【 ပညာရှင်များ၏အမြင် 】 “ငွေတွေအားလုံးထုတ်ပြီး တောင့်ခံနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားရမယ်”

【 ပညာရှင်များ၏အမြင် 】 “ငွေတွေအားလုံးထုတ်ပြီး တောင့်ခံနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားရမယ်”

ရခိုင်ပြည်နယ်တွင် ဩဂုတ်လလယ်က စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ် ၁၉ ပြည်တွင်းကူးစက်မှုဖြင့် တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့ရာ ရန်ကုန်နှင့် မြန်မာနိုင်ငံအချို့ဒေသများတွင် ကူးစက်မှုနူန်းကမြင့်တက်လာခဲ့ပြီး တစ်ရက်လျှင် ကူးစက်ခံရသူနူန်း ၅၀၀ ကျော်မှ တစ်ထာင်နားအထိ ကပ်လာခဲ့ပါတယ်။အဆိုပါအခြေအနေကြောင့် ရန်ကုန်မြို့ကို တခြားပြည်နယ်တိုင်းဒေသများနှင့် အဝင်အတွက်တားဆီးခဲ့သလို စက်တင်ဘာ ၂၁ ရက်မှစကာ အောက်တိုဘာ ၇ ရက်အထိ တင်းကြပ်သည့် Stay at Home အစီအမံကို ကျန်းမာရေးအာဏာပိုင်များက ချမှတ်ခဲ့ပါတယ်။ထိုအခြေအနေကြောင့် ကိုဗစ်ပထမလှိုင်းကြောင့်ထိခိုက်ခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ယိုင်လဲလုမတ်ဖြစ်ခဲ့ရပြီး ပြန်လည်တည့်မတ်ရန် မည်သည့်အချိန်ကာလအထိ စောင့်ရမည်ကို မသိရှိနိုင်သည်အထိ ဖြစ်နေခဲ့ပါတယ်။

ထိုအခြေအနေကြောင့် ပြည်တွင်းကူးစက်မှုအားကောင်းနေသည့်အချိန်တွင် စီးပွားရေးလုပ်သင့်ကိုင်သင့်သည့် အချက်အလက်များ၊ လုပ်ဆောင်ထားသင့်သည့်အချက်များ၊ ဦးစားပေးလုပ်ဆောင်သင့်သည့် အချက်အလက်များ၊ အစိုးရအနေဖြင့် မည်သို့ကူညီပံ့ပိုးဆောင်ရွက်သင့်သည်များကို  နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေးအဖွဲ့ ဝင်ဖြစ်သူ ဝါရင့်စီးပွားရေးပညာရှင် ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော မြန်မာ့စီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။  ကိုဗစ်ဒုတိယလှိုင်းက ဆရာတို့မှန်းထားသလိုပဲ တော်တော်လေးပြင်းပြင်းထန်ထန်လည်း ဖြစ်လာတယ်။နောက်တစ်ချက်က လုပ်ငန်းအကုန်နီးပါးက ထိုးရပ်သလောက်လည်းဖြစ်သွားတယ်၊ အဲ့လိုဖြစ်သွားတဲ့အချိန်မှာ ကိုဗစ်ရန်ပုံငွေအတွက် သီးသန့် ဘီလျံတစ်ထောင်လောက်အထိ ဖယ်ထားတယ်၊ ဒီထဲမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ Plan က မပါသေးဘဲ ကျန်းမာရေးနဲ့ ကုသကာကွယ်ကယ်ဆယ်ရေးအတွက်ပဲပါတော့ စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းကို အခုအချိန်မှာ ဘယ်လိုမျိုးစပြီးကိုယ်တွယ်သင့်သလဲ၊ ဘယ်အရာတွေကိုစလုပ်သင့်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုတော့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းက လုံး၀အခြေအနေမတူတော့ဘူး။
အခြေအနေမတူတဲ့အခါကျတော့ အခု သူတို့က ပထမလှိုင်းတုန်းကလို ပေးထားတဲ့ပမာဏ ငွေကြေးကလည်း ဘာမှမရှိသလောက်ပဲ။အဲ့တော့ အခု ဒီအချိန်မှာ တကယ်တမ်းတော့ အခုကတော့ နာလန်ထဖို့ကခဏထား။မလဲဖို့ ပြဿနာဖြစ်နေတာပေါ့နော်။လုပ်ငန်းတွေတော်တော်များများက ရပ်ကုန်ပြီ၊ ရပ်ကုန်တဲ့အခါကျတော့ အခုက လူတိုင်းမှာ ရောဂါ ရှိ၊ မရှိ ဆိုတာကလည်း မရေရာတော့ဘူးလေ၊ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်  စိတ်မချဘူးဖြစ်နေတော့ အခုအရင်တုန်းကလိုပေါ့နော်၊ ပြန်ပြီး ဖွင့်မယ်၊ မဖွင့်ဘူးဆိုတဲ့ မေးခွန်းတွေကမရှိတော့ဘူး။အခုကပိတ်ရတာကိုး။ပိတ်ရတဲ့အခါကျတော့ အားလုံးကရပ်ကုန်ပြီ။ရပ်ကုန်တဲ့အခါကျတော့ ရပ်တဲ့သူတွေကို နိုင်ငံတော်အစိုးရက ဘယ်လောက်လောက်အထိ ထောက်ပံ့နိုင်မလဲ။သူတို့မှာလည်း အကန့်အသတ်ရှိမယ်၊ အဲ့တော့ ကိုယ့်အနေနဲ့က ပထမအသုတ်တုန်းက ရောဂါအနေအထားကလည်း သိပ်ပြီးမပြင်းထန်တော့ သူတို့ရဲ့ထောက်ပံ့မှုတွေ ဒီလောက်ကြီးမထိရောက်ပေမယ့် မသိသာဘူးလေ။အခုကျတာ့ အားလုံးပေါ့ ကဏ္ဍအစုံ။

နောက်တစ်ခုက လုပ်ငန်းအကြီး၊ လုပ်ငန်းအသေး၊ လုပ်ငန်းအလတ် အားလုံးထိတာကိုး။အခုပိုပြီးဆိုးတာက ဘဏ်တွေလည်းထိတယ်လေ၊ ဘဏ်တွေလည်းထိတဲ့အခါကျ‌တော့ သူတို့အနေနဲ့ကတော့ ဒါကြီးကိုပြန်ပြီး နိုင်ငံတကာအခြေအနေတစ်ခုနဲ့ သွားတူသလိုဖြစ်တာကိုး။နိုင်ငံခြားမှာ ပထမလှိုင်းတုန်းကလို  လုံး၀ကိုမတွေ့ကြုံရတဲ့ အတွေ့အကြုံ၊ ပထမလှိုင်းတုန်းကလို လုံး၀မရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အခုရင်ဆိုင်နေရပြီလေ။ရင်ဆိုင်နေရတဲ့အခါကျတော့ ငွေရေး၊ ကြေးရေးတင်မကဘူး။ဆရာတို့ ဘယ်လိုလုပ်ကြမလဲ၊ အလုပ်လက်မဲ့ဖြစ်လာပြီ၊ ပိုပြီးများလာပြီ။အဲ့တော့ အလုပ်လက်မဲ့တွေဖြစ်တော့  လူမှုရေးပြဿနာတွေ အဲ့ကနေတစ်ဆင့် နိုင်ငံရေးပြဿနာတွေ ဆရာတို့ ရောယှက်နေတာပေါ့။အဲ့တော့ ဒီနေရာမှာ စီးပွားရေးလုပ်ငန်းတွေကို အခုကဖွင့်ဖို့၊ ဖွင့်တဲ့လုပ်ငန်းက မရှိသလောက်ရှားနေပြီကိုး။ဟုတ်တယ်မလား။

လှုပ်ရှားတာက စျေးတွေအထိ ပိတ်ရတဲ့အ‌နေအထား။အဲ့တော့ အခုက တော်‌တော်ကြီးကို အကြပ်အတည်းကာလကို ရင်ဆိုင်နေရပြီလေ။ဒီထဲကနေ ထွက်ပေါက်ဆိုရင်တော့ အခုနကလို (Recovery Plan) (Release Plan) လောက်နဲ့ မရလောက်ဘူးထင်တယ်။သူက တကယ့်ကို အကြီးအကျယ် ဆရာတို့လုပ်ရမယ်။ပြီးတော့ ရန်ကုန်မှာ (Lock Down) လုပ်လိုက်တာနဲ့ (Lock Down) လွင့်ထွက်ပြီး ပါလာတဲ့ စီးပွားရေးထိခိုက်မှုတွေကို ဘယ်လိုအဖြေရှိမလဲ။တစ်ယောက်ချင်း တစ်ဦးချင်း သွားမေးပြန်လို့လည်းမရဘူး။အဲ့တော့ ကိုယ်က အလုပ်အကိုင် အခွင့်အရေး ဖန်တီးဖို့ဆိုပြန်တော့လည်း အရင်တုန်းက သူတို့က ထွက်ပေါက်တစ်ခုအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပြန်ပြီးနာလန်ထအောင်လုပ်မယ်။ပြီးတော့ အထည်ချုပ်တွေကို ဒီအတိုင်းဆက်လုပ်မယ်ဆိုတော့ အခုက အထည်ချုပ်တွေလည်း စိတ်မချရဘူး။အခုဖြစ်တာက ပြဿနာကဘာလဲဆိုရင် အခုကရှေ့တန်းတင်နေတာက ပြည်သူ့တပ်မကြီးပြဿနာ ရှေ့တန်းတင်နေရပြီလေ။

လူတိုင်းမှာ ရောဂါ ရှိတယ်/မရှိဘူးဆိုတာက မသေချာတော့ဘူး။အဲဒီတော့ စိတ်မချရတော့ဘူးဆိုတော့ အဲဒီဟာက တော်တော်ကြီးကို ဦးနှောက်ခြောက်မှာပေါ့။စဉ်းစားစရာတွေကလည်း တော်တော်လေးစဉ်းစားရမယ်။အဲဒီတော့ ငွေဘယ်လောက်ထည့်ပေးနိုင်မလဲ။အရင်တုန်းက သူတို့စိတ်ပူတာက ဘတ်ဂျက်ပေါ့။လိုငွေပြတဲ့ ဘတ်ဂျက်တွေက။အခုအဲ့ဒါတွေကိုလည်း မစဉ်းစားသင့်တော့ဘူးထင်တယ်။အစောကရှိတဲ့ ငွေတွေအားလုံးကိုထုတ်ပြီးတော့ တောင့်ခံနိုင်အောင် ဘယ်လိုလုပ်ကြမလဲ၊ သူတို့လည်း တော်တော်လေးတော့ ဒါစဉ်းစားစရာကြီးပေါ့၊ သူတို့အတွက်ကတော့နော်။

Opinion Leaders ။     ။ နိုင်ငံတော်အတိုင်ပင်ခံ ပြောတဲ့အထဲမှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အဓိကထည့်ပြောသွားတာရှိတယ်။ဒီကာကွယ်ဆေးကို အချိန်နဲ့တပြေးညီရတာနဲ့ ကုသမယ်၊ ကာကွယ်မယ်၊ အရင်ဆုံးရတဲ့ဆီကနေ ကြိုးစားပြီးယူပေးမယ်လို့ ပြောထားတာရှိပါတယ်။လက်ရှိမှာက နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက ဒီဆေးကိုလိုချင်နေကြတဲ့ အနေအထားဖြစ်နေတော့ ဒီဆေးမြန်မြန် ရခြင်း၊ မရခြင်းက နိုင်ငံစီးပွားရေးအတွက် ဘယ်လောက်အထိ သက်ရောက်နိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်ခုက ဆရာနားမလည်တာကပေါ့နော်။အခု ကိုယ်တွက်ကြည့်တာက အမေရိကမှာ ကာကွယ်ဆေးမရနိုင်ဘူး။ရုရှားမှာရတယ်လို့ အခြားနိုင်ငံတွေမှာရတယ်လို့ ဘာညာပြောနေတာက ဘာကိုပြောနေသလဲတော့ မပြောတတ်ဘူး။အဲ့တော့ ပြောရင်တောင် အမေရိကမှာ ကာကွယ်ဆေး ဒီနေ့ရရင်တောင် လူတွေအားလုံး ကာကွယ်ဆေးလုံလုံခြုံခြုံထိုးနိုင်အောင်၊ စိတ်ချလက်ချထိုးနိုင်အောင် အချိန်ကယူရအုံးမှာလေ၊ အဲ့တော့ ဆရာစိတ်ပူတာက ကာကွယ်ဆေး ရ၏၊ မရ၏ဆိုတဲ့ အာရုံထက်ကို အခုလက်ရှိလူတွေပေါ့၊ ကူးစက်မှုနှုန်းလျော့သွားအောင် ဘယ်လိုလုပ်မလဲ။အဲ့ဒါကပိုပြီး ကိုယ့်စိတ်ထဲတော့ အာရုံရှိဖို့လိုတယ်။ကာကွယ်ဆေးကိုသွားပြီး မျှော်ကိုးနေပြီးတော့ ကာကွယ်ဆေးဘယ်တော့ရမယ်မှန်း၊ မသိရဘူး။

နောက်တစ်ခါ ကာကွယ်ဆေး ဘယ်လောက် ထိရောက်တယ်၊ မထိရောက်ဘူး၊ ရုရှားက သူတို့လုပ်တယ်ဆိုပေမယ့် တကယ်တမ်း သူတို့ပြောသာပြောနေတာ တရုတ်က ကာကွယ်ဆေးထုတ်မယ်လို့ ပြောသာပြောနေတာ တကယ်တမ်း ကမ္ဘာ့သိပ္ပံပညာရှင်တွေ ဆေးသိပ္ပံပညာရှင်တွေ လက်ခံထားတဲ့အဆင့်အထိ မရောက်သေးဘူးထင်တယ်။ဆရာ သိသလောက်တော့ ဆရာမှားချင်ရင်လည်း မှားနေမှာနော်။အဲ့တော့ ဆရာထင်တာက ကာကွယ်ဆေး ရတယ်၊ မရတယ်ဆိုတာထက် အရေးကြီးတာက ကိုယ့်လူတွေ အနေအထိုင်ဆင်ခြင်ဖို့  အသွားအလာဆင်ခြင်ဖို့။နောက်တစ်ခါ ရုံးတွေမှာဆက်ပြီးလုပ်လို့ရှိရင် ဘယ်လိုမျိုးလဲ (Social Distancing) မျိုး (Physical Distancing) မျိုး ဒါတွေကို ပိုပြီးတော့ဦးစားပေးရမယ်ထင်တယ်။ကာကွယ်ဆေးပဲမျှော်နေတာ မျှော်လင့်ချက်တွေသိပ်ကြီးနေရင် မဖြစ်သေးဘူး အောက်မေ့တယ်။ဒါကြီးက ဆောက်ဖြစ်မှ ကျောင်းဒကာ‌လေ၊ ပြီးတော့ အလုအယက်တွေဝယ်တယ်ဆိုတာ ဘာညာ အခုကမဝယ်ဘူး။ဒီသတင်းတွေက ဘယ်ကလဲမသိဘူး။
ဆရာတို့နားလည်တဲ့ပုံစံကတော့ အခုအထိ မရသေးဘူး။အမေရိကမှာလည်းမရှိဘူး၊ ရုရှားမှာလည်း သူတို့ပြောနေတာကြာပြီ။တကယ်တမ်းတော့ အမေရိကန် ကမ္ဘာ့စံနှုန်းနဲ့စစ်လိုက်ရင် ဒါတွေက ဆရာတို့ ဆေးမြီးတိုကြီးတွေ။ဆရာကတော့ အလိုက်မှားမှာစိုးတယ်။တကယ်တမ်းတော့ အဲ့ဒီ ကာကွယ်ဆေး ဝယ်ဖို့၊ မဝယ်ဖို့ ထုတ်ဖို့၊ မထုတ်ဖို့ စဉ်းစားတာထက် ကိုယ့်လူတွေလုံလုံခြုံခြုံရှိအောင် ဘယ်လိုလုပ်ကြမလဲ၊ ရုံးတွေဘယ်လိုလုပ်ကြမလဲ ဒါတွေကိုစဉ်းစားရမှာနော်၊ အဖြေလွှဲသွားမှာစိုးတယ်။ဒါပေမဲ့ သူတို့က ကိုယ်ထက်တော့နားလည်တယ်လို့ အောက်မေ့တာပါပဲ။

Opinion Leaders ။     ။ လက်ရှိ ဒီအစိုးရရဲ့ လုပ်ဆောင်မှုတွေရှိတယ်ပေါ့နော်၊ အခုဆိုရင် အများစုက (Lock Down) အတွက်ကို လုပ်စေချင်တယ်၊ ပိုးရဲ့သက်တမ်းက ၁၁ ရက်လောက်ရှိတယ်ဆိုတော့ ၁၄ ရက်လုပ်စေချင်တယ်လို့ အကြံပြုတာလည်းရှိပါတယ်။ဒါပေမဲ့ အချို့တွေကလည်း ဒီ (Lock Down) ကာလမှာ ပြည်သူတွေ ရန်ကုန်မှာနေတဲ့ တော်တော်အများစုက ဆင်းရဲသားဖြစ်တဲ့အတွက်ကို တောင့်မခံနိုင်မှာလည်း စိုးတဲ့အတွက် အခုသတ်မှတ်လိုက်တဲ့ (Stay Home) က ဒါလက်ရှိကိုင်တွယ်မှုအတွက် လုံလောက်ရဲ့လား ဆရာ၊ ဘာတွေများလို အပ်ချက်ရှိအုံးမလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဟိုတုန်းကတော့ (Lock Down) သင်္ကြန်တုန်းကလုပ်ခဲ့တယ် လုပ်ပြီးပေမယ့်  အဲ့တုန်းက အောင်မြင်တယ်လို့ အယူအဆရှိတယ်။သို့သော်လည်း ဟိုတုန်းကအနေအထားနဲ့ အခုအနေအထားက မတူဘူးလေ၊ ဟိုတုန်းကအနေအထားက ပိုးတွေ့တာက နိုင်ငံတကာကလာတဲ့ ရောဂါကူးစက်မှု။အခုက (community transmission) (local transmission)။အဲ့တော့ကြည့်ရမှာပဲ။အမေရိကမှာလည်း သူတို့စမ်းသပ်ကြည့်တာပဲ။အကြီးအကျယ်ဖြစ်လာတဲ့အချိန်မှာ (Lock Down) လုပ်တဲ့အချိန်မှာ အောင်မြင်တယ်လို့ပြောတယ်။ကိုယ့်အနေနဲ့ ဘယ်လောက်ကြပ်ကြပ်မတ်မတ်လုပ်နိုင်မလဲ၊ စည်းကမ်းလိုက်နာနိုင်မလဲ။အဲဒီအပေါ်မှာ အခြေခံပြီးတော့ အဖြေထွက်လိမ့်မယ်ထင်တယ်။ဆရာထင်တယ် သူတို့အခု နှစ်ပတ်လောက်အတွင်း (Lock Down) လုပ်တဲ့ အနေအထားကိုကြည့်ပြီးတော့ ရောဂါပြန့်ပွားမှုနှုန်းအနေအထားကို သုံးသပ်ကြည့်ရမှာပေါ့လေ ဘယ်လောက်အခြေအနေရှိလဲဆိုတာကို။

Opinion Leaders ။     ။ မီဒီယာတွေကိုလည်း ကူးစက်မှုအရ စထိန်းချုပ်လိုက်ပြီးတော့ တချို့တွေကိုရပ်လိုက်တယ်။တချို့ ရုပ်သံပရိုဂရမ်တွေလည်း ထိုးရပ်တာရှိတယ်။သတင်းစာတွေလည်း အကုန်နီးပါးထိုးရပ်ကြတာရှိပါတယ်။ရှိတဲ့အခါကျတော့ အခုကာလမှာ သတင်းစီးဆင်းမှုက အရမ်းအရေးကြီးတယ်။အဲ့လိုမဟုတ်လို့ရှိရင် ကောလာဟလတွေနဲ့ လူထုမှာစိုးရိမ်မှုတွေ အများကြီးရှိနိုင်တယ်။ရှိနိုင်တဲ့ဟာကျတော့ အခုလိုမျိုး မီဒီယာတွေကိုပါ Stay Home ထဲမှာ ကောက်ထည့်လိုက်တဲ့အတွက်ကို ဘာတွေဖြစ်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုကတော့ တကယ်တမ်းပြောရင် ပုံနှိပ်မီဒီယာကတော့ မရှိသလောက်ဖြစ်သွားမယ်။ဘာကြောင့်လဲဆိုတော့ အားလုံးက ဒီလိုပဲကျော်တက်ရမှာပါပဲ အွန်လိုင်းနဲ့လုပ်ရမယ် အဲ့အခါကျတော့ မီဒီယာတွေကျင့်ဝတ်ပေါ့လေ၊ အစတည်းကပြောနေတာ ကိုယ့်ဟာကိုယ်စည်းကမ်းထိန်းမှရမယ်။
ကိုယ့်ကိုယ်ကိုယ် စည်းကမ်းမထိန်းပဲနဲ့  အခုနကလို ဟုတ်တဲ့သတင်းရော မဟုတ်တဲ့သတင်းရော မှန်တာရော  မမှန်တာရော နောက်ပြောရင် လူထုက နဂိုတည်းက တထိတ်တလန့်ဖြစ်နေတဲ့အခါမှာ ပိုပြီးတော့စိုးရိမ်စိတ်တွေ ပိုပေါ်လာမှာပေါ့။အခုကဖြစ်နေတာက မီဒီယာမှာက ဆိုရှယ်မီဒီယာရှိနေတာကိုး။ဘာမှမတတ်နိုင်တော့ဘူး။
တကယ်တမ်းကျတော့ ခင်ဗျားတို့ဆီက ယုံယုံကြည်ကြည်နဲ့ ယူတာမဟုတ်ဘူးလေ။သူတို့နည်း သူတို့ဟန်နဲ့ သူတို့အဆက်အသွယ်နဲ့ ဆိုရှယ်မီဒီယာကနေ  ဆယ်လီပြောတာယုံလိုက် ဟိုလူပြောတာယုံလိုက်၊ ဒါနဲ့ပဲလိုက်နေတာကိုး။

အဲ့တော့ လုပ်နိုင်တာက တစ်ခုကတော့ နိုင်ငံတော်အစိုးရကတစ်ဆင့်‌ ကြေညာချက်တွေကို မှန်မှန်ကန်ကန်ထုတ်၊ လမ်းညွှန်ချက်တွေကိုမှန်မှန်ပေး ဒါပဲလုပ်နိုင်တာရှိမယ်။ကျန်တာကတော့ သွားပြီး ဒါကြီးကိုထိန်းလို့မရဘူးလေ သူတို့က သူတို့ဟာနဲ့သူအရှိန်ကရှိနေတာကိုး အဲ့တော့ ဆိုရှယ်မီဒီယာရဲ့အားကို ခင်ဗျားတို့ပြိုင်လို့မရတော့ဘူး။ခင်ဗျားတို့ ပရင့်မီဒီယာတွေ ဒုက္ခရောက်သွားရုံပဲရှိတယ်။ခင်ဗျားတို့ အွန်လိုင်းတက်ဖို့ကလည်း ပြဿနာရှိတယ်လေ၊ မတက်လို့မရဘူး။အဲ့တော့တက်တော့ သူတို့နဲ့ပြိုင်ရမှာ ကိုယ်က သတင်းအမှန်တွေပေးတယ်ဆိုပေမယ့်  သူတို့ လူတွေကြည့်တဲ့ လူတွေဖတ်တဲ့ဟာနဲ့ ကိုယ်နဲ့က ယှဉ်နိုင်မလား၊ မယှဉ်နိုင်ဘူးလားဆိုတာကိုပေါ့ အခုက အရည်သွေးမဟုတ်တော့ဘူးလေ။လူတွေအားလုံးက တထိတ်တလန့်ဖြစ်နေတဲ့ဟာမျိုးမှာ ဒါတွေဖြစ်တာကိုး အဲ့တော့ ကိုယ့်မီဒီယာသမားတွေရဲ့ ကျင့်ဝတ်က ပိုအရေးကြီးလာတယ်။အဲ့တော့ သူများမထိန်းရင်လည်း ကိုယ်ထိန်းရမယ်ဆိုတဲ့ အနေအထားကိုး၊ အဲ့လောက်ပဲရှိပါတယ်နော်။    

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
စက်တင်ဘာ - ၂၄

( Zawgyi )

ရခိုင္ျပည္နယ္တြင္ ဩဂုတ္လလယ္က စတင္ျဖစ္ပြားခဲ့သည့္ ကိုဗစ္ ၁၉ ျပည္တြင္းကူးစက္မႈျဖင့္ တစ္ေက်ာ့ျပန္လည္ျဖစ္ပြားခဲ့ရာ ရန္ကုန္ႏွင့္ ျမန္မာႏိုင္ငံအခ်ိဳ႕ေဒသမ်ားတြင္ ကူးစက္မႈႏူန္းကျမင့္တက္လာခဲ့ၿပီး တစ္ရက္လွ်င္ ကူးစက္ခံရသူႏူန္း ၅၀၀ ေက်ာ္မွ တစ္ထာင္နားအထိ ကပ္လာခဲ့ပါတယ္။အဆိုပါအေျခအေနေၾကာင့္ ရန္ကုန္ၿမိဳ႕ကို တျခားျပည္နယ္တိုင္းေဒသမ်ားႏွင့္ အဝင္အတြက္တားဆီးခဲ့သလို စက္တင္ဘာ ၂၁ ရက္မွစကာ ေအာက္တိုဘာ ၇ ရက္အထိ တင္းၾကပ္သည့္ Stay at Home အစီအမံကို က်န္းမာေရးအာဏာပိုင္မ်ားက ခ်မွတ္ခဲ့ပါတယ္။ထိုအေျခအေနေၾကာင့္ ကိုဗစ္ပထမလႈိင္းေၾကာင့္ထိခိုက္ခဲ့သည့္ ျမန္မာႏိုင္ငံ၏ စီးပြားေရးအေျခအေနမွာ ယိုင္လဲလုမတ္ျဖစ္ခဲ့ရၿပီး ျပန္လည္တည့္မတ္ရန္ မည္သည့္အခ်ိန္ကာလအထိ ေစာင့္ရမည္ကို မသိရွိႏိုင္သည္အထိ ျဖစ္ေနခဲ့ပါတယ္။

ထိုအေျခအေနေၾကာင့္ ျပည္တြင္းကူးစက္မႈအားေကာင္းေနသည့္အခ်ိန္တြင္ စီးပြားေရးလုပ္သင့္ကိုင္သင့္သည့္ အခ်က္အလက္မ်ား၊ လုပ္ေဆာင္ထားသင့္သည့္အခ်က္မ်ား၊ ဦးစားေပးလုပ္ေဆာင္သင့္သည့္ အခ်က္အလက္မ်ား၊ အစိုးရအေနျဖင့္ မည္သို႔ကူညီပံ့ပိုးေဆာင္႐ြက္သင့္သည္မ်ားကို  ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပးအဖြဲ႕ ဝင္ျဖစ္သူ ဝါရင့္စီးပြားေရးပညာရွင္ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ျမန္မာ့စီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။  ကိုဗစ္ဒုတိယလႈိင္းက ဆရာတို႔မွန္းထားသလိုပဲ ေတာ္ေတာ္ေလးျပင္းျပင္းထန္ထန္လည္း ျဖစ္လာတယ္။ေနာက္တစ္ခ်က္က လုပ္ငန္းအကုန္နီးပါးက ထိုးရပ္သေလာက္လည္းျဖစ္သြားတယ္၊ အဲ့လိုျဖစ္သြားတဲ့အခ်ိန္မွာ ကိုဗစ္ရန္ပုံေငြအတြက္ သီးသန႔္ ဘီလ်ံတစ္ေထာင္ေလာက္အထိ ဖယ္ထားတယ္၊ ဒီထဲမွာ စီးပြားေရးနဲ႔ပတ္သက္တဲ့ Plan က မပါေသးဘဲ က်န္းမာေရးနဲ႔ ကုသကာကြယ္ကယ္ဆယ္ေရးအတြက္ပဲပါေတာ့ စီးပြားေရးနဲ႔ပတ္သက္တဲ့အပိုင္းကို အခုအခ်ိန္မွာ ဘယ္လိုမ်ိဳးစၿပီးကိုယ္တြယ္သင့္သလဲ၊ ဘယ္အရာေတြကိုစလုပ္သင့္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုေတာ့ ပထမလႈိင္းနဲ႔ ဒုတိယလႈိင္းက လုံး၀အေျခအေနမတူေတာ့ဘူး။
အေျခအေနမတူတဲ့အခါက်ေတာ့ အခု သူတို႔က ပထမလႈိင္းတုန္းကလို ေပးထားတဲ့ပမာဏ ေငြေၾကးကလည္း ဘာမွမရွိသေလာက္ပဲ။အဲ့ေတာ့ အခု ဒီအခ်ိန္မွာ တကယ္တမ္းေတာ့ အခုကေတာ့ နာလန္ထဖို႔ကခဏထား။မလဲဖို႔ ျပႆနာျဖစ္ေနတာေပါ့ေနာ္။လုပ္ငန္းေတြေတာ္ေတာ္မ်ားမ်ားက ရပ္ကုန္ၿပီ၊ ရပ္ကုန္တဲ့အခါက်ေတာ့ အခုက လူတိုင္းမွာ ေရာဂါ ရွိ၊ မရွိ ဆိုတာကလည္း မေရရာေတာ့ဘူးေလ၊ ကိုယ္ကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုယ္  စိတ္မခ်ဘူးျဖစ္ေနေတာ့ အခုအရင္တုန္းကလိုေပါ့ေနာ္၊ ျပန္ၿပီး ဖြင့္မယ္၊ မဖြင့္ဘူးဆိုတဲ့ ေမးခြန္းေတြကမရွိေတာ့ဘူး။အခုကပိတ္ရတာကိုး။ပိတ္ရတဲ့အခါက်ေတာ့ အားလုံးကရပ္ကုန္ၿပီ။ရပ္ကုန္တဲ့အခါက်ေတာ့ ရပ္တဲ့သူေတြကို ႏိုင္ငံေတာ္အစိုးရက ဘယ္ေလာက္ေလာက္အထိ ေထာက္ပံ့ႏိုင္မလဲ။သူတို႔မွာလည္း အကန႔္အသတ္ရွိမယ္၊ အဲ့ေတာ့ ကိုယ့္အေနနဲ႔က ပထမအသုတ္တုန္းက ေရာဂါအေနအထားကလည္း သိပ္ၿပီးမျပင္းထန္ေတာ့ သူတို႔ရဲ႕ေထာက္ပံ့မႈေတြ ဒီေလာက္ႀကီးမထိေရာက္ေပမယ့္ မသိသာဘူးေလ။အခုက်တာ့ အားလုံးေပါ့ က႑အစုံ။

ေနာက္တစ္ခုက လုပ္ငန္းအႀကီး၊ လုပ္ငန္းအေသး၊ လုပ္ငန္းအလတ္ အားလုံးထိတာကိုး။အခုပိုၿပီးဆိုးတာက ဘဏ္ေတြလည္းထိတယ္ေလ၊ ဘဏ္ေတြလည္းထိတဲ့အခါက်‌ေတာ့ သူတို႔အေနနဲ႔ကေတာ့ ဒါႀကီးကိုျပန္ၿပီး ႏိုင္ငံတကာအေျခအေနတစ္ခုနဲ႔ သြားတူသလိုျဖစ္တာကိုး။ႏိုင္ငံျခားမွာ ပထမလႈိင္းတုန္းကလို  လုံး၀ကိုမေတြ႕ႀကဳံရတဲ့ အေတြ႕အႀကဳံ၊ ပထမလႈိင္းတုန္းကလို လုံး၀မရင္ဆိုင္ရတဲ့ အခက္အခဲေတြကို အခုရင္ဆိုင္ေနရၿပီေလ။ရင္ဆိုင္ေနရတဲ့အခါက်ေတာ့ ေငြေရး၊ ေၾကးေရးတင္မကဘူး။ဆရာတို႔ ဘယ္လိုလုပ္ၾကမလဲ၊ အလုပ္လက္မဲ့ျဖစ္လာၿပီ၊ ပိုၿပီးမ်ားလာၿပီ။အဲ့ေတာ့ အလုပ္လက္မဲ့ေတြျဖစ္ေတာ့  လူမႈေရးျပႆနာေတြ အဲ့ကေနတစ္ဆင့္ ႏိုင္ငံေရးျပႆနာေတြ ဆရာတို႔ ေရာယွက္ေနတာေပါ့။အဲ့ေတာ့ ဒီေနရာမွာ စီးပြားေရးလုပ္ငန္းေတြကို အခုကဖြင့္ဖို႔၊ ဖြင့္တဲ့လုပ္ငန္းက မရွိသေလာက္ရွားေနၿပီကိုး။ဟုတ္တယ္မလား။

လႈပ္ရွားတာက ေစ်းေတြအထိ ပိတ္ရတဲ့အ‌ေနအထား။အဲ့ေတာ့ အခုက ေတာ္‌ေတာ္ႀကီးကို အၾကပ္အတည္းကာလကို ရင္ဆိုင္ေနရၿပီေလ။ဒီထဲကေန ထြက္ေပါက္ဆိုရင္ေတာ့ အခုနကလို (Recovery Plan) (Release Plan) ေလာက္နဲ႔ မရေလာက္ဘူးထင္တယ္။သူက တကယ့္ကို အႀကီးအက်ယ္ ဆရာတို႔လုပ္ရမယ္။ၿပီးေတာ့ ရန္ကုန္မွာ (Lock Down) လုပ္လိုက္တာနဲ႔ (Lock Down) လြင့္ထြက္ၿပီး ပါလာတဲ့ စီးပြားေရးထိခိုက္မႈေတြကို ဘယ္လိုအေျဖရွိမလဲ။တစ္ေယာက္ခ်င္း တစ္ဦးခ်င္း သြားေမးျပန္လို႔လည္းမရဘူး။အဲ့ေတာ့ ကိုယ္က အလုပ္အကိုင္ အခြင့္အေရး ဖန္တီးဖို႔ဆိုျပန္ေတာ့လည္း အရင္တုန္းက သူတို႔က ထြက္ေပါက္တစ္ခုအေနနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို ျပန္ၿပီးနာလန္ထေအာင္လုပ္မယ္။ၿပီးေတာ့ အထည္ခ်ဳပ္ေတြကို ဒီအတိုင္းဆက္လုပ္မယ္ဆိုေတာ့ အခုက အထည္ခ်ဳပ္ေတြလည္း စိတ္မခ်ရဘူး။အခုျဖစ္တာက ျပႆနာကဘာလဲဆိုရင္ အခုကေရွ႕တန္းတင္ေနတာက ျပည္သူ႔တပ္မႀကီးျပႆနာ ေရွ႕တန္းတင္ေနရၿပီေလ။

လူတိုင္းမွာ ေရာဂါ ရွိတယ္/မရွိဘူးဆိုတာက မေသခ်ာေတာ့ဘူး။အဲဒီေတာ့ စိတ္မခ်ရေတာ့ဘူးဆိုေတာ့ အဲဒီဟာက ေတာ္ေတာ္ႀကီးကို ဦးေႏွာက္ေျခာက္မွာေပါ့။စဥ္းစားစရာေတြကလည္း ေတာ္ေတာ္ေလးစဥ္းစားရမယ္။အဲဒီေတာ့ ေငြဘယ္ေလာက္ထည့္ေပးႏိုင္မလဲ။အရင္တုန္းက သူတို႔စိတ္ပူတာက ဘတ္ဂ်က္ေပါ့။လိုေငြျပတဲ့ ဘတ္ဂ်က္ေတြက။အခုအဲ့ဒါေတြကိုလည္း မစဥ္းစားသင့္ေတာ့ဘူးထင္တယ္။အေစာကရွိတဲ့ ေငြေတြအားလုံးကိုထုတ္ၿပီးေတာ့ ေတာင့္ခံႏိုင္ေအာင္ ဘယ္လိုလုပ္ၾကမလဲ၊ သူတို႔လည္း ေတာ္ေတာ္ေလးေတာ့ ဒါစဥ္းစားစရာႀကီးေပါ့၊ သူတို႔အတြက္ကေတာ့ေနာ္။

Opinion Leaders ။     ။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေျပာတဲ့အထဲမွာ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး အဓိကထည့္ေျပာသြားတာရွိတယ္။ဒီကာကြယ္ေဆးကို အခ်ိန္နဲ႔တေျပးညီရတာနဲ႔ ကုသမယ္၊ ကာကြယ္မယ္၊ အရင္ဆုံးရတဲ့ဆီကေန ႀကိဳးစားၿပီးယူေပးမယ္လို႔ ေျပာထားတာရွိပါတယ္။လက္ရွိမွာက ႏိုင္ငံတိုင္း၊ ႏိုင္ငံတိုင္းက ဒီေဆးကိုလိုခ်င္ေနၾကတဲ့ အေနအထားျဖစ္ေနေတာ့ ဒီေဆးျမန္ျမန္ ရျခင္း၊ မရျခင္းက ႏိုင္ငံစီးပြားေရးအတြက္ ဘယ္ေလာက္အထိ သက္ေရာက္ႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ တစ္ခုက ဆရာနားမလည္တာကေပါ့ေနာ္။အခု ကိုယ္တြက္ၾကည့္တာက အေမရိကမွာ ကာကြယ္ေဆးမရႏိုင္ဘူး။႐ုရွားမွာရတယ္လို႔ အျခားႏိုင္ငံေတြမွာရတယ္လို႔ ဘာညာေျပာေနတာက ဘာကိုေျပာေနသလဲေတာ့ မေျပာတတ္ဘူး။အဲ့ေတာ့ ေျပာရင္ေတာင္ အေမရိကမွာ ကာကြယ္ေဆး ဒီေန႔ရရင္ေတာင္ လူေတြအားလုံး ကာကြယ္ေဆးလုံလုံၿခဳံၿခဳံထိုးႏိုင္ေအာင္၊ စိတ္ခ်လက္ခ်ထိုးႏိုင္ေအာင္ အခ်ိန္ကယူရအုံးမွာေလ၊ အဲ့ေတာ့ ဆရာစိတ္ပူတာက ကာကြယ္ေဆး ရ၏၊ မရ၏ဆိုတဲ့ အာ႐ုံထက္ကို အခုလက္ရွိလူေတြေပါ့၊ ကူးစက္မႈႏႈန္းေလ်ာ့သြားေအာင္ ဘယ္လိုလုပ္မလဲ။အဲ့ဒါကပိုၿပီး ကိုယ့္စိတ္ထဲေတာ့ အာ႐ုံရွိဖို႔လိုတယ္။ကာကြယ္ေဆးကိုသြားၿပီး ေမွ်ာ္ကိုးေနၿပီးေတာ့ ကာကြယ္ေဆးဘယ္ေတာ့ရမယ္မွန္း၊ မသိရဘူး။

ေနာက္တစ္ခါ ကာကြယ္ေဆး ဘယ္ေလာက္ ထိေရာက္တယ္၊ မထိေရာက္ဘူး၊ ႐ုရွားက သူတို႔လုပ္တယ္ဆိုေပမယ့္ တကယ္တမ္း သူတို႔ေျပာသာေျပာေနတာ တ႐ုတ္က ကာကြယ္ေဆးထုတ္မယ္လို႔ ေျပာသာေျပာေနတာ တကယ္တမ္း ကမာၻ႔သိပၸံပညာရွင္ေတြ ေဆးသိပၸံပညာရွင္ေတြ လက္ခံထားတဲ့အဆင့္အထိ မေရာက္ေသးဘူးထင္တယ္။ဆရာ သိသေလာက္ေတာ့ ဆရာမွားခ်င္ရင္လည္း မွားေနမွာေနာ္။အဲ့ေတာ့ ဆရာထင္တာက ကာကြယ္ေဆး ရတယ္၊ မရတယ္ဆိုတာထက္ အေရးႀကီးတာက ကိုယ့္လူေတြ အေနအထိုင္ဆင္ျခင္ဖို႔  အသြားအလာဆင္ျခင္ဖို႔။ေနာက္တစ္ခါ ႐ုံးေတြမွာဆက္ၿပီးလုပ္လို႔ရွိရင္ ဘယ္လိုမ်ိဳးလဲ (Social Distancing) မ်ိဳး (Physical Distancing) မ်ိဳး ဒါေတြကို ပိုၿပီးေတာ့ဦးစားေပးရမယ္ထင္တယ္။ကာကြယ္ေဆးပဲေမွ်ာ္ေနတာ ေမွ်ာ္လင့္ခ်က္ေတြသိပ္ႀကီးေနရင္ မျဖစ္ေသးဘူး ေအာက္ေမ့တယ္။ဒါႀကီးက ေဆာက္ျဖစ္မွ ေက်ာင္းဒကာ‌ေလ၊ ၿပီးေတာ့ အလုအယက္ေတြဝယ္တယ္ဆိုတာ ဘာညာ အခုကမဝယ္ဘူး။ဒီသတင္းေတြက ဘယ္ကလဲမသိဘူး။
ဆရာတို႔နားလည္တဲ့ပုံစံကေတာ့ အခုအထိ မရေသးဘူး။အေမရိကမွာလည္းမရွိဘူး၊ ႐ုရွားမွာလည္း သူတို႔ေျပာေနတာၾကာၿပီ။တကယ္တမ္းေတာ့ အေမရိကန္ ကမာၻ႔စံႏႈန္းနဲ႔စစ္လိုက္ရင္ ဒါေတြက ဆရာတို႔ ေဆးၿမီးတိုႀကီးေတြ။ဆရာကေတာ့ အလိုက္မွားမွာစိုးတယ္။တကယ္တမ္းေတာ့ အဲ့ဒီ ကာကြယ္ေဆး ဝယ္ဖို႔၊ မဝယ္ဖို႔ ထုတ္ဖို႔၊ မထုတ္ဖို႔ စဥ္းစားတာထက္ ကိုယ့္လူေတြလုံလုံၿခဳံၿခဳံရွိေအာင္ ဘယ္လိုလုပ္ၾကမလဲ၊ ႐ုံးေတြဘယ္လိုလုပ္ၾကမလဲ ဒါေတြကိုစဥ္းစားရမွာေနာ္၊ အေျဖလႊဲသြားမွာစိုးတယ္။ဒါေပမဲ့ သူတို႔က ကိုယ္ထက္ေတာ့နားလည္တယ္လို႔ ေအာက္ေမ့တာပါပဲ။

Opinion Leaders ။     ။ လက္ရွိ ဒီအစိုးရရဲ႕ လုပ္ေဆာင္မႈေတြရွိတယ္ေပါ့ေနာ္၊ အခုဆိုရင္ အမ်ားစုက (Lock Down) အတြက္ကို လုပ္ေစခ်င္တယ္၊ ပိုးရဲ႕သက္တမ္းက ၁၁ ရက္ေလာက္ရွိတယ္ဆိုေတာ့ ၁၄ ရက္လုပ္ေစခ်င္တယ္လို႔ အႀကံျပဳတာလည္းရွိပါတယ္။ဒါေပမဲ့ အခ်ိဳ႕ေတြကလည္း ဒီ (Lock Down) ကာလမွာ ျပည္သူေတြ ရန္ကုန္မွာေနတဲ့ ေတာ္ေတာ္အမ်ားစုက ဆင္းရဲသားျဖစ္တဲ့အတြက္ကို ေတာင့္မခံႏိုင္မွာလည္း စိုးတဲ့အတြက္ အခုသတ္မွတ္လိုက္တဲ့ (Stay Home) က ဒါလက္ရွိကိုင္တြယ္မႈအတြက္ လုံေလာက္ရဲ႕လား ဆရာ၊ ဘာေတြမ်ားလို အပ္ခ်က္ရွိအုံးမလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဟိုတုန္းကေတာ့ (Lock Down) သၾကၤန္တုန္းကလုပ္ခဲ့တယ္ လုပ္ၿပီးေပမယ့္  အဲ့တုန္းက ေအာင္ျမင္တယ္လို႔ အယူအဆရွိတယ္။သို႔ေသာ္လည္း ဟိုတုန္းကအေနအထားနဲ႔ အခုအေနအထားက မတူဘူးေလ၊ ဟိုတုန္းကအေနအထားက ပိုးေတြ႕တာက ႏိုင္ငံတကာကလာတဲ့ ေရာဂါကူးစက္မႈ။အခုက (community transmission) (local transmission)။အဲ့ေတာ့ၾကည့္ရမွာပဲ။အေမရိကမွာလည္း သူတို႔စမ္းသပ္ၾကည့္တာပဲ။အႀကီးအက်ယ္ျဖစ္လာတဲ့အခ်ိန္မွာ (Lock Down) လုပ္တဲ့အခ်ိန္မွာ ေအာင္ျမင္တယ္လို႔ေျပာတယ္။ကိုယ့္အေနနဲ႔ ဘယ္ေလာက္ၾကပ္ၾကပ္မတ္မတ္လုပ္ႏိုင္မလဲ၊ စည္းကမ္းလိုက္နာႏိုင္မလဲ။အဲဒီအေပၚမွာ အေျခခံၿပီးေတာ့ အေျဖထြက္လိမ့္မယ္ထင္တယ္။ဆရာထင္တယ္ သူတို႔အခု ႏွစ္ပတ္ေလာက္အတြင္း (Lock Down) လုပ္တဲ့ အေနအထားကိုၾကည့္ၿပီးေတာ့ ေရာဂါျပန႔္ပြားမႈႏႈန္းအေနအထားကို သုံးသပ္ၾကည့္ရမွာေပါ့ေလ ဘယ္ေလာက္အေျခအေနရွိလဲဆိုတာကို။

Opinion Leaders ။     ။ မီဒီယာေတြကိုလည္း ကူးစက္မႈအရ စထိန္းခ်ဳပ္လိုက္ၿပီးေတာ့ တခ်ိဳ႕ေတြကိုရပ္လိုက္တယ္။တခ်ိဳ႕ ႐ုပ္သံပ႐ိုဂရမ္ေတြလည္း ထိုးရပ္တာရွိတယ္။သတင္းစာေတြလည္း အကုန္နီးပါးထိုးရပ္ၾကတာရွိပါတယ္။ရွိတဲ့အခါက်ေတာ့ အခုကာလမွာ သတင္းစီးဆင္းမႈက အရမ္းအေရးႀကီးတယ္။အဲ့လိုမဟုတ္လို႔ရွိရင္ ေကာလာဟလေတြနဲ႔ လူထုမွာစိုးရိမ္မႈေတြ အမ်ားႀကီးရွိႏိုင္တယ္။ရွိႏိုင္တဲ့ဟာက်ေတာ့ အခုလိုမ်ိဳး မီဒီယာေတြကိုပါ Stay Home ထဲမွာ ေကာက္ထည့္လိုက္တဲ့အတြက္ကို ဘာေတြျဖစ္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုကေတာ့ တကယ္တမ္းေျပာရင္ ပုံႏွိပ္မီဒီယာကေတာ့ မရွိသေလာက္ျဖစ္သြားမယ္။ဘာေၾကာင့္လဲဆိုေတာ့ အားလုံးက ဒီလိုပဲေက်ာ္တက္ရမွာပါပဲ အြန္လိုင္းနဲ႔လုပ္ရမယ္ အဲ့အခါက်ေတာ့ မီဒီယာေတြက်င့္ဝတ္ေပါ့ေလ၊ အစတည္းကေျပာေနတာ ကိုယ့္ဟာကိုယ္စည္းကမ္းထိန္းမွရမယ္။
ကိုယ့္ကိုယ္ကိုယ္ စည္းကမ္းမထိန္းပဲနဲ႔  အခုနကလို ဟုတ္တဲ့သတင္းေရာ မဟုတ္တဲ့သတင္းေရာ မွန္တာေရာ  မမွန္တာေရာ ေနာက္ေျပာရင္ လူထုက နဂိုတည္းက တထိတ္တလန႔္ျဖစ္ေနတဲ့အခါမွာ ပိုၿပီးေတာ့စိုးရိမ္စိတ္ေတြ ပိုေပၚလာမွာေပါ့။အခုကျဖစ္ေနတာက မီဒီယာမွာက ဆိုရွယ္မီဒီယာရွိေနတာကိုး။ဘာမွမတတ္ႏိုင္ေတာ့ဘူး။
တကယ္တမ္းက်ေတာ့ ခင္ဗ်ားတို႔ဆီက ယုံယုံၾကည္ၾကည္နဲ႔ ယူတာမဟုတ္ဘူးေလ။သူတို႔နည္း သူတို႔ဟန္နဲ႔ သူတို႔အဆက္အသြယ္နဲ႔ ဆိုရွယ္မီဒီယာကေန  ဆယ္လီေျပာတာယုံလိုက္ ဟိုလူေျပာတာယုံလိုက္၊ ဒါနဲ႔ပဲလိုက္ေနတာကိုး။

အဲ့ေတာ့ လုပ္ႏိုင္တာက တစ္ခုကေတာ့ ႏိုင္ငံေတာ္အစိုးရကတစ္ဆင့္‌ ေၾကညာခ်က္ေတြကို မွန္မွန္ကန္ကန္ထုတ္၊ လမ္းၫႊန္ခ်က္ေတြကိုမွန္မွန္ေပး ဒါပဲလုပ္ႏိုင္တာရွိမယ္။က်န္တာကေတာ့ သြားၿပီး ဒါႀကီးကိုထိန္းလို႔မရဘူးေလ သူတို႔က သူတို႔ဟာနဲ႔သူအရွိန္ကရွိေနတာကိုး အဲ့ေတာ့ ဆိုရွယ္မီဒီယာရဲ႕အားကို ခင္ဗ်ားတို႔ၿပိဳင္လို႔မရေတာ့ဘူး။ခင္ဗ်ားတို႔ ပရင့္မီဒီယာေတြ ဒုကၡေရာက္သြား႐ုံပဲရွိတယ္။ခင္ဗ်ားတို႔ အြန္လိုင္းတက္ဖို႔ကလည္း ျပႆနာရွိတယ္ေလ၊ မတက္လို႔မရဘူး။အဲ့ေတာ့တက္ေတာ့ သူတို႔နဲ႔ၿပိဳင္ရမွာ ကိုယ္က သတင္းအမွန္ေတြေပးတယ္ဆိုေပမယ့္  သူတို႔ လူေတြၾကည့္တဲ့ လူေတြဖတ္တဲ့ဟာနဲ႔ ကိုယ္နဲ႔က ယွဥ္ႏိုင္မလား၊ မယွဥ္ႏိုင္ဘူးလားဆိုတာကိုေပါ့ အခုက အရည္ေသြးမဟုတ္ေတာ့ဘူးေလ။လူေတြအားလုံးက တထိတ္တလန႔္ျဖစ္ေနတဲ့ဟာမ်ိဳးမွာ ဒါေတြျဖစ္တာကိုး အဲ့ေတာ့ ကိုယ့္မီဒီယာသမားေတြရဲ႕ က်င့္ဝတ္က ပိုအေရးႀကီးလာတယ္။အဲ့ေတာ့ သူမ်ားမထိန္းရင္လည္း ကိုယ္ထိန္းရမယ္ဆိုတဲ့ အေနအထားကိုး၊ အဲ့ေလာက္ပဲရွိပါတယ္ေနာ္။    

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
စက္တင္ဘာ - ၂၄