【 ပညာရှင်များ၏အမြင် 】 “အစိုးရက ရဲရဲဝံ့ဝံ့ပဲ သတ္တိရှိရှိပဲ လုပ်မှပဲရမယ်”

【 ပညာရှင်များ၏အမြင် 】 “အစိုးရက ရဲရဲဝံ့ဝံ့ပဲ သတ္တိရှိရှိပဲ လုပ်မှပဲရမယ်”

မကြာသေးခင် ရက်ပိုင်းက မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့ပါတယ်။ကိုဗစ်ကပ်ဘေးကာလအတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီ အစိုးရအတွက် ပထမဆုံး နိုင်ငံခြားတိုင်းပြည်တစ်ခုက ထိပ်တန်းတာဝန်ရှိသူတစ်ဦး လာရောက်ခြင်းဖြစ်သလို ပြည်တွင်း၌ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး ကော်မရှင်ကို ကန့်ကွက်ဆန္ဒပြမှုများရှိနေချိန်မှာ ယခုကဲ့သို့ လာရောက်အသိအမှတ်ပြုခဲ့သည့်အတွက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လာမည့်အစိုးရသစ်လက်ထက် မည်သို့အခြေအနေရှိလာမည် မည်သို့အခင်းအကျင်းရှိလာမည်က ပြည်သူများအကြား စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။
ထိုအခြေအနေကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။

ဆရာ ဒေါက်တာအောင်ထွန်းသက်၏ တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရေးနှင့် စီးပွားရေးရှုထောင့်မှ ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့ပါတယ်။ဒီလိုမလာခင် တစ်ရက်လောက်အလိုမှာ နေပြည်တော်မှာ ကျောက်ဖြူ-မန္တလေးရထား ဖြစ်မြောက်နိုင်ခြေအတွက် လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့တာတွေ့ရပါတယ်။ဒီလိုအစိုးရသစ် မစခင်မှာ BRI အရ အရေးပါတဲ့စီမံကိန်းတွေကို တရုတ်နိုင်ငံဘက်က အရေးထားပြီး ပြန်လည်စတင်လာခဲ့တဲ့အတွက် အစိုးရသစ်လက်ထက်မှာ BRI နဲ့ ဆက်စပ်တဲ့ စီမံကိန်းအကောင်အထည်ဖော်မှုတွေက မြန်ဆန်လာနိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကိုယ်စိတ်ထဲတော့ ဝမ်ယိ ကိုယ်တိုင် ရောက်လာခဲ့ရင် ပထမဆုံးပေါ့။နိုင်ငံခြားခေါင်းဆောင်တွေထဲမှာ ပထမဆုံးရောက်လာတာ သူပဲပေါ့။ဆိုတော့ NLD အစိုးရသစ် တက်လာတဲ့အချိန်မှာ သူတို့ကြိုတင်ပြီးပြင်ဆင်ထားတဲ့ အနေအထားပေါ့။အမှန်ကတော့ ဒီစီမံချက်တွေက လုပ်သင့်တဲ့ စီမံချက်တွေဘဲ။
မဟာဗျူဟာကျကျအနေနဲ့ စီးပွားရေးတွင်မကဘူး နိုင်ငံရေးအနေနဲ့ပါ အရေးပါတဲ့ကိစ္စလေ။တရုတ်ပါလာတဲ့အတွက် ငြိမ်းချမ်းရေးမှာလည်း အထောက်အကူဖြစ်တယ်။တရုတ်နဲ့ပတ်သက်လာရင် အနည်းငယ်ထူးခြားတာ တခြားနိုင်ငံတွေနဲ့မတူတာ စီးပွားရေးတစ်ခုတည်းမဟုတ်ဘူး။နိုင်ငံရေးက တွဲပါလာတာ။အဲဒီတော့ ဝမ်ယိ လာတာ ကြိုဆိုရမှာဘဲ။တစ်ခုတော့ရှိတာပေါ့။တရုတ်နဲ့ရင်းနှီးတယ်ဆိုရင် ထုံံးစံအတိုင်း ဂျပန်တို့ အနောက်နိုင်ငံတို့က ဒါနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ပြစ်တင်မှုတွေ မှတ်ချက်တွေပေးကြမှာပေါ့။ဒါကတော့ ထုံးစံပဲ။ကိုယ့်အနေနဲ့ကတော့ ကိုယ့်နိုင်ငံအကျိုးရှိဖို့အတွက်ကတော့ လိုအပ်ရင် ဆက်သွယ်ရေးအရဘဲ။တရုတ်နဲ့ဖြတ်လို့မှမရတာ။

ဂျပန်နဲ့ ကိုယ့်နိုင်ငံနဲ့က အဝေးကြီးလေ။တစ်ခုဘဲရှိတယ်။တရုတ်ကြီးဘဲ အားကိုးလို့မဖြစ်ဘူး။တခြားနိုင်ငံတွေနဲ့လည်း အဆက်အသွယ်ဖြတ်လို့မရဘူး။ဒါပေမယ့် အရှိန်ယူရမှာဘဲ။သူတို့အားကလည်း ကိုဗစ်ပြီးတဲ့အခါ တရုတ်က သိပ်မကျသွားဘူး။ထင်သလောက်မကျဘူး။တခြားနိုင်ငံတွေ ဥရောပတို့ အမေရိကန်နိုင်ငံတွေမှာ စီးပွားရေးတော်တော်ထိတာ။တရုတ်ကထိပေမယ့် ချက်ခြင်းပြန်ထောင်နိုင်တဲ့ အခြေအနေရှိတော့ တရုတ်နဲ့ အခုလို ဆက်ဆံရေးပြေလည်အောင်လုပ်တာ သဘာ၀ကျပါတယ်။ကိုယ့်အနေနဲ့ ဘာမှပြောစရာမရှိဘဲ တိုက်တွန်းဖို့ဘဲရှိတယ်။ဒါကိုလည်းကြိုဆိုရမှာဘဲ။အရေးကြီးတာက အစိုးရသစ်တက်လာတဲ့အချိန် ဧပြီလ ၁ ရက်နေ့မှာ အရှိန်အဟုန်နဲ့ မြန်မြန်ရွေ့ဖို့ဘဲလိုတာ။နှေးလို့မရဘူး။ ၅ နှစ်က ပြီးသွားပြီလေ။ဒုတိယသက်တမ်းမှာ သူတို့လုပ်ဖို့၊ အမြဲတမ်းပြောတယ် NLD 2.0 ။ 1.0 မဟုတ်တော့ဘူး။ 2.0 မှာ တစ်ကယ့်ကိုအရှိန်နဲ့ သူတို့ဆောင်ရွက်ဖို့လိုလိမ်မယ့်။လုပ်လိမ့်မယ်လည်းထင်တယ်။လုပ်တာကိုလည်း ကြိုဆိုရမှာပဲ။

Opinion Leaders ။     ။ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးမှာ တရုတ်ဘက်ကလွှမ်းမိုးမှုရှိတယ်လို့ အများအားဖြင့် ယူဆထားလေ့ရှိပါတယ်။ဒီလို တရုတ်နဲ့ မြန်မာကြား ကူမင်း-မူဆယ်၊ မူဆယ်-မန္တလေးလို တိုးလျှိုးပေါက် မီးရထားလမ်းတွေဖြစ်လာခဲ့လို့ မြန်မာစီးပွားရေး၊ တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေး၊ လုံခြုံရေးအပိုင်းတွေမှာ တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုက ဖြစ်လာနိုင်သလား၊ တခြားသော တရုတ်နဲ့နီးစပ်တဲ့ နိုင်ငံတွေမှာကော ဒီလိုဖြစ်လေ့ဖြစ်ထရှိခဲ့လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလို ဥပမာ - လာအိုမှာရှိခဲ့တယ်။တရုတ်က အကြီးအကျယ်လုပ်တာပဲ။တရုတ်ရဲ့အကူအညီနဲ့ လာအိုက ဘယ်လောက်ထိဖြစ်သွားလဲဆို ဆရာတို့ဆီမှာ မြစ်ဆုံကိစ္စ ပြဿနာဖြစ်တဲ့အခါ သူတို့မှာ Dam တွေ ဆောက်တာ။လာအိုက ဘယ်အထိတောင် ဆောက်နိုင်သလဲဆိုရင် သူတို့ဆောက်လိုက်တဲ့ လျှပ်စစ်ဓာတ်အားက Export တောင် လုပ်လို့ရတယ်။ကမ္ဘောဒီးယားလဲ ဒီအတိုင်းဘဲ။ဗီယက်နမ်လဲ တရုတ်နဲ့ တစ်ချိန်တုန်းက အခင်းဖြစ်ခဲ့ပေမယ့်‌ တရုတ်အားနဲ့ တအားတိုးတက်တာရှိတယ်။တစ်ခုဘဲရှိတာက သူတို့နဲ့ တိုက်ရိုက်သွားမတူတာ၊ ယှဉ်လို့မရတာက လာအိုမှာရှိတဲ့ အတိုက်အခံတို့ ဘာတို့တွေက ဆရာတို့နိုင်ငံမှာရှိတဲ့ အတိုက်အခံတွေနဲ့ ပုံစံခြင်းမတူဘူး။သူတို့နဲ့သွားပြီး တန်းညှိလို့မရဘူး။လာအိုတို့ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့မှာ သူတို့ရဲ့ ပြည်တွင်းပဋိက္ခတွေက သူတို့အချင်းချင်းရှိပေမယ့် တရုတ်ကိုအားကိုးမှုမရှိခဲ့ဘူး။

ဆရာတို့ နိုင်ငံသမိုင်းကိုပြန်ကြည့်ရင် မြန်မာပြည် ကွန်မြူနစ်ပါတီကို အစကတည်းက တရုတ်ကိုအားကိုးပြီးဖြစ်တာကိုး။ပဲခူးရိုးမပြီးသွားတဲ့အချိန်မှာ။တရုတ်အားကိုးပြီး လွှတ်လိုက်တဲ့အခြေအနေက အခုထိ ပုံစံအမျိုးမျိုးနဲ့ ကွန်မြုနစ်ပါတီမရှိရင်ဘဲ ကချင်တို့ ရှမ်းတို့ အားလုံးပေါ့ ပုံစံတစ်မျိုးမျိုးနဲ့ အကူအညီပေးနေတယ်။အေအေထိတောင် ပေးနေတယ် ပြောနေတာကို။အဲ့ဒီဟာတွေက သူများနိုင်ငံနဲ့မတူတဲ့ အခြေအနေတစ်ရပ်ရှိနေတယ်။တခြားနိုင်ငံမှာ ဒီလောက်ထိ နိုင်ငံရေးမပါဘူး။ဆရာတို့မှာ ဒီလိုအခြေအနေကြောင့် သူတို့နဲ့ထိတွေ့တဲ့အခါမှာ နိုင်ငံရေး၊ စီးပွားရေးက အမြဲတမ်းချိန်ဆနေရတယ်။ဗီယက်နမ်တို့ လာအိုတို့ ကမ္ဘောဒီးယားတို့က နိုင်ငံရေးကြည့်စရာမလိုဘူး။စီးပွားရေးတစ်ခုတည်း အာရုံစိုက်လို့ရတယ်။ကိုယ့်မှာ အဲဒီလိုမရတာ ပြဿနာရှိတယ်။အဲဒါအမြဲတမ်းချိန်နေရတဲ့ကိစ္စ။ကိုယ့်နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ပေါ့။

ဒါပေမယ့် အခုထိတော့ န၀တ လက်ထက်တုန်းကလည်း ပုံစံအမျိုးမျိုးနဲ့ ချိန်ဆခဲ့တာပဲ။ဦးသိန်းစိန်အစိုးရကလည်း ဆက်ပြီးတော့ ဒီလိုဘဲ။ NLD 1.0 ကလည်း ဒီလိုဘဲဆောင်ရွက်ခဲ့တာပဲ။ဒါပေမယ့် သူတို့ကတော့ မြန်တယ်။သွက်တယ်။ရွေးကောက်ပွဲအပြီးမှာ ကိုဗစ်ကာလမှာ နိုင်ငံခြားခေါင်းဆောင်တွေထဲမှာ တရုတ်ဘဲဝင်လာတာလေ။
အခုချိန်မှာ အနောက်နိုင်ငံတွေ လုံး၀အာရုံမစိုက်ဘူးလေ။ကိုယ့်နိုင်ငံကို ဂရုကိုမစိုက်တော့တာ။အမေရိကန်ကလည်း သူ့ဟာသူပြဿနာရှိနေတယ်။ဥရောပကလည်း ကန့်ကွက်တာပဲရှိမယ်။သူတို့ကိုယ်တိုင်ဝင်ပြီး ထဲထဲဝင်ဝင် ရင်းနှီးမြုပ်နှံမယ် မြန်မာပြည်ရဲ့ စီးပွားရေးတိုးတက်မှုကို အာရုံစိုက်မယ်ဆိုတာ သူ့ဟာသူတောင် မျက်ဖြူစိုက်နေတာလေ။

အဲဒီတော့ ပြန်ကြည့်လိုက်ရင် တရုတ်ကို နည်းနည်းလေးယှဉ်တယ်လို့ ပြောလို့ရတဲ့ဟာတစ်ခုတော့ ဂျပန်ဘဲရှိတာ။ဂျပန်ကလည်း အဲဒီဟာကို မျက်ခြေမပြတ်ကြည့်နေတာ။ကျောက်ဖြူမီးရထားလမ်း ဘာညာဆိုတာ သူတို့အတွက် အခက်ခဲကြီးတစ်ရပ်လေ။ဒါကြောင့်လည်း ထားဝယ်ရေနက်ဆိပ်ကမ်းကို သူတို့လုပ်ပါမယ်တို့ သီလဝါကိစ္စလုပ်ပါမယ်တို့ သူတို့လည်း Counter တော့ လုပ်နေတာပဲ။ဒါပေမယ့် အရေးရယ်အကြောင်းရယ်ကြရင် ကိုယ့်လူတွေက ပါးနပ်ဖို့ဘဲလိုပါတယ်။တစ်ဖက်သတ်ချည်း မဟုတ်ဘဲနဲ့ပေါ့။လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ကိုယ်လိုချင်တာရဖို့ လုပ်ဖို့ပါဘဲ။

နောက်တစ်ခုက တရုတ်နဲ့ပတ်သက်လာရင် RCEP ကိစ္စ။ဒါလည်းထည့်တွက်ရမှာ။ဒါလည်း အရင်တုန်းကပျက်သွားတဲ့ စီမံချက်ကို ပြန်ပြီးအကောင်အထည်ဖော်တာလေ။အဲဒီ RCEP မှာလည်း အစိုးရက လက်မှတ်ထိုးလိုက်ပြီဆိုတော့ အဲ့ဒီလက်မှတ်ထိုးတဲ့အပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ရမှာဘဲ။ဒါက အမြန်ဆုံးလုပ်ရမယ့်ကိစ္စဘဲ။

Opinion Leaders ။     ။ ယခု တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မှာ ဒီဘက်က ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်မယ်လို့လည်း ဒီဘက်ယူဆထားတယ်။နိုင်ငံတကာမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ယခုပတ်သွားနေတဲ့ခရီးစဉ်ကို အရင်က ပင်ပေါင် ဒီပလိုမေစီလိုဘဲ ကိုဗစ်ခရီးစဉ်လို့ပြောကြတာရှိတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ကာကွယ်ဆေးရဖို့အတွက်မှာ တရုတ်နိုင်ငံက ဘယ်အခန်းကဏ္ဍထိရှိလာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ နောက်ဆုံးသတင်းအရတော့ အိန္ဒိယကနေဝယ်မယ်။ vaccine တွေကတော့ အရေးကြီးဆုံးက အမြန်ဆုံးရထားဖို့ဘဲ။အနောက်နိုင်ငံတွေက အခုမှာ vaccine တွေကို ရှိသမျှထုတ်တာတွေအားလုံး သူတို့က သိုလှောင်ထားတဲ့အခြေအနေရှိတာကို။အခု TV မှာ ခဏခဏတွေ့တာတော့ တရုတ်နိုင်ငံ ဘေကျင်းမှာ မြန်မာသံရုံးက တရုတ်နိုင်ငံနဲ့ ကာကွယ်ဆေးရဖို့ ဆွေးနွေးနေတယ်။အဲဒီတော့ မြန်မာနှစ်သစ်ကူးမှာရတော့မယ် ဘာညာပြောနေတယ်။တစ်ဘက်ကလည်း အိန္ဒိယဆီကဝယ်မယ် ဘာညာပြောနေတယ်။ဒါကတော့ ထွက်တဲ့ ကာကွယ်ဆေးထဲမှာ အိန္ဒိယ၊ တရုတ်၊ အိန္ဒိယကလည်း သူတို့ဆီက ဖိုင်ဇာကိုဘဲသုံးမလားမသိဘူး
။တရုတ်ကတော့ သူပုံစံနဲ့သူပေါ့လေ။တရုတ်က စီးပွားရေးတင်မကဘူး။နိုင်ငံရေးတင်မကဘူး။ကျန်းမာရေးမှာလည်း သူပါမှာပဲလေ။ကိုယ်နဲ့ အိမ်နီးနားချင်းဖြစ်တော့ ပို့ရသယ်ရတာ သိပ်မခဲယဉ်းဘူးပေါ့။လမ်းပန်းဆက်သွယ်ရေးကောင်းလာရင်။အဓိက ကတော့ infrastructure ကို တက်အောင်လုပ်မှ ရမယ်ထင်တယ်။တရုတ်အားနဲ့။ TV မှာကြည့်ရင် တရုတ်ပြည်ရဲ့ အခြေအနေကို သုံးသပ်မယ်ဆိုရင် infrastructure က တအားကိုပြောင်းသွားတာ။သူတို့လမ်းတွေ၊ ရထားတွေ ပုံစံကိုပြောင်းသွားတာ။အဲ့ဒါကို နမူနာယူဖို့လိုတယ်လေ။

တစ်ခုဘဲရှိတာက ဆရာတို့မှာက အမြဲတမ်း တရုတ်နဲ့ပတ်သက်လာရင် ထမင်းလုံးတစ္ဆေကြောက်တဲ့ဟာကလည်း ရှိခဲ့တာကိုး။အဲဒါတွေကိုကျော်လွှားမှရမယ်။ NLD 2.0 က  ဒါတွေကိုစဉ်းစားပြီးသားဖြစ်မှာပါဘဲ။သူတို့အနေနဲ့ အကောင်းဆုံး ကိုယ့်နိုင်ငံအတွက် အကျိုးရှိအောင် ကိုင်တွယ်ရမှာ ထင်တာပါဘဲ။

Opinion Leaders ။     ။ အစိုးရထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ ၆ ခု လက်မှတ်ရေးထိုးခဲ့တယ် ဆိုပါတယ်။အဲဒီထဲမှာ စီးပွားရေးနဲ့ နည်းပညာ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး စတဲ့ ၅ နှစ် စီမံကိန်းစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့တာ တွေ့ရပါတယ်။လက်ရှိမှာ မြန်မာနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်မှာ ပိုင်နက်ကိစ္စလိုပြဿနာတွေ၊ ရွှေကုက္ကိုလ်လိုကိစ္စတွေ၊ နယ်စပ်ကုန်သွယ်ရေးပြဿနာတွေရှိနေတဲ့အတွက် လက်တွေ့မှာ ဒီတွေ့ဆုံမှုကနေ အဖြေတစ်ခုရမယ်လို့ မျှော်လင့်နိုင်ပါသလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဓိက ကတော့ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို အထူးသဖြင့် မူဆယ်ပေါ့။တရုတ်ဘက်ကလည်း တောင်းဆိုနေတာလေ။ကြာပြီ။အဲ့ဒီဘက်ကိုရောက်တုန်း ယူနန်မှာတွေ့တုန်း ဒါကိုဘဲ သူတို့ကတောင်းဆိုတာ။ဒါကိုလိုချင်တယ်။ဒါကိုချောမွေ့စေချင်တယ်။ကိုယ့်ဘက်ကလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့ဟာတွေရှိတယ်။ဆရာထင်တယ်။အစိုးရသစ်ကတော့ ရဲရဲဝံ့ဝံ့လုပ်နိုင်လိမ့်မယ်လို့ အောက်မေ့တယ်။လုပ်နိုင်ဖို့လည်း လိုလိမ့်မယ်ထင်တယ်။

ဥပမာ - လေယာဉ်ကွင်းဆိုပါတော့။လေယာဉ်ကွင်းကကြာပြီ။မူဆယ်ဘက်မှာ။ပုံစံအမျိုးမျိုးနဲ့ပြောနေတာ။တရုတ်ကို လေယာဉ်ကွင်းဆောက်ခိုင်းရင် ဘာမှခက်တာမှမဟုတ်တာ။သူတို့လုပ်နိုင်တယ်။သူတို့ ဟိုဘက်က ကြယ်ခေါင်တို့ ဘာတို့ဘက်မှ ဒီလောက်တိုးတက်နေတာ။နောက် ပတ်စ်ပို့စ်ကိစ္စ။နိုင်ငံကူးလက်မှတ်ကိစ္စက သူတို့ဘက်က One Day ပတ်စ်ပို့စ် ပေးနေတာ။ဒီထက်ပိုပြီး ချောချောမွေ့မွေ့လုပ်နိုင်အောင် ဆောင်ရွက်ဖို့လိုလိမ့်မယ်။အဲဒါဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေး တက်သွားလိမ့်မယ်။နယ်စပ်ကုန်သွယ်ရေး တက်သွားလို့ရှိရင် လားရှိုး-မန္တလေး၊ အဲဒီအပေါ်ပိုင်း။တစ်ခုတော့ရှိတာ တချို့တွေက နိုင်ငံရေးအရကန့်ကွက်တဲ့သူရှိတာလေ။ဒါတွေဟာ တရုတ်ကို သိပ်ပြီးမျက်နှာလိုက်တယ် တရုတ်နဲ့ပတ်သက်လို့ ဘာညာဆိုတဲ့ဟာမျိုးလည်း တစ်ဖက်က ရှိကောင်းရှိမယ်။အစိုးရကတော့ ရဲရဲဝံ့ဝံ့ဘဲ သတ္တိရှိရှိဘဲ လုပ်မှဘဲရမယ်။သူတို့မှာ mandate ရှိတာပဲ။

ရွေးကောက်ပွဲရလဒ်မှာရလာတဲ့ ရလဒ်က သူတို့အတွက် အဖြေဘဲလေ။ပြည်သူကယုံတယ်။တိုင်းရင်းသားတွေကလည်း သိပ်မပြောနိုင်တော့ဘူး။အရင်တုန်းကလို တိုင်းရင်းသားတွေက သူတို့မျှော်လင့်ချက်က ရွေးကောက်ပွဲကာလမှာ NLD ဒီလောက်ထိ အခြေအနေမကောင်းဘူး။သူတို့ရလိမ့်မယ်ဆိုပြီး၊ သူတို့ရခဲ့ရင် သူတို့ရဲ့တောင်းဆိုချက်တွေ၊ ပိုပြီးလုပ်နိုင်မယ်လို့ထင်တာ။သူတို့ထင်သလောက် ဘာမှဖြစ်မလာဘူး။မဖြစ်လာတဲ့အပြင်ကို အားလုံးက NLD လက်ထဲကို ရာနူန်းပြည့်နီးပါးပေးလိုက်တဲ့အခါကျတော့ ကိုယ့်လူတွေလုပ်တတ်ဖို့ဘဲလိုတယ်။လုပ်ရဲဖို့ဘဲလိုတယ်။တရုတ်ကို နမူနာယူရမှာပါဘဲ။တရုတ်ရဲ့အောင်မြင်မှုတိုးတက်မှုကိုကြည့်လိုက်ရင် သင်ခန်းစာတွေ အများကြီးရနိုင်တယ်လေ။အဲဒါဘဲ ဆရာက တိုက်တွန်းချင်တယ်။

Opinion Leaders ။     ။ ဒါဆို အားလုံးကိုပြန်ချုပ်လိုက်ရင် ဒီခရီးစဉ်၊ ဒီသဘောတူညီချက်တွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ကောင်းတဲ့သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အခြေအနေလို့ ယူဆလို့ရလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဓိက ကတော့ ဧပြီလ ၁ ရက်နေ့မှာ ရဲရဲဝံ့ဝံ့နဲ့လုပ်ဖို့ဘဲ။တစ်ခုတော့ရှိတယ်။ဒီလိုလုပ်တဲ့အတွက် တရုတ်ဘက်ပါသွားတယ်တို့ဘာတို့ အဲဒီလိုမျိုးမစဉ်းစားနဲ့တော့လေ။အခုချိန်မှာ သူ့ဘက်ပါတာ ကိုယ့်ဘက်ပါတာထက် ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင်လို့ ရွေးချယ်ရမှာဘဲ။သာမန်ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံဘဲ အားကိုးနေမယ်ဆိုရင် အန္တရာယ်ရှိတယ်။ဒါလည်းနားလည်တာပဲ။လူတိုင်းနားလည်တဲ့ကိစ္စဘဲ။ကိုယ့်အနေနဲ့ ဒါကို သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ရမှာဘဲ။တရုတ်ကို မျက်စိမှိတ်ထားလို့မရဘူး။သူ့ကို သပ်သပ်ကြီး လက်မခံလို့မရဘူး။သူက အချက်အချာကျတဲ့နေရာ ရောက်နေတယ်။ကိုယ့်အနေနဲ့ လုပ်နိုင်တဲ့သူနဲ့ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့လုပ်၊ ယုံကြည်မှုအပြည့်နဲ့လုပ်ရင်တော့ ဖြစ်သွားမယ်ထင်ပါတယ်။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇန်နဝါရီ - ၁၄

( Zawgyi )

မၾကာေသးခင္ ရက္ပိုင္းက ျမန္မာႏိုင္ငံသို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး လာေရာက္ခဲ့ပါတယ္။ကိုဗစ္ကပ္ေဘးကာလအတြင္း က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည့္ NLD ပါတီ အစိုးရအတြက္ ပထမဆုံး ႏိုင္ငံျခားတိုင္းျပည္တစ္ခုက ထိပ္တန္းတာဝန္ရွိသူတစ္ဦး လာေရာက္ျခင္းျဖစ္သလို ျပည္တြင္း၌ ေ႐ြးေကာက္ပြဲရလဒ္ႏွင့္ပတ္သက္ၿပီး ေကာ္မရွင္ကို ကန႔္ကြက္ဆႏၵျပမႈမ်ားရွိေနခ်ိန္မွာ ယခုကဲ့သို႔ လာေရာက္အသိအမွတ္ျပဳခဲ့သည့္အတြက္ တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံအၾကား လာမည့္အစိုးရသစ္လက္ထက္ မည္သို႔အေျခအေနရွိလာမည္ မည္သို႔အခင္းအက်င္းရွိလာမည္က ျပည္သူမ်ားအၾကား စိတ္ဝင္စားစရာျဖစ္လာခဲ့ပါတယ္။
ထိုအေျခအေနကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပး၊ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။

ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးခရီးစဥ္ႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံေရးႏွင့္ စီးပြားေရးရႈေထာင့္မွ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ ယခုရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး လာေရာက္ခဲ့ပါတယ္။ဒီလိုမလာခင္ တစ္ရက္ေလာက္အလိုမွာ ေနျပည္ေတာ္မွာ ေက်ာက္ျဖဴ-မႏၲေလးရထား ျဖစ္ေျမာက္ႏိုင္ေျခအတြက္ ေလ့လာမႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို ေရးထိုးခဲ့တာေတြ႕ရပါတယ္။ဒီလိုအစိုးရသစ္ မစခင္မွာ BRI အရ အေရးပါတဲ့စီမံကိန္းေတြကို တ႐ုတ္ႏိုင္ငံဘက္က အေရးထားၿပီး ျပန္လည္စတင္လာခဲ့တဲ့အတြက္ အစိုးရသစ္လက္ထက္မွာ BRI နဲ႔ ဆက္စပ္တဲ့ စီမံကိန္းအေကာင္အထည္ေဖာ္မႈေတြက ျမန္ဆန္လာႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကိုယ္စိတ္ထဲေတာ့ ဝမ္ယိ ကိုယ္တိုင္ ေရာက္လာခဲ့ရင္ ပထမဆုံးေပါ့။ႏိုင္ငံျခားေခါင္းေဆာင္ေတြထဲမွာ ပထမဆုံးေရာက္လာတာ သူပဲေပါ့။ဆိုေတာ့ NLD အစိုးရသစ္ တက္လာတဲ့အခ်ိန္မွာ သူတို႔ႀကိဳတင္ၿပီးျပင္ဆင္ထားတဲ့ အေနအထားေပါ့။အမွန္ကေတာ့ ဒီစီမံခ်က္ေတြက လုပ္သင့္တဲ့ စီမံခ်က္ေတြဘဲ။
မဟာဗ်ဴဟာက်က်အေနနဲ႔ စီးပြားေရးတြင္မကဘူး ႏိုင္ငံေရးအေနနဲ႔ပါ အေရးပါတဲ့ကိစၥေလ။တ႐ုတ္ပါလာတဲ့အတြက္ ၿငိမ္းခ်မ္းေရးမွာလည္း အေထာက္အကူျဖစ္တယ္။တ႐ုတ္နဲ႔ပတ္သက္လာရင္ အနည္းငယ္ထူးျခားတာ တျခားႏိုင္ငံေတြနဲ႔မတူတာ စီးပြားေရးတစ္ခုတည္းမဟုတ္ဘူး။ႏိုင္ငံေရးက တြဲပါလာတာ။အဲဒီေတာ့ ဝမ္ယိ လာတာ ႀကိဳဆိုရမွာဘဲ။တစ္ခုေတာ့ရွိတာေပါ့။တ႐ုတ္နဲ႔ရင္းႏွီးတယ္ဆိုရင္ ထုံံးစံအတိုင္း ဂ်ပန္တို႔ အေနာက္ႏိုင္ငံတို႔က ဒါနဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြ ျပစ္တင္မႈေတြ မွတ္ခ်က္ေတြေပးၾကမွာေပါ့။ဒါကေတာ့ ထုံးစံပဲ။ကိုယ့္အေနနဲ႔ကေတာ့ ကိုယ့္ႏိုင္ငံအက်ိဳးရွိဖို႔အတြက္ကေတာ့ လိုအပ္ရင္ ဆက္သြယ္ေရးအရဘဲ။တ႐ုတ္နဲ႔ျဖတ္လို႔မွမရတာ။

ဂ်ပန္နဲ႔ ကိုယ့္ႏိုင္ငံနဲ႔က အေဝးႀကီးေလ။တစ္ခုဘဲရွိတယ္။တ႐ုတ္ႀကီးဘဲ အားကိုးလို႔မျဖစ္ဘူး။တျခားႏိုင္ငံေတြနဲ႔လည္း အဆက္အသြယ္ျဖတ္လို႔မရဘူး။ဒါေပမယ့္ အရွိန္ယူရမွာဘဲ။သူတို႔အားကလည္း ကိုဗစ္ၿပီးတဲ့အခါ တ႐ုတ္က သိပ္မက်သြားဘူး။ထင္သေလာက္မက်ဘူး။တျခားႏိုင္ငံေတြ ဥေရာပတို႔ အေမရိကန္ႏိုင္ငံေတြမွာ စီးပြားေရးေတာ္ေတာ္ထိတာ။တ႐ုတ္ကထိေပမယ့္ ခ်က္ျခင္းျပန္ေထာင္ႏိုင္တဲ့ အေျခအေနရွိေတာ့ တ႐ုတ္နဲ႔ အခုလို ဆက္ဆံေရးေျပလည္ေအာင္လုပ္တာ သဘာ၀က်ပါတယ္။ကိုယ့္အေနနဲ႔ ဘာမွေျပာစရာမရွိဘဲ တိုက္တြန္းဖို႔ဘဲရွိတယ္။ဒါကိုလည္းႀကိဳဆိုရမွာဘဲ။အေရးႀကီးတာက အစိုးရသစ္တက္လာတဲ့အခ်ိန္ ဧၿပီလ ၁ ရက္ေန႔မွာ အရွိန္အဟုန္နဲ႔ ျမန္ျမန္ေ႐ြ႕ဖို႔ဘဲလိုတာ။ေႏွးလို႔မရဘူး။ ၅ ႏွစ္က ၿပီးသြားၿပီေလ။ဒုတိယသက္တမ္းမွာ သူတို႔လုပ္ဖို႔၊ အၿမဲတမ္းေျပာတယ္ NLD 2.0 ။ 1.0 မဟုတ္ေတာ့ဘူး။ 2.0 မွာ တစ္ကယ့္ကိုအရွိန္နဲ႔ သူတို႔ေဆာင္႐ြက္ဖို႔လိုလိမ္မယ့္။လုပ္လိမ့္မယ္လည္းထင္တယ္။လုပ္တာကိုလည္း ႀကိဳဆိုရမွာပဲ။

Opinion Leaders ။     ။ တ႐ုတ္-ျမန္မာ ဆက္ဆံေရးနဲ႔ ကုန္သြယ္ေရးမွာ တ႐ုတ္ဘက္ကလႊမ္းမိုးမႈရွိတယ္လို႔ အမ်ားအားျဖင့္ ယူဆထားေလ့ရွိပါတယ္။ဒီလို တ႐ုတ္နဲ႔ ျမန္မာၾကား ကူမင္း-မူဆယ္၊ မူဆယ္-မႏၲေလးလို တိုးလွ်ိဳးေပါက္ မီးရထားလမ္းေတြျဖစ္လာခဲ့လို႔ ျမန္မာစီးပြားေရး၊ တိုင္းရင္းသားအေရးနဲ႔ ႏိုင္ငံေရး၊ လုံၿခဳံေရးအပိုင္းေတြမွာ တ႐ုတ္ႏိုင္ငံရဲ႕လႊမ္းမိုးမႈက ျဖစ္လာႏိုင္သလား၊ တျခားေသာ တ႐ုတ္နဲ႔နီးစပ္တဲ့ ႏိုင္ငံေတြမွာေကာ ဒီလိုျဖစ္ေလ့ျဖစ္ထရွိခဲ့လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလို ဥပမာ - လာအိုမွာရွိခဲ့တယ္။တ႐ုတ္က အႀကီးအက်ယ္လုပ္တာပဲ။တ႐ုတ္ရဲ႕အကူအညီနဲ႔ လာအိုက ဘယ္ေလာက္ထိျဖစ္သြားလဲဆို ဆရာတို႔ဆီမွာ ျမစ္ဆုံကိစၥ ျပႆနာျဖစ္တဲ့အခါ သူတို႔မွာ Dam ေတြ ေဆာက္တာ။လာအိုက ဘယ္အထိေတာင္ ေဆာက္ႏိုင္သလဲဆိုရင္ သူတို႔ေဆာက္လိုက္တဲ့ လွ်ပ္စစ္ဓာတ္အားက Export ေတာင္ လုပ္လို႔ရတယ္။ကေမာၻဒီးယားလဲ ဒီအတိုင္းဘဲ။ဗီယက္နမ္လဲ တ႐ုတ္နဲ႔ တစ္ခ်ိန္တုန္းက အခင္းျဖစ္ခဲ့ေပမယ့္‌ တ႐ုတ္အားနဲ႔ တအားတိုးတက္တာရွိတယ္။တစ္ခုဘဲရွိတာက သူတို႔နဲ႔ တိုက္႐ိုက္သြားမတူတာ၊ ယွဥ္လို႔မရတာက လာအိုမွာရွိတဲ့ အတိုက္အခံတို႔ ဘာတို႔ေတြက ဆရာတို႔ႏိုင္ငံမွာရွိတဲ့ အတိုက္အခံေတြနဲ႔ ပုံစံျခင္းမတူဘူး။သူတို႔နဲ႔သြားၿပီး တန္းညႇိလို႔မရဘူး။လာအိုတို႔ ဗီယက္နမ္တို႔ ကေမာၻဒီးယားတို႔မွာ သူတို႔ရဲ႕ ျပည္တြင္းပဋိကၡေတြက သူတို႔အခ်င္းခ်င္းရွိေပမယ့္ တ႐ုတ္ကိုအားကိုးမႈမရွိခဲ့ဘူး။

ဆရာတို႔ ႏိုင္ငံသမိုင္းကိုျပန္ၾကည့္ရင္ ျမန္မာျပည္ ကြန္ျမဴနစ္ပါတီကို အစကတည္းက တ႐ုတ္ကိုအားကိုးၿပီးျဖစ္တာကိုး။ပဲခူး႐ိုးမၿပီးသြားတဲ့အခ်ိန္မွာ။တ႐ုတ္အားကိုးၿပီး လႊတ္လိုက္တဲ့အေျခအေနက အခုထိ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ကြန္ျမဳနစ္ပါတီမရွိရင္ဘဲ ကခ်င္တို႔ ရွမ္းတို႔ အားလုံးေပါ့ ပုံစံတစ္မ်ိဳးမ်ိဳးနဲ႔ အကူအညီေပးေနတယ္။ေအေအထိေတာင္ ေပးေနတယ္ ေျပာေနတာကို။အဲ့ဒီဟာေတြက သူမ်ားႏိုင္ငံနဲ႔မတူတဲ့ အေျခအေနတစ္ရပ္ရွိေနတယ္။တျခားႏိုင္ငံမွာ ဒီေလာက္ထိ ႏိုင္ငံေရးမပါဘူး။ဆရာတို႔မွာ ဒီလိုအေျခအေနေၾကာင့္ သူတို႔နဲ႔ထိေတြ႕တဲ့အခါမွာ ႏိုင္ငံေရး၊ စီးပြားေရးက အၿမဲတမ္းခ်ိန္ဆေနရတယ္။ဗီယက္နမ္တို႔ လာအိုတို႔ ကေမာၻဒီးယားတို႔က ႏိုင္ငံေရးၾကည့္စရာမလိုဘူး။စီးပြားေရးတစ္ခုတည္း အာ႐ုံစိုက္လို႔ရတယ္။ကိုယ့္မွာ အဲဒီလိုမရတာ ျပႆနာရွိတယ္။အဲဒါအၿမဲတမ္းခ်ိန္ေနရတဲ့ကိစၥ။ကိုယ့္ႏိုင္ငံအတြက္ စိန္ေခၚမႈတစ္ရပ္ေပါ့။

ဒါေပမယ့္ အခုထိေတာ့ န၀တ လက္ထက္တုန္းကလည္း ပုံစံအမ်ိဳးမ်ိဳးနဲ႔ ခ်ိန္ဆခဲ့တာပဲ။ဦးသိန္းစိန္အစိုးရကလည္း ဆက္ၿပီးေတာ့ ဒီလိုဘဲ။ NLD 1.0 ကလည္း ဒီလိုဘဲေဆာင္႐ြက္ခဲ့တာပဲ။ဒါေပမယ့္ သူတို႔ကေတာ့ ျမန္တယ္။သြက္တယ္။ေ႐ြးေကာက္ပြဲအၿပီးမွာ ကိုဗစ္ကာလမွာ ႏိုင္ငံျခားေခါင္းေဆာင္ေတြထဲမွာ တ႐ုတ္ဘဲဝင္လာတာေလ။
အခုခ်ိန္မွာ အေနာက္ႏိုင္ငံေတြ လုံး၀အာ႐ုံမစိုက္ဘူးေလ။ကိုယ့္ႏိုင္ငံကို ဂ႐ုကိုမစိုက္ေတာ့တာ။အေမရိကန္ကလည္း သူ႔ဟာသူျပႆနာရွိေနတယ္။ဥေရာပကလည္း ကန႔္ကြက္တာပဲရွိမယ္။သူတို႔ကိုယ္တိုင္ဝင္ၿပီး ထဲထဲဝင္ဝင္ ရင္းႏွီးျမဳပ္ႏွံမယ္ ျမန္မာျပည္ရဲ႕ စီးပြားေရးတိုးတက္မႈကို အာ႐ုံစိုက္မယ္ဆိုတာ သူ႔ဟာသူေတာင္ မ်က္ျဖဴစိုက္ေနတာေလ။

အဲဒီေတာ့ ျပန္ၾကည့္လိုက္ရင္ တ႐ုတ္ကို နည္းနည္းေလးယွဥ္တယ္လို႔ ေျပာလို႔ရတဲ့ဟာတစ္ခုေတာ့ ဂ်ပန္ဘဲရွိတာ။ဂ်ပန္ကလည္း အဲဒီဟာကို မ်က္ေျခမျပတ္ၾကည့္ေနတာ။ေက်ာက္ျဖဴမီးရထားလမ္း ဘာညာဆိုတာ သူတို႔အတြက္ အခက္ခဲႀကီးတစ္ရပ္ေလ။ဒါေၾကာင့္လည္း ထားဝယ္ေရနက္ဆိပ္ကမ္းကို သူတို႔လုပ္ပါမယ္တို႔ သီလဝါကိစၥလုပ္ပါမယ္တို႔ သူတို႔လည္း Counter ေတာ့ လုပ္ေနတာပဲ။ဒါေပမယ့္ အေရးရယ္အေၾကာင္းရယ္ၾကရင္ ကိုယ့္လူေတြက ပါးနပ္ဖို႔ဘဲလိုပါတယ္။တစ္ဖက္သတ္ခ်ည္း မဟုတ္ဘဲနဲ႔ေပါ့။လိမ္လိမ္မာမာ ပါးပါးနပ္နပ္နဲ႔ ကိုယ္လိုခ်င္တာရဖို႔ လုပ္ဖို႔ပါဘဲ။

ေနာက္တစ္ခုက တ႐ုတ္နဲ႔ပတ္သက္လာရင္ RCEP ကိစၥ။ဒါလည္းထည့္တြက္ရမွာ။ဒါလည္း အရင္တုန္းကပ်က္သြားတဲ့ စီမံခ်က္ကို ျပန္ၿပီးအေကာင္အထည္ေဖာ္တာေလ။အဲဒီ RCEP မွာလည္း အစိုးရက လက္မွတ္ထိုးလိုက္ၿပီဆိုေတာ့ အဲ့ဒီလက္မွတ္ထိုးတဲ့အေပၚမွာ အေျခခံၿပီးေတာ့ ေဆာင္႐ြက္ရမွာဘဲ။ဒါက အျမန္ဆုံးလုပ္ရမယ့္ကိစၥဘဲ။

Opinion Leaders ။     ။ ယခု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးခရီးစဥ္မွာ ဒီဘက္က ကိုဗစ္ကာကြယ္ေဆးနဲ႔ပတ္သက္မယ္လို႔လည္း ဒီဘက္ယူဆထားတယ္။ႏိုင္ငံတကာမွာလည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ယခုပတ္သြားေနတဲ့ခရီးစဥ္ကို အရင္က ပင္ေပါင္ ဒီပလိုေမစီလိုဘဲ ကိုဗစ္ခရီးစဥ္လို႔ေျပာၾကတာရွိတဲ့အတြက္ ျမန္မာႏိုင္ငံအေနနဲ႔ ကိုဗစ္ကာကြယ္ေဆးရဖို႔အတြက္မွာ တ႐ုတ္ႏိုင္ငံက ဘယ္အခန္းက႑ထိရွိလာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ေနာက္ဆုံးသတင္းအရေတာ့ အိႏၵိယကေနဝယ္မယ္။ vaccine ေတြကေတာ့ အေရးႀကီးဆုံးက အျမန္ဆုံးရထားဖို႔ဘဲ။အေနာက္ႏိုင္ငံေတြက အခုမွာ vaccine ေတြကို ရွိသမွ်ထုတ္တာေတြအားလုံး သူတို႔က သိုေလွာင္ထားတဲ့အေျခအေနရွိတာကို။အခု TV မွာ ခဏခဏေတြ႕တာေတာ့ တ႐ုတ္ႏိုင္ငံ ေဘက်င္းမွာ ျမန္မာသံ႐ုံးက တ႐ုတ္ႏိုင္ငံနဲ႔ ကာကြယ္ေဆးရဖို႔ ေဆြးေႏြးေနတယ္။အဲဒီေတာ့ ျမန္မာႏွစ္သစ္ကူးမွာရေတာ့မယ္ ဘာညာေျပာေနတယ္။တစ္ဘက္ကလည္း အိႏၵိယဆီကဝယ္မယ္ ဘာညာေျပာေနတယ္။ဒါကေတာ့ ထြက္တဲ့ ကာကြယ္ေဆးထဲမွာ အိႏၵိယ၊ တ႐ုတ္၊ အိႏၵိယကလည္း သူတို႔ဆီက ဖိုင္ဇာကိုဘဲသုံးမလားမသိဘူး
။တ႐ုတ္ကေတာ့ သူပုံစံနဲ႔သူေပါ့ေလ။တ႐ုတ္က စီးပြားေရးတင္မကဘူး။ႏိုင္ငံေရးတင္မကဘူး။က်န္းမာေရးမွာလည္း သူပါမွာပဲေလ။ကိုယ္နဲ႔ အိမ္နီးနားခ်င္းျဖစ္ေတာ့ ပို႔ရသယ္ရတာ သိပ္မခဲယဥ္းဘူးေပါ့။လမ္းပန္းဆက္သြယ္ေရးေကာင္းလာရင္။အဓိက ကေတာ့ infrastructure ကို တက္ေအာင္လုပ္မွ ရမယ္ထင္တယ္။တ႐ုတ္အားနဲ႔။ TV မွာၾကည့္ရင္ တ႐ုတ္ျပည္ရဲ႕ အေျခအေနကို သုံးသပ္မယ္ဆိုရင္ infrastructure က တအားကိုေျပာင္းသြားတာ။သူတို႔လမ္းေတြ၊ ရထားေတြ ပုံစံကိုေျပာင္းသြားတာ။အဲ့ဒါကို နမူနာယူဖို႔လိုတယ္ေလ။

တစ္ခုဘဲရွိတာက ဆရာတို႔မွာက အၿမဲတမ္း တ႐ုတ္နဲ႔ပတ္သက္လာရင္ ထမင္းလုံးတေစၦေၾကာက္တဲ့ဟာကလည္း ရွိခဲ့တာကိုး။အဲဒါေတြကိုေက်ာ္လႊားမွရမယ္။ NLD 2.0 က  ဒါေတြကိုစဥ္းစားၿပီးသားျဖစ္မွာပါဘဲ။သူတို႔အေနနဲ႔ အေကာင္းဆုံး ကိုယ့္ႏိုင္ငံအတြက္ အက်ိဳးရွိေအာင္ ကိုင္တြယ္ရမွာ ထင္တာပါဘဲ။

Opinion Leaders ။     ။ အစိုးရထုတ္ျပန္ခ်က္မွာေတာ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ခရီးစဥ္အတြင္း နားလည္မႈစာခြၽန္လႊာ ၆ ခု လက္မွတ္ေရးထိုးခဲ့တယ္ ဆိုပါတယ္။အဲဒီထဲမွာ စီးပြားေရးနဲ႔ နည္းပညာ၊ စီးပြားေရးနဲ႔ ကုန္သြယ္ေရး စတဲ့ ၅ ႏွစ္ စီမံကိန္းစာခ်ဳပ္ေတြ လက္မွတ္ေရးထိုးခဲ့တာ ေတြ႕ရပါတယ္။လက္ရွိမွာ ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံအၾကား နယ္စပ္မွာ ပိုင္နက္ကိစၥလိုျပႆနာေတြ၊ ေ႐ႊကုကၠိဳလ္လိုကိစၥေတြ၊ နယ္စပ္ကုန္သြယ္ေရးျပႆနာေတြရွိေနတဲ့အတြက္ လက္ေတြ႕မွာ ဒီေတြ႕ဆုံမႈကေန အေျဖတစ္ခုရမယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါသလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဓိက ကေတာ့ တ႐ုတ္နဲ႔ နယ္စပ္ကုန္သြယ္ေရးကို အထူးသျဖင့္ မူဆယ္ေပါ့။တ႐ုတ္ဘက္ကလည္း ေတာင္းဆိုေနတာေလ။ၾကာၿပီ။အဲ့ဒီဘက္ကိုေရာက္တုန္း ယူနန္မွာေတြ႕တုန္း ဒါကိုဘဲ သူတို႔ကေတာင္းဆိုတာ။ဒါကိုလိုခ်င္တယ္။ဒါကိုေခ်ာေမြ႕ေစခ်င္တယ္။ကိုယ့္ဘက္ကလည္း ပုံစံအမ်ိဳးမ်ိဳးနဲ႔ လုပ္ခ်င္ေပမယ့္ မလုပ္ႏိုင္တဲ့ဟာေတြရွိတယ္။ဆရာထင္တယ္။အစိုးရသစ္ကေတာ့ ရဲရဲဝံ့ဝံ့လုပ္ႏိုင္လိမ့္မယ္လို႔ ေအာက္ေမ့တယ္။လုပ္ႏိုင္ဖို႔လည္း လိုလိမ့္မယ္ထင္တယ္။

ဥပမာ - ေလယာဥ္ကြင္းဆိုပါေတာ့။ေလယာဥ္ကြင္းကၾကာၿပီ။မူဆယ္ဘက္မွာ။ပုံစံအမ်ိဳးမ်ိဳးနဲ႔ေျပာေနတာ။တ႐ုတ္ကို ေလယာဥ္ကြင္းေဆာက္ခိုင္းရင္ ဘာမွခက္တာမွမဟုတ္တာ။သူတို႔လုပ္ႏိုင္တယ္။သူတို႔ ဟိုဘက္က ၾကယ္ေခါင္တို႔ ဘာတို႔ဘက္မွ ဒီေလာက္တိုးတက္ေနတာ။ေနာက္ ပတ္စ္ပို႔စ္ကိစၥ။ႏိုင္ငံကူးလက္မွတ္ကိစၥက သူတို႔ဘက္က One Day ပတ္စ္ပို႔စ္ ေပးေနတာ။ဒီထက္ပိုၿပီး ေခ်ာေခ်ာေမြ႕ေမြ႕လုပ္ႏိုင္ေအာင္ ေဆာင္႐ြက္ဖို႔လိုလိမ့္မယ္။အဲဒါဆိုရင္ေတာ့ နယ္စပ္ကုန္သြယ္ေရး တက္သြားလိမ့္မယ္။နယ္စပ္ကုန္သြယ္ေရး တက္သြားလို႔ရွိရင္ လားရႈိး-မႏၲေလး၊ အဲဒီအေပၚပိုင္း။တစ္ခုေတာ့ရွိတာ တခ်ိဳ႕ေတြက ႏိုင္ငံေရးအရကန႔္ကြက္တဲ့သူရွိတာေလ။ဒါေတြဟာ တ႐ုတ္ကို သိပ္ၿပီးမ်က္ႏွာလိုက္တယ္ တ႐ုတ္နဲ႔ပတ္သက္လို႔ ဘာညာဆိုတဲ့ဟာမ်ိဳးလည္း တစ္ဖက္က ရွိေကာင္းရွိမယ္။အစိုးရကေတာ့ ရဲရဲဝံ့ဝံ့ဘဲ သတၱိရွိရွိဘဲ လုပ္မွဘဲရမယ္။သူတို႔မွာ mandate ရွိတာပဲ။

ေ႐ြးေကာက္ပြဲရလဒ္မွာရလာတဲ့ ရလဒ္က သူတို႔အတြက္ အေျဖဘဲေလ။ျပည္သူကယုံတယ္။တိုင္းရင္းသားေတြကလည္း သိပ္မေျပာႏိုင္ေတာ့ဘူး။အရင္တုန္းကလို တိုင္းရင္းသားေတြက သူတို႔ေမွ်ာ္လင့္ခ်က္က ေ႐ြးေကာက္ပြဲကာလမွာ NLD ဒီေလာက္ထိ အေျခအေနမေကာင္းဘူး။သူတို႔ရလိမ့္မယ္ဆိုၿပီး၊ သူတို႔ရခဲ့ရင္ သူတို႔ရဲ႕ေတာင္းဆိုခ်က္ေတြ၊ ပိုၿပီးလုပ္ႏိုင္မယ္လို႔ထင္တာ။သူတို႔ထင္သေလာက္ ဘာမွျဖစ္မလာဘူး။မျဖစ္လာတဲ့အျပင္ကို အားလုံးက NLD လက္ထဲကို ရာႏူန္းျပည့္နီးပါးေပးလိုက္တဲ့အခါက်ေတာ့ ကိုယ့္လူေတြလုပ္တတ္ဖို႔ဘဲလိုတယ္။လုပ္ရဲဖို႔ဘဲလိုတယ္။တ႐ုတ္ကို နမူနာယူရမွာပါဘဲ။တ႐ုတ္ရဲ႕ေအာင္ျမင္မႈတိုးတက္မႈကိုၾကည့္လိုက္ရင္ သင္ခန္းစာေတြ အမ်ားႀကီးရႏိုင္တယ္ေလ။အဲဒါဘဲ ဆရာက တိုက္တြန္းခ်င္တယ္။

Opinion Leaders ။     ။ ဒါဆို အားလုံးကိုျပန္ခ်ဳပ္လိုက္ရင္ ဒီခရီးစဥ္၊ ဒီသေဘာတူညီခ်က္ေတြက ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးမွာ ေကာင္းတဲ့သက္ေရာက္မႈရွိႏိုင္တယ္ဆိုတဲ့ အေျခအေနလို႔ ယူဆလို႔ရလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဓိက ကေတာ့ ဧၿပီလ ၁ ရက္ေန႔မွာ ရဲရဲဝံ့ဝံ့နဲ႔လုပ္ဖို႔ဘဲ။တစ္ခုေတာ့ရွိတယ္။ဒီလိုလုပ္တဲ့အတြက္ တ႐ုတ္ဘက္ပါသြားတယ္တို႔ဘာတို႔ အဲဒီလိုမ်ိဳးမစဥ္းစားနဲ႔ေတာ့ေလ။အခုခ်ိန္မွာ သူ႔ဘက္ပါတာ ကိုယ့္ဘက္ပါတာထက္ ကိုယ့္ႏိုင္ငံအတြက္ အေကာင္းဆုံးျဖစ္ေအာင္လို႔ ေ႐ြးခ်ယ္ရမွာဘဲ။သာမန္ဆိုရင္ေတာ့ ႏိုင္ငံတစ္ႏိုင္ငံဘဲ အားကိုးေနမယ္ဆိုရင္ အႏၲရာယ္ရွိတယ္။ဒါလည္းနားလည္တာပဲ။လူတိုင္းနားလည္တဲ့ကိစၥဘဲ။ကိုယ့္အေနနဲ႔ ဒါကို သိမ္သိမ္ေမြ႕ေမြ႕ ကိုင္တြယ္ရမွာဘဲ။တ႐ုတ္ကို မ်က္စိမွိတ္ထားလို႔မရဘူး။သူ႔ကို သပ္သပ္ႀကီး လက္မခံလို႔မရဘူး။သူက အခ်က္အခ်ာက်တဲ့ေနရာ ေရာက္ေနတယ္။ကိုယ့္အေနနဲ႔ လုပ္ႏိုင္တဲ့သူနဲ႔ သတၱိရွိရွိ ရဲရဲဝံ့ဝံ့လုပ္၊ ယုံၾကည္မႈအျပည့္နဲ႔လုပ္ရင္ေတာ့ ျဖစ္သြားမယ္ထင္ပါတယ္။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇန္နဝါရီ - ၁၄