【 ပညာရှင်များ၏အမြင် 】 “လူငယ်တွေသာလွှတ်ပေး လူငယ်တွေကလုပ်ရဲတယ်”

【 ပညာရှင်များ၏အမြင် 】 “လူငယ်တွေသာလွှတ်ပေး လူငယ်တွေကလုပ်ရဲတယ်”

ကိုဗစ် ၁၉ ဖြစ်ပွားမှု၊ တရုတ်နှင့် အမေရိကန်ကြား နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးတင်းမာမှုများ‌ကြောင့် ယနေ့ကမ္ဘာတစ်ဝန်း အခြေအနေမတည်မငြိမ်ဖြစ်နေသလို အဆိုပါနိုင်ငံများနှင့် ရင်းရင်းနှီးနှီးဆက်နွယ်နေသည့် နိုင်ငံများလည်း တစ်နွယ်ငင်တစ်စင်ပါဆိုသလို မတည်ငြိမ်များဖြစ်နေပါတယ်။လက်ရှိ မြန်မာနိုင်ငံတွင် တကျော့ပြန်ဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါကြောင့် စီးပွားရေးအရ ပြန်လည်ရုန်းထနေရသည့် မြန်မာ့စီးပွားရေးအတွက် ဆိုးဆိုးဝါးဝါးထိခိုက်နိုင်သည့် အနေအထားများ ဖြစ်နေခဲ့ပါတယ်။ယခုကဲ့သို့အခြေအနေအပေါ် အစိုးရအနေဖြင့် မည်သို့ကိုင်တွယ်သင့်သည်၊ မည်သို့မူဝါဒချမှတ်သင့်သည်၊ မည်သို့ကူညီပံ့ပိုး ဆောင်ရွက်သင့်သည်များကို  နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေး အဖွဲ့ဝင်ဖြစ်သူ ဝါရင့်စီးပွားရေးပညာရှင် ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော မြန်မာ့စီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က မြန်မာနိုင်ငံမှာ COVID ဒုတိယလှိုင်းက ပိုပြီးကျယ်ပြန့်လာတယ်၊ ရန်ကုန်မှာဆိုရင်လည်း ဘယ်ကနေကူးမှန်းမသိဘဲ တွေ့လာတာတွေရှိတယ်၊ လတ်တလောမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးက COVID ကနေ ရုန်းထဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီလိုမျိုး ဒုတိယလှိုင်းဖြစ်လာတဲ့အတွက်ကို ဘာတွေဖြစ်လာနိုင်လဲ ဆရာ၊ ဆိုလိုတဲ့သဘောက လုပ်ငန်းငယ်သေးသေးလေးတွေက ပထမလှိုင်းမှာကတည်းက တော်တော်ပြိုကျသွားပြီ၊ ငွေကြေးတောင့်တဲ့ဟာတွေပဲ နည်းနည်းပဲကျန်ခဲ့တာ အခုလိုမျိုး ဆက်ဖြစ်လို့ရှိရင် ပြိုမလဲသွားအောင် အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့်သလဲ။

ဒေါက်တာအောင်ထွန်းသက် ။     ။ လှိုင်းတွေက First wave, Second wave, Third wave အခုဆိုရင် ကိုယ့်နိုင်ငံခဏထားဦး၊ ပြင်သစ်တို့၊ စပိန်တို့၊ ဂျာမနီတို့မှာတောင် အခြေအနေတွေ ပြန်ပြီးဆိုးလာတယ်၊ ပြီးတော့မှ နောက်တစ်ခု ကိုရီးယားမှာပေါ့လေ၊ ကိုရီးယားမှာလည်း ဒီလိုပဲပြန်ဆိုးလာတယ်၊ သြစတြေးလျတို့၊ နယူးဇီလန်တို့ ပြန်ဆိုးလာတယ်၊ အဲ့ဒီတော့ ဒီရောဂါကြီးကိုထိန်းနိုင်မယ်လို့ ထင်တဲ့အချိန်မှာ ချက်ချင်းလက်ငင်း ရောဂါကြီးကမထိန်းနိုင်ဘူး၊ ပြန်ပေါ်လာတယ်ဆိုတာ အဲ့ဒီတော့ ကိုယ့်နိုင်ငံမှာလည်း ပြန်ပေါ်လာတယ်၊ အရင်တုန်းက တော်တော်လေးပေါ့လေ နှစ်လလောက် နိုင်နိုင်နင်းနင်းရှိပြီလို့ ယူဆတဲ့အချိန်ကနေ အခု ရခိုင်မှာဖြစ်လာတယ်၊ ရခိုင်ကနေတစ်ဆင့် အခု Local Transmission ပေ့ါ၊ အစရှာလို့မရဘဲနဲ့ အပြင်ကလာတာမဟုတ်ဘူး၊ ကိုယ့်အချင်းချင်းကနေဖြစ်တယ်ဆိုတာ သိလာတော့ နံပါတ် ၁ အနေနဲ့ကတော့ ဆရာကတော့ COVID နဲ့ ပတ်သက်လာရင် နှစ်ခုပဲသတိထားစေချင်တယ်၊ life လို့ခေါ်တဲ့ အသက်တွေရယ်၊ livelihood လို့ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းပေါ့၊ အဲ့ဒီတော့ ဒီနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်းစဉ်းစားမှရမယ်၊ လုပ်ငန်းရှင်တွေ စီးပွားရေး ကျတာ၊ မကျတာ ခဏထားဦး၊ လူတွေအသေအပျောက်နော် ရောဂါကူးစက်မှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတာက ဦးစားပေးရမယ့်ကိစ္စပေါ့နော်၊ ဦးစားပေးရမယ့်ကိစ္စဖြစ်တော့ အရင်လိုပဲ ပထမအကြိမ်တုန်းက Lockdown တွေ လုပ်ကြည့်တာပေါ့၊ လုပ်ကြည့်လိုက်တဲ့အချိန်မှာ တော်တော်လေးထိန်းနိုင်တဲ့ အခြေအနေရှိတော့ အဲ့ဒီတော့ ဒီပုံစံနဲ့ပဲပြန်လုပ်ရမယ်ပေါ့၊ တုန့်ပြန်ဖို့ပေါ့၊ ဆရာတို့အနေနဲ့ ပထမအကြိမ်တုန်းက ပထမလှိုင်းတုန်းကရတဲ့ အတွေ့အကြုံတွေကို ဒုတိယလှိုင်းမှာ ဆရာတို့ ဒီထက်ပိုပြီးအောင်မြင်တဲ့၊ ထိရောက်တဲ့ တုန့်ပြန်မှုတွေလိုတယ်လေ၊ အဲ့ဒီတော့ သင်ခန်းစာရပြီ။

ပထမလှိုင်းတုန်းကတော့ လုံးဝမသိခဲ့တာ၊ ဘာလုပ်ရမှန်းမသိဘူး၊ အခုတော့ ဒုတိယလှိုင်းဖြစ်တော့ ပထမလှိုင်းက အတွေ့အကြုံတွေက ကိုယ့်အတွက် သင်ခန်းစာတွေပဲလေ၊ အဲ့ဒီသင်ခန်းစာတွေယူပြီးတော့ အကောင်းဆုံးတုန့်ပြန်ဖို့ပဲလိုတယ်လို့ပဲ ကိုယ်ကတော့အောက်မေ့တယ်၊ အဲ့ဒီတော့ ခုနပြောတဲ့ကိစ္စက ပထမလှိုင်းတုန်းကတောင် တော်တော်ထိတာကို ဟုတ်တယ်မဟုတ်လား၊ စီးပွားရေးလုပ်ငန်းတွေ တော်တော်ထိတယ်ဆိုတော့ အခု ဒုတိယလှိုင်းမှာလည်းထိမှာပဲ၊ ထိတဲ့အခါကျတော့ ခုနလို ဒါပေမဲ့သတိထားဖို့လိုတာက ပထမလှိုင်းတုန်းတည်းကကို ရောဂါကို အန္တရာယ်ကြီးကို စီးပွားရေးလုပ်ငန်းရှင်တွေ တုန့်ပြန်တဲ့ပုံစံ မတူကြဘူးလေ၊ အဲ့ဒီတော့ ဥပမာအားဖြင့် ဆရာတို့ ဘာတွေ့ကြသလဲဆိုလို့ရှိရင် ရိုးရိုးရောင်းလို့မရတဲ့အတွက် အွန်လိုင်းကနေ တက်ရောင်းတယ်။အွန်လိုင်းတွေတက်ရောင်းတော့ တော်တော်အောင်မြင်နေတဲ့ကိစ္စကို အဲ့ဒါကိုသင်ခန်းစာယူဖို့ကောင်းတယ်၊ စီးပွားရေးဆိုတာကတော့  ဒီအတိုင်းကြီးပဲလက်လွှတ်လို့မရဘူး၊ ပုံစံအမျိုးမျိုးနဲ့ ဆရာတို့ ရှင်သန်အောင်တော့ လုပ်ရတော့မယ် အဲ့ဒီတော့ ကိုယ့်မှာ အကောင်းဘက်ကကြည့်ရင်တော့ ပထမလှိုင်းတုန်းကရခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီးတော့ ဒုတိယလှိုင်းမှာ ကိုင်တွယ်နိုင်အောင် ကြိုးစားရမယ်လို့ပဲ ကိုယ်ကတော့ အဲ့ဒီလိုပဲတိုက်တွန်းချင်တာပါ။

Opinion Leaders ။     ။ မကြာခင်က တရုတ် CCCC ကုမ္ပဏီကို အမေရိကန်က Black List ထဲ ထည့်လိုက်တာ တွေ့ရတယ်။ဒီကုမ္ပဏီက ရန်ကုန်မြို့သစ်စီမံကိန်းမှာပါနေတော့ ကုမ္ပဏီဖြစ်နေတော့ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ အခြေအနေက ဘယ်လိုဖြစ်လာနိုင်မလဲ၊ နောက်တစ်ခုက ဒီလိုမျိုး တရုတ်နဲ့ အမေရိကန် ကြား နိုင်ငံရေးထိပ်တိုက်တွေ့မှုတွေဖြစ်တိုင်းဖြစ်တိုင်း တရုတ်အပေါ်မှာ ကုန်သွယ်ရေးကနေ အခြားကိစ္စတွေအထိကို မှီခိုနေရတဲ့ တရုတ်ဘေးပတ်ဝန်းကျင် နိုင်ငံငယ်တွေအနေနဲ့ လာပြီးထိခိုက်တတ်တဲ့ အနေအထားကနေ ကျော်လွန်ဖို့အတွက်ကို ဘယ်လိုပုံစံ ပေါ်လစီပြောင်းသင့်သလဲ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တယ် ပေါ်လစီအနေနဲ့ကတော့ Geo politic ပေါ့လေ၊ ပထဝီနိုင်ငံရေးကိစ္စက ရှိနေတယ်၊ အဲ့ဒီတော့ Geo politic ရှိနေတော့ သူတို့နှစ်ယောက်အားပြိုင်တဲ့အချိန်မှာ ကိုယ်ကလည်း တစ်နည်းတစ်ဖုံထိခိုက်မှာပဲ၊ ဒီထဲမှာပိုဆိုးသွားတာက ကိုယ့်မှာ Black List ဆိုတဲ့ကိစ္စ ဆရာတို့ တစ်ချိန်လုံးလုံး စီးပွားရေးနလန်မထူနိုင်တဲ့ကိစ္စဟာ နဝတခေတ်တုန်းက စီးပွားရေးတော်တော်များများ Black List တွေလုပ်တော့ မလှုပ်ရှားနိုင်ဘူးလေ၊ မလှုပ်ရှားနိုင်တော့ မှောင်ခိုလုပ်ငန်းတွေ တခြားပုံစံနဲ့ အဖြေတွေရှာရတဲ့အခါကျတော့ တိုင်းပြည်စီးပွားရေးဟာ ပုံမှန်အခြေအနေမရှိနိုင်ခဲ့ဘူး၊ ရုန်းကန်ရတဲ့ပုံစံက တစ်မျိုးရုန်းကန်ရတယ်၊ အခုလိုဟာမျိုးလည်း Black List ထဲ မပါဖို့ တစ်ချို့ Black List မရောက်ခင်တောင် Gray List ပေါ့၊ ဟုတ်တယ်နော်၊ Gray List တွေရှိနေတယ်၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ အဲ့ဒီမရောက်ဖို့ ထိန်းဖို့လိုလိမ့်မယ်၊ ကိုယ့်မှာခက်နေတာက ကိုယ်နဲ့ပတ်သက်တဲ့ဟာလည်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ရဲ့စီးပွားရေးလွှမ်းမိုးမှုတွေလည်း ကိုယ်ကရှိနေတာ၊ ရှိနေတဲ့အခါကျတော့ ဒါကိုနည်းနည်းလေးဆင်ခြင်ဖို့လိုလိမ့်မယ်၊ သတိထားဖို့ လိုလိမ့်မယ်၊ ကိုယ်နဲ့လုံးဝမဆိုင်ဘူးဆိုတာမျိုးတော့မရဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ကလည်း ဖိအားပေးတာက တစ်ခါတလေ စကားအကြမ်းပြောရင် “ကုလားမနိုင်၊ ရခိုင်မဲမှာလေ” အဲ့ဒီတော့ တရုတ်ကိုမနိုင်ရင် ဆရာတို့ကိုမဲမှာပေါ့၊ ဒါကသူ့နည်းသူ့ဟန် ဒါပဲလုပ်မှာပဲ၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ အဲ့ဒါကိုတော့ တောင့်ခံနိုင်ဖို့လိုတယ်၊ အဲ့ဒီတော့ ခုနလိုဆက်စပ်တဲ့လုပ်ငန်းတွေအနေနဲ့ကတော့ တကယ့်ကို ကင်းရှင်းမှုရှိဖို့ကတော့လိုလိမ့်မယ်၊ ကိုယ့်ဆီကလည်း ရန်ကုန်မြို့သစ်စီမံကိန်းတွေဘာတွေများတော့ အဲ့ဒီထဲပါတဲ့သူတွေအနေနဲ့ကတော့ ရှောင်ရမှာပေါ့၊ မရှောင်ဘဲနဲ့ မျက်စိမှိတ်ပြီးတိုးနေရင်တော့ ခုနလိုအခက်အခဲတွေအများကြီးရှိမှာပေါ့နော်။

Opinion Leaders ။     ။ မကြာခင်က မူဆယ်မှာဆိုလို့ရှိရင် ဒီရက်ပိုင်းမှာပဲ မြန်မာနိုင်ငံက ကုန်စည်ပို့ဆောင်ရေးတွေ တခြားသောလုပ်ငန်းတွေက သူတို့ဘက်မှာ သွားပြီးအခြေစိုက်နေတာရှိတယ်၊ အဲ့ဒါတွေအကုန်လုံးက တရုတ်မှာ မှတ်ပုံတင်ရမယ်၊ မှတ်ပုံတင်ရင်လည်း တရုတ်တစ်ခြမ်းပါရမယ်၊ မရလို့ရှိရင် ဂိုဒေါင်တွေဆိုရင်လည်းမငှားဘူး၊ အဲ့လိုဖြစ်လာတဲ့အခါကျတော့ မြန်မာဘက်က ကုန်သွယ်ရေးဟာ နဂိုကတည်းကမကောင်းရတဲ့ကြားထဲ ဒီအခြေအနေကြောင့် ပိုဆိုးလာနိုင်တဲ့ အနေအထားရှိတယ်၊ အဲ့ဒီအနေအထားမှာ မြန်မာဘက်က ဘယ်လိုပြင်ဆင်သင့်သလဲ တုန့်ပြန်သင့်သလဲ အစိုးရပိုင်းက ဘယ်လိုကြားဝင်ဆောင်ရွက်ပေးသင့်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အရေးကြီးတာက ဘာလဲဆိုရင် သူတို့ဆီကလုပ်တာတွေအားလုံးကို ကိုယ်ကကြိုတင်လည်းသိနိုင်တာမဟုတ်ဘူး။ဟုတ်တယ်နော်၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ကတော့ ဒီဖြစ်လာတဲ့အနေအထားတစ်ခုကို ကိုယ်ကရှင်သန်အောင် ဆရာတော့အမြဲတမ်းပြောတယ်၊ ကြံ့ခိုင်ဖို့လိုတယ်၊ ပြောင်းလဲလာတဲ့အခြေအနေကို ပြောင်းရမလားလို့ သွားပြောလို့မရဘူး၊ ပြောင်းနေတာကိုး ဟုတ်တယ်နော်၊ ဒို့လူမျိုးကလည်းခက်တယ်၊ ကိုယ်ကဘာလုပ်ရမလဲ စဉ်းစားတာထက် ဒါကြီးကိုမပြောင်းချင်ဘူး သွားပြောနေတာကိုး၊ အဲ့ဒီတော့ မပြောင်းချင်ဘူးလို့ ကိုယ်ကမတတ်နိုင်ဘူးလေ၊ ကိုယ်ပြောင်းတာမှမဟုတ်တာ သူတို့ပြောင်းတာ၊ အဲ့ဒီတော့ သူတို့ပြောင်းတာကို ကိုယ့်အနေနဲ့ ရင်ဆိုင်နိုင်အောင် ကြံ့ခိုင်ရည်ရှိအောင် ဆရာတို့ရိုးရိုးပြောခဲ့တဲ့စကားက သက်လုံကောင်းဖို့လိုတယ်လေ၊ ကိုယ့်လူတွေက သက်လုံကသိပ်မကောင်းဘူး၊ အားတွေက နဂိုကတည်းက ပျော့နေတဲ့လူတွေ၊ လေ့ကျင့်ခန်းကလည်း သိပ်မရှိတော့ သက်လုံကမကောင်းနိုင်ဘူး၊ ကိုယ်ကအဆင်ပြေသလိုနေရတဲ့အခါကျတော့ ဆရာတို့အခက်အခဲတွေအများကြီးရှိတယ်။

အဲ့ဒီတော့ ခုနပြောသလို တရုတ်ကတော့ သူလုပ်မှာပဲ၊ ဒါသူ့နိုင်ငံကိုး၊ သူ့စီးပွားရေးပဲ သူလုပ်မှာကိုး၊ အဲ့ဒီတော့ ကိုယ့်အတွက်ကြည့်ပြီးတော့ မြန်မာတွေအတွက် ငဲ့ကြည့်ပြီးတော့လုပ်မယ်ဆိုတဲ့ စီးပွားရေးမရှိဘူး၊ ဒါကအခြေအနေတစ်ခုပဲ၊ ဟုတ်တယ်နော်၊ အဲ့ဒါကို ညစ်တယ်၊ မညစ်ဘူးလို့ မပြောနဲ့၊ ဒါက ကိုယ့်စီးပွားရေးဆိုတာက ဒီလိုပဲ သာတဲ့လူကတော့ အခြေအနေကောင်းမှာပဲ၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ကတော့ အဲ့ဒါကိုကြံ့ခိုင်နိုင်ဖို့ကိုပဲ စဉ်းစားဖို့တိုက်တွန်းချင်တာပါ။တစ်ခုရှိတာက ဆရာတို့လုပ်ငန်းရှင်တွေချည်းပဲ ခါးစည်းခံတာမဟုတ်ဘဲနဲ့ အစိုးရလည်းဝင်ကူမှရမယ်ကွဲ့၊ အစိုးရက ဒါဒို့နဲ့မဆိုင်ဘူး၊ စီးပွားရေးလုပ်ငန်းရှင်တွေ မင်းတို့ကိစ္စနဲ့မင်းတို့ဆိုပြီး စဉ်းစားတာထက်ကို စီးပွားရေးနဲ့ နိုင်ငံရေးပေါ့လေ၊ ဆရာအမြဲတမ်းပြောတယ် နိုင်ငံရေးဘောဂဗေဒကိစ္စ ဟုတ်တယ်နော်။နိုင်ငံတော်မှာလည်း ဒီစီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ တရုတ်အစိုးရက အဲ့ဒါကောင်းတယ်၊ သူက သူ့ကုမ္ပဏီတွေကို စောင့်ရှောက်တယ်လေ၊ အစကတည်းက ကွန်မြူနစ်စနစ်ဆိုတော့ သူတို့လုပ်ငန်းတွေတော်တော်များများ အစိုးရနဲ့ဆိုင်တဲ့လုပ်ငန်းတွေ၊ သူတို့ဆီက ဝန်ကြီးဌာနတွေပိုင်တဲ့ စက်ရုံတွေ အလုပ်ရုံတွေ လုပ်ငန်းတွေဖြစ်တော့ သူတို့ကတစ်ခါတည်းတွဲထားတာ၊ တွဲထားတာ ဘာလဲဆိုတော့ အုပ်ချုပ်ရေးယန္တရားကနေ စီးပွားရေးယန္တရား ရင်ချင်းကပ်ထားတာ။

ဆရာတို့ဆီမှာလည်း တစ်ခါတလေကျတော့ အစိုးရကလည်း စီးပွားရေးလုပ်ငန်းတွေကို ငါနဲ့မဆိုင်ဘူးလို့ ပြောလာတာတွေရှိတယ်၊ ဒါ သူတို့ပုဂ္ဂလိက သူတို့ဟာသူတို့လုပ်ချင်လို့ ချမ်းသာချင်လို့လုပ်တာ တို့နဲ့ဘာဆိုင်လဲ အဲ့တော့ အဲလိုတွေးတော့ မရဘူးလေ၊ ကိုယ်ကတော့ကာကွယ်ရမှာပဲ အခု ထရမ့်ကိစ္စက အဲ့ဒါပဲပေါ့နော်၊ ထရမ့် က အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေကို သူကကာကွယ်တယ်လေ၊ ကာကွယ်တယ်၊ တရုတ်ကို တစ်ခါတည်း အခု COVID 19 တောင် China Flu လို့ ခေါ်တာပဲ၊ သူကတော့ သူ့ဘက်ကလူကိုတော့ ကောင်းတာ၊ မကောင်းတာ အရေးမကြီးဘူး၊ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးဘူး၊ အမေရိကန်ဘက်က ရပ်တဲ့ဟာမျိုး၊ ဆရာတို့မှာလည်း မားမားမတ်မတ်ပေါ့လေ၊ အဲ့ဒီလိုသတ္တိရှိရှိရပ်တည်ဖို့လိုတယ်၊ အခုပြောတဲ့ မူဆယ်ကိစ္စတွေဘာတွေ ဖြစ်တာတွေအားလုံးဟာလည်း ဟိုဘက်ကလုပ်တဲ့ဟာကို ဒီဘက်ကနေ လုပ်ငန်းရှင်တွေ သွားပြီးတော့တုန့်ပြန်လို့မရဘူးလေ၊ ဒါကတော့ အစိုးရအချင်းချင်းဆရာတို့ခေါ်တဲ့ G to G ပေ့ါ၊ B to B ကတော့ ဘာလုပ်နိုင်မလဲကွဲ့၊ ဒို့က ဘာမှမှမလုပ်နိုင်တာ ဟုတ်တယ်မဟုတ်လား၊ ကုမ္ပဏီဆိုတဲ့အင်အားဆိုလည်း သူတို့ကုမ္ပဏီအားနဲ့ ဒို့အားက တခြားစီလေ၊ အဲ့ဒီတော့ ဆရာတော့ G to G ပါဖို့ လိုလိမ့်မယ်၊ G to G အနေနဲ့ ဝင်ပြီးစွက်ဖက်ဖို့လိုလိမ့်မယ်၊ ဝင်ပြီးကြိုးစားပေးဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်နော်။

Opinion Leaders ။     ။ အွန်လိုင်းရှော့ပင်းအများစုက သူ့ဆီမှာဝင်တဲ့ပစ္စည်းအများစုက စားသောက်ကုန်ကလွဲရင် အကုန်လုံးနီးပါးက တရုတ်ဘက်က ဝင်တဲ့ပစ္စည်းတွေပေါ် မူတည်ပြီးတော့ လည်ပတ်တာများတယ်၊ ဒီလိုမျိုး တရုတ်ဘက်ကနေ လိုင်စင်တွေသတ်မှတ်လိုက်တဲ့အခါကျတော့ မြန်မာပြည်မှာ ဒုတိယလှိုင်းအတွင်းမှာ အများစုကရည်ရွယ်ထားတာက ဆရာခုနပြောသလိုပဲ အွန်လိုင်းရှော့ပင်းနဲ့ လည်ပတ်မယ်ဆိုတော့ လူထုအများစုက ကြိုက်လည်းကြိုက်တယ်၊ စျေးလည်းသက်သာတယ်၊ အဲ့ဒီလို တရုတ်ဘက်ကဝင်လာတဲ့ ပစ္စည်းတွေကို ဒီလိုမျိုးပိတ်လိုက်တဲ့အတွက် ပြည်တွင်းမှာရှိတဲ့ ဒီလိုမျိုးပုံစံတူတဲ့လုပ်ငန်းငယ်လေးတွေ ပိုပြီးတော့အားကောင်းလာနိုင်လား၊ ဒါမှမဟုတ် ပိုအားကောင်းလာအောင် အစိုးရအနေနဲ့ ဘယ်လိုမျိုးကူညီသင့်လဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါနှစ်ပိုင်းပေါ့လေ၊ ဆရာတို့ တရုတ်ပစ္စည်းတွေက အွန်လိုင်းမှာ ကိုယ်လည်းဝယ်နေရတာ၊ မြန်မာပြည်မှာရှိတဲ့သူတွေအားလုံး ဝယ်နေရတာပဲ၊ ကြိုက်၏ မကြိုက်၏ပေါ့ ဘာကြောင့်လဲဆိုတော့ စျေးနှုန်းလည်းသက်သာတယ်၊ အရည်အသွေးလည်း အဲ့ဒီတော့ တစ်ချိန်တုန်းက ခင်ဗျားတို့ငယ်ငယ်တုန်းက ပြောလေ့ရှိတယ်၊ အကုန်ငယ်ငယ်တုန်းကပေါ့၊ ဂျပန်ပစ္စည်းမကောင်းဘူး၊ ဂျပန်ပစ္စည်းမကောင်းဘူး၊ ဟုတ်လား နောက်ဆုံးတော့ ဂျပန်ပစ္စည်းပဲသုံးရတာ။အခုလည်း တရုတ်ပစ္စည်းမကောင်းဘူး၊ တရုတ်ပစ္စည်းမကောင်းဘူး၊ အိမ်တွေအားလုံးမှာရှိနေတာ တရုတ်ပစ္စည်းပဲရှိတာ၊ အွန်လိုင်းကအားလုံးက တရုတ်ပစ္စည်းတွေချည်းပဲ၊ အမေရိကန်ပစ္စည်းမှ ဘယ်သူတင်နိုင်မလဲ မတင်နိုင်ဘူးလေ၊ သူ့အနေနဲ့ စျေးနှုန်းရယ် အရည်အသွေးရယ် ထိုင်းတို့ဘာတို့ ဝင်တယ်ဆိုပေမယ့် တကယ်တမ်းတော့ မယှဉ်နိုင်ဘူးလေ၊ အဲ့ဒီတော့ အဲ့လိုလုပ်လိုက်တဲ့အခါမှာ တစ်ခုတည်းရှိတာက ခုနပြောသလို အွန်လိုင်းမှာ တရုတ်ပစ္စည်းတွေများတဲ့အနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို အားပေးပါ ဘာညာဆိုပေမယ့် အဲ့လိုပြောတာက နိုင်ငံရေးအရ ကြားကောင်းပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်ဘူးလေ။

သူတို့ကစက်ရုံ ထုတ်လုပ်ရှိရင် ပစ္စည်းကသန်းနဲ့ချီပြီထုတ်တာ၊ ဆရာတို့မှာက ထောင်နဲ့ချီထုတ်နိုင်တဲ့စက်ရုံက သန်းနဲ့ချီထုတ်နိုင်ဖို့ကို ကုန်ထုတ်စွမ်းအားအရရော ပြည်တွင်းရေးအရရော စျေးနှုန်းအရရော ဘယ်လိုမှမပြိုင်နိုင်ဘူးလေ၊ မပြိုင်နိုင်တဲ့အခါမှာ ဆရာစိတ်ပူတာက ပြည်တွင်းလုပ်ငန်းရှင်တွေကို အားပေးရမယ်၊ တစ်ချိန်တုန်းကဖြစ်ခဲ့တယ်နော်၊ ပြည်တွင်းပစ္စည်းပဲ ဝယ်ရမယ်လို့ပြောရင် ဘာသွားဖြစ်သွားမလဲဆိုရင် ဝယ်ရတဲ့သူအတွက်က အမျိုးအစားညံ့ပြီးတော့ အမျိုးအစားညံ့တဲ့ပစ္စည်းတွေ စျေးနှုန်းကြီးတဲ့ပစ္စည်းတွေဝယ်ရရင် ဆရာထင်တယ် စားသုံးသူနစ်နာမှာပဲ၊ အဲ့ဒီတော့ တရုတ်ပစ္စည်း ဘာပစ္စည်းလို့ စဉ်းစားတာထက် စားသုံးသူ သက်သောင့်သက်သာနဲ့ ဝယ်ရမယ့်ပစ္စည်းဆိုတာကိုပဲ စဉ်းစားဖို့လိုတယ်၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း အရေးရယ် အကြောင်းရယ်ဆိုရင် အကူအညီတောင်းတာပဲရှိတယ်၊ သူများနဲ့ပြိုင်ဖို့ ဘယ်လိုလုပ်မလဲမစဉ်းစားဘူး၊ ဘာပဲတောင်းလဲဆိုရင် ပိတ်ပါလို့ပဲတောင်းတယ်၊ ပိတ်လိုက်ပြီးရင် ဘာလုပ်မလဲ မင်းတို့ကရော ဘာလုပ်နိုင်မလဲပြောရင် ဘာမှမလုပ်နိုင်ဘူး၊ ဒါတည့်တည့်ပြောရရင်၊ အဲ့တော့ အဲ့လိုဘာမှမလုပ်နိုင်ဘဲနဲ့ ပိတ်ပါပိတ်ပါပြောလို့ အဲ့ဒါကို နိုင်ငံရေးအရ အစိုးရကလည်း နားယောင်ပြီးတော့ ပိတ်လိုက်မယ်ဆိုရင် ဘယ်သူနာလဲဆိုတော့ ပြည်သူနာတာပေါ့။

ဒီနေရာမှာ ဆရာတို့ နိုင်ငံရေးဘောဂဗေဒစိတ်နဲ့ကြည့်လို့ရှိရင် အများအတွက်ကြည့်မလား ဒီအနည်းစု၊ ပြောလို့တော့ကောင်းတယ် ပြည်တွင်းဖြစ်ပစ္စည်းတွေ အားပေးရမယ်လို့ ဘာတို့ညာတို့ စားသုံးသူဘက်ကလည်း ကြည့်ဖို့လိုလိမ့်မယ် ထင်တယ်နော်၊ အခုက တစ်ခါတလေ လုပ်ငန်းရှင်ဘက်ကပဲသွားကြည့်နေပြန်ရင်လည်း အဆင်မပြေသေးဘူး၊ အဲ့လိုပြောတာ ဒီကောင်တွေဖြစ်ချင်ရာဖြစ်လို့လည်းပြောတာ မဟုတ်သေးဘူးလေ၊ ဒါပေမဲ့ ကိုယ့်အနေနဲ့ ဒီလုပ်ငန်းရှင်တွေအနေနဲ့ကတော့ တရုတ်ပစ္စည်းကို မပြိုင်နိုင်ဘူးဆိုရင် ဘာနဲ့ပြိုင်နိုင်မလဲ ကိုယ့်အနေနဲ့။ဟုတ်တယ်မဟုတ်လား စျေးနဲ့ပြိုင်နိုင်မလား အရည်အသွေးနဲ့ပြိုင်နိုင်မလား ဒါတွေစဉ်းစားဖို့လိုတယ်၊ အခုတော့ သူတို့ကဘာလုပ်မလဲဆိုရင် ထစ်ခနဲဆိုရင် နိုင်ငံတော်ကိုသွားပြီး အော်မှာပဲ၊ တောင်းမှာပဲ၊ တောင်းတာ ဘာတောင်းမလဲဆိုရင် မသွင်းပါနဲ့လို့တောင်းမယ်၊ မသွင်းပါနဲ့လို့တောင်းရင် ပစ္စည်းတွေမဝင်လာလို့ရှိရင် စားသုံးသူပဲနစ်နာမှာ။ဒီနေရာမှာ ဆရာတို့အနေနဲ့ ဒါကိုချိန်ဖို့တော့ လိုလိမ့်မယ်ထင်တယ်၊ စားသုံးသူမျက်နှာလည်းကြည့်ရမယ်၊ လုပ်ငန်းရှင်တွေအတွက်လည်း ညှာဖို့လိုတယ်၊ တစ်ချို့နေရာကျတော့ ကူဖို့လိုလိမ့်မယ်လေ။

ပိတ်တာထက်ကို ကိုယ်ကတော့ Free Trade ကို သဘောကျတဲ့လူ ပိတ်လိုက်တဲ့ဟာမျိုးကိုမကြိုက်ဘူး၊ ပိတ်လိုက်လို့ရှိရင် ဆရာတို့ပြောတာနော် သူချည်းနာတာမဟုတ်ဘူး ကိုယ်လည်းနာတာလေ၊ ပိတ်လိုက်တဲ့အတွက် သူကပစ္စည်းမရောင်းရတော့ဘူးဆိုရင် ကိုယ့်အတွက်နစ်နာတယ်၊ ကိုယ်လည်းနာတာပဲ၊ ဘာကြောင့်လဲဆိုတော့ ပစ္စည်းတွေမဝင်လာဘူးဆိုလို့ရှိရင် စျေးနှုန်းသက်သက်သာသာနဲ့ အရည်အသွေးရှိတဲ့ပစ္စည်းတွေမဝင်ရင် နစ်နာတာက နောက်ဆုံးတော့လည်း စားသုံးသူနစ်နာတာ၊ အဲ့ဒီတော့ ဆရာထင်တယ်၊ ချိန်ဖို့တော့လိုလိမ့်မယ်ထင်တယ်၊ အခုကခက်နေတာလေ ကျယ်ကျယ်အော်တဲ့ကောင်က ကလေးနို့စို့ရသလိုပေါ့၊ များများငိုတတ်တဲ့ကောင်က နို့စို့ရတာမျိုးဖြစ်နေတာ၊ အဲ့ဒီတော့ ကိုယ့်နိုင်ငံအတွက်ကိုတော့ ချိန်ပြီးကြည့်ဖို့ လိုလိမ့်မယ်လို့တော့ ကိုယ်ကတော့ထင်တာပါပဲနော်။

Opinion Leaders ။     ။ ဒါဆိုရင် အကုန်လုံးခြုံလိုက်မယ်ဆိုလို့ရှိရင် COVID ဒုတိယလှိုင်းမှာတော့ ဒါကိုသတိနဲ့ယှဉ်ပြီးကိုင်တွယ်ရမယ်၊ နောက်တစ်ခါ၊ အွန်လိုင်းတွေ စီးပွားရေးတွေဆိုလို့ရှိရင်လည်း အခုလိုမျိုးမဟုတ်ဘဲနဲ့ ဖွင့်ပြီးတော့ မျှောကိုင်ရမယ်ဆိုတဲ့ သဘောလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဖွင့်ပြီးတော့ ကိုယ့်လူတွေကလည်း လူငယ်တွေမညံ့ပါဘူးကွဲ့၊ လူကြီးတွေကြောက်လွန်းလို့သာ။လူငယ်တွေသာလွှတ်ပေးရင် လူငယ်တွေကလုပ်ရဲတယ်၊ လူငယ်တွေကို ဥပမာ အွန်လိုင်းလုပ်တဲ့သူတွေကို အကန့်အသတ်တွေမလုပ်နဲ့ အခုလုပ်လာလိမ့်မယ် သူတို့ကလေ အွန်လိုင်းတွေကို အောင်မြင်မယ့်လုပ်ငန်းတွေကို စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေ ထုတ်လိမ့်မယ်၊ နောက်တစ်ခါ ဆရာ့ကိုလာပြောတယ် ဆရာ အွန်လိုင်းအားမပေးပါနဲ့။ဘာကြောင့်လဲ။အခွန်မရဘူးလေ၊ အခွန်မရတော့ဘာဖြစ်လဲ ဟုတ်တယ်မဟုတ်လား၊ အခွန်မရတော့ စီးပွားရေး နိုင်ငံတော်မှာငွေမရှိဘူး၊ ငွေမရှိတော့ ဘာဖြစ်လဲ ပြီးရော။အရေးကြီးတာက လူတွေလက်ထဲမှာ လုပ်ငန်းရှင်တွေရဲ့လက်ထဲမှာ ငွေရှိဖို့လိုတယ်၊ အစိုးရလက်ထဲမှာ ငွေရှိဖို့မလိုဘူးလေ၊ အဲ့ဒီလိုအတွေးတွေက နိုင်ငံရေးဘောဂဗေဒအတွေးတွေမရှိဘူးကွဲ့ ဒို့လူတွေကစဉ်းစားတဲ့ ပုံစံတစ်မျိုးဖြစ်လာတယ်၊ အဲ့လိုစဉ်းစားပေါ့။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
စက်တင်ဘာ - ၃

( Zawgyi )

ကိုဗစ္ ၁၉ ျဖစ္ပြားမႈ၊ တ႐ုတ္ႏွင့္ အေမရိကန္ၾကား ႏိုင္ငံေရး၊ စစ္ေရးႏွင့္ စီးပြားေရးတင္းမာမႈမ်ား‌ေၾကာင့္ ယေန႔ကမာၻတစ္ဝန္း အေျခအေနမတည္မၿငိမ္ျဖစ္ေနသလို အဆိုပါႏိုင္ငံမ်ားႏွင့္ ရင္းရင္းႏွီးႏွီးဆက္ႏြယ္ေနသည့္ ႏိုင္ငံမ်ားလည္း တစ္ႏြယ္ငင္တစ္စင္ပါဆိုသလို မတည္ၿငိမ္မ်ားျဖစ္ေနပါတယ္။လက္ရွိ ျမန္မာႏိုင္ငံတြင္ တေက်ာ့ျပန္ျဖစ္ပြားေနသည့္ ကိုဗစ္ ၁၉ ကူးစက္ကပ္ေရာဂါေၾကာင့္ စီးပြားေရးအရ ျပန္လည္႐ုန္းထေနရသည့္ ျမန္မာ့စီးပြားေရးအတြက္ ဆိုးဆိုးဝါးဝါးထိခိုက္ႏိုင္သည့္ အေနအထားမ်ား ျဖစ္ေနခဲ့ပါတယ္။ယခုကဲ့သို႔အေျခအေနအေပၚ အစိုးရအေနျဖင့္ မည္သို႔ကိုင္တြယ္သင့္သည္၊ မည္သို႔မူဝါဒခ်မွတ္သင့္သည္၊ မည္သို႔ကူညီပံ့ပိုး ေဆာင္႐ြက္သင့္သည္မ်ားကို  ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပး အဖြဲ႕ဝင္ျဖစ္သူ ဝါရင့္စီးပြားေရးပညာရွင္ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ျမန္မာ့စီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က ျမန္မာႏိုင္ငံမွာ COVID ဒုတိယလႈိင္းက ပိုၿပီးက်ယ္ျပန႔္လာတယ္၊ ရန္ကုန္မွာဆိုရင္လည္း ဘယ္ကေနကူးမွန္းမသိဘဲ ေတြ႕လာတာေတြရွိတယ္၊ လတ္တေလာမွာ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးက COVID ကေန ႐ုန္းထဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ ဒီလိုမ်ိဳး ဒုတိယလႈိင္းျဖစ္လာတဲ့အတြက္ကို ဘာေတြျဖစ္လာႏိုင္လဲ ဆရာ၊ ဆိုလိုတဲ့သေဘာက လုပ္ငန္းငယ္ေသးေသးေလးေတြက ပထမလႈိင္းမွာကတည္းက ေတာ္ေတာ္ၿပိဳက်သြားၿပီ၊ ေငြေၾကးေတာင့္တဲ့ဟာေတြပဲ နည္းနည္းပဲက်န္ခဲ့တာ အခုလိုမ်ိဳး ဆက္ျဖစ္လို႔ရွိရင္ ၿပိဳမလဲသြားေအာင္ အစိုးရအေနနဲ႔ ဘယ္လိုလုပ္သင့္သလဲ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ လႈိင္းေတြက First wave, Second wave, Third wave အခုဆိုရင္ ကိုယ့္ႏိုင္ငံခဏထားဦး၊ ျပင္သစ္တို႔၊ စပိန္တို႔၊ ဂ်ာမနီတို႔မွာေတာင္ အေျခအေနေတြ ျပန္ၿပီးဆိုးလာတယ္၊ ၿပီးေတာ့မွ ေနာက္တစ္ခု ကိုရီးယားမွာေပါ့ေလ၊ ကိုရီးယားမွာလည္း ဒီလိုပဲျပန္ဆိုးလာတယ္၊ ၾသစေၾတးလ်တို႔၊ နယူးဇီလန္တို႔ ျပန္ဆိုးလာတယ္၊ အဲ့ဒီေတာ့ ဒီေရာဂါႀကီးကိုထိန္းႏိုင္မယ္လို႔ ထင္တဲ့အခ်ိန္မွာ ခ်က္ခ်င္းလက္ငင္း ေရာဂါႀကီးကမထိန္းႏိုင္ဘူး၊ ျပန္ေပၚလာတယ္ဆိုတာ အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံမွာလည္း ျပန္ေပၚလာတယ္၊ အရင္တုန္းက ေတာ္ေတာ္ေလးေပါ့ေလ ႏွစ္လေလာက္ ႏိုင္ႏိုင္နင္းနင္းရွိၿပီလို႔ ယူဆတဲ့အခ်ိန္ကေန အခု ရခိုင္မွာျဖစ္လာတယ္၊ ရခိုင္ကေနတစ္ဆင့္ အခု Local Transmission ေပ့ါ၊ အစရွာလို႔မရဘဲနဲ႔ အျပင္ကလာတာမဟုတ္ဘူး၊ ကိုယ့္အခ်င္းခ်င္းကေနျဖစ္တယ္ဆိုတာ သိလာေတာ့ နံပါတ္ ၁ အေနနဲ႔ကေတာ့ ဆရာကေတာ့ COVID နဲ႔ ပတ္သက္လာရင္ ႏွစ္ခုပဲသတိထားေစခ်င္တယ္၊ life လို႔ေခၚတဲ့ အသက္ေတြရယ္၊ livelihood လို႔ေခၚတဲ့ အသက္ေမြးဝမ္းေက်ာင္းေပါ့၊ အဲ့ဒီေတာ့ ဒီႏွစ္ခုစလုံးကို တစ္ၿပိဳင္နက္တည္းစဥ္းစားမွရမယ္၊ လုပ္ငန္းရွင္ေတြ စီးပြားေရး က်တာ၊ မက်တာ ခဏထားဦး၊ လူေတြအေသအေပ်ာက္ေနာ္ ေရာဂါကူးစက္မႈကို ဘယ္လိုထိန္းခ်ဳပ္မလဲဆိုတာက ဦးစားေပးရမယ့္ကိစၥေပါ့ေနာ္၊ ဦးစားေပးရမယ့္ကိစၥျဖစ္ေတာ့ အရင္လိုပဲ ပထမအႀကိမ္တုန္းက Lockdown ေတြ လုပ္ၾကည့္တာေပါ့၊ လုပ္ၾကည့္လိုက္တဲ့အခ်ိန္မွာ ေတာ္ေတာ္ေလးထိန္းႏိုင္တဲ့ အေျခအေနရွိေတာ့ အဲ့ဒီေတာ့ ဒီပုံစံနဲ႔ပဲျပန္လုပ္ရမယ္ေပါ့၊ တုန႔္ျပန္ဖို႔ေပါ့၊ ဆရာတို႔အေနနဲ႔ ပထမအႀကိမ္တုန္းက ပထမလႈိင္းတုန္းကရတဲ့ အေတြ႕အႀကဳံေတြကို ဒုတိယလႈိင္းမွာ ဆရာတို႔ ဒီထက္ပိုၿပီးေအာင္ျမင္တဲ့၊ ထိေရာက္တဲ့ တုန႔္ျပန္မႈေတြလိုတယ္ေလ၊ အဲ့ဒီေတာ့ သင္ခန္းစာရၿပီ။

ပထမလႈိင္းတုန္းကေတာ့ လုံးဝမသိခဲ့တာ၊ ဘာလုပ္ရမွန္းမသိဘူး၊ အခုေတာ့ ဒုတိယလႈိင္းျဖစ္ေတာ့ ပထမလႈိင္းက အေတြ႕အႀကဳံေတြက ကိုယ့္အတြက္ သင္ခန္းစာေတြပဲေလ၊ အဲ့ဒီသင္ခန္းစာေတြယူၿပီးေတာ့ အေကာင္းဆုံးတုန႔္ျပန္ဖို႔ပဲလိုတယ္လို႔ပဲ ကိုယ္ကေတာ့ေအာက္ေမ့တယ္၊ အဲ့ဒီေတာ့ ခုနေျပာတဲ့ကိစၥက ပထမလႈိင္းတုန္းကေတာင္ ေတာ္ေတာ္ထိတာကို ဟုတ္တယ္မဟုတ္လား၊ စီးပြားေရးလုပ္ငန္းေတြ ေတာ္ေတာ္ထိတယ္ဆိုေတာ့ အခု ဒုတိယလႈိင္းမွာလည္းထိမွာပဲ၊ ထိတဲ့အခါက်ေတာ့ ခုနလို ဒါေပမဲ့သတိထားဖို႔လိုတာက ပထမလႈိင္းတုန္းတည္းကကို ေရာဂါကို အႏၲရာယ္ႀကီးကို စီးပြားေရးလုပ္ငန္းရွင္ေတြ တုန႔္ျပန္တဲ့ပုံစံ မတူၾကဘူးေလ၊ အဲ့ဒီေတာ့ ဥပမာအားျဖင့္ ဆရာတို႔ ဘာေတြ႕ၾကသလဲဆိုလို႔ရွိရင္ ႐ိုး႐ိုးေရာင္းလို႔မရတဲ့အတြက္ အြန္လိုင္းကေန တက္ေရာင္းတယ္။အြန္လိုင္းေတြတက္ေရာင္းေတာ့ ေတာ္ေတာ္ေအာင္ျမင္ေနတဲ့ကိစၥကို အဲ့ဒါကိုသင္ခန္းစာယူဖို႔ေကာင္းတယ္၊ စီးပြားေရးဆိုတာကေတာ့  ဒီအတိုင္းႀကီးပဲလက္လႊတ္လို႔မရဘူး၊ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဆရာတို႔ ရွင္သန္ေအာင္ေတာ့ လုပ္ရေတာ့မယ္ အဲ့ဒီေတာ့ ကိုယ့္မွာ အေကာင္းဘက္ကၾကည့္ရင္ေတာ့ ပထမလႈိင္းတုန္းကရခဲ့တဲ့ အေတြ႕အႀကဳံေတြကို အေျခခံၿပီးေတာ့ ဒုတိယလႈိင္းမွာ ကိုင္တြယ္ႏိုင္ေအာင္ ႀကိဳးစားရမယ္လို႔ပဲ ကိုယ္ကေတာ့ အဲ့ဒီလိုပဲတိုက္တြန္းခ်င္တာပါ။

Opinion Leaders ။     ။ မၾကာခင္က တ႐ုတ္ CCCC ကုမၸဏီကို အေမရိကန္က Black List ထဲ ထည့္လိုက္တာ ေတြ႕ရတယ္။ဒီကုမၸဏီက ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းမွာပါေနေတာ့ ကုမၸဏီျဖစ္ေနေတာ့ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းရဲ႕ အေျခအေနက ဘယ္လိုျဖစ္လာႏိုင္မလဲ၊ ေနာက္တစ္ခုက ဒီလိုမ်ိဳး တ႐ုတ္နဲ႔ အေမရိကန္ ၾကား ႏိုင္ငံေရးထိပ္တိုက္ေတြ႕မႈေတြျဖစ္တိုင္းျဖစ္တိုင္း တ႐ုတ္အေပၚမွာ ကုန္သြယ္ေရးကေန အျခားကိစၥေတြအထိကို မွီခိုေနရတဲ့ တ႐ုတ္ေဘးပတ္ဝန္းက်င္ ႏိုင္ငံငယ္ေတြအေနနဲ႔ လာၿပီးထိခိုက္တတ္တဲ့ အေနအထားကေန ေက်ာ္လြန္ဖို႔အတြက္ကို ဘယ္လိုပုံစံ ေပၚလစီေျပာင္းသင့္သလဲ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တယ္ ေပၚလစီအေနနဲ႔ကေတာ့ Geo politic ေပါ့ေလ၊ ပထဝီႏိုင္ငံေရးကိစၥက ရွိေနတယ္၊ အဲ့ဒီေတာ့ Geo politic ရွိေနေတာ့ သူတို႔ႏွစ္ေယာက္အားၿပိဳင္တဲ့အခ်ိန္မွာ ကိုယ္ကလည္း တစ္နည္းတစ္ဖုံထိခိုက္မွာပဲ၊ ဒီထဲမွာပိုဆိုးသြားတာက ကိုယ့္မွာ Black List ဆိုတဲ့ကိစၥ ဆရာတို႔ တစ္ခ်ိန္လုံးလုံး စီးပြားေရးနလန္မထူႏိုင္တဲ့ကိစၥဟာ နဝတေခတ္တုန္းက စီးပြားေရးေတာ္ေတာ္မ်ားမ်ား Black List ေတြလုပ္ေတာ့ မလႈပ္ရွားႏိုင္ဘူးေလ၊ မလႈပ္ရွားႏိုင္ေတာ့ ေမွာင္ခိုလုပ္ငန္းေတြ တျခားပုံစံနဲ႔ အေျဖေတြရွာရတဲ့အခါက်ေတာ့ တိုင္းျပည္စီးပြားေရးဟာ ပုံမွန္အေျခအေနမရွိႏိုင္ခဲ့ဘူး၊ ႐ုန္းကန္ရတဲ့ပုံစံက တစ္မ်ိဳး႐ုန္းကန္ရတယ္၊ အခုလိုဟာမ်ိဳးလည္း Black List ထဲ မပါဖို႔ တစ္ခ်ိဳ႕ Black List မေရာက္ခင္ေတာင္ Gray List ေပါ့၊ ဟုတ္တယ္ေနာ္၊ Gray List ေတြရွိေနတယ္၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ အဲ့ဒီမေရာက္ဖို႔ ထိန္းဖို႔လိုလိမ့္မယ္၊ ကိုယ့္မွာခက္ေနတာက ကိုယ္နဲ႔ပတ္သက္တဲ့ဟာလည္း အင္အားႀကီးႏိုင္ငံတစ္ခုျဖစ္တဲ့ တ႐ုတ္ရဲ႕စီးပြားေရးလႊမ္းမိုးမႈေတြလည္း ကိုယ္ကရွိေနတာ၊ ရွိေနတဲ့အခါက်ေတာ့ ဒါကိုနည္းနည္းေလးဆင္ျခင္ဖို႔လိုလိမ့္မယ္၊ သတိထားဖို႔ လိုလိမ့္မယ္၊ ကိုယ္နဲ႔လုံးဝမဆိုင္ဘူးဆိုတာမ်ိဳးေတာ့မရဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ကလည္း ဖိအားေပးတာက တစ္ခါတေလ စကားအၾကမ္းေျပာရင္ “ကုလားမႏိုင္၊ ရခိုင္မဲမွာေလ” အဲ့ဒီေတာ့ တ႐ုတ္ကိုမႏိုင္ရင္ ဆရာတို႔ကိုမဲမွာေပါ့၊ ဒါကသူ႔နည္းသူ႔ဟန္ ဒါပဲလုပ္မွာပဲ၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ အဲ့ဒါကိုေတာ့ ေတာင့္ခံႏိုင္ဖို႔လိုတယ္၊ အဲ့ဒီေတာ့ ခုနလိုဆက္စပ္တဲ့လုပ္ငန္းေတြအေနနဲ႔ကေတာ့ တကယ့္ကို ကင္းရွင္းမႈရွိဖို႔ကေတာ့လိုလိမ့္မယ္၊ ကိုယ့္ဆီကလည္း ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းေတြဘာေတြမ်ားေတာ့ အဲ့ဒီထဲပါတဲ့သူေတြအေနနဲ႔ကေတာ့ ေရွာင္ရမွာေပါ့၊ မေရွာင္ဘဲနဲ႔ မ်က္စိမွိတ္ၿပီးတိုးေနရင္ေတာ့ ခုနလိုအခက္အခဲေတြအမ်ားႀကီးရွိမွာေပါ့ေနာ္။

Opinion Leaders ။     ။ မၾကာခင္က မူဆယ္မွာဆိုလို႔ရွိရင္ ဒီရက္ပိုင္းမွာပဲ ျမန္မာႏိုင္ငံက ကုန္စည္ပို႔ေဆာင္ေရးေတြ တျခားေသာလုပ္ငန္းေတြက သူတို႔ဘက္မွာ သြားၿပီးအေျခစိုက္ေနတာရွိတယ္၊ အဲ့ဒါေတြအကုန္လုံးက တ႐ုတ္မွာ မွတ္ပုံတင္ရမယ္၊ မွတ္ပုံတင္ရင္လည္း တ႐ုတ္တစ္ျခမ္းပါရမယ္၊ မရလို႔ရွိရင္ ဂိုေဒါင္ေတြဆိုရင္လည္းမငွားဘူး၊ အဲ့လိုျဖစ္လာတဲ့အခါက်ေတာ့ ျမန္မာဘက္က ကုန္သြယ္ေရးဟာ နဂိုကတည္းကမေကာင္းရတဲ့ၾကားထဲ ဒီအေျခအေနေၾကာင့္ ပိုဆိုးလာႏိုင္တဲ့ အေနအထားရွိတယ္၊ အဲ့ဒီအေနအထားမွာ ျမန္မာဘက္က ဘယ္လိုျပင္ဆင္သင့္သလဲ တုန႔္ျပန္သင့္သလဲ အစိုးရပိုင္းက ဘယ္လိုၾကားဝင္ေဆာင္႐ြက္ေပးသင့္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အေရးႀကီးတာက ဘာလဲဆိုရင္ သူတို႔ဆီကလုပ္တာေတြအားလုံးကို ကိုယ္ကႀကိဳတင္လည္းသိႏိုင္တာမဟုတ္ဘူး။ဟုတ္တယ္ေနာ္၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ကေတာ့ ဒီျဖစ္လာတဲ့အေနအထားတစ္ခုကို ကိုယ္ကရွင္သန္ေအာင္ ဆရာေတာ့အၿမဲတမ္းေျပာတယ္၊ ႀကံ့ခိုင္ဖို႔လိုတယ္၊ ေျပာင္းလဲလာတဲ့အေျခအေနကို ေျပာင္းရမလားလို႔ သြားေျပာလို႔မရဘူး၊ ေျပာင္းေနတာကိုး ဟုတ္တယ္ေနာ္၊ ဒို႔လူမ်ိဳးကလည္းခက္တယ္၊ ကိုယ္ကဘာလုပ္ရမလဲ စဥ္းစားတာထက္ ဒါႀကီးကိုမေျပာင္းခ်င္ဘူး သြားေျပာေနတာကိုး၊ အဲ့ဒီေတာ့ မေျပာင္းခ်င္ဘူးလို႔ ကိုယ္ကမတတ္ႏိုင္ဘူးေလ၊ ကိုယ္ေျပာင္းတာမွမဟုတ္တာ သူတို႔ေျပာင္းတာ၊ အဲ့ဒီေတာ့ သူတို႔ေျပာင္းတာကို ကိုယ့္အေနနဲ႔ ရင္ဆိုင္ႏိုင္ေအာင္ ႀကံ့ခိုင္ရည္ရွိေအာင္ ဆရာတို႔႐ိုး႐ိုးေျပာခဲ့တဲ့စကားက သက္လုံေကာင္းဖို႔လိုတယ္ေလ၊ ကိုယ့္လူေတြက သက္လုံကသိပ္မေကာင္းဘူး၊ အားေတြက နဂိုကတည္းက ေပ်ာ့ေနတဲ့လူေတြ၊ ေလ့က်င့္ခန္းကလည္း သိပ္မရွိေတာ့ သက္လုံကမေကာင္းႏိုင္ဘူး၊ ကိုယ္ကအဆင္ေျပသလိုေနရတဲ့အခါက်ေတာ့ ဆရာတို႔အခက္အခဲေတြအမ်ားႀကီးရွိတယ္။

အဲ့ဒီေတာ့ ခုနေျပာသလို တ႐ုတ္ကေတာ့ သူလုပ္မွာပဲ၊ ဒါသူ႔ႏိုင္ငံကိုး၊ သူ႔စီးပြားေရးပဲ သူလုပ္မွာကိုး၊ အဲ့ဒီေတာ့ ကိုယ့္အတြက္ၾကည့္ၿပီးေတာ့ ျမန္မာေတြအတြက္ ငဲ့ၾကည့္ၿပီးေတာ့လုပ္မယ္ဆိုတဲ့ စီးပြားေရးမရွိဘူး၊ ဒါကအေျခအေနတစ္ခုပဲ၊ ဟုတ္တယ္ေနာ္၊ အဲ့ဒါကို ညစ္တယ္၊ မညစ္ဘူးလို႔ မေျပာနဲ႔၊ ဒါက ကိုယ့္စီးပြားေရးဆိုတာက ဒီလိုပဲ သာတဲ့လူကေတာ့ အေျခအေနေကာင္းမွာပဲ၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ကေတာ့ အဲ့ဒါကိုႀကံ့ခိုင္ႏိုင္ဖို႔ကိုပဲ စဥ္းစားဖို႔တိုက္တြန္းခ်င္တာပါ။တစ္ခုရွိတာက ဆရာတို႔လုပ္ငန္းရွင္ေတြခ်ည္းပဲ ခါးစည္းခံတာမဟုတ္ဘဲနဲ႔ အစိုးရလည္းဝင္ကူမွရမယ္ကြဲ႕၊ အစိုးရက ဒါဒို႔နဲ႔မဆိုင္ဘူး၊ စီးပြားေရးလုပ္ငန္းရွင္ေတြ မင္းတို႔ကိစၥနဲ႔မင္းတို႔ဆိုၿပီး စဥ္းစားတာထက္ကို စီးပြားေရးနဲ႔ ႏိုင္ငံေရးေပါ့ေလ၊ ဆရာအၿမဲတမ္းေျပာတယ္ ႏိုင္ငံေရးေဘာဂေဗဒကိစၥ ဟုတ္တယ္ေနာ္။ႏိုင္ငံေတာ္မွာလည္း ဒီစီးပြားေရးလုပ္ငန္းေတြကို ကာကြယ္ဖို႔ ေစာင့္ေရွာက္ဖို႔ တ႐ုတ္အစိုးရက အဲ့ဒါေကာင္းတယ္၊ သူက သူ႔ကုမၸဏီေတြကို ေစာင့္ေရွာက္တယ္ေလ၊ အစကတည္းက ကြန္ျမဴနစ္စနစ္ဆိုေတာ့ သူတို႔လုပ္ငန္းေတြေတာ္ေတာ္မ်ားမ်ား အစိုးရနဲ႔ဆိုင္တဲ့လုပ္ငန္းေတြ၊ သူတို႔ဆီက ဝန္ႀကီးဌာနေတြပိုင္တဲ့ စက္႐ုံေတြ အလုပ္႐ုံေတြ လုပ္ငန္းေတြျဖစ္ေတာ့ သူတို႔ကတစ္ခါတည္းတြဲထားတာ၊ တြဲထားတာ ဘာလဲဆိုေတာ့ အုပ္ခ်ဳပ္ေရးယႏၲရားကေန စီးပြားေရးယႏၲရား ရင္ခ်င္းကပ္ထားတာ။

ဆရာတို႔ဆီမွာလည္း တစ္ခါတေလက်ေတာ့ အစိုးရကလည္း စီးပြားေရးလုပ္ငန္းေတြကို ငါနဲ႔မဆိုင္ဘူးလို႔ ေျပာလာတာေတြရွိတယ္၊ ဒါ သူတို႔ပုဂၢလိက သူတို႔ဟာသူတို႔လုပ္ခ်င္လို႔ ခ်မ္းသာခ်င္လို႔လုပ္တာ တို႔နဲ႔ဘာဆိုင္လဲ အဲ့ေတာ့ အဲလိုေတြးေတာ့ မရဘူးေလ၊ ကိုယ္ကေတာ့ကာကြယ္ရမွာပဲ အခု ထရမ့္ကိစၥက အဲ့ဒါပဲေပါ့ေနာ္၊ ထရမ့္ က အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ေတြကို သူကကာကြယ္တယ္ေလ၊ ကာကြယ္တယ္၊ တ႐ုတ္ကို တစ္ခါတည္း အခု COVID 19 ေတာင္ China Flu လို႔ ေခၚတာပဲ၊ သူကေတာ့ သူ႔ဘက္ကလူကိုေတာ့ ေကာင္းတာ၊ မေကာင္းတာ အေရးမႀကီးဘူး၊ ႀကိဳက္တာ၊ မႀကိဳက္တာ အေရးမႀကီးဘူး၊ အေမရိကန္ဘက္က ရပ္တဲ့ဟာမ်ိဳး၊ ဆရာတို႔မွာလည္း မားမားမတ္မတ္ေပါ့ေလ၊ အဲ့ဒီလိုသတၱိရွိရွိရပ္တည္ဖို႔လိုတယ္၊ အခုေျပာတဲ့ မူဆယ္ကိစၥေတြဘာေတြ ျဖစ္တာေတြအားလုံးဟာလည္း ဟိုဘက္ကလုပ္တဲ့ဟာကို ဒီဘက္ကေန လုပ္ငန္းရွင္ေတြ သြားၿပီးေတာ့တုန႔္ျပန္လို႔မရဘူးေလ၊ ဒါကေတာ့ အစိုးရအခ်င္းခ်င္းဆရာတို႔ေခၚတဲ့ G to G ေပ့ါ၊ B to B ကေတာ့ ဘာလုပ္ႏိုင္မလဲကြဲ႕၊ ဒို႔က ဘာမွမွမလုပ္ႏိုင္တာ ဟုတ္တယ္မဟုတ္လား၊ ကုမၸဏီဆိုတဲ့အင္အားဆိုလည္း သူတို႔ကုမၸဏီအားနဲ႔ ဒို႔အားက တျခားစီေလ၊ အဲ့ဒီေတာ့ ဆရာေတာ့ G to G ပါဖို႔ လိုလိမ့္မယ္၊ G to G အေနနဲ႔ ဝင္ၿပီးစြက္ဖက္ဖို႔လိုလိမ့္မယ္၊ ဝင္ၿပီးႀကိဳးစားေပးဖို႔လိုလိမ့္မယ္လို႔ ထင္ပါတယ္ေနာ္။

Opinion Leaders ။     ။ အြန္လိုင္းေရွာ့ပင္းအမ်ားစုက သူ႔ဆီမွာဝင္တဲ့ပစၥည္းအမ်ားစုက စားေသာက္ကုန္ကလြဲရင္ အကုန္လုံးနီးပါးက တ႐ုတ္ဘက္က ဝင္တဲ့ပစၥည္းေတြေပၚ မူတည္ၿပီးေတာ့ လည္ပတ္တာမ်ားတယ္၊ ဒီလိုမ်ိဳး တ႐ုတ္ဘက္ကေန လိုင္စင္ေတြသတ္မွတ္လိုက္တဲ့အခါက်ေတာ့ ျမန္မာျပည္မွာ ဒုတိယလႈိင္းအတြင္းမွာ အမ်ားစုကရည္႐ြယ္ထားတာက ဆရာခုနေျပာသလိုပဲ အြန္လိုင္းေရွာ့ပင္းနဲ႔ လည္ပတ္မယ္ဆိုေတာ့ လူထုအမ်ားစုက ႀကိဳက္လည္းႀကိဳက္တယ္၊ ေစ်းလည္းသက္သာတယ္၊ အဲ့ဒီလို တ႐ုတ္ဘက္ကဝင္လာတဲ့ ပစၥည္းေတြကို ဒီလိုမ်ိဳးပိတ္လိုက္တဲ့အတြက္ ျပည္တြင္းမွာရွိတဲ့ ဒီလိုမ်ိဳးပုံစံတူတဲ့လုပ္ငန္းငယ္ေလးေတြ ပိုၿပီးေတာ့အားေကာင္းလာႏိုင္လား၊ ဒါမွမဟုတ္ ပိုအားေကာင္းလာေအာင္ အစိုးရအေနနဲ႔ ဘယ္လိုမ်ိဳးကူညီသင့္လဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါႏွစ္ပိုင္းေပါ့ေလ၊ ဆရာတို႔ တ႐ုတ္ပစၥည္းေတြက အြန္လိုင္းမွာ ကိုယ္လည္းဝယ္ေနရတာ၊ ျမန္မာျပည္မွာရွိတဲ့သူေတြအားလုံး ဝယ္ေနရတာပဲ၊ ႀကိဳက္၏ မႀကိဳက္၏ေပါ့ ဘာေၾကာင့္လဲဆိုေတာ့ ေစ်းႏႈန္းလည္းသက္သာတယ္၊ အရည္အေသြးလည္း အဲ့ဒီေတာ့ တစ္ခ်ိန္တုန္းက ခင္ဗ်ားတို႔ငယ္ငယ္တုန္းက ေျပာေလ့ရွိတယ္၊ အကုန္ငယ္ငယ္တုန္းကေပါ့၊ ဂ်ပန္ပစၥည္းမေကာင္းဘူး၊ ဂ်ပန္ပစၥည္းမေကာင္းဘူး၊ ဟုတ္လား ေနာက္ဆုံးေတာ့ ဂ်ပန္ပစၥည္းပဲသုံးရတာ။အခုလည္း တ႐ုတ္ပစၥည္းမေကာင္းဘူး၊ တ႐ုတ္ပစၥည္းမေကာင္းဘူး၊ အိမ္ေတြအားလုံးမွာရွိေနတာ တ႐ုတ္ပစၥည္းပဲရွိတာ၊ အြန္လိုင္းကအားလုံးက တ႐ုတ္ပစၥည္းေတြခ်ည္းပဲ၊ အေမရိကန္ပစၥည္းမွ ဘယ္သူတင္ႏိုင္မလဲ မတင္ႏိုင္ဘူးေလ၊ သူ႔အေနနဲ႔ ေစ်းႏႈန္းရယ္ အရည္အေသြးရယ္ ထိုင္းတို႔ဘာတို႔ ဝင္တယ္ဆိုေပမယ့္ တကယ္တမ္းေတာ့ မယွဥ္ႏိုင္ဘူးေလ၊ အဲ့ဒီေတာ့ အဲ့လိုလုပ္လိုက္တဲ့အခါမွာ တစ္ခုတည္းရွိတာက ခုနေျပာသလို အြန္လိုင္းမွာ တ႐ုတ္ပစၥည္းေတြမ်ားတဲ့အေနနဲ႔ ျပည္တြင္းလုပ္ငန္းရွင္ေတြကို အားေပးပါ ဘာညာဆိုေပမယ့္ အဲ့လိုေျပာတာက ႏိုင္ငံေရးအရ ၾကားေကာင္းေပမယ့္ လက္ေတြ႕မွာေတာ့ မျဖစ္ႏိုင္ဘူးေလ။

သူတို႔ကစက္႐ုံ ထုတ္လုပ္ရွိရင္ ပစၥည္းကသန္းနဲ႔ခ်ီၿပီထုတ္တာ၊ ဆရာတို႔မွာက ေထာင္နဲ႔ခ်ီထုတ္ႏိုင္တဲ့စက္႐ုံက သန္းနဲ႔ခ်ီထုတ္ႏိုင္ဖို႔ကို ကုန္ထုတ္စြမ္းအားအရေရာ ျပည္တြင္းေရးအရေရာ ေစ်းႏႈန္းအရေရာ ဘယ္လိုမွမၿပိဳင္ႏိုင္ဘူးေလ၊ မၿပိဳင္ႏိုင္တဲ့အခါမွာ ဆရာစိတ္ပူတာက ျပည္တြင္းလုပ္ငန္းရွင္ေတြကို အားေပးရမယ္၊ တစ္ခ်ိန္တုန္းကျဖစ္ခဲ့တယ္ေနာ္၊ ျပည္တြင္းပစၥည္းပဲ ဝယ္ရမယ္လို႔ေျပာရင္ ဘာသြားျဖစ္သြားမလဲဆိုရင္ ဝယ္ရတဲ့သူအတြက္က အမ်ိဳးအစားညံ့ၿပီးေတာ့ အမ်ိဳးအစားညံ့တဲ့ပစၥည္းေတြ ေစ်းႏႈန္းႀကီးတဲ့ပစၥည္းေတြဝယ္ရရင္ ဆရာထင္တယ္ စားသုံးသူနစ္နာမွာပဲ၊ အဲ့ဒီေတာ့ တ႐ုတ္ပစၥည္း ဘာပစၥည္းလို႔ စဥ္းစားတာထက္ စားသုံးသူ သက္ေသာင့္သက္သာနဲ႔ ဝယ္ရမယ့္ပစၥည္းဆိုတာကိုပဲ စဥ္းစားဖို႔လိုတယ္၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ ျပည္တြင္းလုပ္ငန္းရွင္ေတြကလည္း အေရးရယ္ အေၾကာင္းရယ္ဆိုရင္ အကူအညီေတာင္းတာပဲရွိတယ္၊ သူမ်ားနဲ႔ၿပိဳင္ဖို႔ ဘယ္လိုလုပ္မလဲမစဥ္းစားဘူး၊ ဘာပဲေတာင္းလဲဆိုရင္ ပိတ္ပါလို႔ပဲေတာင္းတယ္၊ ပိတ္လိုက္ၿပီးရင္ ဘာလုပ္မလဲ မင္းတို႔ကေရာ ဘာလုပ္ႏိုင္မလဲေျပာရင္ ဘာမွမလုပ္ႏိုင္ဘူး၊ ဒါတည့္တည့္ေျပာရရင္၊ အဲ့ေတာ့ အဲ့လိုဘာမွမလုပ္ႏိုင္ဘဲနဲ႔ ပိတ္ပါပိတ္ပါေျပာလို႔ အဲ့ဒါကို ႏိုင္ငံေရးအရ အစိုးရကလည္း နားေယာင္ၿပီးေတာ့ ပိတ္လိုက္မယ္ဆိုရင္ ဘယ္သူနာလဲဆိုေတာ့ ျပည္သူနာတာေပါ့။

ဒီေနရာမွာ ဆရာတို႔ ႏိုင္ငံေရးေဘာဂေဗဒစိတ္နဲ႔ၾကည့္လို႔ရွိရင္ အမ်ားအတြက္ၾကည့္မလား ဒီအနည္းစု၊ ေျပာလို႔ေတာ့ေကာင္းတယ္ ျပည္တြင္းျဖစ္ပစၥည္းေတြ အားေပးရမယ္လို႔ ဘာတို႔ညာတို႔ စားသုံးသူဘက္ကလည္း ၾကည့္ဖို႔လိုလိမ့္မယ္ ထင္တယ္ေနာ္၊ အခုက တစ္ခါတေလ လုပ္ငန္းရွင္ဘက္ကပဲသြားၾကည့္ေနျပန္ရင္လည္း အဆင္မေျပေသးဘူး၊ အဲ့လိုေျပာတာ ဒီေကာင္ေတြျဖစ္ခ်င္ရာျဖစ္လို႔လည္းေျပာတာ မဟုတ္ေသးဘူးေလ၊ ဒါေပမဲ့ ကိုယ့္အေနနဲ႔ ဒီလုပ္ငန္းရွင္ေတြအေနနဲ႔ကေတာ့ တ႐ုတ္ပစၥည္းကို မၿပိဳင္ႏိုင္ဘူးဆိုရင္ ဘာနဲ႔ၿပိဳင္ႏိုင္မလဲ ကိုယ့္အေနနဲ႔။ဟုတ္တယ္မဟုတ္လား ေစ်းနဲ႔ၿပိဳင္ႏိုင္မလား အရည္အေသြးနဲ႔ၿပိဳင္ႏိုင္မလား ဒါေတြစဥ္းစားဖို႔လိုတယ္၊ အခုေတာ့ သူတို႔ကဘာလုပ္မလဲဆိုရင္ ထစ္ခနဲဆိုရင္ ႏိုင္ငံေတာ္ကိုသြားၿပီး ေအာ္မွာပဲ၊ ေတာင္းမွာပဲ၊ ေတာင္းတာ ဘာေတာင္းမလဲဆိုရင္ မသြင္းပါနဲ႔လို႔ေတာင္းမယ္၊ မသြင္းပါနဲ႔လို႔ေတာင္းရင္ ပစၥည္းေတြမဝင္လာလို႔ရွိရင္ စားသုံးသူပဲနစ္နာမွာ။ဒီေနရာမွာ ဆရာတို႔အေနနဲ႔ ဒါကိုခ်ိန္ဖို႔ေတာ့ လိုလိမ့္မယ္ထင္တယ္၊ စားသုံးသူမ်က္ႏွာလည္းၾကည့္ရမယ္၊ လုပ္ငန္းရွင္ေတြအတြက္လည္း ညႇာဖို႔လိုတယ္၊ တစ္ခ်ိဳ႕ေနရာက်ေတာ့ ကူဖို႔လိုလိမ့္မယ္ေလ။

ပိတ္တာထက္ကို ကိုယ္ကေတာ့ Free Trade ကို သေဘာက်တဲ့လူ ပိတ္လိုက္တဲ့ဟာမ်ိဳးကိုမႀကိဳက္ဘူး၊ ပိတ္လိုက္လို႔ရွိရင္ ဆရာတို႔ေျပာတာေနာ္ သူခ်ည္းနာတာမဟုတ္ဘူး ကိုယ္လည္းနာတာေလ၊ ပိတ္လိုက္တဲ့အတြက္ သူကပစၥည္းမေရာင္းရေတာ့ဘူးဆိုရင္ ကိုယ့္အတြက္နစ္နာတယ္၊ ကိုယ္လည္းနာတာပဲ၊ ဘာေၾကာင့္လဲဆိုေတာ့ ပစၥည္းေတြမဝင္လာဘူးဆိုလို႔ရွိရင္ ေစ်းႏႈန္းသက္သက္သာသာနဲ႔ အရည္အေသြးရွိတဲ့ပစၥည္းေတြမဝင္ရင္ နစ္နာတာက ေနာက္ဆုံးေတာ့လည္း စားသုံးသူနစ္နာတာ၊ အဲ့ဒီေတာ့ ဆရာထင္တယ္၊ ခ်ိန္ဖို႔ေတာ့လိုလိမ့္မယ္ထင္တယ္၊ အခုကခက္ေနတာေလ က်ယ္က်ယ္ေအာ္တဲ့ေကာင္က ကေလးႏို႔စို႔ရသလိုေပါ့၊ မ်ားမ်ားငိုတတ္တဲ့ေကာင္က ႏို႔စို႔ရတာမ်ိဳးျဖစ္ေနတာ၊ အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံအတြက္ကိုေတာ့ ခ်ိန္ၿပီးၾကည့္ဖို႔ လိုလိမ့္မယ္လို႔ေတာ့ ကိုယ္ကေတာ့ထင္တာပါပဲေနာ္။

Opinion Leaders ။     ။ ဒါဆိုရင္ အကုန္လုံးၿခဳံလိုက္မယ္ဆိုလို႔ရွိရင္ COVID ဒုတိယလႈိင္းမွာေတာ့ ဒါကိုသတိနဲ႔ယွဥ္ၿပီးကိုင္တြယ္ရမယ္၊ ေနာက္တစ္ခါ၊ အြန္လိုင္းေတြ စီးပြားေရးေတြဆိုလို႔ရွိရင္လည္း အခုလိုမ်ိဳးမဟုတ္ဘဲနဲ႔ ဖြင့္ၿပီးေတာ့ ေမွ်ာကိုင္ရမယ္ဆိုတဲ့ သေဘာလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဖြင့္ၿပီးေတာ့ ကိုယ့္လူေတြကလည္း လူငယ္ေတြမညံ့ပါဘူးကြဲ႕၊ လူႀကီးေတြေၾကာက္လြန္းလို႔သာ။လူငယ္ေတြသာလႊတ္ေပးရင္ လူငယ္ေတြကလုပ္ရဲတယ္၊ လူငယ္ေတြကို ဥပမာ အြန္လိုင္းလုပ္တဲ့သူေတြကို အကန႔္အသတ္ေတြမလုပ္နဲ႔ အခုလုပ္လာလိမ့္မယ္ သူတို႔ကေလ အြန္လိုင္းေတြကို ေအာင္ျမင္မယ့္လုပ္ငန္းေတြကို စည္းမ်ဥ္းစည္းကမ္းေတြ ဥပေဒေတြ ထုတ္လိမ့္မယ္၊ ေနာက္တစ္ခါ ဆရာ့ကိုလာေျပာတယ္ ဆရာ အြန္လိုင္းအားမေပးပါနဲ႔။ဘာေၾကာင့္လဲ။အခြန္မရဘူးေလ၊ အခြန္မရေတာ့ဘာျဖစ္လဲ ဟုတ္တယ္မဟုတ္လား၊ အခြန္မရေတာ့ စီးပြားေရး ႏိုင္ငံေတာ္မွာေငြမရွိဘူး၊ ေငြမရွိေတာ့ ဘာျဖစ္လဲ ၿပီးေရာ။အေရးႀကီးတာက လူေတြလက္ထဲမွာ လုပ္ငန္းရွင္ေတြရဲ႕လက္ထဲမွာ ေငြရွိဖို႔လိုတယ္၊ အစိုးရလက္ထဲမွာ ေငြရွိဖို႔မလိုဘူးေလ၊ အဲ့ဒီလိုအေတြးေတြက ႏိုင္ငံေရးေဘာဂေဗဒအေတြးေတြမရွိဘူးကြဲ႕ ဒို႔လူေတြကစဥ္းစားတဲ့ ပုံစံတစ္မ်ိဳးျဖစ္လာတယ္၊ အဲ့လိုစဥ္းစားေပါ့။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
စက္တင္ဘာ - ၃