【 ပညာရှင်များ၏အမြင် 】 “အစိုးရရဲ့ စေတနာတွေအားလုံးဟာ သဲထဲရေသွန်ဖြစ်နေတယ်”

【 ပညာရှင်များ၏အမြင် 】 “အစိုးရရဲ့ စေတနာတွေအားလုံးဟာ သဲထဲရေသွန်ဖြစ်နေတယ်”

မကြာမီက မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်နှင့် တရုတ်သမ္မတတို့ ဖုန်းဖြင့်ဆက်သွယ်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပူးတွဲတိုက်ဖျက်ရေး၊ ဆေးဝါးအကူအညီနှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံမှု နှစ် ၇၀၊ Belt and Road စီမံကိန်းများကို ဆွေးနွေးခဲ့တယ် ဆိုပါတယ်။လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် နိုင်ငံတိုင်း အလူးအလဲကာကွယ်နေရသလို ကူးစက်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းမှုကို ပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်ရန် အစိုးရက စိုက်ထုတ်နှိုးထနေရသည့် အချိန်အခါလည်းဖြစ်နေပါတယ်။ထိုအခြေအနေတွင် အစိုးရ၏ စီးပွားရေးပြန်လည်နိုးထရန်အတွက် လုပ်ဆောင်မှုအခြေအနေ၊ ပြည်ပရင်းနှီးမြုပ်နှံသူများလာရောက်မှု၊ Belt and Road မှ မြန်မာနိုင်ငံ စီးပွားရေးနိုးထမှုအတွက် အသုံးချရန် အခွင့်အရေး ရှိ/မရှိ၊ ပြည်ပမှပြန်ဝင်လာသည့် အလုပ်သမားများအရေးတို့နှင့် ပတ်သက်ပြီး   မည်သို့ပြင်ဆင်ထားသင့်သည့် အခြေအနေကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော မြန်မာ့စီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က တရုတ်သမ္မတနဲ့ မြန်မာသမ္မတ ဖုန်းဆက်ပြီးပြောတယ်။ပြောတဲ့နေရာမှာ မြန်မာ-တရုတ် သံတမန် နှစ် ၇၀ ပြည့်ဆိုတာကိုလည်းပြောတယ်၊ နောက်တစ်ချက်က မြန်မာနဲ့ တရုတ်နဲ့ကြားမှာ Belt and Road ကိစ္စတွေ ပြန်စဖို့ဆိုတာလည်း ပြောတာတွေရှိတယ်၊ တရုတ်ကလည်း လတ်တလောမှာဆိုလို့ရှိရင် တရုတ်နိုင်ငံထဲကနေ အမေရိကန်တို့၊ ဂျပန်တို့ကနေ လုပ်ငန်းတွေပြန်ထွက်ဖို့ စလုပ်လာတယ်၊ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် FDI က ပြီးခဲ့တဲ့ ဧပြီလမှာဆိုရင် ထူးထူးခြားခြားပြန်တက်လာတာ တွေ့ရတယ်။ဒီလိုမျိုးအနေအထားမှာ တရုတ်ဘက်က မြန်မာဘက်မှာ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေရယ်၊ Belt and Road ကိစ္စတွေပေါ်မှာ မူတည်ပြီးတော့ ဆရာခုနကပြောတဲ့ ပြန်လည်စီးပွားရေးနိုးထဖို့အတွက် ဒါကိုအခွင့်အလမ်းကောင်းအနေနဲ့ ယူသုံးလို့ရှိရင်ကော ဘယ်လိုဖြစ်လာနိုင်လဲ ဆရာ။ဆိုလိုတဲ့သဘောက ခွင့်ပြုတာတွေ မြန်မြန်ဆန်ဆန်နဲ့ တစ်ချို့ဟာတွေမှာ မြန်မြန်ဆန်ဆန်လုပ်လို့ရှိရင် ပြန်တက်လာနိုင်လား၊ စီးပွားရေးက။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုက မြန်မြန်ဆိုတဲ့ပြဿနာပေါ့၊ ခုနကပြဿနာတွေအားလုံးက ဒီထဲမှာ ဂျာအေးသူ့အမေရိုက်နေတာပေါ့။မြန်မြန်ဆန်ဆန်လုပ်ရမယ်ဆိုတာ လူတိုင်းနားလည်တယ်၊ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုတဲ့နေရာမှာ မြန်မြန်ဆန်ဆန် မလုပ်လို့မရဘူး၊ အဲ့ဒီတော့ အခုအချိန်မှာ COVID မှာ ကိုယ့်နိုင်ငံကိုလာပြီး ရင်းနှီးချင်တဲ့သူရှိတာကိုပဲ ကျေးဇူးတင်ရမှာ ဟုတ်တယ်မဟုတ်လား။အဲ့ဒီတော့ အဲ့ဒီမှာဘာမှမေးခွန်းမမေးနဲ့တော့၊ မူးယစ်ဆေးဝါးမလုပ်ရင်တော်ပြီ၊ လက်နက်တွေလာမထုတ်ရင်တော်ပြီ၊ တခြားနိုင်ငံမှာရှိတဲ့ အညစ်အကြေးတွေ လာပြီးမလုပ်ရင် မစုပုံရင်တော်ပြီလေ။ကိုယ့်သဘောက အဲ့လောက်အထိတောင်။

အခြေအနေက ကိုယ့်အခြေအနေက အသည်းအသန်ဖြစ်နေတဲ့ အခြေအနေလေ။အဲ့ဒီတော့ အသည်းအသန်ဖြစ်နေတဲ့အခြေအနေမှာ အရင်ပုံမှန်အတိုင်းစဉ်းစားတဲ့ စဉ်းစားချက်ဆိုရင်တော့ အဆင်မပြေဘူးအောက်မေ့တယ်။အဲ့ဒါဆိုရင် နဂိုကတည်းကမှ လာချင်တဲ့သူက အရင်ပုံစံအတိုင်းလုပ်နေရင်တော့ လာချင်တဲ့သူ လာမှာမဟုတ်တော့ဘူးလေ။ဆရာတို့စိတ်ပူတာ အဲ့ဒါပဲ။အရင်ပုံစံအတိုင်း အစီအစဉ်တွေအားလုံးက နှေးနှေးကွေးကွေးလုပ်နေတယ်ဆိုရင် အခက်အခဲတွေဖြစ်အောင် ဆောင်ရွက်နေမယ်ဆိုရင် ဒါကလုပ်ရကိုင်ရတာ တော်တော်လေးခက်မယ် အောက်မေ့တာပဲ။အဲ့ဒါကြောင့်မို့ ဆရာတော့ ကိုယ့်ဘက်ကတော့နော် MIC မှာတော့ ဒါကိုအမြန်ဆုံးဖြစ်အောင် တွန်းအားပေးနေတာပဲ။ပြောလည်းပြောတယ်၊ ရင်းနှီးမယ့်သူလာနေပြီ။လာတဲ့အခါမှာ သိပ်မမေးနဲ့တော့ ဟုတ်တယ်မဟုတ်လား။မစစ်နဲ့တော့။အရင်လိုမဟုတ်တော့ဘူး။

နောက်တစ်ခါ အမြန်ဆုံးပါမစ်တွေချပေးနိုင်အောင် ဘယ်လိုလုပ်နိုင်မလဲ။အဲ့ဒီတော့ ဒီထဲမှာတော့ စုန်းပြူးတွေတော့ပါမှာပေါ့ကွယ်။မဟုတ်ဘူးလား။ဒါပေမဲ့ အဲ့ဒါတော့ ကိုယ်ကထိန်းရမှာပဲ။သူတို့ကလည်း တစ်ချို့တွေကလည်း သိတဲ့အတိုင်းပဲ။အခွင့်အရေးရရင် ရသလိုလုပ်ချင်တာ။ဒီအထဲမှာ ဆရာတို့ အခု Cyber Crime တွေ ဖြစ်လာသလိုပေါ့။လစ်ရင်လစ်သလိုလုပ်လာတာ။ Online Shopping များလာတာကို တစ်ဖက်ကကြိုဆိုတယ်၊ Online Shopping နဲ့ ပတ်သက်လို့ ဒီ credit card တွေ လိမ်တာတို့ payment တွေ လိမ်တာတို့က ပိုတက်လာတာလေ။အဲ့ဒီတော့ တော်တော်ကြီးကို ဆရာတို့သတိထားရမှာ။ဒါပေမဲ့ ဒီနေရာမှာလည်း ခုနပြောတဲ့ကိစ္စပါ ဆရာတို့ FDI ကတော့ အရေးကြီးတယ်။

အထူးသဖြင့် တရုတ်ကလည်း သူ့စီးပွားရေး။တရုတ်ကတော့ ပြတ်သားတယ်။တရုတ်ကိုတော့ သွားမမေးနဲ့ ဟုတ်တယ်မဟုတ်လား။သူ့မှာအာရုံက သူလုပ်ချင်တာရှိရင် ရအောင်လုပ်တာကိုး။အဲ့ဒီတော့ သူကသိပ်မစဉ်းစားဘူးလေ။အထူးသဖြင့်က တွေဝေမှုအားနည်းတယ်။မတွေဝေဘူး။
သူ့မှာဦးတည်ချက်ကရှိတယ်။သူဘာလုပ်ချင်လဲဆိုတာ သူကမပြောခင်ကတည်းကသိတာ။မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူ့မှာဦးတည်ချက်ရှိတယ်။အလကားပြောနေတာမဟုတ်ဘူး။ဟုတ်တယ်မဟုတ်လား။အဲ့ဒီတော့ သူကရသလောက် advantage ယူမှာပဲ၊ အိမ်နီးနားချင်းတွေမှာ တစ်ယောက်က တိုက်ကြီးနဲ့နေပြီးတော့ နောက်တစ်ယောက်က တဲပုတ်နဲ့နေရင် တဲပုတ်နဲ့နေတဲ့သူကို တိုက်ကြီးနဲ့နေတဲ့သူက လွှမ်းမိုးမှာပဲ။သူကရတဲ့နည်းနဲ့လုပ်မှာပဲ၊ ကိုယ်က တဲပုတ်နဲ့နေရတဲ့အချိန်မှာ ကိုယ်ကပါးပါးနပ်နပ်ရှိဖို့လိုတယ်။အဲ့လိုမဟုတ်ဘဲ မာနတင်းပြီးတော့ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ ဟိုဟာပြော ဒီဟာပြောဆိုရင် အဆင်ပြေမယ်မထင်ဘူး။

Opinion Leaders ။     ။ အခုလောလောဆယ်မှာ ဆရာတို့ အစိုးရကနေ COVID အကျော်ကာလကို ပြန်ပြီးတော့ဖြေလျှော့မှုတွေ စလုပ်နေတဲ့အခါကျတော့ လုပ်ငန်းအသေးလေးတွေနဲ့ အကြီးတွေဆိုရင် လုပ်ငန်းအသေးလေးတွေကို အစိုးရဘက်က ပိုပြီးအာရုံစိုက်နေတာကို တွေ့ရတယ်ဆရာ။ဒါက စီးပွားရေးနိုးထဖို့ဆိုရင် သင့်လျော်တဲ့လုပ်ဆောင်မှုတစ်ခုလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခြေခံတစ်ခုကတော့ပေါ့နော်။အစိုးရတိုင်းလိုလိုပေါ့။ကိုယ့်နိုင်ငံ အစိုးရတင်မကဘူး၊ တရုတ်အပါအဝင် အမေရိကန်နိုင်ငံ ပြင်သစ်၊ ဂျာမနီ။မကြာခင်က ဂျပန်ကကြေညာတယ်။စီးပွားရေးပြန်လည်နိုးလာအောင် ဆရာတို့ ဒီစီးပွားရေးစကားပြောရင်  stimulate ပေါ့။ပြန်လည်နိုးကြွလာအောင် လုပ်တဲ့အခါမှာ ဥပမာ ဂျပန်ဆိုရင် ၂၀ ရာခိုင်နှုန်း GDP ထည့်မယ်လို့ပြောတယ်၊ အဲ့တော့ ၂၀ ရာခိုင်နှုန်း GDP ထည့်တယ်ဆိုတော့ နည်းတဲ့ပမာဏမဟုတ်ဘူးလေ၊ US မှာလည်း ၃ ထရီလီယံဆိုတော့ သူတို့အနေနဲ့ လုပ်တာတွေအားလုံးက တကယ့်ကို။
စင်ကာပူလည်း ဒီအတိုင်းပဲ၊ အီးယူနိုင်ငံတွေ အားလုံးဟာ COVID 19 နဲ့ ပတ်သက်လို့ stimulate ကို လုပ်ကြတဲ့အခါမှာ အားနဲ့အင်နဲ့ပေါ့နော်၊ ကိုယ့်မှာရှိတဲ့သယံဇာတ ရှိသမျှအရင်းအနှီးတွေကို ထုတ်သုံးတဲ့ပုံစံ ဟုတ်တယ်နော်။ထုတ်သုံးတဲ့ပုံစံဆိုတော့ ၂၀ ရာခိုင်နှုန်းဆိုရင် ၁၀၀ ရှိရင် ၂၀ ထည့်တဲ့ဟာမျိုးပေါ့။

အဲ့ဒီတော့ ဆရာတို့ ပထမဦးဆုံးအနေနဲ့ပြောရမှာက ကိုယ့်နိုင်ငံမှာ အဲ့လိုထည့်ဝင်ဖို့ နိုင်ငံတော်အစိုးရကဦးဆောင်ပြီး ဆောင်ရွက်ပေးမယ် stimulate ပက်ကေ့စ်ရဲ့ပမာဏ ဘယ်လောက်ရှိသလဲဆိုတာ အရေးကြီးတယ်၊ ပမာဏဘယ်လောက်ရှိသလဲဆိုပြောရင် ကိုယ့်မှာအားက တော်တော်နည်းတယ်။အားနည်းတော့ နံပါတ် ၁ က အားနည်းတဲ့ပြဿနာ။အားနည်းတဲ့ပြဿနာက ဆရာတို့အကြီးဆုံးပဲနော်။ဘာကြောင့်လဲဆိုတော့ ဒီလိုပေးနိုင်တဲ့ပမာဏက ရဲရဲဝံ့ဝံ့များများစားစားကြီးလည်းမပေးဘဲနဲ့ သူတို့ပေးနိုင်တဲ့အတိုင်းအတာလောက်ပဲ သူတို့ပေးတဲ့ အနေအထားရှိတယ်ထင်တယ်။အဲ့ဒီတော့ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ နောက်တစ်ခါ သူတို့ရွေးတာပေါ့။ရွေးချယ်မှုပေါ့။ရွေးချယ်မှုက ဘယ်ကဏ္ဍတွေ ဦးစားပေးရမလဲဆိုတဲ့ပြဿနာက အကြီးဆုံးပဲ။အဲ့ဒီတော့ ဆရာနားလည်သလောက်ဆိုတော့ ကဏ္ဍတွေစဉ်းစားလိုက်တဲ့အခါမှာ ဥပမာ - ဟိုတယ်ခရီးသွားကဏ္ဍကို စဉ်းစားတယ်။နောက်တစ်ခါ အထည်ချုပ်စဉ်းစားတယ် အစသဖြင့်ပေါ့လေ။

သူတို့ဦးစားပေးကဏ္ဍတွေရှိတယ်။အဲ့လိုစဉ်းစားပြန်ရော။ဒါကဒုတိယအဆင့်။ပထမအဆင့်ကပမာဏ - ဒုတိယအဆင့်က ဘယ်ကဏ္ဍကို ပြန်ပြီးအာရုံပြုမလဲဆိုတဲ့ စဉ်းစားချက်ပေါ့။အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့မှ ဆရာတို့လုပ်တဲ့အခါမှာ အခု ဆရာတို့ကြားနေတဲ့ပြဿနာပေါ့လေ၊ ကြားနေတဲ့ပြဿနာက ရတဲ့သူရ မရတဲ့သူမရ အကြီးအကျယ်ပြဿနာ။နောက်တစ်ခါ ဒီနေ့တောင် ခင်ဗျားဖတ်လိုက်လားမသိဘူး၊ မြန်မာ့အလင်းမှာရေးထားတာ၊ COVID ဖြစ်ပွားပြီးတဲ့နောက်မှာ တစ်ချို့တွေဖြစ်လာတာက တာဝန်ရှိတဲ့လူကြီးတွေရဲ့ လုပ်ငန်းတွေဘာညာ ဖြစ်လာပြန်ရော။မျက်နှာလိုက်တဲ့ဟာတွေ ဖြစ်လာပြန်ရော၊ နောက်တစ်ခါပြောလာပြန်တာက ခုနလို မကွေးက မရဘူး၊ မန္တလေးက မရဘူး၊ ရန်ကုန်ကပဲရတယ် ဆိုတာမျိုး။

အဲ့ဒီတော့ ဒီပြဿနာတွေအားလုံးသည် အခြေခံကဘာလဲဆိုရင် လုပ်တဲ့ကိစ္စမှာ Transparency ပေါ့။ပွင့်လင်းမြင်သာမှု အားနည်းတဲ့ပြဿနာ။ဟုတ်တယ် မဟုတ်လား၊ ဟို .. မရှင်းပြဘူး။သူတို့မဟုတ်တာလုပ်တာ ဟုတ်ချင်မှလည်းဟုတ်မယ်။သွေးရိုးသားရိုးနဲ့ပဲလုပ်တာ ဖြစ်ကောင်းဖြစ်ပေမယ့် ရလဒ်က ဘာဖြစ်သွားလဲဆိုတော့ လူတွေက ရတဲ့လူနဲ့ မရတဲ့လူနဲ့ ဘယ်သူရတယ်၊ ဘယ်သူမရဘူးဆိုတဲ့ ပြဿနာနဲ့ အားလုံးဟာလုံးလည်လိုက်နေတယ်။လုံးလည်လိုက်ပြန်တော့ အခုဖြစ်တာက ခင်ဗျားမေးတဲ့ဟာက အသေးစားတွေကို ဦးစားပေးတယ်တို့ အကြီးစားတွေကို ဦးစားပေးတယ်ဆိုတာမျိုး မေးခွန်းအဖြေကိုတောင် ဆရာတို့က အဖြေမပေးနိုင်ဘူး။ဥပမာ - ဟိုတယ်ခရီးသွားတွေဆိုရင် ဘယ်သူ့ကိုဦးစားပေးမလဲ၊ အခုဆိုပါတော့ ဟိုတလောကဆွေးနွေးကြည့်တယ်၊ ဆရာ ဟိုတယ်ခရီးသွားဝန်ကြီးဌာနနဲ့ ဆွေးနွေးကြည့်တဲ့အခါကျတော့ အခုပြောနေတာက ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေ ပြောနေကြတာ။ရုတ်တရက်ပေါ်လာတာက ဧည့်လမ်းညွှန်တွေ။ Tourist Guide တွေ ဟုတ်တယ်နော်၊ Tourist Guide တွေက လုံး၀ဒုက္ခရောက်သွားပြီ။သူတို့က တစ်ယောက်ချင်းလုပ်ရတဲ့အလုပ်တွေ တစ်ဦးချင်း တစ်ယောက်ချင်း လုပ်ရတဲ့သူတွေက ပျောက်သွားတယ်ဆိုတော့ အဲ့ဒီတော့ သေချာကိုနူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့ စဉ်းစားပြီးတော့မှ အကူအညီဘယ်လိုပေးရမလဲ စဉ်းစားဖို့လိုတယ်။

နောက်တစ်ခုက သူတို့ကြိုးစားကြည့်တယ်၊ ကြိုးစားကြည့်တာက ဆရာနဲ့ ခင်ဗျားနဲ့ အမြဲတမ်းဆွေးနွေးသလိုပေါ့။အစိုးရက ဘတ်ဂျက်ဘဏ္ဍာရေးရှိသလို တစ်ဖက်က morality ငွေရေးကြေးရေးဆိုင်ရာ သူတို့အတိုးနှုန်းတွေလျှော့တယ်ဆိုတော့ ဘဏ်တိုးနှုန်းတွေလျှော့တယ်။ ၁၃ ကနေ ၁၀ လျှော့တယ်၊ ဘာညာလျှော့တယ်။ဒါပေမဲ့ အခုမေးကြည့်ရင် အဲ့ဒီလျှော့တဲ့အတိုးနှုန်းတွေ ရတဲ့သူတွေ တော်တော်ရှားတယ်။ဖြစ်နေတာက အရင်အတိုင်းပဲ။ဘာကြောင့်မေးလိုက်လို့ရှိရင် လမ်းညွှန်ချက်တွေ မလာသေးလို့တဲ့၊ နိုင်ငံတော်က အတိအလင်းကြေညာထားတယ်။
အတိုးနှုန်းတွေလျှော့ပါပြီလို့ ကြေညာထားပေမယ့် လမ်းညွှန်ချက်တွေ မလာသေးတော့ အရင်အတိုးနှုန်းပဲ ပေးနေရတယ်ဆိုရင် ဖြစ်နေတာနော်။နိုင်ငံတော်အစိုးရရဲ့ စေတနာတွေအားလုံးဟာ သဲထဲရေသွန်ဖြစ်နေတယ်။

အခုပြဿနာက၊ သူတို့မပေးတာမဟုတ်ဘူး၊ သူတို့လျှော့တယ်၊ လျှော့ခိုင်းတယ်၊ ဗဟိုဘဏ်က လျှော့ခိုင်းတယ်။ဗဟိုဘဏ်လျှော့ခိုင်းတဲ့ဟာကို သူ့အနေနဲ့ ဗဟိုဘဏ်လျှော့တဲ့ပုံစံမဟုတ်တော့ဘဲနဲ့ ဗဟိုဘဏ်လိုချင်တဲ့ပုံစံ မဟုတ်တော့ဘူးလေ။မဟုတ်ဘူးလား။ ၁၀ ရာခိုင်နှုန်းဆိုရင် ၁၀ ရာခိုင်နှုန်းပေါ့ဗျာ။ဘယ်လိုမှ စျေးဆစ်လို့မရဘူးလေ။ဒါအစိုးရသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကိုး။အခုတော့ အဲ့ဒီဟာဖြစ်တယ်။

နောက်တစ်ခါ အပ်ငွေပြဿနာလည်းရှိတာကို၊ အပ်ငွေဘယ်လိုလုပ်မလဲ။အပ်ငွေတွေ အတိုးတွေကို လျှော့လိုက်ရင် အပ်တဲ့သူ နောက်တစ်ခါ ဆရာစိတ်ပူတာက ဘဏ်ဆိုတာက သူ့ငွေရှိတာမဟုတ်ဘူး။အပ်ငွေပေါ်မှာအခြေခံပြီးတော့ သူကချေးတာကိုး။အဲ့ဒီတော့ အတိုးနှုန်းတွေသိပ်နည်းလာရင် အပ်တဲ့သူက အပ်မှာမဟုတ်တော့ဘူးလေ။အဲ့ဒီပြဿနာရှိတယ်။နောက်တစ်ခု အခုချေးတဲ့သူတွေကလည်း ဆရာစိတ်ပူတာက ချေးတာတော့ဟုတ်ပြီ ပြန်ရချက်ရှိရဲ့လား။ဟုတ်တယ်မဟုတ်လား၊ နောက်ဆုံး အမတော်ကြေးလိုဖြစ်နေမယ်၊ ချေးရင်းချေးရင်း ပြန်မဆပ်နိုင်တော့ အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်။

အဲ့ဒီတော့ တကယ်တမ်းတော့ စီးပွားရေးမဟာဗျူဟာအနေနဲ့ပေါ့၊ တရုတ်ကလုပ်သလို တခြားနိုင်ငံတွေကလုပ်သလို ပြန်ပြီးနာလန်ထူအောင် ဘယ်နေရာမှာလုပ်ရမလဲ ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတာ ကို ထဲထဲဝင်ဝင်စဉ်းစား စဉ်းစားလိမ့်မယ်တော့ ထင်တာပါပဲ။ဆရာကတော့ စဉ်းစားဖို့တော့လိုလိမ့်မယ်လို့ အောက်မေ့တယ်။ဒါကတော့ အခြေခံစီးပွားရေး စဉ်းစားချက်တွေပဲလေ။ထူးထူးထွေထွေနက်နက်နဲနဲ နိုဗယ်ဆုရတဲ့ စီးပွားရေးပြဿနာမဟုတ်ဘူးလေ၊ Economic 101 ပထမနှစ် ဘောဂဗေဒသင်ရင် အခြေခံသင်တဲ့ဟာဖြစ်နေတာကိုး။ဟုတ်တယ်မဟုတ်လား။အဲ့ဒါ ဆရာတို့ရဲ့ပြဿနာ အခြေခံလေ။

Opinion Leaders ။     ။ လက်ရှိမှာ အထည်ချုပ်တွေကလည်း တော်တော်များများရပ်သွားတာရှိတယ်။တစ်ကယ်မဖြစ်ဘဲ ရောင်တော်ပြန်ရပ်တာတွေလည်းရှိတယ်၊ ကျွန်တော်တို့ ဒီဆန်စပါး Sector မှာ ဆိုလို့ရှိရင်လည်း မကြာခင်မှာ  လယ်ပြန်စိုက်ဖို့ရှိတော့မယ်။လက်ရှိမှာလည်း အစိုးရက အရန်ဆန် ဝင်ဝယ်ပေးနေတာရှိတဲ့အတွက် နည်းနည်းခုမိကာမိတဲ့ အခြေအနေမျိုးရှိတယ်။အကုန်ပေါင်းကြည့်ရင်တော့ ကိုဗစ်ကာလမှာ ထင်သလောက်ဆိုးရွားတာမျိုး မတွေ့ရဘူး။လက်ရှိအခြေအနေမှာ ဆရာ အခုဝင်လာတဲ့ နိုင်ငံခြားကနေပြန်ပြီးဝင်လာတဲ့ အလုပ်သမားတွေအတွက် ပြန်ပြီးတော့ လုပ်ငန်းတွေစီစဉ်တဲ့အခါမှာ ဘယ်ဟာမျိုးကို အစဦးစားပေးသင့်သလဲ။နောက် တရုတ်ဘက်ကနေဝင်လာမယ့် ရန်ကုန်မြို့သစ်လို ကြီးမားတဲ့စီမံကိန်းတွေ မြန်မြန်စခဲ့လို့ရှိရင် ဒီလုပ်သားတွေက ဘယ်လိုအသုံးဝင်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အမှန်တော့ ပြန်ဝင်လာတဲ့လုပ်သားတွေ  မလေးရှားတို့ တခြားနိုင်ငံ တရုတ်တို့ အထူးသဖြင့် ထိုင်းကလာတဲ့သူတွေအားလုံးဟာ ဆရာတို့ရဲ့ အရန်အင်အားတွေလေ။ဆရာ အစကတည်းကပြောတယ်။တော်တော်ကြာပြီပြောတာ။လူတွေက ဟာ brain drain, brain drain ဆိုတဲ့ စကားကြီးကိုသုံးတယ်။ကိုယ့်နိုင်ငံကနေ ထွက်ကုန်ကြပြီ။ဦးနှောက်တွေယိုတယ်။နောက် တနင်္သာရီတိုင်းမှာဆိုရင် တစ်ယောက်မှမရှိတော့ဘူး စသဖြင့်ပေါ့နော်။ဒါပေမဲ့ ဆရာပြောတယ်။ဒီဟာတွေဟာ ဟိုမှာလုပ်တာ ဟိုမှာရလာတဲ့အတွေ့အကြုံတွေက တစ်နေ့ကျရင် ကိုယ့်နိုင်ငံအတွက် အင်မတန်အကျိုးရှိမယ့်ဟာတွေ။ဟုတ်တယ်မဟုတ်လား။အခုတော့ အဲ့ဒီကလေးတွေကို သူ့နေရာနဲ့သူ ဆေးတွေစစ်ပေးတဲ့အခါမှာပေါ့၊ ရောဂါကင်းပြီဆိုတာသိရင် သူတို့မှာရှိတဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းတွေကို သွားပြီးချိတ်ဆက်ပေးရမှာလေ။

ဒီပြဿနာက ဘယ်သူမှမစဉ်းစားသေးဘူး၊ အခုက ဒီကလေးတွေကို စစ်ဖို့ပဲစဉ်းစားနေတာ။အမှန်က တစ်ဖက်ကစစ်တာ စစ်ပါ စစ်ရမှာပေါ့။ရောဂါပါလာရင် အင်မတန်အန္တရာယ်ကြီးတယ်။သူတို့မှာပါလာတဲ့ ရောဂါအပြင်ကို ရှိတဲ့အတွေ့အကြုံတွေ၊ အရည်အချင်းတွေ။သူတို့ရဲ့အတွေ့အကြုံတွေ ဘယ်ကဏ္ဍမှာလုပ်ခဲ့တယ်။ဥပမာဆိုပါတော့ ဟိုဘက်မှာ ငါးလုပ်ငန်းလုပ်တဲ့သူတွေနော် အထည်ချုပ်မှာလုပ်တဲ့သူတွေ စက်ရုံအလုပ်ရုံမှာလုပ်တဲ့သူတွေအများကြီး ဟုတ်တယ်မဟုတ်လား။မလေးရှားမှာလည်း ဒီအတိုင်းပဲ။အဲ့ဒီတော့ အဲ့ဒီကလေးတွေကို ဒီဘက်က ဆရာတို့လိုနေတဲ့ကဏ္ဍတွေမှာ ထည့်ပေးလိုက်ရင် ကွက်တိပဲ။

ဒါပေမဲ့ အဲ့ဒီဟာကို သူတို့ကို အခု quarantine လုပ်တာ ဒါကတော့လုပ်ရမှာပဲလေ၊ ကျန်းမာရေးကိစ္စရှိနေတာ။ဒါပေမဲ့ သူတို့ရဲ့ကျွမ်းကျင်မှုကို ဆရာထင်တယ်၊ အသုံးချဖို့ အဆောတလျင်တော့ အာရုံရှိဖို့လိုလိမ့်မယ်လို့ အောက်မေ့တယ်။လုပ်လည်းလုပ်မှာပါ၊ လုပ်လည်းလုပ်မယ်လို့ ထင်တာပါပဲကွယ်။ကိုယ်ကတော့ စိတ်ကူးနဲ့ပြောနေရတာ၊ တာဝန်ရှိတဲ့သူတွေက ဘယ်လိုစဉ်းစားလဲတော့ မပြောတတ်ဘူး၊ ဖြစ်ရမှာပေါ့။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
မေ - ၂၇

( Zawgyi )

မၾကာမီက ျမန္မာႏိုင္ငံသမၼတ ဦးဝင္းျမင့္ႏွင့္ တ႐ုတ္သမၼတတို႔ ဖုန္းျဖင့္ဆက္သြယ္ကာ ကိုဗစ္-၁၉ ကူးစက္ေရာဂါ ပူးတြဲတိုက္ဖ်က္ေရး၊ ေဆးဝါးအကူအညီႏွင့္ တ႐ုတ္-ျမန္မာ သံတမန္ဆက္ဆံမႈ ႏွစ္ ၇၀၊ Belt and Road စီမံကိန္းမ်ားကို ေဆြးေႏြးခဲ့တယ္ ဆိုပါတယ္။လက္ရွိတြင္ ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ ႏိုင္ငံတိုင္း အလူးအလဲကာကြယ္ေနရသလို ကူးစက္ကပ္ေရာဂါေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားရပ္ဆိုင္းမႈကို ပုံမွန္အတိုင္းျပန္လည္လည္ပတ္ႏိုင္ရန္ အစိုးရက စိုက္ထုတ္ႏႈိးထေနရသည့္ အခ်ိန္အခါလည္းျဖစ္ေနပါတယ္။ထိုအေျခအေနတြင္ အစိုးရ၏ စီးပြားေရးျပန္လည္ႏိုးထရန္အတြက္ လုပ္ေဆာင္မႈအေျခအေန၊ ျပည္ပရင္းႏွီးျမဳပ္ႏွံသူမ်ားလာေရာက္မႈ၊ Belt and Road မွ ျမန္မာႏိုင္ငံ စီးပြားေရးႏိုးထမႈအတြက္ အသုံးခ်ရန္ အခြင့္အေရး ရွိ/မရွိ၊ ျပည္ပမွျပန္ဝင္လာသည့္ အလုပ္သမားမ်ားအေရးတို႔ႏွင့္ ပတ္သက္ၿပီး   မည္သို႔ျပင္ဆင္ထားသင့္သည့္ အေျခအေနကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပး၊ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ျမန္မာ့စီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က တ႐ုတ္သမၼတနဲ႔ ျမန္မာသမၼတ ဖုန္းဆက္ၿပီးေျပာတယ္။ေျပာတဲ့ေနရာမွာ ျမန္မာ-တ႐ုတ္ သံတမန္ ႏွစ္ ၇၀ ျပည့္ဆိုတာကိုလည္းေျပာတယ္၊ ေနာက္တစ္ခ်က္က ျမန္မာနဲ႔ တ႐ုတ္နဲ႔ၾကားမွာ Belt and Road ကိစၥေတြ ျပန္စဖို႔ဆိုတာလည္း ေျပာတာေတြရွိတယ္၊ တ႐ုတ္ကလည္း လတ္တေလာမွာဆိုလို႔ရွိရင္ တ႐ုတ္ႏိုင္ငံထဲကေန အေမရိကန္တို႔၊ ဂ်ပန္တို႔ကေန လုပ္ငန္းေတြျပန္ထြက္ဖို႔ စလုပ္လာတယ္၊ ျမန္မာႏိုင္ငံမွာဆိုလို႔ရွိရင္ FDI က ၿပီးခဲ့တဲ့ ဧၿပီလမွာဆိုရင္ ထူးထူးျခားျခားျပန္တက္လာတာ ေတြ႕ရတယ္။ဒီလိုမ်ိဳးအေနအထားမွာ တ႐ုတ္ဘက္က ျမန္မာဘက္မွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈေတြရယ္၊ Belt and Road ကိစၥေတြေပၚမွာ မူတည္ၿပီးေတာ့ ဆရာခုနကေျပာတဲ့ ျပန္လည္စီးပြားေရးႏိုးထဖို႔အတြက္ ဒါကိုအခြင့္အလမ္းေကာင္းအေနနဲ႔ ယူသုံးလို႔ရွိရင္ေကာ ဘယ္လိုျဖစ္လာႏိုင္လဲ ဆရာ။ဆိုလိုတဲ့သေဘာက ခြင့္ျပဳတာေတြ ျမန္ျမန္ဆန္ဆန္နဲ႔ တစ္ခ်ိဳ႕ဟာေတြမွာ ျမန္ျမန္ဆန္ဆန္လုပ္လို႔ရွိရင္ ျပန္တက္လာႏိုင္လား၊ စီးပြားေရးက။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုက ျမန္ျမန္ဆိုတဲ့ျပႆနာေပါ့၊ ခုနကျပႆနာေတြအားလုံးက ဒီထဲမွာ ဂ်ာေအးသူ႔အေမ႐ိုက္ေနတာေပါ့။ျမန္ျမန္ဆန္ဆန္လုပ္ရမယ္ဆိုတာ လူတိုင္းနားလည္တယ္၊ ရင္းႏွီးျမႇဳပ္ႏွံမႈကို ႀကိဳဆိုတဲ့ေနရာမွာ ျမန္ျမန္ဆန္ဆန္ မလုပ္လို႔မရဘူး၊ အဲ့ဒီေတာ့ အခုအခ်ိန္မွာ COVID မွာ ကိုယ့္ႏိုင္ငံကိုလာၿပီး ရင္းႏွီးခ်င္တဲ့သူရွိတာကိုပဲ ေက်းဇူးတင္ရမွာ ဟုတ္တယ္မဟုတ္လား။အဲ့ဒီေတာ့ အဲ့ဒီမွာဘာမွေမးခြန္းမေမးနဲ႔ေတာ့၊ မူးယစ္ေဆးဝါးမလုပ္ရင္ေတာ္ၿပီ၊ လက္နက္ေတြလာမထုတ္ရင္ေတာ္ၿပီ၊ တျခားႏိုင္ငံမွာရွိတဲ့ အညစ္အေၾကးေတြ လာၿပီးမလုပ္ရင္ မစုပုံရင္ေတာ္ၿပီေလ။ကိုယ့္သေဘာက အဲ့ေလာက္အထိေတာင္။

အေျခအေနက ကိုယ့္အေျခအေနက အသည္းအသန္ျဖစ္ေနတဲ့ အေျခအေနေလ။အဲ့ဒီေတာ့ အသည္းအသန္ျဖစ္ေနတဲ့အေျခအေနမွာ အရင္ပုံမွန္အတိုင္းစဥ္းစားတဲ့ စဥ္းစားခ်က္ဆိုရင္ေတာ့ အဆင္မေျပဘူးေအာက္ေမ့တယ္။အဲ့ဒါဆိုရင္ နဂိုကတည္းကမွ လာခ်င္တဲ့သူက အရင္ပုံစံအတိုင္းလုပ္ေနရင္ေတာ့ လာခ်င္တဲ့သူ လာမွာမဟုတ္ေတာ့ဘူးေလ။ဆရာတို႔စိတ္ပူတာ အဲ့ဒါပဲ။အရင္ပုံစံအတိုင္း အစီအစဥ္ေတြအားလုံးက ေႏွးေႏွးေကြးေကြးလုပ္ေနတယ္ဆိုရင္ အခက္အခဲေတြျဖစ္ေအာင္ ေဆာင္႐ြက္ေနမယ္ဆိုရင္ ဒါကလုပ္ရကိုင္ရတာ ေတာ္ေတာ္ေလးခက္မယ္ ေအာက္ေမ့တာပဲ။အဲ့ဒါေၾကာင့္မို႔ ဆရာေတာ့ ကိုယ့္ဘက္ကေတာ့ေနာ္ MIC မွာေတာ့ ဒါကိုအျမန္ဆုံးျဖစ္ေအာင္ တြန္းအားေပးေနတာပဲ။ေျပာလည္းေျပာတယ္၊ ရင္းႏွီးမယ့္သူလာေနၿပီ။လာတဲ့အခါမွာ သိပ္မေမးနဲ႔ေတာ့ ဟုတ္တယ္မဟုတ္လား။မစစ္နဲ႔ေတာ့။အရင္လိုမဟုတ္ေတာ့ဘူး။

ေနာက္တစ္ခါ အျမန္ဆုံးပါမစ္ေတြခ်ေပးႏိုင္ေအာင္ ဘယ္လိုလုပ္ႏိုင္မလဲ။အဲ့ဒီေတာ့ ဒီထဲမွာေတာ့ စုန္းျပဴးေတြေတာ့ပါမွာေပါ့ကြယ္။မဟုတ္ဘူးလား။ဒါေပမဲ့ အဲ့ဒါေတာ့ ကိုယ္ကထိန္းရမွာပဲ။သူတို႔ကလည္း တစ္ခ်ိဳ႕ေတြကလည္း သိတဲ့အတိုင္းပဲ။အခြင့္အေရးရရင္ ရသလိုလုပ္ခ်င္တာ။ဒီအထဲမွာ ဆရာတို႔ အခု Cyber Crime ေတြ ျဖစ္လာသလိုေပါ့။လစ္ရင္လစ္သလိုလုပ္လာတာ။ Online Shopping မ်ားလာတာကို တစ္ဖက္ကႀကိဳဆိုတယ္၊ Online Shopping နဲ႔ ပတ္သက္လို႔ ဒီ credit card ေတြ လိမ္တာတို႔ payment ေတြ လိမ္တာတို႔က ပိုတက္လာတာေလ။အဲ့ဒီေတာ့ ေတာ္ေတာ္ႀကီးကို ဆရာတို႔သတိထားရမွာ။ဒါေပမဲ့ ဒီေနရာမွာလည္း ခုနေျပာတဲ့ကိစၥပါ ဆရာတို႔ FDI ကေတာ့ အေရးႀကီးတယ္။

အထူးသျဖင့္ တ႐ုတ္ကလည္း သူ႔စီးပြားေရး။တ႐ုတ္ကေတာ့ ျပတ္သားတယ္။တ႐ုတ္ကိုေတာ့ သြားမေမးနဲ႔ ဟုတ္တယ္မဟုတ္လား။သူ႔မွာအာ႐ုံက သူလုပ္ခ်င္တာရွိရင္ ရေအာင္လုပ္တာကိုး။အဲ့ဒီေတာ့ သူကသိပ္မစဥ္းစားဘူးေလ။အထူးသျဖင့္က ေတြေဝမႈအားနည္းတယ္။မေတြေဝဘူး။
သူ႔မွာဦးတည္ခ်က္ကရွိတယ္။သူဘာလုပ္ခ်င္လဲဆိုတာ သူကမေျပာခင္ကတည္းကသိတာ။ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ သူ႔မွာဦးတည္ခ်က္ရွိတယ္။အလကားေျပာေနတာမဟုတ္ဘူး။ဟုတ္တယ္မဟုတ္လား။အဲ့ဒီေတာ့ သူကရသေလာက္ advantage ယူမွာပဲ၊ အိမ္နီးနားခ်င္းေတြမွာ တစ္ေယာက္က တိုက္ႀကီးနဲ႔ေနၿပီးေတာ့ ေနာက္တစ္ေယာက္က တဲပုတ္နဲ႔ေနရင္ တဲပုတ္နဲ႔ေနတဲ့သူကို တိုက္ႀကီးနဲ႔ေနတဲ့သူက လႊမ္းမိုးမွာပဲ။သူကရတဲ့နည္းနဲ႔လုပ္မွာပဲ၊ ကိုယ္က တဲပုတ္နဲ႔ေနရတဲ့အခ်ိန္မွာ ကိုယ္ကပါးပါးနပ္နပ္ရွိဖို႔လိုတယ္။အဲ့လိုမဟုတ္ဘဲ မာနတင္းၿပီးေတာ့ ဟိုဟာလုပ္ပါ ဒီဟာလုပ္ပါ ဟိုဟာေျပာ ဒီဟာေျပာဆိုရင္ အဆင္ေျပမယ္မထင္ဘူး။

Opinion Leaders ။     ။ အခုေလာေလာဆယ္မွာ ဆရာတို႔ အစိုးရကေန COVID အေက်ာ္ကာလကို ျပန္ၿပီးေတာ့ေျဖေလွ်ာ့မႈေတြ စလုပ္ေနတဲ့အခါက်ေတာ့ လုပ္ငန္းအေသးေလးေတြနဲ႔ အႀကီးေတြဆိုရင္ လုပ္ငန္းအေသးေလးေတြကို အစိုးရဘက္က ပိုၿပီးအာ႐ုံစိုက္ေနတာကို ေတြ႕ရတယ္ဆရာ။ဒါက စီးပြားေရးႏိုးထဖို႔ဆိုရင္ သင့္ေလ်ာ္တဲ့လုပ္ေဆာင္မႈတစ္ခုလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အေျခခံတစ္ခုကေတာ့ေပါ့ေနာ္။အစိုးရတိုင္းလိုလိုေပါ့။ကိုယ့္ႏိုင္ငံ အစိုးရတင္မကဘူး၊ တ႐ုတ္အပါအဝင္ အေမရိကန္ႏိုင္ငံ ျပင္သစ္၊ ဂ်ာမနီ။မၾကာခင္က ဂ်ပန္ကေၾကညာတယ္။စီးပြားေရးျပန္လည္ႏိုးလာေအာင္ ဆရာတို႔ ဒီစီးပြားေရးစကားေျပာရင္  stimulate ေပါ့။ျပန္လည္ႏိုးႂကြလာေအာင္ လုပ္တဲ့အခါမွာ ဥပမာ ဂ်ပန္ဆိုရင္ ၂၀ ရာခိုင္ႏႈန္း GDP ထည့္မယ္လို႔ေျပာတယ္၊ အဲ့ေတာ့ ၂၀ ရာခိုင္ႏႈန္း GDP ထည့္တယ္ဆိုေတာ့ နည္းတဲ့ပမာဏမဟုတ္ဘူးေလ၊ US မွာလည္း ၃ ထရီလီယံဆိုေတာ့ သူတို႔အေနနဲ႔ လုပ္တာေတြအားလုံးက တကယ့္ကို။
စင္ကာပူလည္း ဒီအတိုင္းပဲ၊ အီးယူႏိုင္ငံေတြ အားလုံးဟာ COVID 19 နဲ႔ ပတ္သက္လို႔ stimulate ကို လုပ္ၾကတဲ့အခါမွာ အားနဲ႔အင္နဲ႔ေပါ့ေနာ္၊ ကိုယ့္မွာရွိတဲ့သယံဇာတ ရွိသမွ်အရင္းအႏွီးေတြကို ထုတ္သုံးတဲ့ပုံစံ ဟုတ္တယ္ေနာ္။ထုတ္သုံးတဲ့ပုံစံဆိုေတာ့ ၂၀ ရာခိုင္ႏႈန္းဆိုရင္ ၁၀၀ ရွိရင္ ၂၀ ထည့္တဲ့ဟာမ်ိဳးေပါ့။

အဲ့ဒီေတာ့ ဆရာတို႔ ပထမဦးဆုံးအေနနဲ႔ေျပာရမွာက ကိုယ့္ႏိုင္ငံမွာ အဲ့လိုထည့္ဝင္ဖို႔ ႏိုင္ငံေတာ္အစိုးရကဦးေဆာင္ၿပီး ေဆာင္႐ြက္ေပးမယ္ stimulate ပက္ေက့စ္ရဲ႕ပမာဏ ဘယ္ေလာက္ရွိသလဲဆိုတာ အေရးႀကီးတယ္၊ ပမာဏဘယ္ေလာက္ရွိသလဲဆိုေျပာရင္ ကိုယ့္မွာအားက ေတာ္ေတာ္နည္းတယ္။အားနည္းေတာ့ နံပါတ္ ၁ က အားနည္းတဲ့ျပႆနာ။အားနည္းတဲ့ျပႆနာက ဆရာတို႔အႀကီးဆုံးပဲေနာ္။ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုေပးႏိုင္တဲ့ပမာဏက ရဲရဲဝံ့ဝံ့မ်ားမ်ားစားစားႀကီးလည္းမေပးဘဲနဲ႔ သူတို႔ေပးႏိုင္တဲ့အတိုင္းအတာေလာက္ပဲ သူတို႔ေပးတဲ့ အေနအထားရွိတယ္ထင္တယ္။အဲ့ဒီေတာ့ အဲ့ဒီအေပၚမွာမူတည္ၿပီးေတာ့ ေနာက္တစ္ခါ သူတို႔ေ႐ြးတာေပါ့။ေ႐ြးခ်ယ္မႈေပါ့။ေ႐ြးခ်ယ္မႈက ဘယ္က႑ေတြ ဦးစားေပးရမလဲဆိုတဲ့ျပႆနာက အႀကီးဆုံးပဲ။အဲ့ဒီေတာ့ ဆရာနားလည္သေလာက္ဆိုေတာ့ က႑ေတြစဥ္းစားလိုက္တဲ့အခါမွာ ဥပမာ - ဟိုတယ္ခရီးသြားက႑ကို စဥ္းစားတယ္။ေနာက္တစ္ခါ အထည္ခ်ဳပ္စဥ္းစားတယ္ အစသျဖင့္ေပါ့ေလ။

သူတို႔ဦးစားေပးက႑ေတြရွိတယ္။အဲ့လိုစဥ္းစားျပန္ေရာ။ဒါကဒုတိယအဆင့္။ပထမအဆင့္ကပမာဏ - ဒုတိယအဆင့္က ဘယ္က႑ကို ျပန္ၿပီးအာ႐ုံျပဳမလဲဆိုတဲ့ စဥ္းစားခ်က္ေပါ့။အဲ့ဒီအေပၚမွာ မူတည္ၿပီးေတာ့မွ ဆရာတို႔လုပ္တဲ့အခါမွာ အခု ဆရာတို႔ၾကားေနတဲ့ျပႆနာေပါ့ေလ၊ ၾကားေနတဲ့ျပႆနာက ရတဲ့သူရ မရတဲ့သူမရ အႀကီးအက်ယ္ျပႆနာ။ေနာက္တစ္ခါ ဒီေန႔ေတာင္ ခင္ဗ်ားဖတ္လိုက္လားမသိဘူး၊ ျမန္မာ့အလင္းမွာေရးထားတာ၊ COVID ျဖစ္ပြားၿပီးတဲ့ေနာက္မွာ တစ္ခ်ိဳ႕ေတြျဖစ္လာတာက တာဝန္ရွိတဲ့လူႀကီးေတြရဲ႕ လုပ္ငန္းေတြဘာညာ ျဖစ္လာျပန္ေရာ။မ်က္ႏွာလိုက္တဲ့ဟာေတြ ျဖစ္လာျပန္ေရာ၊ ေနာက္တစ္ခါေျပာလာျပန္တာက ခုနလို မေကြးက မရဘူး၊ မႏၲေလးက မရဘူး၊ ရန္ကုန္ကပဲရတယ္ ဆိုတာမ်ိဳး။

အဲ့ဒီေတာ့ ဒီျပႆနာေတြအားလုံးသည္ အေျခခံကဘာလဲဆိုရင္ လုပ္တဲ့ကိစၥမွာ Transparency ေပါ့။ပြင့္လင္းျမင္သာမႈ အားနည္းတဲ့ျပႆနာ။ဟုတ္တယ္ မဟုတ္လား၊ ဟို .. မရွင္းျပဘူး။သူတို႔မဟုတ္တာလုပ္တာ ဟုတ္ခ်င္မွလည္းဟုတ္မယ္။ေသြး႐ိုးသား႐ိုးနဲ႔ပဲလုပ္တာ ျဖစ္ေကာင္းျဖစ္ေပမယ့္ ရလဒ္က ဘာျဖစ္သြားလဲဆိုေတာ့ လူေတြက ရတဲ့လူနဲ႔ မရတဲ့လူနဲ႔ ဘယ္သူရတယ္၊ ဘယ္သူမရဘူးဆိုတဲ့ ျပႆနာနဲ႔ အားလုံးဟာလုံးလည္လိုက္ေနတယ္။လုံးလည္လိုက္ျပန္ေတာ့ အခုျဖစ္တာက ခင္ဗ်ားေမးတဲ့ဟာက အေသးစားေတြကို ဦးစားေပးတယ္တို႔ အႀကီးစားေတြကို ဦးစားေပးတယ္ဆိုတာမ်ိဳး ေမးခြန္းအေျဖကိုေတာင္ ဆရာတို႔က အေျဖမေပးႏိုင္ဘူး။ဥပမာ - ဟိုတယ္ခရီးသြားေတြဆိုရင္ ဘယ္သူ႔ကိုဦးစားေပးမလဲ၊ အခုဆိုပါေတာ့ ဟိုတေလာကေဆြးေႏြးၾကည့္တယ္၊ ဆရာ ဟိုတယ္ခရီးသြားဝန္ႀကီးဌာနနဲ႔ ေဆြးေႏြးၾကည့္တဲ့အခါက်ေတာ့ အခုေျပာေနတာက ဟိုတယ္ေတြ၊ ခရီးသြားလုပ္ငန္းေတြ ေျပာေနၾကတာ။႐ုတ္တရက္ေပၚလာတာက ဧည့္လမ္းၫႊန္ေတြ။ Tourist Guide ေတြ ဟုတ္တယ္ေနာ္၊ Tourist Guide ေတြက လုံး၀ဒုကၡေရာက္သြားၿပီ။သူတို႔က တစ္ေယာက္ခ်င္းလုပ္ရတဲ့အလုပ္ေတြ တစ္ဦးခ်င္း တစ္ေယာက္ခ်င္း လုပ္ရတဲ့သူေတြက ေပ်ာက္သြားတယ္ဆိုေတာ့ အဲ့ဒီေတာ့ ေသခ်ာကိုႏူးႏူးညံ့ညံ့သိမ္သိမ္ေမြ႕ေမြ႕ စဥ္းစားၿပီးေတာ့မွ အကူအညီဘယ္လိုေပးရမလဲ စဥ္းစားဖို႔လိုတယ္။

ေနာက္တစ္ခုက သူတို႔ႀကိဳးစားၾကည့္တယ္၊ ႀကိဳးစားၾကည့္တာက ဆရာနဲ႔ ခင္ဗ်ားနဲ႔ အၿမဲတမ္းေဆြးေႏြးသလိုေပါ့။အစိုးရက ဘတ္ဂ်က္ဘ႑ာေရးရွိသလို တစ္ဖက္က morality ေငြေရးေၾကးေရးဆိုင္ရာ သူတို႔အတိုးႏႈန္းေတြေလွ်ာ့တယ္ဆိုေတာ့ ဘဏ္တိုးႏႈန္းေတြေလွ်ာ့တယ္။ ၁၃ ကေန ၁၀ ေလွ်ာ့တယ္၊ ဘာညာေလွ်ာ့တယ္။ဒါေပမဲ့ အခုေမးၾကည့္ရင္ အဲ့ဒီေလွ်ာ့တဲ့အတိုးႏႈန္းေတြ ရတဲ့သူေတြ ေတာ္ေတာ္ရွားတယ္။ျဖစ္ေနတာက အရင္အတိုင္းပဲ။ဘာေၾကာင့္ေမးလိုက္လို႔ရွိရင္ လမ္းၫႊန္ခ်က္ေတြ မလာေသးလို႔တဲ့၊ ႏိုင္ငံေတာ္က အတိအလင္းေၾကညာထားတယ္။
အတိုးႏႈန္းေတြေလွ်ာ့ပါၿပီလို႔ ေၾကညာထားေပမယ့္ လမ္းၫႊန္ခ်က္ေတြ မလာေသးေတာ့ အရင္အတိုးႏႈန္းပဲ ေပးေနရတယ္ဆိုရင္ ျဖစ္ေနတာေနာ္။ႏိုင္ငံေတာ္အစိုးရရဲ႕ ေစတနာေတြအားလုံးဟာ သဲထဲေရသြန္ျဖစ္ေနတယ္။

အခုျပႆနာက၊ သူတို႔မေပးတာမဟုတ္ဘူး၊ သူတို႔ေလွ်ာ့တယ္၊ ေလွ်ာ့ခိုင္းတယ္၊ ဗဟိုဘဏ္က ေလွ်ာ့ခိုင္းတယ္။ဗဟိုဘဏ္ေလွ်ာ့ခိုင္းတဲ့ဟာကို သူ႔အေနနဲ႔ ဗဟိုဘဏ္ေလွ်ာ့တဲ့ပုံစံမဟုတ္ေတာ့ဘဲနဲ႔ ဗဟိုဘဏ္လိုခ်င္တဲ့ပုံစံ မဟုတ္ေတာ့ဘူးေလ။မဟုတ္ဘူးလား။ ၁၀ ရာခိုင္ႏႈန္းဆိုရင္ ၁၀ ရာခိုင္ႏႈန္းေပါ့ဗ်ာ။ဘယ္လိုမွ ေစ်းဆစ္လို႔မရဘူးေလ။ဒါအစိုးရသတ္မွတ္ထားတဲ့ ရာခိုင္ႏႈန္းကိုး။အခုေတာ့ အဲ့ဒီဟာျဖစ္တယ္။

ေနာက္တစ္ခါ အပ္ေငြျပႆနာလည္းရွိတာကို၊ အပ္ေငြဘယ္လိုလုပ္မလဲ။အပ္ေငြေတြ အတိုးေတြကို ေလွ်ာ့လိုက္ရင္ အပ္တဲ့သူ ေနာက္တစ္ခါ ဆရာစိတ္ပူတာက ဘဏ္ဆိုတာက သူ႔ေငြရွိတာမဟုတ္ဘူး။အပ္ေငြေပၚမွာအေျခခံၿပီးေတာ့ သူကေခ်းတာကိုး။အဲ့ဒီေတာ့ အတိုးႏႈန္းေတြသိပ္နည္းလာရင္ အပ္တဲ့သူက အပ္မွာမဟုတ္ေတာ့ဘူးေလ။အဲ့ဒီျပႆနာရွိတယ္။ေနာက္တစ္ခု အခုေခ်းတဲ့သူေတြကလည္း ဆရာစိတ္ပူတာက ေခ်းတာေတာ့ဟုတ္ၿပီ ျပန္ရခ်က္ရွိရဲ႕လား။ဟုတ္တယ္မဟုတ္လား၊ ေနာက္ဆုံး အမေတာ္ေၾကးလိုျဖစ္ေနမယ္၊ ေခ်းရင္းေခ်းရင္း ျပန္မဆပ္ႏိုင္ေတာ့ အားလုံးဒုကၡေရာက္ကုန္လိမ့္မယ္။

အဲ့ဒီေတာ့ တကယ္တမ္းေတာ့ စီးပြားေရးမဟာဗ်ဴဟာအေနနဲ႔ေပါ့၊ တ႐ုတ္ကလုပ္သလို တျခားႏိုင္ငံေတြကလုပ္သလို ျပန္ၿပီးနာလန္ထူေအာင္ ဘယ္ေနရာမွာလုပ္ရမလဲ ဘယ္လိုပုံစံနဲ႔လုပ္ရမလဲဆိုတာ ကို ထဲထဲဝင္ဝင္စဥ္းစား စဥ္းစားလိမ့္မယ္ေတာ့ ထင္တာပါပဲ။ဆရာကေတာ့ စဥ္းစားဖို႔ေတာ့လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။ဒါကေတာ့ အေျခခံစီးပြားေရး စဥ္းစားခ်က္ေတြပဲေလ။ထူးထူးေထြေထြနက္နက္နဲနဲ ႏိုဗယ္ဆုရတဲ့ စီးပြားေရးျပႆနာမဟုတ္ဘူးေလ၊ Economic 101 ပထမႏွစ္ ေဘာဂေဗဒသင္ရင္ အေျခခံသင္တဲ့ဟာျဖစ္ေနတာကိုး။ဟုတ္တယ္မဟုတ္လား။အဲ့ဒါ ဆရာတို႔ရဲ႕ျပႆနာ အေျခခံေလ။

Opinion Leaders ။     ။ လက္ရွိမွာ အထည္ခ်ဳပ္ေတြကလည္း ေတာ္ေတာ္မ်ားမ်ားရပ္သြားတာရွိတယ္။တစ္ကယ္မျဖစ္ဘဲ ေရာင္ေတာ္ျပန္ရပ္တာေတြလည္းရွိတယ္၊ ကြၽန္ေတာ္တို႔ ဒီဆန္စပါး Sector မွာ ဆိုလို႔ရွိရင္လည္း မၾကာခင္မွာ  လယ္ျပန္စိုက္ဖို႔ရွိေတာ့မယ္။လက္ရွိမွာလည္း အစိုးရက အရန္ဆန္ ဝင္ဝယ္ေပးေနတာရွိတဲ့အတြက္ နည္းနည္းခုမိကာမိတဲ့ အေျခအေနမ်ိဳးရွိတယ္။အကုန္ေပါင္းၾကည့္ရင္ေတာ့ ကိုဗစ္ကာလမွာ ထင္သေလာက္ဆိုး႐ြားတာမ်ိဳး မေတြ႕ရဘူး။လက္ရွိအေျခအေနမွာ ဆရာ အခုဝင္လာတဲ့ ႏိုင္ငံျခားကေနျပန္ၿပီးဝင္လာတဲ့ အလုပ္သမားေတြအတြက္ ျပန္ၿပီးေတာ့ လုပ္ငန္းေတြစီစဥ္တဲ့အခါမွာ ဘယ္ဟာမ်ိဳးကို အစဦးစားေပးသင့္သလဲ။ေနာက္ တ႐ုတ္ဘက္ကေနဝင္လာမယ့္ ရန္ကုန္ၿမိဳ႕သစ္လို ႀကီးမားတဲ့စီမံကိန္းေတြ ျမန္ျမန္စခဲ့လို႔ရွိရင္ ဒီလုပ္သားေတြက ဘယ္လိုအသုံးဝင္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အမွန္ေတာ့ ျပန္ဝင္လာတဲ့လုပ္သားေတြ  မေလးရွားတို႔ တျခားႏိုင္ငံ တ႐ုတ္တို႔ အထူးသျဖင့္ ထိုင္းကလာတဲ့သူေတြအားလုံးဟာ ဆရာတို႔ရဲ႕ အရန္အင္အားေတြေလ။ဆရာ အစကတည္းကေျပာတယ္။ေတာ္ေတာ္ၾကာၿပီေျပာတာ။လူေတြက ဟာ brain drain, brain drain ဆိုတဲ့ စကားႀကီးကိုသုံးတယ္။ကိုယ့္ႏိုင္ငံကေန ထြက္ကုန္ၾကၿပီ။ဦးေႏွာက္ေတြယိုတယ္။ေနာက္ တနသၤာရီတိုင္းမွာဆိုရင္ တစ္ေယာက္မွမရွိေတာ့ဘူး စသျဖင့္ေပါ့ေနာ္။ဒါေပမဲ့ ဆရာေျပာတယ္။ဒီဟာေတြဟာ ဟိုမွာလုပ္တာ ဟိုမွာရလာတဲ့အေတြ႕အႀကဳံေတြက တစ္ေန႔က်ရင္ ကိုယ့္ႏိုင္ငံအတြက္ အင္မတန္အက်ိဳးရွိမယ့္ဟာေတြ။ဟုတ္တယ္မဟုတ္လား။အခုေတာ့ အဲ့ဒီကေလးေတြကို သူ႔ေနရာနဲ႔သူ ေဆးေတြစစ္ေပးတဲ့အခါမွာေပါ့၊ ေရာဂါကင္းၿပီဆိုတာသိရင္ သူတို႔မွာရွိတဲ့ ကြၽမ္းက်င္မႈနဲ႔ လုပ္ငန္းေတြကို သြားၿပီးခ်ိတ္ဆက္ေပးရမွာေလ။

ဒီျပႆနာက ဘယ္သူမွမစဥ္းစားေသးဘူး၊ အခုက ဒီကေလးေတြကို စစ္ဖို႔ပဲစဥ္းစားေနတာ။အမွန္က တစ္ဖက္ကစစ္တာ စစ္ပါ စစ္ရမွာေပါ့။ေရာဂါပါလာရင္ အင္မတန္အႏၲရာယ္ႀကီးတယ္။သူတို႔မွာပါလာတဲ့ ေရာဂါအျပင္ကို ရွိတဲ့အေတြ႕အႀကဳံေတြ၊ အရည္အခ်င္းေတြ။သူတို႔ရဲ႕အေတြ႕အႀကဳံေတြ ဘယ္က႑မွာလုပ္ခဲ့တယ္။ဥပမာဆိုပါေတာ့ ဟိုဘက္မွာ ငါးလုပ္ငန္းလုပ္တဲ့သူေတြေနာ္ အထည္ခ်ဳပ္မွာလုပ္တဲ့သူေတြ စက္႐ုံအလုပ္႐ုံမွာလုပ္တဲ့သူေတြအမ်ားႀကီး ဟုတ္တယ္မဟုတ္လား။မေလးရွားမွာလည္း ဒီအတိုင္းပဲ။အဲ့ဒီေတာ့ အဲ့ဒီကေလးေတြကို ဒီဘက္က ဆရာတို႔လိုေနတဲ့က႑ေတြမွာ ထည့္ေပးလိုက္ရင္ ကြက္တိပဲ။

ဒါေပမဲ့ အဲ့ဒီဟာကို သူတို႔ကို အခု quarantine လုပ္တာ ဒါကေတာ့လုပ္ရမွာပဲေလ၊ က်န္းမာေရးကိစၥရွိေနတာ။ဒါေပမဲ့ သူတို႔ရဲ႕ကြၽမ္းက်င္မႈကို ဆရာထင္တယ္၊ အသုံးခ်ဖို႔ အေဆာတလ်င္ေတာ့ အာ႐ုံရွိဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။လုပ္လည္းလုပ္မွာပါ၊ လုပ္လည္းလုပ္မယ္လို႔ ထင္တာပါပဲကြယ္။ကိုယ္ကေတာ့ စိတ္ကူးနဲ႔ေျပာေနရတာ၊ တာဝန္ရွိတဲ့သူေတြက ဘယ္လိုစဥ္းစားလဲေတာ့ မေျပာတတ္ဘူး၊ ျဖစ္ရမွာေပါ့။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ေမ - ၂၇