【 ပညာရှင်များ၏အမြင် 】 “Localization ကိုပဲ စဉ်းစားစေချင်တယ်”

【 ပညာရှင်များ၏အမြင် 】 “Localization ကိုပဲ စဉ်းစားစေချင်တယ်”

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကစတင်ဖြစ်ခဲ့သည့် Covid-19 ကပ်ရောဂါဘေးကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးရပ်ဆိုင်းခဲ့ရပါတယ်။ထိုသို့ရပ်ဆိုင်းရမှုကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့ရာမှာ ကပ်ရောဂါကူးစက်ပြန့်နှံမှု အရှိန်ကျလာသည့်အခြေအနေတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ပြန်လည်ပတ်နိုင်ရန်ရည်ရွယ်ပြီး အစိုးရက  ငွေကြေးပမာဏမြောက်မြားစွာထည့်ဝင်ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်နိုးထရန်လုပ်ဆောင်လျက်ရှိရာမှာ မြန်မာနိုင်ငံအနေဖြင့်လည်း  စီးပွားရေးနိုးထရန် တက်သုတ်ရိုက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာသည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှာ ယခုနှစ်တွင် သံတမန်ဆက်သွယ်မှု နှစ် ၇၀ ပြည့်သည့် နှစ်ဖြစ်ခဲ့ရာ နှစ် ၇၀ ပြည့် အထိမ်းအမှတ်လာရောက်သည့် တရုတ်သမ္မတ၏ မြန်မာပြည်ခရီးစဉ်အတွင်း စီးပွားရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူညီချက်များလည်းရှိသဖြင့် ကြီးမားသည့် တရုတ်နိုင်ငံစျေးကွက်နှင့် ထိစပ်မှုအပေါ်အခြေခံကာ မြန်မာနိုင်ငံ၏ Covid-19 အလွန် စီးပွားရေးပြန်လည်နိုးထရန်အတွက် မည်သို့လုပ်ဆောင်ပြင်ဆင်သင့်သည်ကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေးအဖွဲ့ဝင်ဖြစ်သူ ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော မြန်မာစီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။  သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က တရုတ်-မြန်မာ သံတမန် နှစ် ၇၀ ပြည့်အတွက် တရုတ်ခေါင်းဆောင်တွေနဲ့ အပြန်အလှန်သဝဏ်လွှာတွေ ပေးပို့ကြတယ်။အခုလက်ရှိမှာ ကမ္ဘာ့အနေအထားအရဆိုရင် တရုတ်နဲ့ အမေရိကန်လို အနောက်အုပ်စုနိုင်ငံတွေ နဲ့ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေဖြစ်နေကြတယ်။
လက်ရှိမှာ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာနိုင်ငံကို ဝင်တာနည်းနေတယ်။တရုတ်နိုင်ငံနဲ့ ဒီဘက်အစိုးရလက်ထက် တော်တော်လေး နီးနီးကပ်ကပ်လုပ်လာတာကို တွေ့ရတဲ့အတွက် တရုတ်နဲ့ဆက်ဆံခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု၊ အခြားသောဟာတွေ။ဥပမာ - နိုင်ငံတကာမှာ မကြာခင်က မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ စွဲချက်တင်ထားတာအပေါ် ဘယ်လိုမျိုးသွားသက်ရောက်နိုင်မလဲ ဆရာ။နောက် ဘယ်လိုထိခိုက်နိုင်စရာရှိလာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါ ဟို နှစ်ပိုင်းပေါ့နော်၊ တစ်ပိုင်းအနေနဲ့ကတော့ ခုနလို လက်ရှိအခြေအနေမှာ ကိုယ့်နိုင်ငံ geopolitics ပေါ့။တစ်ကမ္ဘာလုံးနဲ့ပတ်သက်လို့ တရုတ်နဲ့ အမေရိကန်၊ တရုတ်နဲ့ အမေရိကန်မှာ အခု သမ္မတ ထရမ့်ရဲ့ သဘောထားတွေက တော်တော်တင်းမာတယ်၊ အဲ့ဒီတော့ တောက်လျှောက်ဖြစ်တာတွေအားလုံးကို သူကအပြစ်တင်တာ တရုတ်ကိုအပြစ်တင်တယ်လေ။
အဲ့ဒီတော့ Covid-19 နဲ့ ဘာနဲ့ဆိုတော့၊ သူတို့တင်းမာမှု။ဒါကလည်းပဲ ဆရာထင်တယ် အကြောင်းအချက်တစ်ခုရှာပြီးတော့လုပ်တာပါ။နဂိုကတည်းကမှ စီးပွားရေးယှဉ်ပြိုင်မှုမှာ တရုတ်ရဲ့အင်အားကိုကြောက်တယ်။ကြောက်တော့ ဒီနိုင်ငံရေးက ထုံးစံအတိုင်းပေါ့၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ။အခုတော့ ကျန်းမာရေးဆိုတဲ့ မထင်မှတ်တဲ့ကဏ္ဍတစ်ခု ပေါ်လာတာကိုး။
အဲ့ဒီတော့ အမေရိကန်နိုင်ငံကတော့ တရုတ်ကို ပုံစံအမျိုးမျိုးနဲ့ အပြစ်တင်တယ်၊ ဝေဖန်တယ်။
အခုအထိတောင် တရုတ်က ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် Covid-19 က တစ်ကမ္ဘာလုံးပျံ့သွားတယ် ဘာညာဆိုပြီးတော့ ဒါစွပ်စွဲတာတွေ၊ အဲ့ဒီစွပ်စွဲချက်တွေကို လက်ခံတဲ့သူတွေကလည်း အများကြီးရှိတာလေ။

အဲ့ဒီတော့ အဲ့လို geopolitics ကစားတဲ့အခါမှာ ဆရာတို့အနေနဲ့ ကိုယ့်နိုင်ငံပကတိအနေအထားကို ကြည့်လို့ရှိရင် ၊ ကျယ်ကျယ်ပြန့်ပြန့်ကြည့်လို့ရှိရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်းပဲ တစ်ချိန်လုံးလုံးပေါ့၊ ဒါကတော့ စိတ်ဝင်စားစရာကောင်းတာကတော့ တစ်ချိန်လုံးလုံးပေါ့ နဝတ လက်ထက်ကနေစပြီး ဒီကနေ့အထိ အားလုံးဟာ ကိုယ့်ဘက်ကရပ်တည်တဲ့နိုင်ငံက တရုတ်ပဲရှိတယ်လေ၊ ဟုတ်တယ်မဟုတ်လား၊ တစ်ချိန်တုန်းကတော့ ရုရှားရှိတယ်။အခုက ရုရှားကတော့ သိပ်မသေချာဘူး၊ သူ့အနေနဲ့ သူ့ရဲ့သဘောထားက တစ်မျိုးဖြစ်နေတော့ ဆရာတို့မှာ ဒီဗီတိုအာဏာရှိတဲ့ တရုတ်။ဒါကြောင့်မို့လည်း ခုန ခင်ဗျားမေးတဲ့ကိစ္စကလည်း အရေးကြီးတယ်။နိုင်ငံတကာ ဖိအားပေးတဲ့ ICJ တို့ လုံခြုံရေးကောင်စီ ဘာညာကိစ္စတွေအားလုံးဟာ ICJ ပြီးသွားရင်တောင် လုံခြုံရေးကောင်စီလာရမှာပဲလေ။အဲ့ဒီတော့ လုံခြုံရေးကောင်စီကိစ္စမှာ တရုတ်က လုံခြုံရေးကောင်စီကို အမြဲတမ်းအဖွဲ့ဝင်နိုင်ဖြစ်တော့ တရုတ်နဲ့ ဆရာတို့က ကင်းကွာလို့မရဘူး။ပြီးတော့မှ တောက်လျှောက်အနေနဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်ခဲ့တယ်။

နောက် စိတ်ဝင်စားဖို့ကောင်းတာက ကိုယ့်နိုင်ငံရဲ့ ပကတိအခြေအနေကြောင့် ၁၉၅၁ ခုနှစ်လောက်မှာပေါ့။လွတ်လပ်တဲ့နိုင်ငံတွေအားလုံး။ပြန်ကြည့်လိုက်လို့ရှိရင် အင်ဒိုနီးရှားမှာရှိတဲ့ ဆူကာနို၊ နောက်တစ်ခါ မြန်မာပြည်က ဦးနု၊ တရုတ်က ချူအင်လိုင်း၊ ပြီးတော့မှ အိန္ဒိယက နေရူး၊ နောက်တစ်ခါ ယူဂိုစလားဗီးယားက တီးတိုး၊ နောက်တစ်ခါ အီဂျစ်က နာဆာ။အဲ့ဒီတော့ သူတို့တွေအားလုံးကို သူတို့ခေါ်တဲ့ non-aligned movement ။ဘက်မလိုက်တဲ့ နိုင်ငံအဖွဲ့အစည်းတွေ စုစည်းပြီးတော့လုပ်ထားပြီးတော့ အရှေ့တိုင်းနိုင်ငံတွေ အဲ့ဒီတုန်းက ကွန်မြူနစ်နိုင်ငံတွေပေါ့။ကွန်မြူနစ်နိုင်ငံတွေရော အရင်းရှင်နိုင်ငံတွေ အားလုံးကအရေးတယူပြုရတယ်၊ ပြုရတဲ့အခါမှာ ဆရာတို့ရဲ့ထူးခြားချက်ကို တရုတ်နဲ့ မြန်မာ နှစ် ၇၀ မြောက် ဆက်ဆံရေးဓာတ်ပုံတွေကြည့်လိုက်လို့ရှိရင် တစ်ချိန်တုန်းက တရုတ်က ချူအင်လိုင်း မြန်မာပြည်လာတဲ့အခါမှာ ဦးနု ဓာတ်ပုံတွေ ပေါ်လာတယ်၊ အဲ့ဒီတော့ မော်စီတုံးနဲ့ ကိုယ့်နိုင်ငံခေါင်းဆောင်တွေ၊ ဦးနေဝင်းတုန်းကလည်း မော်စီတုံးနဲ့ ထိတွေ့တာ။အဲ့ဒီတော့ တောက်လျှောက်က တရုတ်နဲ့ မြန်မာ ဆက်ဆံရေးက ဆရာထင်တယ် ပုံစံအမျိုးမျိုးနဲ့။ဒီအထဲမှာ နိုင်ငံရေးအရ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းက မြန်မာကွန်မြူနစ်ပါတီကို တရုတ်က အားပေးခဲ့တယ်ဆိုပေမယ့်လည်းပဲ သူတို့က ပါတီပါတီချင်းအားပေးတာ၊ အစိုးရအစိုးရချင်းကတော့ အဆင်ပြေအောင်နေတယ်ဆိုတဲ့ ပုံစံရှိတာ။

အဲ့ဒီတော့ အဲ့ဒါတွေအားလုံးကို နောက်ခံအနေနဲ့ကြည့်လိုက်လို့ရှိရင် ဆရာတို့ ဒီတရုတ်နဲ့ ကိုယ်နဲ့က ကင်းကွာလို့မရဘူး။အဲ့ဒီတော့ အခု ဒီ အနှစ် ၇၀ နော် ဒီအထိမ်းအမှတ်မှာ ဒါပိုပြီးခိုင်မာတယ်။အဲ့ဒီတော့ ခုနမေးတဲ့ကိစ္စ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ကြည့်ပြန်ရင်လည်းပဲ Covid-19 အပြီးမှာ အနောက်နိုင်ငံတွေ စီးပွားရေးက နလန်ထူနိုင်တာမဟုတ်ဘူး၊ အမေရိကန်နိုင်ငံမှာလည်း recession ပေါ့လေ၊ တကယ့်ကို recession ရှိနေတဲ့အခြေအနေမှာ အခုအားကိုးစရာဆိုလို့ တစ်ကမ္ဘာလုံးမှာ ဒီဟာကိုလွတ်မြောက်ဖို့လုပ်နိုင်တဲ့ အင်အားရှိတဲ့နိုင်ငံ တစ်နိုင်ငံပဲရှိတယ်။အဲ့ဒါ တရုတ်နိုင်ငံပဲ။အဲ့ဒီတော့ တရုတ်နိုင်ငံဖြစ်တော့ အခုလို ဒီတရုတ်နဲ့ပတ်သက်လာရင် ဆရာတို့မှာ နိုင်ငံရေးတင်မကဘူး၊ လူမျိုးရေးတင်မကဘူး၊ ဆရာတို့ ငြိမ်းချမ်းရေးလည်းပါတယ်၊ ကိုယ့်နိုင်ငံမှာ အထူးသဖြင့် အနောက်ဘက်မှာရှိတဲ့ အခြေအနေတွေအားလုံးဟာ တရုတ်အပေါ်မှာ အခြေခံတာပေါ့။

အဲ့ဒီတော့ တရုတ်နဲ့ကတော့ ဆရာတို့ အဆင်ပြေအောင်နေမှပဲရမယ်။ဆရာတို့မှာ နည်းလမ်းမရှိဘူး၊ အဲ့ဒီတော့ အဲ့လိုတရုတ်နဲ့အဆင်ပြေတဲ့အတွက် ခုနမေးတဲ့မေးခွန်းမှာ အနောက်နိုင်ငံတွေက ကိုယ့်ကိုဖိအားပေးမလား ဘာညာဆိုတာ သူတို့ကတော့ ထုံးစံအတိုင်းပဲပေါ့ “ကုလားမနိုင် ရခိုင်မဲ” မှာပဲ။တရုတ်ကို တိုက်ရိုက် ထိပ်တိုက်မရင်ဆိုင်နိုင်တဲ့အခါမှာ Proxy အနေနဲ့ ယူဆတဲ့ မြန်မာနိုင်ငံကို ဖိအားတွေအမျိုးမျိုးပေးမှာပေါ့။ဒါပေမဲ့လည်း ဆရာတို့အနေနဲ့ လိမ်လိမ်မာမာ လှုပ်ရှားရမှာပဲ။ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံရဲ့အခြေအနေက အဲ့ဒီလိုကိုး။ဘာကြောင့်လဲဆိုတော့ တခြားနိုင်ငံနဲ့မတူဘူးလေ။အိမ်နီးနားချင်းနိုင်ငံဖြစ်နေတာကိုး၊ အိမ်နီးနားချင်းနိုင်ငံဖြစ်နေတော့ ဒီပကတိအခြေအနေမှာ ဒီတရုတ်နဲ့ကတော့ ကြိုက်၏၊ မကြိုက်၏ ဆက်သွယ်နေရမှာပဲ၊ အရေးကြီးတာက ကိုယ့်နိုင်ငံအတွက် အကျိုးရှိအောင်ဆက်သွယ်ဖို့ပဲလိုတယ်၊ ဒါလေးတော့ သတိထားစေချင်တယ်။

Opinion Leaders ။     ။ မကြာခင်ရက်က နိုင်ငံတော်အတိုင်ပင်ခံနဲ့ မကွေးတိုင်းဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူတွေနဲ့ ဗီဒီယိုကွန်ဖရန့်စင်းလုပ်တဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံက ဘာပြောလဲဆိုရင် အခြေခံလူတန်းစားတွေကို Covid အလွန်ကျလို့ရှိရင် အောက်ခြေလူတန်းမစားမရှိရအောင် မြန်မာ့စီးပွားရေးတည်ဆောက်ရမယ်လို့ ပြောခဲ့တာရှိတယ် ဆရာ။လက်ရှိ တရုတ်မှာလည်း အတော်အသင့်ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်မယ်ဆိုတဲ့ဟာနဲ့ စီမံချက်နဲ့လုပ်တာ ဒီနှစ်ဆိုရင် နောက်ဆုံးနှစ်ဖြစ်နေပြီ။မြန်မာနိုင်ငံနဲ့လည်း စီးပွားရေးအရရော တခြားနေရာမှာရော အများအပြားဆက်နွယ်ပြီး လုပ်နေတဲ့အတွက်ကို မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ Covid အလွန်မှာ အောက်ခြေလူတန်းမစားမရှိရအောင် မြန်မာ့စီးပွားရေးတည်ဆောက်ဖို့ ရည်မှန်းချက်က တကယ်ရောဖြစ်လာနိုင်မလား။ဖြစ်လာနိုင်ဖို့ဆိုရင် ဘယ်လိုမျိုးအခင်းအကျင်းတွေ လုပ်ဆောင်ဖို့လိုအပ်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အောက်ခြေလူတန်းစားက ဆရာတို့မှာ အများစုဖြစ်နေတာ။လက်ရှိအခြေအနေနော်။ဒါက နိုင်ငံရေးကတော့ aspiration ပေါ့။ဖြစ်ချင်တာကိုပြောတာကိုး။ဒါဖြစ်သင့်တာကိုပြောတာ၊ ဖြစ်ချင်တာတို့ ဖြစ်သင့်တာတို့ကတော့ ဒါ နိုင်ငံရေးအာဘော်အနေနဲ့ ဆရာတို့လက်ခံရမှာ။အဲ့ဒီတော့ လက်တွေ့မှာအကောင်အထည်ဖော်ရတော့ တစ်ပိုင်းပေါ့။လက်တွေ့မှာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့လိုတယ်။ဟုတ်လား။ဖြစ်စေချင်တယ်၊ ဖြစ်သင့်တယ်၊ ဒါက နိုင်ငံတိုင်းလိုလိုပေါ့။

တစ်ကမ္ဘာလုံးမှာလည်း နိုင်ငံတိုင်း နိုင်ငံရေးဘောဂဗေဒနဲ့ကြည့်လို့ရှိရင် ဒီအောက်ခြေလူတန်းစား၊ အခြေခံလူတန်းစား ပပျောက်ရေးကို ဆရာတို့လုပ်ခဲ့တယ်။အဲ့ဒီလိုလုပ်တဲ့အခါမှာ ကမ္ဘာ့သမိုင်းစီးပွားရေးသမိုင်းကို ကြည့်လို့ရှိရင် တကယ်ပဲ ဆင်းရဲနွမ်းပါးတဲ့လူတွေကနေ အလယ်အလတ်တန်းစားဖြစ်အောင် ဆွဲထုတ်နိုင်တဲ့ သမိုင်းတောက်လျှောက်မှာပေါ့။တစ်ခါမှမကြုံဖူးတဲ့နိုင်ငံ တစ်နိုင်ငံပဲရှိတယ်။အဲ့ဒါ တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံက တိန်ရှောက်ဖိန်။ဆရာတို့ ဒီ ၁၉၇၄ နောက်ပိုင်း လုပ်လိုက်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် ဒီတရုတ်နိုင်ငံမှာ သန်း ၃၀၀ ကျော်ကျော်ဟာ တကယ့်ကို ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးအဆင့်ကနေ အလယ်အလတ်တန်းစားဖြစ်သွားတယ်။အဲ့ဒါက တစ်ကမ္ဘာလုံးအံ့သြရတာ နိုင်ငံရေးလေ့လာတဲ့သူတွေရော စီးပွားရေးလေ့လာတဲ့သူတွေအနေနဲ့ရောပေါ့၊ အဲ့ဒီတော့ ဒီတရုတ်ရဲ့ နမူနာရှိခဲ့တယ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေအားလုံးကို ပြန်သုံးသပ်လို့ရှိရင် အဲဒီလောက်ဦးရေ အားလုံးကိုနော် ဆင်းရဲနွမ်းပါးမှုကနေ ဖောက်ထွက်ဖို့လုပ်ခဲ့တဲ့နိုင်ငံ တစ်နိုင်ငံပဲရှိတယ်။အဲ့ဒါကြောင့်လည်း အခုအချိန်မှာ Zero budget တွေ ဘာတွေ၊ တရုတ်နိုင်ငံမှာ ဒီအလယ်အလတ်တန်းစားဦးရေက သန်းနဲ့ချီရှိတာကိုး၊ သန်းမှ ရာနဲ့ချီရှိတယ်၊ အဲ့ဒီနမူနာပုံစံကိုယူလို့ရှိရင် ဆရာတို့မှာ နမူနာတစ်ခုတော့ရှိတာပေါ့။

အဲ့ဒီနမူနာကို အဲ့ဒီသင်ခန်းစာကို ယူနိုင်တယ်၊ မယူနိုင်တယ်ဆိုတာ နိုင်ငံအသီးသီးက ကြိုးစားနေတာပေါ့။သူ့နည်း သူ့ဟန်နဲ့ ပကတိအခြေအနေက တူမှာမှမဟုတ်တာ၊ တရုတ်ပြည်မှာ သန်း သုံး၊ လေးရာ ဆွဲထုတ်နိုင်လို့ ကိုယ့်ဆီမှာရှိမှ ၅၄ သန်းပဲရှိတာ၊ ဆွဲထုတ်နိုင်မလားဆိုတဲ့ကိစ္စကတော့ ဒါမေးခွန်းကြီးပဲ၊ ဟို ဆရာတို့ နိုင်ငံရေးမေးခွန်းဖြစ်တယ်၊ စီးပွားရေးမေးခွန်းဖြစ်တယ်၊ အဲ့ဒီတော့ တစ်ခုထူးခြားတာကတော့ပေါ့နော်။တရုတ်နိုင်ငံမှာ ဆရာတို့ အဲ့ဒီလို လူသန်း သုံးရာ-လေးရာလောက်ကို အလယ်အလတ်တန်းစား ဆွဲတင်နိုင်တဲ့အချိန်မှာ သူတို့မှာ ပဋိပက္ခမရှိဘူး၊ နိုင်ငံရေးပဋိပက္ခတွေပြီးကုန်ပြီ။မော်စီတုံး ၁၉၅၀-၅၁ တည်းကနေ အာဏာရတဲ့အချိန်ကစပြီးတော့ တရုတ်ဖြူ (KMT) ကို နိုင်ပြီးတဲ့အချိန်ကနေစပြီး သူတို့မှာ ပြည်တွင်းပဋိပက္ခက လုံးဝမရှိဘူး။ဆရာတို့မှာ ရင်ဆိုင်နေရတာက ပြည်တွင်းပဋိပက္ခရှိနေတာ၊ အဲ့ဒီတော့ စီးပွားရေးတင်မကဘူး၊ ဆရာတို့မှာ နိုင်ငံရေးပြဿနာက အကြီးကြီး။

ဒီနိုင်ငံရေးပြဿနာကြီးကို ဆရာတို့ဖြေရှင်းနိုင်ဖို့ ဒီ NLD အစိုးရလည်း အဘက်ဘက်ကကြိုးစားနေတာပဲ၊ ရွေးကောက်ပွဲပြီးကတည်းက ကြိုးစားနေတာပဲ၊ ကြိုးစားတဲ့အခါမှာလည်း အဓိကပြဿနာက ပဋိပက္ခဖြစ်နေတာ၊ ဒီအနောက်ဘက်ခြမ်းပေါ့လေ။အနောက်ဘက်အခြမ်း။ပြီးတော့ ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ်တို့မှာ ဖြစ်နေတဲ့အပြင်ကို မနေ့တစ်နေ့ကမှပေါ်လာတဲ့ ဆရာတို့ ဒီရခိုင်ကိစ္စပေါ့၊ အဲ့ဒီဟာတွေအားလုံးကလည်း ဆရာတို့မှာ တကယ့်ကိုအခက်အခဲတွေအများကြီးရှိတယ်။အဲ့ဒီတော့ ရခိုင်နဲ့ပတ်သက်လာပြန်ရင်လည်း တရုတ်နဲ့နွှယ်ပြန်ရော။
ကျောက်ဖြူစီမံကိန်းကြီးကလည်း ဆရာတို့အတွက် အားကိုးစရာ ရေနက်ဆိပ်ကမ်းဖြစ်နေတော့ အဲ့ဒီတော့ geopolitics က တကယ်ကိုချိတ်ဆက်နေတာပေါ့။တစ်နိုင်ငံနဲ့ တစ်နိုင်ငံက ဘယ်လိုမှကိုကင်းကွာလို့မရဘူး။ပုံစံအမျိုးမျိုးနဲ့ ဒါကိုထိတွေ့ရမယ်၊ အဲ့ဒီလိုဖြစ်တာကို အနောက်နိုင်ငံတွေအနေနဲ့ကလည်း သူတို့အနေနဲ့ နားလည် သဘောပေါက်ဖို့လိုတယ်၊ ကိုယ့်နိုင်ငံရဲ့ ပကတိအခြေအနေက ဒီလိုရှိနေတာ။

အဲ့ဒီတော့ AA နဲ့ ပတ်သက်လာလို့ရှိရင် အားလုံးသိတဲ့အတိုင်းပဲ အထောက်အပံ့တွေ ဘယ်ကရတယ် မရဘူးဆိုတာရှိတယ်လေ။ကချင်နဲ့ပတ်သက်လာရင်ကော ရှမ်းနဲ့ပတ်သက်လာရင်ကော ဒါအမျိုးမျိုး။အဲ့ဒီတော့ ကိုယ့်မှာ နိုင်ငံရေးရော၊ စီးပွားရေးရော၊ လူမှုရေးရော အားလုံးရောထွေးနေတဲ့ အခြေအနေတစ်ခုဖြစ်နေတာ။

Opinion Leaders ။     ။ သတင်းစာရှင်းလင်းပွဲမှာ စာရင်းစစ်ချုပ်က တရုတ်နိုင်ငံက ချေးငွေအများစုဟာ အတိုးနှုန်းများတယ်၊ များတဲ့အတွက်ကို ဝန်ကြီးဌာနတွေ ချေးမယ်ဆိုလို့ရှိရင် ဒီအချက်ကို သတိပြုသင့်တယ်လို့ တစ်ချက်ပြောတယ်။ပြီးလို့ရှိရင် တရုတ်သံအမတ်ကလည်း ဒီရက်ပိုင်းမှာပဲ ပြောတာရှိတယ်၊ ဇွန် ၈ ရက်မှာ စီးပွား/ကူးသန်းနဲ့ ဆွေးနွေးတဲ့အခါမှာ မြန်မာ-တရုတ် ကုန်သွယ်မှုက ပုံမှန်ထက်ကို တစ်ရာခိုင်နှုန်းတက်တယ်လို့ပြောပေမယ့် လက်ရှိမှာက ဒီဘက်အခြမ်းမှာဆိုလို့ရှိရင် မြန်မာကနေ တရုတ်ကိုတင်ပို့နေတဲ့ ပို့ကုန်တန်ဖိုးပေါ့နော် ရာသီသီးနှံတွေဆိုရင် သန်း ၁၀၀ လောက် ဒီနှစ်ပိုင်းမှာကျသွားတယ်။ဒါ စီးပွား/ကူးသန်းက လက်ထောက်အတွင်းဝန်ကိုယ်တိုင်က ပြောလိုက်တာ။ကမ္ဘာ့ဘဏ်ကလည်း Covid စီးပွားရေးကြောင့် တိုးတက်မှုနှုန်း မြန်မာကျမယ်လို့ ပြောထားတယ်။ပြောတဲ့အတွက်ကို လက်ရှိမှာ ကုန်သွယ်ရေးက ကျွန်တော်တို့က ပို့တာနည်းပြီး ဟိုဘက်ကသွင်းတာများနေတယ်၊ များနေတဲ့အတွက်ကို မြန်မာနိုင်ငံရဲ့စီးပွားရေးကို ပြန်ပြီးရုန်းထဖို့လုပ်တဲ့အနေအထားမှာ အများစုက Production အပိုင်းကိုပဲ ဦးစားပေးကြတာတွေ့ရတယ်။ဒီလို ကုန်သွယ်မှုတို့ တောင်သူလယ်သမားတို့ဘက်မှာ သိပ်ပြီးတော့မတွေ့ရတဲ့အတွက်ကို နောက်ပိုင်းမှာ အသွင်းတွေအရမ်းများလာတဲ့ အခြေအနေအတွက်ကို ဘယ်လိုပြင်ဆင်သင့်သလဲ ဆရာ၊ ဥပဒေပိုင်းဆိုင်ရာ နောက် ဒီဘက်ကပို့ကုန်အပိုင်းတွေ တိုးတက်အောင် ဒီဘက်ကဘယ်လိုလုပ်သင့်သလဲ။အစိုးရကနေ မကြာခင်မှာ တရုတ်ဘက်က Belt and Road အတွက်ကို ချေးငွေတွေဝင်လာစရာရှိတဲ့အတွက်ကို အဲ့လိုဝင်လာတဲ့အခါမှာ စာရင်းစစ်ချုပ်ပြောတာတွေကို ဘယ်လိုပြင်ဆင်ပြီးယူသင့်ပါသလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဟို ဥပမာ အိမ်ထောင်စုတစ်စုလိုပေါ့၊ ကိုယ့်မှာအရင်းအနှီးမရှိရင် အရင်းအနှီးရှိဖို့အတွက်ကိုချေးရတာ။ချေးရတာ သဘာဝတရားကြီးပဲ၊ ကိုယ့်မှာမှမရှိတာ။အဲ့ဒီတော့ ချေးတဲ့အခါမှာ ခုနပြောသလို သတိထားပြီးချေးဖို့လိုတယ်။ချေးတဲ့အခါမှာ ကိုယ်ရမယ့်ငွေ ချေးပြီးလုပ်မယ့်အလုပ်တွေ ချေးတဲ့အတွက် ပေးရမယ့်စရိတ်စက သူ့ရဲ့အတိုးနှုန်းပေါ့၊ ကာမိမှု ရှိ/မရှိပေါ့၊ အဲ့ဒီတော့ အခု ကာမိမှု ရှိ/မရှိကို ဆရာတို့မချေးခင်။သူတို့ချေးတဲ့အခါတိုင်း ချေးတဲ့သူရှိသရွေ့ ငါလည်းချေးမယ်ဆိုတဲ့ သဘောထားတွေရှိနေတော့ တော်တော်ဒုက္ခရောက်တယ်။အဲ့ဒီတော့ အကြွေးပင်လယ်တွေ။

ဒါကြောင့် ဘာဖြစ်လာလဲဆိုတော့ သူတို့ခေါ်တဲ့ debt trap အကြွေးထောင်ခြောက်ထဲဝင်လာတာရှိတယ်။အခု trap တွေနဲ့ပတ်သက်လာရင် သီရိလင်္ကာမှာရှိတဲ့ တရုတ်နဲ့ပတ်သက်လို့ ဆက်ဆံရေးမှာ သူတို့မှာ အကြွေးပင်လယ်၊ အကြွေးတွေပိုပြီးတင်သွားတယ်ဆိုတာ ဖြစ်တဲ့အတွက် ဆရာတို့က ကျောက်ဖြူကို ပြန်ပြီး negotiate လုပ်ရတယ်။ဘာကြောင့်လဲဆိုတော့ နဂိုပမာဏက သိပ်ကြီးတဲ့အခါကျတော့ အဲ့ဒီချေးငွေပမာဏကြီးကို မဆပ်နိုင်ဘူး။ကိုယ်က ဒုက္ခအကြီးအကျယ်ရောက်မှာဖြစ်တဲ့အတွက် ဖြစ်တယ်။ကိုယ့်အနေနဲ့ စဉ်းစားဖို့က ဒါကို အတိုးနှုန်းအတွက်ကို ချေးငွေတွေကို သတိထားပြီးချေးဖို့လိုတယ်။

ဒါပေမဲ့ ဆရာတစ်ခုပြောချင်တာပေါ့နော်။ဒီ Covid-19 ကြောင့် ဒါ ကိုယ့်ရဲ့သုံးသပ်ချက်ပေါ့နော်၊ တခြားစီးပွားရေးလုပ်ငန်းရှင်တွေ စီးပွားရေးလေ့လာသူတွေကလည်း သုံးသပ်ပါတယ်။အရင်တုန်းက ဆရာတို့မောင်းနှင်တဲ့အားက Globalization ပေါ့။အဲ့ဒီ Globalization ဟာ Covid-19 ကြောင့် ရပ်သွားတယ်၊ ရပ်သွားတယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ Supply Change ပေါ့။တရုတ်နိုင်ငံမှာ အရင်တုန်းကရှိတဲ့ ထုတ်တဲ့စက်ရုံတွေအားလုံး ရပ်သွားတဲ့အခါကျတော့ တစ်ကမ္ဘာလုံးမှာလည်း ဒုက္ခရောက်ကုန်ရော။အဲ့ဒီတော့ အခုဘာ ဖစ်လာသလဲဆိုရင် Globalization အစား localization ပေါ့။ဆရာတို့ဆီမှာ အဲ့ဒီအထိကိုတောင် တာဝန်ရှိတဲ့သူတွေက မစဉ်းစားသေးဘူး။

Globalization ကိုပဲ ခုနပြောသလိုပေါ့နော်။များများထုတ်မယ် နည်းနည်းသွင်းမယ်ဆိုတဲ့ Export, Import ဆိုတဲ့ဟာကိုပဲ အာရုံရှိနေတယ်။စီးပွား/ကူးသန်းက ဒါကိုပဲစဉ်းစားနေတယ်။ကိုယ့်သဘောတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အတွေ့အကြုံတွေကိုစဉ်းစားလိုက်ရင် localization ကိုပဲ စဉ်းစားစေချင်တယ်။ပြည်တွင်းမှာပဲ လုံလုံခြုံခြုံရှိအောင် ဘာကြောင့်လဲ။ Supply Change ကြီးက ဒါ ဒီတစ်ခေါက်တင်မကဘူး၊ ဒီ Covid-19 ပြီးလို့ နောက်တစ်ခါဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲစဉ်းစားထားဖို့။အခုလူတွေက ဆရာ့လည်းဝေဖန်တယ် Covid-19 တောင် မပြီးသေးဘူး၊ နောက်တစ်ခါလာမယ်ဆိုတဲ့အကြောင်း ပြောနေပြန်ပြီဆိုပြီးတော့ ဒါပေမဲ့ အဲ့ဒါလည်းစဉ်းစားထားမှရမှာကိုး။

ဆရာတို့အနေနဲ့ risk management က သိသိသာသာပေါ့၊ ဒီ Covid-19 မတိုင်ခင် risk management က လုံးဝမရှိခဲ့ဘူး၊ ဒီလိုဖြစ်ခဲ့လို့ရှိရင် ဘာလုပ်မယ်ဆိုတာကို ဒီလိုဖြစ်မယ်ဆိုတာကို ဘယ်သူမှခေါင်းထဲမထည့်ခဲ့ကြဘူး၊ ဆရာတို့ပြောနေတာကြာပြီ။ကိုယ့်နိုင်ငံတင်မကဘူး နိုင်ငံတကာမှာရှိတဲ့ လုပ်ငန်းရှင်တွေအားလုံးကလည်း အငိုက်မိသွားတယ်။လုံးဝမထင်မှတ်တဲ့ Supply Change ကြီး သွားထိလိုက်တဲ့အခါကျတော့ အခု သူတို့ဘာပြန်စဉ်းစားသလဲဆိုတော့ ဒီ Supply Change Risk များလွန်းအားကြီးတဲ့အတွက် တခြားနိုင်ငံတွေ၊ အရင်တုန်းက ဆရာတို့ Global Trade က ကိုယ့်နိုင်ငံမှာရှိတဲ့ပစ္စည်းကို သူများနိုင်ငံရောက်အောင် သူများနိုင်ငံက ကိုယ့်ထက် သက်သက်သာသာထုတ်နိုင်တဲ့ပစ္စည်း ကိုယ့်ဆီဝယ်ဆိုတဲ့ အဲ့ဒီစီးပွားရေးပုံစံကိုသုံးခဲ့တာ။ဒါပေမဲ့ အခုကတော့ အဲ့ဒီပုံစံသုံးခဲ့တဲ့အတွက် Covid-19 လည်း ဖြစ်ရော အဲ့ဒီပုံစံကြီးက အကုန်လုံး Break down ဖြစ်သွားရော။ Break down ဖြစ်သွားတော့ ကမ္ဘာ့စီးပွားရေးအကုန်လုံးက ထိုးကျသွားတယ်။အဲ့ဒီတော့ အဲ့လိုနောက်ထပ်မဖြစ်အောင်ဆိုရင်တော့ သူတို့ အခုပြန်စဉ်းစားနေတဲ့ ပညာရှင်တွေ စဉ်းစားတာတော့ localization ပေါ့။

ကိုယ့်နိုင်ငံမှာ ကိုယ်ဖူလုံပိုလျှံဖို့ တစ်ချိန်တုန်းက မဆလပုံစံဖြစ်လာပြန်ရော။ကိုယ့်နိုင်ငံမှာပဲ ကိုယ့်ပြည်တွင်းဖူလုံမှုရှိအောင်လို့ အဲ့ဒါဆိုရင် external shock ပေါ့။ခုနကသမားတွေကို နည်းနည်းလေး ပိုပြီးခံသာလိမ့်မယ်ဆိုပြီးတော့။နိုင်ငံတကာမှာ ဒါ ကိုယ့်နိုင်ငံတင်မကပါဘူး နိုင်ငံတကာမှာလည်း စဉ်းစားနေကြတယ်။ဂျာမနီမှာလည်း စဉ်းစားတယ်၊ ပြင်သစ်မှာလည်း စဉ်းစားတယ်၊ ဘာကြောင့်လဲဆိုတော့ အားလုံးက နိုင်ငံတကာဆက်ဆံရေးကို အားကိုးပြီးလုပ်ရတဲ့အခါကျတော့ တကယ်ဖြစ်လာတဲ့အခါကျတော့ လုပ်ရကိုင်ရတော်တော်ခက်သွားတယ်။ကိုယ်ကမနိုင်တဲ့ကိစ္စ၊ သူတို့စက်ရုံတွေ ပြန်ဖွင့်ပေးပါဆိုလို့လည်းပြောလို့မရ ဘာကြောင့်လဲဆိုတော့ ဟိုမှာလည်း ရောဂါတွေဖြစ်နေတော့ ဖြစ်တာကို risk ကို ဘယ်လိုရှောင်ရမလဲဆိုတာကိုပဲ ဒါ Covid က ကိုယ့်ကိုသင်ခန်းစာပေးလိုက်တာပဲ။ကိုယ့်နိုင်ငံမှာလည်း risk management အခုတော့ ကိုယ့်နိုင်ငံက နားတော့အေးတယ်။ကိုယ့်ဆီကလုပ်ငန်းရှင်တွေအားလုံးက risk ကို မစဉ်းစားတာ။အဲ့ဒီတော့ ဖြစ်ကာမှဖြစ်ရော တို့မြန်မာလူမျိုးရဲ့ စရိုက်ထုံးစံအတိုင်းပဲပေါ့၊ ကြိုတင်ပြီးစဉ်းစားတာ ဘာမှမရှိဘူး။နေမကောင်းဖြစ်မှပဲ ဆေးရုံသွားတယ်၊ အဲ့ဒီတော့ နေကောင်းတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုဂရုစိုက်ရမယ်ဆိုတာ လုံးဝမရှိတော့ ဒါတော့သေချာပြန်ကြည့်ဖို့ လိုလိမ့်မယ်ထင်တယ်။နိုင်ငံတော်အစိုးရရဲ့ မဟာဗျူဟာကလည်း သူ့နည်းသူ့ဟန်နဲ့ပေါ့လေ။ဒါကလည်း သူတို့မှာ ကျွမ်းကျင်တဲ့လိမ္မာတဲ့သူတွေရှိတယ်။

နောက်တစ်ခါ သူတို့အနေနဲ့ CERC ပေါ့။သူတို့က ဒါကိုသိပ်အားကိုးနေတာ၊ recovery plan လိုပေါ့။ သူတို့ခေါ်တဲ့ release plan ပေါ့။စီမံ/ဘဏ္ဍာကလုပ်တဲ့ စီမံချက်ပေါ့။အဲ့ဒါက ဘယ်လောက်တိကျတယ် တကယ်လုပ်နိုင်မယ် မလုပ်နိုင်တယ်ဆိုတာအနေနဲ့ စဉ်းစားဖို့လိုလိမ့်မယ်လို့ အောက်မေ့တယ်။ဘာကြောင့်လဲဆိုတော့ ဒီဟာက ခက်တာက release plan က သားငါးမပါဘူး။ကာလမပါဘူး။စီမံကိန်းသာရှိတယ်၊ ဘယ်တော့စ ဘယ်တော့ဆုံးဆိုတာမပါဘူး။အဲ့ဒီတော့ ကိုယ်နားလည်တာနဲ့တော့ နည်းနည်းလေးကွာတယ်လေ။သိတာတော့ စီမံကိန်းဆိုတာ ကာလတစ်ခုရှိရမယ်၊ တစ်နှစ်စီမံကိန်းလား၊ နှစ်နှစ်စီမံကိန်းလား၊ သုံးနှစ်စီမံကိန်းလား၊ အခုတော့ ဘာမှမရှိတော့လည်း ပြောချင်တာ ပြောလို့ရတယ်ထင်ပါတယ်။ပြီးသွားတာပေါ့ ဟုတ်တယ်မဟုတ်လား၊ မရှိတော့လည်းနားအေးတယ်။ အဲ့လိုပဲထင်တယ်။

နောက်တစ်ခါ ပမာဏမပါဘူး၊ ကိန်းဂဏန်းတစ်ခုမှမပါဘူး၊ အဲ့ဒီတော့ တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ စီမံကိန်း။ကိန်းဂဏန်းလည်းမပါဘူး။ကာလလည်းမပါတဲ့ စီမံကိန်းကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကိုတော့ ကိုယ်ကတော့ ဉာဏ်မမီတော့ဘူး။အဲ့လိုဖြစ်နေတာ။
အဲ့ဒါကိုလည်း ဘယ်သူမှလည်းမပြောရဲဘူး၊ ပြောလို့လည်း ပြောတဲ့သူအန္တရာယ်ရှိတာကိုး၊ မပြောဘဲနဲ့ ဒီအတိုင်းပဲ အဲ့ဒီတော့ ကိုယ့်နိုင်ငံမှာ အဲ့ဒီလိုပဲ မပြောဘဲနဲ့လိမ္မာတဲ့သူတွေများတယ်လေ။ဒီအတိုင်းပဲ ဒီလိုပဲကြည့်ပြီးတော့ ကဲ..စီမံကိန်းဆွဲလိုက်တာပဲ။ဆွဲတဲ့သူကလည်းဆွဲလို့။ဧပြီလ ၂၇ ရက်ကဆွဲတာ အခုဆိုရင် ဆရာတို့ ဘယ်လောက်ရှိသွားပြီလဲ၊ ဧပြီ၊ မေ၊ ဇွန် ဆိုတော့ ကာလမနည်းတော့ဘူးနော်။ follow-up လည်းမရှိဘူး၊ ဒါတွေရည်ရွယ်ထားတာတွေ၊ စီမံထားတာတွေ ဘယ်လောက်အောင်မြင်တယ် မအောင်မြင်ဘူး။ဘယ်နေရာမှာ ပြင်ဖို့လိုတယ်၊ မပြင်ဖို့လိုတယ် follow-up က တစ်ခုမှမရှိဘူး။သူတို့စာထဲမှာတော့ ရေးထားတယ်၊ နောက်ကနေလိုက်မယ်ဆိုတော့ ဘယ်သူလိုက်နေလဲတော့ မပြောတတ်ဘူး။ကိုယ်ကတော့ လက်လှမ်းမမီတော့ မသိတာဖြစ်ကောင်းဖြစ်မယ်နော်။

ဒါပေမဲ့ အဲ့ဒီ CERC ဟာ မီဒီယာသမားတွေ နည်းနည်းလေးအာရုံရှိစေချင်တာ။ဘာကြောင့်လဲဆိုတော့ ဒါက တခြားနိုင်ငံတွေမှာ stimulate ပေါ့၊ တရုတ်မှာလည်းရှိတယ်၊ စင်ကာပူမှာလည်းရှိတယ်၊ ဗီယက်နမ်မှာလည်းရှိတယ်၊ ဒါနိုင်ငံတိုင်းလိုလိုလုပ်တာပါ။အမေရိကန်နိုင်ငံမှာဆိုရင် နှစ်ထရီလျံတောင်သုံးတာ။ဆိုတော့ ပမာဏကနည်းတာမဟုတ်ဘူး။အဲ့ဒီတော့ နောက်တစ်ခုက ပမာဏအနေနဲ့ ဆရာပြောခဲ့သလို ဂျပန်မှာဆိုရင် 40 percent GDP လို့ ပြောတယ်။ကိုယ့်ဆီမှာကတော့ 2 percent တောင် မရှိဘူးဖြစ်နေတယ် မပြောတတ်ဘူး၊ ဆရာတို့က အရေအတွက်နဲ့ ပမာဏနဲ့ ပြောလို့မရဘူး။ရာနှုန်းနဲ့ပြောမှရမယ်၊ တိတိကျကျဖြစ်စေချင်ရင်၊ အဲ့ဒီတော့ အဲဒါကိုလည်း မီဒီယာလည်း သိပ်အာရုံမရှိပါဘူး၊ အဲ့လိုဖြစ်နေတာကိုး။

Opinion Leaders ။     ။ အဲ့ဒါဆို အကုန်ခြုံလိုက်လို့ရှိရင်တော့ ဘာပဲဖြစ်ဖြစ် သေသေချာချာလုပ်ပြီးတော့ သေချာအောင် လက်တွေ့ကျကျ အကောင်အထည်ပေါ်နိုင်အောင်လုပ်မှပဲ အဆင်ပြေမယ်ပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေါ့။ လုပ်တဲ့အခါမှာလည်း လုပ်ငန်းရှင်နဲ့တိုင်ပင်မှရမယ်၊ ဟိုစီမံကိန်း စီးပွားရေးစနစ်မှမဟုတ်တာ။စီမံကိန်းဆွဲပြီးတော့ စီမံတဲ့အတိုင်းဖြစ်တယ်ဆိုတာ မဖြစ်ခဲ့လို့လည်း မဆလ ၇၆ ခုနှစ်မှာ ဒုက္ခရောက်သွားတာလေ။အဲ့ဒီတော့ စီမံကိန်းတွေလုပ်တဲ့နေရာမှာ နိုင်ငံတော်အစိုးရက ဘယ်အပိုင်းပါမလဲ၊ ပုဂ္ဂလိက က ဘယ်အပိုင်းပါမလဲ၊ မီဒီယာက ဘယ်လိုပါမလဲ၊ အရပ်ဘက်လူ့အဖွဲ့အစည်းက ဘယ်သူပါမလဲဆိုတော့ အားလုံးလူတွေစည်းရုံးဖို့လိုတယ်၊ စုစည်းဖို့လိုတယ်လေ။အဲ့လိုမှဖြစ်မှာကိုး၊ ဟုတ်တယ်နော်။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇွန် - ၁၁

( Zawgyi )

ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာကစတင္ျဖစ္ခဲ့သည့္ Covid-19 ကပ္ေရာဂါေဘးေၾကာင့္ ကမာၻတစ္ဝန္း စီးပြားေရးရပ္ဆိုင္းခဲ့ရပါတယ္။ထိုသို႔ရပ္ဆိုင္းရမႈေၾကာင့္ ႏိုင္ငံတိုင္းတြင္ စီးပြားေရးလုပ္ငန္းမ်ားထိခိုက္ခဲ့ရာမွာ ကပ္ေရာဂါကူးစက္ျပန႔္ႏွံမႈ အရွိန္က်လာသည့္အေျခအေနတြင္ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားကို ျပန္လည္ပတ္ႏိုင္ရန္ရည္႐ြယ္ၿပီး အစိုးရက  ေငြေၾကးပမာဏေျမာက္ျမားစြာထည့္ဝင္ၿပီး စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ႏိုးထရန္လုပ္ေဆာင္လ်က္ရွိရာမွာ ျမန္မာႏိုင္ငံအေနျဖင့္လည္း  စီးပြားေရးႏိုးထရန္ တက္သုတ္႐ိုက္ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ကမာၻ႔စီးပြားေရးအင္အားႀကီးႏိုင္ငံျဖစ္လာသည့္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံမွာ ယခုႏွစ္တြင္ သံတမန္ဆက္သြယ္မႈ ႏွစ္ ၇၀ ျပည့္သည့္ ႏွစ္ျဖစ္ခဲ့ရာ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္လာေရာက္သည့္ တ႐ုတ္သမၼတ၏ ျမန္မာျပည္ခရီးစဥ္အတြင္း စီးပြားေရးအပါအဝင္ က႑ေပါင္းစုံတြင္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ရန္ သေဘာတူညီခ်က္မ်ားလည္းရွိသျဖင့္ ႀကီးမားသည့္ တ႐ုတ္ႏိုင္ငံေစ်းကြက္ႏွင့္ ထိစပ္မႈအေပၚအေျခခံကာ ျမန္မာႏိုင္ငံ၏ Covid-19 အလြန္ စီးပြားေရးျပန္လည္ႏိုးထရန္အတြက္ မည္သို႔လုပ္ေဆာင္ျပင္ဆင္သင့္သည္ကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပးအဖြဲ႕ဝင္ျဖစ္သူ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ျမန္မာစီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။  သမၼတႀကီး ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔က တ႐ုတ္-ျမန္မာ သံတမန္ ႏွစ္ ၇၀ ျပည့္အတြက္ တ႐ုတ္ေခါင္းေဆာင္ေတြနဲ႔ အျပန္အလွန္သဝဏ္လႊာေတြ ေပးပို႔ၾကတယ္။အခုလက္ရွိမွာ ကမာၻ႔အေနအထားအရဆိုရင္ တ႐ုတ္နဲ႔ အေမရိကန္လို အေနာက္အုပ္စုႏိုင္ငံေတြ နဲ႔ စီးပြားေရး၊ ႏိုင္ငံေရး ျပႆနာေတြျဖစ္ေနၾကတယ္။
လက္ရွိမွာ အေနာက္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ျမန္မာႏိုင္ငံကို ဝင္တာနည္းေနတယ္။တ႐ုတ္ႏိုင္ငံနဲ႔ ဒီဘက္အစိုးရလက္ထက္ ေတာ္ေတာ္ေလး နီးနီးကပ္ကပ္လုပ္လာတာကို ေတြ႕ရတဲ့အတြက္ တ႐ုတ္နဲ႔ဆက္ဆံျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ အျခားေသာဟာေတြ။ဥပမာ - ႏိုင္ငံတကာမွာ မၾကာခင္က ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံေရးအရ စြဲခ်က္တင္ထားတာအေပၚ ဘယ္လိုမ်ိဳးသြားသက္ေရာက္ႏိုင္မလဲ ဆရာ။ေနာက္ ဘယ္လိုထိခိုက္ႏိုင္စရာရွိလာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါ ဟို ႏွစ္ပိုင္းေပါ့ေနာ္၊ တစ္ပိုင္းအေနနဲ႔ကေတာ့ ခုနလို လက္ရွိအေျခအေနမွာ ကိုယ့္ႏိုင္ငံ geopolitics ေပါ့။တစ္ကမာၻလုံးနဲ႔ပတ္သက္လို႔ တ႐ုတ္နဲ႔ အေမရိကန္၊ တ႐ုတ္နဲ႔ အေမရိကန္မွာ အခု သမၼတ ထရမ့္ရဲ႕ သေဘာထားေတြက ေတာ္ေတာ္တင္းမာတယ္၊ အဲ့ဒီေတာ့ ေတာက္ေလွ်ာက္ျဖစ္တာေတြအားလုံးကို သူကအျပစ္တင္တာ တ႐ုတ္ကိုအျပစ္တင္တယ္ေလ။
အဲ့ဒီေတာ့ Covid-19 နဲ႔ ဘာနဲ႔ဆိုေတာ့၊ သူတို႔တင္းမာမႈ။ဒါကလည္းပဲ ဆရာထင္တယ္ အေၾကာင္းအခ်က္တစ္ခုရွာၿပီးေတာ့လုပ္တာပါ။နဂိုကတည္းကမွ စီးပြားေရးယွဥ္ၿပိဳင္မႈမွာ တ႐ုတ္ရဲ႕အင္အားကိုေၾကာက္တယ္။ေၾကာက္ေတာ့ ဒီႏိုင္ငံေရးက ထုံးစံအတိုင္းေပါ့၊ ႏိုင္ငံေရးအရ၊ စီးပြားေရးအရ၊ လူမႈေရးအရ။အခုေတာ့ က်န္းမာေရးဆိုတဲ့ မထင္မွတ္တဲ့က႑တစ္ခု ေပၚလာတာကိုး။
အဲ့ဒီေတာ့ အေမရိကန္ႏိုင္ငံကေတာ့ တ႐ုတ္ကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ အျပစ္တင္တယ္၊ ေဝဖန္တယ္။
အခုအထိေတာင္ တ႐ုတ္က ပြင့္လင္းျမင္သာမႈမရွိတဲ့အတြက္ Covid-19 က တစ္ကမာၻလုံးပ်ံ႕သြားတယ္ ဘာညာဆိုၿပီးေတာ့ ဒါစြပ္စြဲတာေတြ၊ အဲ့ဒီစြပ္စြဲခ်က္ေတြကို လက္ခံတဲ့သူေတြကလည္း အမ်ားႀကီးရွိတာေလ။

အဲ့ဒီေတာ့ အဲ့လို geopolitics ကစားတဲ့အခါမွာ ဆရာတို႔အေနနဲ႔ ကိုယ့္ႏိုင္ငံပကတိအေနအထားကို ၾကည့္လို႔ရွိရင္ ၊ က်ယ္က်ယ္ျပန႔္ျပန႔္ၾကည့္လို႔ရွိရင္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာလည္းပဲ တစ္ခ်ိန္လုံးလုံးေပါ့၊ ဒါကေတာ့ စိတ္ဝင္စားစရာေကာင္းတာကေတာ့ တစ္ခ်ိန္လုံးလုံးေပါ့ နဝတ လက္ထက္ကေနစၿပီး ဒီကေန႔အထိ အားလုံးဟာ ကိုယ့္ဘက္ကရပ္တည္တဲ့ႏိုင္ငံက တ႐ုတ္ပဲရွိတယ္ေလ၊ ဟုတ္တယ္မဟုတ္လား၊ တစ္ခ်ိန္တုန္းကေတာ့ ႐ုရွားရွိတယ္။အခုက ႐ုရွားကေတာ့ သိပ္မေသခ်ာဘူး၊ သူ႔အေနနဲ႔ သူ႔ရဲ႕သေဘာထားက တစ္မ်ိဳးျဖစ္ေနေတာ့ ဆရာတို႔မွာ ဒီဗီတိုအာဏာရွိတဲ့ တ႐ုတ္။ဒါေၾကာင့္မို႔လည္း ခုန ခင္ဗ်ားေမးတဲ့ကိစၥကလည္း အေရးႀကီးတယ္။ႏိုင္ငံတကာ ဖိအားေပးတဲ့ ICJ တို႔ လုံၿခဳံေရးေကာင္စီ ဘာညာကိစၥေတြအားလုံးဟာ ICJ ၿပီးသြားရင္ေတာင္ လုံၿခဳံေရးေကာင္စီလာရမွာပဲေလ။အဲ့ဒီေတာ့ လုံၿခဳံေရးေကာင္စီကိစၥမွာ တ႐ုတ္က လုံၿခဳံေရးေကာင္စီကို အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ျဖစ္ေတာ့ တ႐ုတ္နဲ႔ ဆရာတို႔က ကင္းကြာလို႔မရဘူး။ၿပီးေတာ့မွ ေတာက္ေလွ်ာက္အေနနဲ႔ အိမ္နီးနားခ်င္းႏိုင္ငံျဖစ္ခဲ့တယ္။

ေနာက္ စိတ္ဝင္စားဖို႔ေကာင္းတာက ကိုယ့္ႏိုင္ငံရဲ႕ ပကတိအေျခအေနေၾကာင့္ ၁၉၅၁ ခုႏွစ္ေလာက္မွာေပါ့။လြတ္လပ္တဲ့ႏိုင္ငံေတြအားလုံး။ျပန္ၾကည့္လိုက္လို႔ရွိရင္ အင္ဒိုနီးရွားမွာရွိတဲ့ ဆူကာႏို၊ ေနာက္တစ္ခါ ျမန္မာျပည္က ဦးႏု၊ တ႐ုတ္က ခ်ဴအင္လိုင္း၊ ၿပီးေတာ့မွ အိႏၵိယက ေန႐ူး၊ ေနာက္တစ္ခါ ယူဂိုစလားဗီးယားက တီးတိုး၊ ေနာက္တစ္ခါ အီဂ်စ္က နာဆာ။အဲ့ဒီေတာ့ သူတို႔ေတြအားလုံးကို သူတို႔ေခၚတဲ့ non-aligned movement ။ဘက္မလိုက္တဲ့ ႏိုင္ငံအဖြဲ႕အစည္းေတြ စုစည္းၿပီးေတာ့လုပ္ထားၿပီးေတာ့ အေရွ႕တိုင္းႏိုင္ငံေတြ အဲ့ဒီတုန္းက ကြန္ျမဴနစ္ႏိုင္ငံေတြေပါ့။ကြန္ျမဴနစ္ႏိုင္ငံေတြေရာ အရင္းရွင္ႏိုင္ငံေတြ အားလုံးကအေရးတယူျပဳရတယ္၊ ျပဳရတဲ့အခါမွာ ဆရာတို႔ရဲ႕ထူးျခားခ်က္ကို တ႐ုတ္နဲ႔ ျမန္မာ ႏွစ္ ၇၀ ေျမာက္ ဆက္ဆံေရးဓာတ္ပုံေတြၾကည့္လိုက္လို႔ရွိရင္ တစ္ခ်ိန္တုန္းက တ႐ုတ္က ခ်ဴအင္လိုင္း ျမန္မာျပည္လာတဲ့အခါမွာ ဦးႏု ဓာတ္ပုံေတြ ေပၚလာတယ္၊ အဲ့ဒီေတာ့ ေမာ္စီတုံးနဲ႔ ကိုယ့္ႏိုင္ငံေခါင္းေဆာင္ေတြ၊ ဦးေနဝင္းတုန္းကလည္း ေမာ္စီတုံးနဲ႔ ထိေတြ႕တာ။အဲ့ဒီေတာ့ ေတာက္ေလွ်ာက္က တ႐ုတ္နဲ႔ ျမန္မာ ဆက္ဆံေရးက ဆရာထင္တယ္ ပုံစံအမ်ိဳးမ်ိဳးနဲ႔။ဒီအထဲမွာ ႏိုင္ငံေရးအရ ကိုယ့္ႏိုင္ငံရဲ႕ ျပည္တြင္းက ျမန္မာကြန္ျမဴနစ္ပါတီကို တ႐ုတ္က အားေပးခဲ့တယ္ဆိုေပမယ့္လည္းပဲ သူတို႔က ပါတီပါတီခ်င္းအားေပးတာ၊ အစိုးရအစိုးရခ်င္းကေတာ့ အဆင္ေျပေအာင္ေနတယ္ဆိုတဲ့ ပုံစံရွိတာ။

အဲ့ဒီေတာ့ အဲ့ဒါေတြအားလုံးကို ေနာက္ခံအေနနဲ႔ၾကည့္လိုက္လို႔ရွိရင္ ဆရာတို႔ ဒီတ႐ုတ္နဲ႔ ကိုယ္နဲ႔က ကင္းကြာလို႔မရဘူး။အဲ့ဒီေတာ့ အခု ဒီ အႏွစ္ ၇၀ ေနာ္ ဒီအထိမ္းအမွတ္မွာ ဒါပိုၿပီးခိုင္မာတယ္။အဲ့ဒီေတာ့ ခုနေမးတဲ့ကိစၥ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ၾကည့္ျပန္ရင္လည္းပဲ Covid-19 အၿပီးမွာ အေနာက္ႏိုင္ငံေတြ စီးပြားေရးက နလန္ထူႏိုင္တာမဟုတ္ဘူး၊ အေမရိကန္ႏိုင္ငံမွာလည္း recession ေပါ့ေလ၊ တကယ့္ကို recession ရွိေနတဲ့အေျခအေနမွာ အခုအားကိုးစရာဆိုလို႔ တစ္ကမာၻလုံးမွာ ဒီဟာကိုလြတ္ေျမာက္ဖို႔လုပ္ႏိုင္တဲ့ အင္အားရွိတဲ့ႏိုင္ငံ တစ္ႏိုင္ငံပဲရွိတယ္။အဲ့ဒါ တ႐ုတ္ႏိုင္ငံပဲ။အဲ့ဒီေတာ့ တ႐ုတ္ႏိုင္ငံျဖစ္ေတာ့ အခုလို ဒီတ႐ုတ္နဲ႔ပတ္သက္လာရင္ ဆရာတို႔မွာ ႏိုင္ငံေရးတင္မကဘူး၊ လူမ်ိဳးေရးတင္မကဘူး၊ ဆရာတို႔ ၿငိမ္းခ်မ္းေရးလည္းပါတယ္၊ ကိုယ့္ႏိုင္ငံမွာ အထူးသျဖင့္ အေနာက္ဘက္မွာရွိတဲ့ အေျခအေနေတြအားလုံးဟာ တ႐ုတ္အေပၚမွာ အေျခခံတာေပါ့။

အဲ့ဒီေတာ့ တ႐ုတ္နဲ႔ကေတာ့ ဆရာတို႔ အဆင္ေျပေအာင္ေနမွပဲရမယ္။ဆရာတို႔မွာ နည္းလမ္းမရွိဘူး၊ အဲ့ဒီေတာ့ အဲ့လိုတ႐ုတ္နဲ႔အဆင္ေျပတဲ့အတြက္ ခုနေမးတဲ့ေမးခြန္းမွာ အေနာက္ႏိုင္ငံေတြက ကိုယ့္ကိုဖိအားေပးမလား ဘာညာဆိုတာ သူတို႔ကေတာ့ ထုံးစံအတိုင္းပဲေပါ့ “ကုလားမႏိုင္ ရခိုင္မဲ” မွာပဲ။တ႐ုတ္ကို တိုက္႐ိုက္ ထိပ္တိုက္မရင္ဆိုင္ႏိုင္တဲ့အခါမွာ Proxy အေနနဲ႔ ယူဆတဲ့ ျမန္မာႏိုင္ငံကို ဖိအားေတြအမ်ိဳးမ်ိဳးေပးမွာေပါ့။ဒါေပမဲ့လည္း ဆရာတို႔အေနနဲ႔ လိမ္လိမ္မာမာ လႈပ္ရွားရမွာပဲ။ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ႏိုင္ငံရဲ႕အေျခအေနက အဲ့ဒီလိုကိုး။ဘာေၾကာင့္လဲဆိုေတာ့ တျခားႏိုင္ငံနဲ႔မတူဘူးေလ။အိမ္နီးနားခ်င္းႏိုင္ငံျဖစ္ေနတာကိုး၊ အိမ္နီးနားခ်င္းႏိုင္ငံျဖစ္ေနေတာ့ ဒီပကတိအေျခအေနမွာ ဒီတ႐ုတ္နဲ႔ကေတာ့ ႀကိဳက္၏၊ မႀကိဳက္၏ ဆက္သြယ္ေနရမွာပဲ၊ အေရးႀကီးတာက ကိုယ့္ႏိုင္ငံအတြက္ အက်ိဳးရွိေအာင္ဆက္သြယ္ဖို႔ပဲလိုတယ္၊ ဒါေလးေတာ့ သတိထားေစခ်င္တယ္။

Opinion Leaders ။     ။ မၾကာခင္ရက္က ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ မေကြးတိုင္းဝန္ႀကီးခ်ဳပ္အပါအဝင္ တာဝန္ရွိသူေတြနဲ႔ ဗီဒီယိုကြန္ဖရန႔္စင္းလုပ္တဲ့အခါ ႏိုင္ငံေတာ္အတိုင္ပင္ခံက ဘာေျပာလဲဆိုရင္ အေျခခံလူတန္းစားေတြကို Covid အလြန္က်လို႔ရွိရင္ ေအာက္ေျခလူတန္းမစားမရွိရေအာင္ ျမန္မာ့စီးပြားေရးတည္ေဆာက္ရမယ္လို႔ ေျပာခဲ့တာရွိတယ္ ဆရာ။လက္ရွိ တ႐ုတ္မွာလည္း အေတာ္အသင့္ျပည့္စုံတဲ့ လူ႔အဖြဲ႕အစည္းတစ္ခု တည္ေဆာက္မယ္ဆိုတဲ့ဟာနဲ႔ စီမံခ်က္နဲ႔လုပ္တာ ဒီႏွစ္ဆိုရင္ ေနာက္ဆုံးႏွစ္ျဖစ္ေနၿပီ။ျမန္မာႏိုင္ငံနဲ႔လည္း စီးပြားေရးအရေရာ တျခားေနရာမွာေရာ အမ်ားအျပားဆက္ႏြယ္ၿပီး လုပ္ေနတဲ့အတြက္ကို ျမန္မာႏိုင္ငံမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာတဲ့ Covid အလြန္မွာ ေအာက္ေျခလူတန္းမစားမရွိရေအာင္ ျမန္မာ့စီးပြားေရးတည္ေဆာက္ဖို႔ ရည္မွန္းခ်က္က တကယ္ေရာျဖစ္လာႏိုင္မလား။ျဖစ္လာႏိုင္ဖို႔ဆိုရင္ ဘယ္လိုမ်ိဳးအခင္းအက်င္းေတြ လုပ္ေဆာင္ဖို႔လိုအပ္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ေအာက္ေျခလူတန္းစားက ဆရာတို႔မွာ အမ်ားစုျဖစ္ေနတာ။လက္ရွိအေျခအေနေနာ္။ဒါက ႏိုင္ငံေရးကေတာ့ aspiration ေပါ့။ျဖစ္ခ်င္တာကိုေျပာတာကိုး။ဒါျဖစ္သင့္တာကိုေျပာတာ၊ ျဖစ္ခ်င္တာတို႔ ျဖစ္သင့္တာတို႔ကေတာ့ ဒါ ႏိုင္ငံေရးအာေဘာ္အေနနဲ႔ ဆရာတို႔လက္ခံရမွာ။အဲ့ဒီေတာ့ လက္ေတြ႕မွာအေကာင္အထည္ေဖာ္ရေတာ့ တစ္ပိုင္းေပါ့။လက္ေတြ႕မွာ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔လိုတယ္။ဟုတ္လား။ျဖစ္ေစခ်င္တယ္၊ ျဖစ္သင့္တယ္၊ ဒါက ႏိုင္ငံတိုင္းလိုလိုေပါ့။

တစ္ကမာၻလုံးမွာလည္း ႏိုင္ငံတိုင္း ႏိုင္ငံေရးေဘာဂေဗဒနဲ႔ၾကည့္လို႔ရွိရင္ ဒီေအာက္ေျခလူတန္းစား၊ အေျခခံလူတန္းစား ပေပ်ာက္ေရးကို ဆရာတို႔လုပ္ခဲ့တယ္။အဲ့ဒီလိုလုပ္တဲ့အခါမွာ ကမာၻ႔သမိုင္းစီးပြားေရးသမိုင္းကို ၾကည့္လို႔ရွိရင္ တကယ္ပဲ ဆင္းရဲႏြမ္းပါးတဲ့လူေတြကေန အလယ္အလတ္တန္းစားျဖစ္ေအာင္ ဆြဲထုတ္ႏိုင္တဲ့ သမိုင္းေတာက္ေလွ်ာက္မွာေပါ့။တစ္ခါမွမႀကဳံဖူးတဲ့ႏိုင္ငံ တစ္ႏိုင္ငံပဲရွိတယ္။အဲ့ဒါ တ႐ုတ္ႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံက တိန္ေရွာက္ဖိန္။ဆရာတို႔ ဒီ ၁၉၇၄ ေနာက္ပိုင္း လုပ္လိုက္တဲ့ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈေတြေၾကာင့္ ဒီတ႐ုတ္ႏိုင္ငံမွာ သန္း ၃၀၀ ေက်ာ္ေက်ာ္ဟာ တကယ့္ကို ဆင္းရဲႏြမ္းပါးမႈအျမင့္ဆုံးအဆင့္ကေန အလယ္အလတ္တန္းစားျဖစ္သြားတယ္။အဲ့ဒါက တစ္ကမာၻလုံးအံ့ၾသရတာ ႏိုင္ငံေရးေလ့လာတဲ့သူေတြေရာ စီးပြားေရးေလ့လာတဲ့သူေတြအေနနဲ႔ေရာေပါ့၊ အဲ့ဒီေတာ့ ဒီတ႐ုတ္ရဲ႕ နမူနာရွိခဲ့တယ္၊ တစ္ကမာၻလုံးမွာရွိတဲ့ ႏိုင္ငံေတြအားလုံးကို ျပန္သုံးသပ္လို႔ရွိရင္ အဲဒီေလာက္ဦးေရ အားလုံးကိုေနာ္ ဆင္းရဲႏြမ္းပါးမႈကေန ေဖာက္ထြက္ဖို႔လုပ္ခဲ့တဲ့ႏိုင္ငံ တစ္ႏိုင္ငံပဲရွိတယ္။အဲ့ဒါေၾကာင့္လည္း အခုအခ်ိန္မွာ Zero budget ေတြ ဘာေတြ၊ တ႐ုတ္ႏိုင္ငံမွာ ဒီအလယ္အလတ္တန္းစားဦးေရက သန္းနဲ႔ခ်ီရွိတာကိုး၊ သန္းမွ ရာနဲ႔ခ်ီရွိတယ္၊ အဲ့ဒီနမူနာပုံစံကိုယူလို႔ရွိရင္ ဆရာတို႔မွာ နမူနာတစ္ခုေတာ့ရွိတာေပါ့။

အဲ့ဒီနမူနာကို အဲ့ဒီသင္ခန္းစာကို ယူႏိုင္တယ္၊ မယူႏိုင္တယ္ဆိုတာ ႏိုင္ငံအသီးသီးက ႀကိဳးစားေနတာေပါ့။သူ႔နည္း သူ႔ဟန္နဲ႔ ပကတိအေျခအေနက တူမွာမွမဟုတ္တာ၊ တ႐ုတ္ျပည္မွာ သန္း သုံး၊ ေလးရာ ဆြဲထုတ္ႏိုင္လို႔ ကိုယ့္ဆီမွာရွိမွ ၅၄ သန္းပဲရွိတာ၊ ဆြဲထုတ္ႏိုင္မလားဆိုတဲ့ကိစၥကေတာ့ ဒါေမးခြန္းႀကီးပဲ၊ ဟို ဆရာတို႔ ႏိုင္ငံေရးေမးခြန္းျဖစ္တယ္၊ စီးပြားေရးေမးခြန္းျဖစ္တယ္၊ အဲ့ဒီေတာ့ တစ္ခုထူးျခားတာကေတာ့ေပါ့ေနာ္။တ႐ုတ္ႏိုင္ငံမွာ ဆရာတို႔ အဲ့ဒီလို လူသန္း သုံးရာ-ေလးရာေလာက္ကို အလယ္အလတ္တန္းစား ဆြဲတင္ႏိုင္တဲ့အခ်ိန္မွာ သူတို႔မွာ ပဋိပကၡမရွိဘူး၊ ႏိုင္ငံေရးပဋိပကၡေတြၿပီးကုန္ၿပီ။ေမာ္စီတုံး ၁၉၅၀-၅၁ တည္းကေန အာဏာရတဲ့အခ်ိန္ကစၿပီးေတာ့ တ႐ုတ္ျဖဴ (KMT) ကို ႏိုင္ၿပီးတဲ့အခ်ိန္ကေနစၿပီး သူတို႔မွာ ျပည္တြင္းပဋိပကၡက လုံးဝမရွိဘူး။ဆရာတို႔မွာ ရင္ဆိုင္ေနရတာက ျပည္တြင္းပဋိပကၡရွိေနတာ၊ အဲ့ဒီေတာ့ စီးပြားေရးတင္မကဘူး၊ ဆရာတို႔မွာ ႏိုင္ငံေရးျပႆနာက အႀကီးႀကီး။

ဒီႏိုင္ငံေရးျပႆနာႀကီးကို ဆရာတို႔ေျဖရွင္းႏိုင္ဖို႔ ဒီ NLD အစိုးရလည္း အဘက္ဘက္ကႀကိဳးစားေနတာပဲ၊ ေ႐ြးေကာက္ပြဲၿပီးကတည္းက ႀကိဳးစားေနတာပဲ၊ ႀကိဳးစားတဲ့အခါမွာလည္း အဓိကျပႆနာက ပဋိပကၡျဖစ္ေနတာ၊ ဒီအေနာက္ဘက္ျခမ္းေပါ့ေလ။အေနာက္ဘက္အျခမ္း။ၿပီးေတာ့ ကခ်င္ျပည္နယ္တို႔ ရွမ္းျပည္နယ္တို႔မွာ ျဖစ္ေနတဲ့အျပင္ကို မေန႔တစ္ေန႔ကမွေပၚလာတဲ့ ဆရာတို႔ ဒီရခိုင္ကိစၥေပါ့၊ အဲ့ဒီဟာေတြအားလုံးကလည္း ဆရာတို႔မွာ တကယ့္ကိုအခက္အခဲေတြအမ်ားႀကီးရွိတယ္။အဲ့ဒီေတာ့ ရခိုင္နဲ႔ပတ္သက္လာျပန္ရင္လည္း တ႐ုတ္နဲ႔ႏႊယ္ျပန္ေရာ။
ေက်ာက္ျဖဴစီမံကိန္းႀကီးကလည္း ဆရာတို႔အတြက္ အားကိုးစရာ ေရနက္ဆိပ္ကမ္းျဖစ္ေနေတာ့ အဲ့ဒီေတာ့ geopolitics က တကယ္ကိုခ်ိတ္ဆက္ေနတာေပါ့။တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံက ဘယ္လိုမွကိုကင္းကြာလို႔မရဘူး။ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဒါကိုထိေတြ႕ရမယ္၊ အဲ့ဒီလိုျဖစ္တာကို အေနာက္ႏိုင္ငံေတြအေနနဲ႔ကလည္း သူတို႔အေနနဲ႔ နားလည္ သေဘာေပါက္ဖို႔လိုတယ္၊ ကိုယ့္ႏိုင္ငံရဲ႕ ပကတိအေျခအေနက ဒီလိုရွိေနတာ။

အဲ့ဒီေတာ့ AA နဲ႔ ပတ္သက္လာလို႔ရွိရင္ အားလုံးသိတဲ့အတိုင္းပဲ အေထာက္အပံ့ေတြ ဘယ္ကရတယ္ မရဘူးဆိုတာရွိတယ္ေလ။ကခ်င္နဲ႔ပတ္သက္လာရင္ေကာ ရွမ္းနဲ႔ပတ္သက္လာရင္ေကာ ဒါအမ်ိဳးမ်ိဳး။အဲ့ဒီေတာ့ ကိုယ့္မွာ ႏိုင္ငံေရးေရာ၊ စီးပြားေရးေရာ၊ လူမႈေရးေရာ အားလုံးေရာေထြးေနတဲ့ အေျခအေနတစ္ခုျဖစ္ေနတာ။

Opinion Leaders ။     ။ သတင္းစာရွင္းလင္းပြဲမွာ စာရင္းစစ္ခ်ဳပ္က တ႐ုတ္ႏိုင္ငံက ေခ်းေငြအမ်ားစုဟာ အတိုးႏႈန္းမ်ားတယ္၊ မ်ားတဲ့အတြက္ကို ဝန္ႀကီးဌာနေတြ ေခ်းမယ္ဆိုလို႔ရွိရင္ ဒီအခ်က္ကို သတိျပဳသင့္တယ္လို႔ တစ္ခ်က္ေျပာတယ္။ၿပီးလို႔ရွိရင္ တ႐ုတ္သံအမတ္ကလည္း ဒီရက္ပိုင္းမွာပဲ ေျပာတာရွိတယ္၊ ဇြန္ ၈ ရက္မွာ စီးပြား/ကူးသန္းနဲ႔ ေဆြးေႏြးတဲ့အခါမွာ ျမန္မာ-တ႐ုတ္ ကုန္သြယ္မႈက ပုံမွန္ထက္ကို တစ္ရာခိုင္ႏႈန္းတက္တယ္လို႔ေျပာေပမယ့္ လက္ရွိမွာက ဒီဘက္အျခမ္းမွာဆိုလို႔ရွိရင္ ျမန္မာကေန တ႐ုတ္ကိုတင္ပို႔ေနတဲ့ ပို႔ကုန္တန္ဖိုးေပါ့ေနာ္ ရာသီသီးႏွံေတြဆိုရင္ သန္း ၁၀၀ ေလာက္ ဒီႏွစ္ပိုင္းမွာက်သြားတယ္။ဒါ စီးပြား/ကူးသန္းက လက္ေထာက္အတြင္းဝန္ကိုယ္တိုင္က ေျပာလိုက္တာ။ကမာၻ႔ဘဏ္ကလည္း Covid စီးပြားေရးေၾကာင့္ တိုးတက္မႈႏႈန္း ျမန္မာက်မယ္လို႔ ေျပာထားတယ္။ေျပာတဲ့အတြက္ကို လက္ရွိမွာ ကုန္သြယ္ေရးက ကြၽန္ေတာ္တို႔က ပို႔တာနည္းၿပီး ဟိုဘက္ကသြင္းတာမ်ားေနတယ္၊ မ်ားေနတဲ့အတြက္ကို ျမန္မာႏိုင္ငံရဲ႕စီးပြားေရးကို ျပန္ၿပီး႐ုန္းထဖို႔လုပ္တဲ့အေနအထားမွာ အမ်ားစုက Production အပိုင္းကိုပဲ ဦးစားေပးၾကတာေတြ႕ရတယ္။ဒီလို ကုန္သြယ္မႈတို႔ ေတာင္သူလယ္သမားတို႔ဘက္မွာ သိပ္ၿပီးေတာ့မေတြ႕ရတဲ့အတြက္ကို ေနာက္ပိုင္းမွာ အသြင္းေတြအရမ္းမ်ားလာတဲ့ အေျခအေနအတြက္ကို ဘယ္လိုျပင္ဆင္သင့္သလဲ ဆရာ၊ ဥပေဒပိုင္းဆိုင္ရာ ေနာက္ ဒီဘက္ကပို႔ကုန္အပိုင္းေတြ တိုးတက္ေအာင္ ဒီဘက္ကဘယ္လိုလုပ္သင့္သလဲ။အစိုးရကေန မၾကာခင္မွာ တ႐ုတ္ဘက္က Belt and Road အတြက္ကို ေခ်းေငြေတြဝင္လာစရာရွိတဲ့အတြက္ကို အဲ့လိုဝင္လာတဲ့အခါမွာ စာရင္းစစ္ခ်ဳပ္ေျပာတာေတြကို ဘယ္လိုျပင္ဆင္ၿပီးယူသင့္ပါသလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဟို ဥပမာ အိမ္ေထာင္စုတစ္စုလိုေပါ့၊ ကိုယ့္မွာအရင္းအႏွီးမရွိရင္ အရင္းအႏွီးရွိဖို႔အတြက္ကိုေခ်းရတာ။ေခ်းရတာ သဘာဝတရားႀကီးပဲ၊ ကိုယ့္မွာမွမရွိတာ။အဲ့ဒီေတာ့ ေခ်းတဲ့အခါမွာ ခုနေျပာသလို သတိထားၿပီးေခ်းဖို႔လိုတယ္။ေခ်းတဲ့အခါမွာ ကိုယ္ရမယ့္ေငြ ေခ်းၿပီးလုပ္မယ့္အလုပ္ေတြ ေခ်းတဲ့အတြက္ ေပးရမယ့္စရိတ္စက သူ႔ရဲ႕အတိုးႏႈန္းေပါ့၊ ကာမိမႈ ရွိ/မရွိေပါ့၊ အဲ့ဒီေတာ့ အခု ကာမိမႈ ရွိ/မရွိကို ဆရာတို႔မေခ်းခင္။သူတို႔ေခ်းတဲ့အခါတိုင္း ေခ်းတဲ့သူရွိသေ႐ြ႕ ငါလည္းေခ်းမယ္ဆိုတဲ့ သေဘာထားေတြရွိေနေတာ့ ေတာ္ေတာ္ဒုကၡေရာက္တယ္။အဲ့ဒီေတာ့ အေႂကြးပင္လယ္ေတြ။

ဒါေၾကာင့္ ဘာျဖစ္လာလဲဆိုေတာ့ သူတို႔ေခၚတဲ့ debt trap အေႂကြးေထာင္ေျခာက္ထဲဝင္လာတာရွိတယ္။အခု trap ေတြနဲ႔ပတ္သက္လာရင္ သီရိလကၤာမွာရွိတဲ့ တ႐ုတ္နဲ႔ပတ္သက္လို႔ ဆက္ဆံေရးမွာ သူတို႔မွာ အေႂကြးပင္လယ္၊ အေႂကြးေတြပိုၿပီးတင္သြားတယ္ဆိုတာ ျဖစ္တဲ့အတြက္ ဆရာတို႔က ေက်ာက္ျဖဴကို ျပန္ၿပီး negotiate လုပ္ရတယ္။ဘာေၾကာင့္လဲဆိုေတာ့ နဂိုပမာဏက သိပ္ႀကီးတဲ့အခါက်ေတာ့ အဲ့ဒီေခ်းေငြပမာဏႀကီးကို မဆပ္ႏိုင္ဘူး။ကိုယ္က ဒုကၡအႀကီးအက်ယ္ေရာက္မွာျဖစ္တဲ့အတြက္ ျဖစ္တယ္။ကိုယ့္အေနနဲ႔ စဥ္းစားဖို႔က ဒါကို အတိုးႏႈန္းအတြက္ကို ေခ်းေငြေတြကို သတိထားၿပီးေခ်းဖို႔လိုတယ္။

ဒါေပမဲ့ ဆရာတစ္ခုေျပာခ်င္တာေပါ့ေနာ္။ဒီ Covid-19 ေၾကာင့္ ဒါ ကိုယ့္ရဲ႕သုံးသပ္ခ်က္ေပါ့ေနာ္၊ တျခားစီးပြားေရးလုပ္ငန္းရွင္ေတြ စီးပြားေရးေလ့လာသူေတြကလည္း သုံးသပ္ပါတယ္။အရင္တုန္းက ဆရာတို႔ေမာင္းႏွင္တဲ့အားက Globalization ေပါ့။အဲ့ဒီ Globalization ဟာ Covid-19 ေၾကာင့္ ရပ္သြားတယ္၊ ရပ္သြားတယ္ဆိုတာ ဘာေၾကာင့္လဲဆိုေတာ့ Supply Change ေပါ့။တ႐ုတ္ႏိုင္ငံမွာ အရင္တုန္းကရွိတဲ့ ထုတ္တဲ့စက္႐ုံေတြအားလုံး ရပ္သြားတဲ့အခါက်ေတာ့ တစ္ကမာၻလုံးမွာလည္း ဒုကၡေရာက္ကုန္ေရာ။အဲ့ဒီေတာ့ အခုဘာ ဖစ္လာသလဲဆိုရင္ Globalization အစား localization ေပါ့။ဆရာတို႔ဆီမွာ အဲ့ဒီအထိကိုေတာင္ တာဝန္ရွိတဲ့သူေတြက မစဥ္းစားေသးဘူး။

Globalization ကိုပဲ ခုနေျပာသလိုေပါ့ေနာ္။မ်ားမ်ားထုတ္မယ္ နည္းနည္းသြင္းမယ္ဆိုတဲ့ Export, Import ဆိုတဲ့ဟာကိုပဲ အာ႐ုံရွိေနတယ္။စီးပြား/ကူးသန္းက ဒါကိုပဲစဥ္းစားေနတယ္။ကိုယ့္သေဘာေတာ့ တစ္ကမာၻလုံးမွာရွိတဲ့ အေတြ႕အႀကဳံေတြကိုစဥ္းစားလိုက္ရင္ localization ကိုပဲ စဥ္းစားေစခ်င္တယ္။ျပည္တြင္းမွာပဲ လုံလုံၿခဳံၿခဳံရွိေအာင္ ဘာေၾကာင့္လဲ။ Supply Change ႀကီးက ဒါ ဒီတစ္ေခါက္တင္မကဘူး၊ ဒီ Covid-19 ၿပီးလို႔ ေနာက္တစ္ခါျဖစ္လာရင္ ဘယ္လိုလုပ္ၾကမလဲစဥ္းစားထားဖို႔။အခုလူေတြက ဆရာ့လည္းေဝဖန္တယ္ Covid-19 ေတာင္ မၿပီးေသးဘူး၊ ေနာက္တစ္ခါလာမယ္ဆိုတဲ့အေၾကာင္း ေျပာေနျပန္ၿပီဆိုၿပီးေတာ့ ဒါေပမဲ့ အဲ့ဒါလည္းစဥ္းစားထားမွရမွာကိုး။

ဆရာတို႔အေနနဲ႔ risk management က သိသိသာသာေပါ့၊ ဒီ Covid-19 မတိုင္ခင္ risk management က လုံးဝမရွိခဲ့ဘူး၊ ဒီလိုျဖစ္ခဲ့လို႔ရွိရင္ ဘာလုပ္မယ္ဆိုတာကို ဒီလိုျဖစ္မယ္ဆိုတာကို ဘယ္သူမွေခါင္းထဲမထည့္ခဲ့ၾကဘူး၊ ဆရာတို႔ေျပာေနတာၾကာၿပီ။ကိုယ့္ႏိုင္ငံတင္မကဘူး ႏိုင္ငံတကာမွာရွိတဲ့ လုပ္ငန္းရွင္ေတြအားလုံးကလည္း အငိုက္မိသြားတယ္။လုံးဝမထင္မွတ္တဲ့ Supply Change ႀကီး သြားထိလိုက္တဲ့အခါက်ေတာ့ အခု သူတို႔ဘာျပန္စဥ္းစားသလဲဆိုေတာ့ ဒီ Supply Change Risk မ်ားလြန္းအားႀကီးတဲ့အတြက္ တျခားႏိုင္ငံေတြ၊ အရင္တုန္းက ဆရာတို႔ Global Trade က ကိုယ့္ႏိုင္ငံမွာရွိတဲ့ပစၥည္းကို သူမ်ားႏိုင္ငံေရာက္ေအာင္ သူမ်ားႏိုင္ငံက ကိုယ့္ထက္ သက္သက္သာသာထုတ္ႏိုင္တဲ့ပစၥည္း ကိုယ့္ဆီဝယ္ဆိုတဲ့ အဲ့ဒီစီးပြားေရးပုံစံကိုသုံးခဲ့တာ။ဒါေပမဲ့ အခုကေတာ့ အဲ့ဒီပုံစံသုံးခဲ့တဲ့အတြက္ Covid-19 လည္း ျဖစ္ေရာ အဲ့ဒီပုံစံႀကီးက အကုန္လုံး Break down ျဖစ္သြားေရာ။ Break down ျဖစ္သြားေတာ့ ကမာၻ႔စီးပြားေရးအကုန္လုံးက ထိုးက်သြားတယ္။အဲ့ဒီေတာ့ အဲ့လိုေနာက္ထပ္မျဖစ္ေအာင္ဆိုရင္ေတာ့ သူတို႔ အခုျပန္စဥ္းစားေနတဲ့ ပညာရွင္ေတြ စဥ္းစားတာေတာ့ localization ေပါ့။

ကိုယ့္ႏိုင္ငံမွာ ကိုယ္ဖူလုံပိုလွ်ံဖို႔ တစ္ခ်ိန္တုန္းက မဆလပုံစံျဖစ္လာျပန္ေရာ။ကိုယ့္ႏိုင္ငံမွာပဲ ကိုယ့္ျပည္တြင္းဖူလုံမႈရွိေအာင္လို႔ အဲ့ဒါဆိုရင္ external shock ေပါ့။ခုနကသမားေတြကို နည္းနည္းေလး ပိုၿပီးခံသာလိမ့္မယ္ဆိုၿပီးေတာ့။ႏိုင္ငံတကာမွာ ဒါ ကိုယ့္ႏိုင္ငံတင္မကပါဘူး ႏိုင္ငံတကာမွာလည္း စဥ္းစားေနၾကတယ္။ဂ်ာမနီမွာလည္း စဥ္းစားတယ္၊ ျပင္သစ္မွာလည္း စဥ္းစားတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အားလုံးက ႏိုင္ငံတကာဆက္ဆံေရးကို အားကိုးၿပီးလုပ္ရတဲ့အခါက်ေတာ့ တကယ္ျဖစ္လာတဲ့အခါက်ေတာ့ လုပ္ရကိုင္ရေတာ္ေတာ္ခက္သြားတယ္။ကိုယ္ကမႏိုင္တဲ့ကိစၥ၊ သူတို႔စက္႐ုံေတြ ျပန္ဖြင့္ေပးပါဆိုလို႔လည္းေျပာလို႔မရ ဘာေၾကာင့္လဲဆိုေတာ့ ဟိုမွာလည္း ေရာဂါေတြျဖစ္ေနေတာ့ ျဖစ္တာကို risk ကို ဘယ္လိုေရွာင္ရမလဲဆိုတာကိုပဲ ဒါ Covid က ကိုယ့္ကိုသင္ခန္းစာေပးလိုက္တာပဲ။ကိုယ့္ႏိုင္ငံမွာလည္း risk management အခုေတာ့ ကိုယ့္ႏိုင္ငံက နားေတာ့ေအးတယ္။ကိုယ့္ဆီကလုပ္ငန္းရွင္ေတြအားလုံးက risk ကို မစဥ္းစားတာ။အဲ့ဒီေတာ့ ျဖစ္ကာမွျဖစ္ေရာ တို႔ျမန္မာလူမ်ိဳးရဲ႕ စ႐ိုက္ထုံးစံအတိုင္းပဲေပါ့၊ ႀကိဳတင္ၿပီးစဥ္းစားတာ ဘာမွမရွိဘူး။ေနမေကာင္းျဖစ္မွပဲ ေဆး႐ုံသြားတယ္၊ အဲ့ဒီေတာ့ ေနေကာင္းတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ရမယ္ဆိုတာ လုံးဝမရွိေတာ့ ဒါေတာ့ေသခ်ာျပန္ၾကည့္ဖို႔ လိုလိမ့္မယ္ထင္တယ္။ႏိုင္ငံေတာ္အစိုးရရဲ႕ မဟာဗ်ဴဟာကလည္း သူ႔နည္းသူ႔ဟန္နဲ႔ေပါ့ေလ။ဒါကလည္း သူတို႔မွာ ကြၽမ္းက်င္တဲ့လိမၼာတဲ့သူေတြရွိတယ္။

ေနာက္တစ္ခါ သူတို႔အေနနဲ႔ CERC ေပါ့။သူတို႔က ဒါကိုသိပ္အားကိုးေနတာ၊ recovery plan လိုေပါ့။ သူတို႔ေခၚတဲ့ release plan ေပါ့။စီမံ/ဘ႑ာကလုပ္တဲ့ စီမံခ်က္ေပါ့။အဲ့ဒါက ဘယ္ေလာက္တိက်တယ္ တကယ္လုပ္ႏိုင္မယ္ မလုပ္ႏိုင္တယ္ဆိုတာအေနနဲ႔ စဥ္းစားဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။ဘာေၾကာင့္လဲဆိုေတာ့ ဒီဟာက ခက္တာက release plan က သားငါးမပါဘူး။ကာလမပါဘူး။စီမံကိန္းသာရွိတယ္၊ ဘယ္ေတာ့စ ဘယ္ေတာ့ဆုံးဆိုတာမပါဘူး။အဲ့ဒီေတာ့ ကိုယ္နားလည္တာနဲ႔ေတာ့ နည္းနည္းေလးကြာတယ္ေလ။သိတာေတာ့ စီမံကိန္းဆိုတာ ကာလတစ္ခုရွိရမယ္၊ တစ္ႏွစ္စီမံကိန္းလား၊ ႏွစ္ႏွစ္စီမံကိန္းလား၊ သုံးႏွစ္စီမံကိန္းလား၊ အခုေတာ့ ဘာမွမရွိေတာ့လည္း ေျပာခ်င္တာ ေျပာလို႔ရတယ္ထင္ပါတယ္။ၿပီးသြားတာေပါ့ ဟုတ္တယ္မဟုတ္လား၊ မရွိေတာ့လည္းနားေအးတယ္။ အဲ့လိုပဲထင္တယ္။

ေနာက္တစ္ခါ ပမာဏမပါဘူး၊ ကိန္းဂဏန္းတစ္ခုမွမပါဘူး၊ အဲ့ဒီေတာ့ ေတာ္ေတာ္ေလးစိတ္ဝင္စားစရာေကာင္းတဲ့ စီမံကိန္း။ကိန္းဂဏန္းလည္းမပါဘူး။ကာလလည္းမပါတဲ့ စီမံကိန္းကို ဘယ္လိုအေကာင္အထည္ေဖာ္မလဲဆိုတာကိုေတာ့ ကိုယ္ကေတာ့ ဉာဏ္မမီေတာ့ဘူး။အဲ့လိုျဖစ္ေနတာ။
အဲ့ဒါကိုလည္း ဘယ္သူမွလည္းမေျပာရဲဘူး၊ ေျပာလို႔လည္း ေျပာတဲ့သူအႏၲရာယ္ရွိတာကိုး၊ မေျပာဘဲနဲ႔ ဒီအတိုင္းပဲ အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံမွာ အဲ့ဒီလိုပဲ မေျပာဘဲနဲ႔လိမၼာတဲ့သူေတြမ်ားတယ္ေလ။ဒီအတိုင္းပဲ ဒီလိုပဲၾကည့္ၿပီးေတာ့ ကဲ..စီမံကိန္းဆြဲလိုက္တာပဲ။ဆြဲတဲ့သူကလည္းဆြဲလို႔။ဧၿပီလ ၂၇ ရက္ကဆြဲတာ အခုဆိုရင္ ဆရာတို႔ ဘယ္ေလာက္ရွိသြားၿပီလဲ၊ ဧၿပီ၊ ေမ၊ ဇြန္ ဆိုေတာ့ ကာလမနည္းေတာ့ဘူးေနာ္။ follow-up လည္းမရွိဘူး၊ ဒါေတြရည္႐ြယ္ထားတာေတြ၊ စီမံထားတာေတြ ဘယ္ေလာက္ေအာင္ျမင္တယ္ မေအာင္ျမင္ဘူး။ဘယ္ေနရာမွာ ျပင္ဖို႔လိုတယ္၊ မျပင္ဖို႔လိုတယ္ follow-up က တစ္ခုမွမရွိဘူး။သူတို႔စာထဲမွာေတာ့ ေရးထားတယ္၊ ေနာက္ကေနလိုက္မယ္ဆိုေတာ့ ဘယ္သူလိုက္ေနလဲေတာ့ မေျပာတတ္ဘူး။ကိုယ္ကေတာ့ လက္လွမ္းမမီေတာ့ မသိတာျဖစ္ေကာင္းျဖစ္မယ္ေနာ္။

ဒါေပမဲ့ အဲ့ဒီ CERC ဟာ မီဒီယာသမားေတြ နည္းနည္းေလးအာ႐ုံရွိေစခ်င္တာ။ဘာေၾကာင့္လဲဆိုေတာ့ ဒါက တျခားႏိုင္ငံေတြမွာ stimulate ေပါ့၊ တ႐ုတ္မွာလည္းရွိတယ္၊ စင္ကာပူမွာလည္းရွိတယ္၊ ဗီယက္နမ္မွာလည္းရွိတယ္၊ ဒါႏိုင္ငံတိုင္းလိုလိုလုပ္တာပါ။အေမရိကန္ႏိုင္ငံမွာဆိုရင္ ႏွစ္ထရီလ်ံေတာင္သုံးတာ။ဆိုေတာ့ ပမာဏကနည္းတာမဟုတ္ဘူး။အဲ့ဒီေတာ့ ေနာက္တစ္ခုက ပမာဏအေနနဲ႔ ဆရာေျပာခဲ့သလို ဂ်ပန္မွာဆိုရင္ 40 percent GDP လို႔ ေျပာတယ္။ကိုယ့္ဆီမွာကေတာ့ 2 percent ေတာင္ မရွိဘူးျဖစ္ေနတယ္ မေျပာတတ္ဘူး၊ ဆရာတို႔က အေရအတြက္နဲ႔ ပမာဏနဲ႔ ေျပာလို႔မရဘူး။ရာႏႈန္းနဲ႔ေျပာမွရမယ္၊ တိတိက်က်ျဖစ္ေစခ်င္ရင္၊ အဲ့ဒီေတာ့ အဲဒါကိုလည္း မီဒီယာလည္း သိပ္အာ႐ုံမရွိပါဘူး၊ အဲ့လိုျဖစ္ေနတာကိုး။

Opinion Leaders ။     ။ အဲ့ဒါဆို အကုန္ၿခဳံလိုက္လို႔ရွိရင္ေတာ့ ဘာပဲျဖစ္ျဖစ္ ေသေသခ်ာခ်ာလုပ္ၿပီးေတာ့ ေသခ်ာေအာင္ လက္ေတြ႕က်က် အေကာင္အထည္ေပၚႏိုင္ေအာင္လုပ္မွပဲ အဆင္ေျပမယ္ေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပါ့။ လုပ္တဲ့အခါမွာလည္း လုပ္ငန္းရွင္နဲ႔တိုင္ပင္မွရမယ္၊ ဟိုစီမံကိန္း စီးပြားေရးစနစ္မွမဟုတ္တာ။စီမံကိန္းဆြဲၿပီးေတာ့ စီမံတဲ့အတိုင္းျဖစ္တယ္ဆိုတာ မျဖစ္ခဲ့လို႔လည္း မဆလ ၇၆ ခုႏွစ္မွာ ဒုကၡေရာက္သြားတာေလ။အဲ့ဒီေတာ့ စီမံကိန္းေတြလုပ္တဲ့ေနရာမွာ ႏိုင္ငံေတာ္အစိုးရက ဘယ္အပိုင္းပါမလဲ၊ ပုဂၢလိက က ဘယ္အပိုင္းပါမလဲ၊ မီဒီယာက ဘယ္လိုပါမလဲ၊ အရပ္ဘက္လူ႔အဖြဲ႕အစည္းက ဘယ္သူပါမလဲဆိုေတာ့ အားလုံးလူေတြစည္း႐ုံးဖို႔လိုတယ္၊ စုစည္းဖို႔လိုတယ္ေလ။အဲ့လိုမွျဖစ္မွာကိုး၊ ဟုတ္တယ္ေနာ္။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇြန္ - ၁၁