောက် လုပ်ငန်းခွင်ထဲရောက်ရင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအားနည်းနေမှာ အသေအချာပဲ။အဲ့ဒီတော့ ဘာဖြစ်လာလဲဆိုရင် လုပ်ငန်းခွင်ထဲ ရောက်တဲ့အချိန်မှာ လုပ်ငန်းခွင်ထဲက အဆင့်တူ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေဆီမှာ တပည့်ခံရတော့တာပါပဲ။

ဆိုရရင် ဒီအနေအထားက ဘာကိုပြနေလဲဆိုရင် ပညာရေးနဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုအကြားက ကွာဟချက်ကို ပေါင်းကူးပေးဖို့လိုအပ်တဲ့ အနေအထားလို့ဆိုတယ်။မိမိတို့နိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံအချို့က တက္ကသိုလ်တွေဆိုရင် လက်ရှိ ပညာရေးအနေအထားက အားရလောက်စရာ အဆင့်အတန်းမှာ ရှိမနေသေးဘူးလို့ ဆိုတယ်။နောက်တစ်ခုက ဒီနေ့ခေတ်အလုပ်ရှင်တွေက လုပ်ငန်းခွင်အတွက် အလုပ်အကိုင် နေရာခန့်အပ်တော့မယ်ဆိုရင် ခန့်အပ်မယ့်ဝန်ထမ်းက ဆက်ဆံရေးကောင်းသူဖြစ်ရမယ်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမယ်၊ တီထွင်ဖန်တီးတတ်ရမယ်၊ တွေ့ကြုံရတဲ့ အခြေအနေအပေါ်မှာ အလိုက်သင့် စီမံခန့်ခွဲတတ်ရမယ်။ဆိုရရင် ဒီနေ့ခေတ်လို အလျင်အမြန်ပြောင်းလဲနေတဲ့ စီးပွားရေးစိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ယူဆုံးဖြတ်နိုင်စွမ်းရှိသူ ဖြစ်ရမယ်လို့ Robert Walters Singapore ဆိုတဲ့ ကျွမ်းကျင်လုပ်သား စုဆောင်းရေး အတိုင်ပင်ခံလုပ်ငန်းက ဆိုပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေမှာကျတော့ ပညာရေးနဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအကြားက ကွာဟချက်ကို ပေါင်းကူးပေးနိုင်စွမ်းရှိတယ်။စင်ကာပူနိုင်ငံက Skill Future ပရိုဂရမ်ဆိုရင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးတိုးတက်အောင် အထောက်အကူပြုနေတဲ့ ပရိုဂရမ်ဖြစ်ပြီး အစိုးရက ငွေကြေးရင်းနှီးမြှုပ်နှံထားတဲ့ ပရိုဂရမ်လည်းဖြစ်တယ်။
အင်ဒိုနီးရှားနိုင်ငံဆိုရင်လည်း သမ္မတ ဂျိုကိုဝီဒိုဒို က အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းပြီးရင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဒုတိယဦးစားပေးအဖြစ် လုပ်ဆောင်နေတယ်လို့ဆိုတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ပညာရေးဆိုတာ လူငယ်တွေရဲ့ အနာဂတ်အလားအလာတွေနဲ့ ပတ်သက်လို့ ညွှန်ကြားစေခိုင်းတဲ့ ပညာရေးစနစ်မျိုးကို ရှောင်ရှားသင့်တယ်လို့ လုပ်သားသစ် စုဆောင်းသူတွေက အကြံပြုထားတာရှိပါတယ်။နောက်တစ်ခုက လုပ်ငန်းခွင် ပေါင်းကူးပေးရေးအတွက် ဘာသာစကားကျွမ်းကျင်မှုကလည်း အရေးပါပြီး ဘာသာစကားကျွမ်းကျင်မှုက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွင်း အများနှင့်ယှဉ်ပြိုင်ရတဲ့အခါမျိုးမှာ နှာတစ်ဖျား အသာရရှိစေတယ်လို့လည်းဆိုတယ်။ဒီနေ့အချိန်အခါမှာဆိုရင် အင်္ဂလိပ်၊ ဂျပန် ဘာသာစကားတွေ တတ်မြောက်ထားရင် နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ အလုပ်ရရှိရေးအတွက် ပိုပြီးအခွင့်အလမ်းသာစေနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ ဒါတွေအားလုံးဟာ ပညာရေးနဲ့ပတ်သက်လို့ ဖတ်မှတ်သိထားတာတွေထဲက အချို့ကို ထုတ်နှုတ်ပြီး ဖောက်သည်ချလိုက်တာပါပဲ။ဆိုရရင် ကျွန်တော်တို့နိုင်ငံက ပညာရေးစနစ် ပြုပြင်ပြေင်းလဲမှုအရွေ့နဲ့ ပတ်သက်လို့ တွေးဆမိသမျှ ဆင်ခြင်သုံးသပ်မိတာလည်း ဖြစ်ပါတယ်။ဆိုရရင် ၂၁ ရာစု ပညာရေးအရွေ့ လမ်းကြောင်းက အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ကွာဟချက်ကြီးကြီးမားမား ရှိမနေဖို့ပဲ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာဆိုရင်လည်း အသက်မွေးဝမ်းကျောင်း ပညာဆိုင်ရာ သင်တန်းကျောင်းတွေ ရှိနေပြီဆိုပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးကို တိုးမြှင့်ဆောင်ရွက်ကြဖို့ လွန်ခဲ့တဲ့နှစ်က နေပြည်တော်မှာကျင်းပခဲ့တဲ့ နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းနဲ့ ပတ်သက်တဲ့ ဖိုရမ်မှာ တိုက်တွန်းပြောကြားခဲ့ဖူးပါတယ်။

ဆိုရရင် ယနေ့ခေတ်ကာလဟာ သမားရိုးကျ ပညာသင်ကြားရေးစနစ် အတွေးဟောင်းပုံစံတွေကနေ လမ်းခွဲထွက်ရမယ့် အချိန်ကို ရောက်ရှိနေပါပြီ၊ တကယ်တော့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုကို ဖော်ဆောင်ပေးနိုင်မယ့် ပညာရေးလမ်းကြောင်းတစ်ခုကို လမ်းထွင်ပေးခြင်းကသာ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေနိုင်မယ့် လုပ်သားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆီကို ဦးတည်စေနိုင်မှာ ဖြစ်ပါတယ်။

မြင့်နောင်မိုး
ဇွန် - ၈

( Zawgyi )

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ စနစ္သစ္ ပညာေရးျပဳျပင္ေျပာင္းလဲမႈေတြ စတင္လာခ်ိန္မ်ိဳးမွာ ပညာေရးနဲ႔ပတ္သက္လို႔ ဖတ္မွတ္ထားတာေတြထဲက သိရွိထားတာေလးေတြ ေျပာခ်င္လာမိပါတယ္။ဘာေၾကာင့္လဲဆိုရင္ ႏိုင္ငံတစ္ႏိုင္ငံ ပညာေရးဆိုတာ အလြန္အေရးပါပါတယ္။အထူးသျဖင့္ ပညာသင္ၾကားေနတဲ့ ေက်ာင္းသားလူငယ္ေတြရဲ႕ အနာဂတ္ဘ၀ အလားအလာဟာ ေကာင္းမြန္တဲ့ ပညာေရးစနစ္အေပၚမွာ မူတည္ေနတယ္လို႔ ဆိုရမွာပါ။ဆိုရရင္ ေက်ာင္းသားလူငယ္ေတြရဲ႕ ပညာေရးဟာ အနာဂတ္ကာလမွာ လက္ေတြ႕လုပ္ငန္းခြင္နဲ႔ အၾကားအဟမရွိတဲ့ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးတည္ေစမယ့္ ပညာေရးစနစ္မ်ိဳးျဖစ္ဖို႔ လိုအပ္ေနတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မိဘအမ်ားစုဟာ သားသမီးေတြနဲ႔ ပညာေရးနဲ႔ပတ္သက္ရင္ သူတို႔သိထားတာ တစ္ခုပဲရွိတယ္။သားသမီးေတြ အ႐ြယ္ေရာက္လာတာနဲ႔ ေက်ာင္းကိုသြား၊ ပညာသင္၊ အမွတ္ေကာင္းေကာင္း ရေအာင္လုပ္၊ ဒါဆိုရင္ မိဘကလည္း မိဘဝတၱရားေက်ပြန္သလို သားသမီးကလည္း သားသမီးတာဝန္ကို ေက်ပြန္တယ္ဆိုတဲ့ သေဘာေပါ့။ဘာေၾကာင့္ ဒီလိုေျပာဆိုလဲဆိုရင္ သားသမီးေတြ ပညာတတ္ေအာင္လုပ္၊ ဘြဲ႕ရပညာတတ္ရင္ အခြင့္အလမ္းေတြ ေပါမ်ားလာမယ္၊ အဲ့ဒီအခ်ိန္က်ရင္ ကိုယ္ျဖစ္ခ်င္တာျဖစ္ၿပီဆိုတဲ့ သားသမီးေတြရဲ႕ ပညာေရးနဲ႔ပတ္သက္လို႔ မိဘေတြရဲ႕အေတြးေဟာင္း သံသရာတစ္ခုလို ျဖစ္ေနခဲ့တာပါ။

ဒါေပမဲ့ ဒီေန႔ေခတ္က ၂၁ ရာစုေခတ္၊ ၿပိဳင္ဆိုင္မႈႀကီးမားတဲ့ေခတ္၊ အထူးသျဖင့္ လုပ္ငန္းခြင္နဲ႔ ပတ္သက္လို႔ ၿပိဳင္ဆိုင္မႈႀကီးမားတဲ့ေခတ္။ဒီလိုအခ်ိန္မ်ိဳးမွာ အရင္လို ပညာေရးနဲ႔ပတ္သက္တဲ့ အေတြးေဟာင္းေတြက အလုပ္ျဖစ္ေတာ့မွာမဟုတ္ဘူး။ဘာေၾကာင့္ဒီလိုေျပာရလည္းဆိုရင္ မၾကာေသးမီက ႏိုင္ငံတကာေက်ာင္းသားမ်ား အကဲျဖတ္မႈပ႐ိုဂရမ္နဲ႔ အစီရင္ခံစာမွာ ဒီလိုဆိုထားတယ္။အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲမွာ စင္ကာပူကလြဲရင္ ႏိုင္ငံအေတာ္မ်ားက ပညာေရးအဆင့္အတန္းက အညံ့ဆုံးအဆင့္တန္းမွာ ရွိေနတယ္လို႔ ဆိုတဲ့အတြက္ေၾကာင့္ ျဖစ္တယ္။

စင္ကာပူႏိုင္ငံ အေျခစိုက္ ပညာေရးဆိုင္ရာ Think – Tank ေဖာင္ေဒးရွင္းက အႀကံေပးပုဂၢိဳလ္ျဖစ္တဲ့ ပါေမာကၡ ဂိုပင္နာသန္ က ဘာေျပာလဲဆိုရင္ အေရွ႕ေတာင္အာရွႏိုင္ငံက အစိုးရေတြဟာ ေက်ာင္းသားတိုင္း ေက်ာင္းတက္ခြင့္ရေရးကို ၁၀၀ ရာခိုင္ႏႈန္း စီမံေဆာင္႐ြက္တတ္ၾကတယ္။ဒါေပမဲ့ အစိုးရအေနနဲ႔ မ်က္ေမွာက္ေခတ္ ႏိုင္ငံစီးပြားေရးနဲ႔ အံဝင္ခြင္က်ျဖစ္မယ့္ ပညာေရးအဆင့္တစ္ခုဆီ ေရာက္ေအာင္လုပ္ႏိုင္ဖို႔ အတြက္ ျဖည့္ဆည္းေပးႏိုင္တာမ်ိဳး မရွိဘူးလို႔ဆိုတယ္။

သူက ဘာထပ္ေျပာလဲဆိုရင္ ဒီေန႔ခတ္ စီးပြားေရးအေ႐ြ႕ကိုၾကည့္ရင္ ဝန္ေဆာင္မႈကို အေျခခံတဲ့ စီးပြားေရးနဲ႔ လုပ္ငန္းခြင္သဘာဝဟာ အလ်င္အျမန္ေျပာင္းလဲေနတဲ့ အေ႐ြ႕လို႔ဆိုတယ္။ဆိုရရင္ စာသင္ေက်ာင္းေတြမွာ အဲ့ဒီစီးပြားေရးအေ႐ြ႕နဲ႔ လိုက္ေလ်ာညီေထြမႈရွိတဲ့ သင္ၾကားေရးပုံစံမ်ိဳး ရွိမေနဘူးလို႔ ဆိုတယ္။သူေျပာခ်င္တာက ေက်ာင္းေတြမွာ သခ်ၤာ၊ ဘာသာစကား၊ သိပၸံ စတဲ့ ဘာသာရပ္ေတြကို သင္ၾကားရာမွာ ကြၽမ္းက်င္ပိုင္ႏိုင္ေအာင္ တတ္ေျမာက္တာမ်ိဳးမရွိဘူးလို႔ ဆိုတယ္။

ေနာက္တစ္ခုက ေက်ာင္းသားေတြ ဘြဲ႕ရၿပီးသြားရင္ လုပ္ငန္းခြင္ထဲကို ဝင္ရေတာ့မွာပါ။အဲ့ဒီအခ်ိန္က်ရင္ အလုပ္အကိုင္ ေဈးကြက္ထဲကို မိမိတို႔ႏိုင္ငံက ဘြဲ႕ရေက်ာင္းသားေတြ ဝင္ေရာက္ႏိုင္ဖို႔ ျပင္ဆင္ၿပီးၿပီလားဆိုရင္ေတာ့ ဟင့္အင္းလို႔ ေျပာရလိမ့္မယ္ထင္တယ္၊ ဘာေၾကာင့္ ဒီလိုေျပာရလဲဆိုရင္ လက္ရွိေက်ာင္းေတြမွာ ပညာသင္ၾကားေနတဲ့ ပုံစံကိုၾကည့္ရင္ လက္ေတြ႕ထက္ စာေတြ႕က ပိုမ်ားေနတယ္။ဒီလို ေက်ာင္းသားတစ္ေယာက္ လုပ္ငန္းခြင္ထဲေရာက္ရင္ အတတ္ပညာဆိုင္ရာ ကြၽမ္းက်င္မႈအားနည္းေနမွာ အေသအခ်ာပဲ။အဲ့ဒီေတာ့ ဘာျဖစ္လာလဲဆိုရင္ လုပ္ငန္းခြင္ထဲ ေရာက္တဲ့အခ်ိန္မွာ လုပ္ငန္းခြင္ထဲက အဆင့္တူ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ကြၽမ္းက်င္ဝန္ထမ္းေတြဆီမွာ တပည့္ခံရေတာ့တာပါပဲ။

ဆိုရရင္ ဒီအေနအထားက ဘာကိုျပေနလဲဆိုရင္ ပညာေရးနဲ႔ အတတ္ပညာပိုင္း ကြၽမ္းက်င္မႈအၾကားက ကြာဟခ်က္ကို ေပါင္းကူးေပးဖို႔လိုအပ္တဲ့ အေနအထားလို႔ဆိုတယ္။မိမိတို႔ႏိုင္ငံ အပါအဝင္ အေရွ႕ေတာင္အာရွ ႏိုင္ငံအခ်ိဳ႕က တကၠသိုလ္ေတြဆိုရင္ လက္ရွိ ပညာေရးအေနအထားက အားရေလာက္စရာ အဆင့္အတန္းမွာ ရွိမေနေသးဘူးလို႔ ဆိုတယ္။ေနာက္တစ္ခုက ဒီေန႔ေခတ္အလုပ္ရွင္ေတြက လုပ္ငန္းခြင္အတြက္ အလုပ္အကိုင္ ေနရာခန႔္အပ္ေတာ့မယ္ဆိုရင္ ခန႔္အပ္မယ့္ဝန္ထမ္းက ဆက္ဆံေရးေကာင္းသူျဖစ္ရမယ္၊ ေဝဖန္ပိုင္းျခားႏိုင္စြမ္းရွိရမယ္၊ တီထြင္ဖန္တီးတတ္ရမယ္၊ ေတြ႕ႀကဳံရတဲ့ အေျခအေနအေပၚမွာ အလိုက္သင့္ စီမံခန႔္ခြဲတတ္ရမယ္။ဆိုရရင္ ဒီေန႔ေခတ္လို အလ်င္အျမန္ေျပာင္းလဲေနတဲ့ စီးပြားေရးစိန္ေခၚမႈေတြနဲ႔ ပတ္သက္လို႔ တာဝန္ယူဆုံးျဖတ္ႏိုင္စြမ္းရွိသူ ျဖစ္ရမယ္လို႔ Robert Walters Singapore ဆိုတဲ့ ကြၽမ္းက်င္လုပ္သား စုေဆာင္းေရး အတိုင္ပင္ခံလုပ္ငန္းက ဆိုပါတယ္။

ခ်မ္းသာတဲ့ႏိုင္ငံေတြမွာက်ေတာ့ ပညာေရးနဲ႔ အတတ္ပညာဆိုင္ရာ ကြၽမ္းက်င္မႈအၾကားက ကြာဟခ်က္ကို ေပါင္းကူးေပးႏိုင္စြမ္းရွိတယ္။စင္ကာပူႏိုင္ငံက Skill Future ပ႐ိုဂရမ္ဆိုရင္ အတတ္ပညာဆိုင္ရာ ကြၽမ္းက်င္မႈ အရည္အေသြးတိုးတက္ေအာင္ အေထာက္အကူျပဳေနတဲ့ ပ႐ိုဂရမ္ျဖစ္ၿပီး အစိုးရက ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ပ႐ိုဂရမ္လည္းျဖစ္တယ္။
အင္ဒိုနီးရွားႏိုင္ငံဆိုရင္လည္း သမၼတ ဂ်ိဳကိုဝီဒိုဒို က အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးတိုးတက္မႈလုပ္ငန္းၿပီးရင္ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဒုတိယဦးစားေပးအျဖစ္ လုပ္ေဆာင္ေနတယ္လို႔ဆိုတယ္။

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ပညာေရးဆိုတာ လူငယ္ေတြရဲ႕ အနာဂတ္အလားအလာေတြနဲ႔ ပတ္သက္လို႔ ၫႊန္ၾကားေစခိုင္းတဲ့ ပညာေရးစနစ္မ်ိဳးကို ေရွာင္ရွားသင့္တယ္လို႔ လုပ္သားသစ္ စုေဆာင္းသူေတြက အႀကံျပဳထားတာရွိပါတယ္။ေနာက္တစ္ခုက လုပ္ငန္းခြင္ ေပါင္းကူးေပးေရးအတြက္ ဘာသာစကားကြၽမ္းက်င္မႈကလည္း အေရးပါၿပီး ဘာသာစကားကြၽမ္းက်င္မႈက ကမာၻလုံးဆိုင္ရာ ေဈးကြက္အတြင္း အမ်ားႏွင့္ယွဥ္ၿပိဳင္ရတဲ့အခါမ်ိဳးမွာ ႏွာတစ္ဖ်ား အသာရရွိေစတယ္လို႔လည္းဆိုတယ္။ဒီေန႔အခ်ိန္အခါမွာဆိုရင္ အဂၤလိပ္၊ ဂ်ပန္ ဘာသာစကားေတြ တတ္ေျမာက္ထားရင္ ႏိုင္ငံတကာကုမၸဏီႀကီးေတြမွာ အလုပ္ရရွိေရးအတြက္ ပိုၿပီးအခြင့္အလမ္းသာေစႏိုင္မွာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒါေတြအားလုံးဟာ ပညာေရးနဲ႔ပတ္သက္လို႔ ဖတ္မွတ္သိထားတာေတြထဲက အခ်ိဳ႕ကို ထုတ္ႏႈတ္ၿပီး ေဖာက္သည္ခ်လိုက္တာပါပဲ။ဆိုရရင္ ကြၽန္ေတာ္တို႔ႏိုင္ငံက ပညာေရးစနစ္ ျပဳျပင္ေျပင္းလဲမႈအေ႐ြ႕နဲ႔ ပတ္သက္လို႔ ေတြးဆမိသမွ် ဆင္ျခင္သုံးသပ္မိတာလည္း ျဖစ္ပါတယ္။ဆိုရရင္ ၂၁ ရာစု ပညာေရးအေ႐ြ႕ လမ္းေၾကာင္းက အတတ္ပညာဆိုင္ရာ ကြၽမ္းက်င္မႈေတြနဲ႔ ကြာဟခ်က္ႀကီးႀကီးမားမား ရွိမေနဖို႔ပဲ ျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ႏိုင္ငံမွာဆိုရင္လည္း အသက္ေမြးဝမ္းေက်ာင္း ပညာဆိုင္ရာ သင္တန္းေက်ာင္းေတြ ရွိေနၿပီဆိုေပမဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ျမန္မာႏိုင္ငံမွာ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ ပညာေရးကို တိုးျမႇင့္ေဆာင္႐ြက္ၾကဖို႔ လြန္ခဲ့တဲ့ႏွစ္က ေနျပည္ေတာ္မွာက်င္းပခဲ့တဲ့ နည္းပညာဆိုင္ရာ အသက္ေမြးဝမ္းေက်ာင္း ပညာသင္တန္းနဲ႔ ပတ္သက္တဲ့ ဖိုရမ္မွာ တိုက္တြန္းေျပာၾကားခဲ့ဖူးပါတယ္။

ဆိုရရင္ ယေန႔ေခတ္ကာလဟာ သမား႐ိုးက် ပညာသင္ၾကားေရးစနစ္ အေတြးေဟာင္းပုံစံေတြကေန လမ္းခြဲထြက္ရမယ့္ အခ်ိန္ကို ေရာက္ရွိေနပါၿပီ၊ တကယ္ေတာ့ အတတ္ပညာဆိုင္ရာ ကြၽမ္းက်င္မႈကို ေဖာ္ေဆာင္ေပးႏိုင္မယ့္ ပညာေရးလမ္းေၾကာင္းတစ္ခုကို လမ္းထြင္ေပးျခင္းကသာ ႏိုင္ငံအတြက္ အက်ိဳးျဖစ္ထြန္းေစႏိုင္မယ့္ လုပ္သားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆီကို ဦးတည္ေစႏိုင္မွာ ျဖစ္ပါတယ္။

ျမင့္ေနာင္မိုး
ဇြန္ - ၈