【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာကြီးသို့ တံခါးဖွင့်ရာတွင် အဓိကဖြစ်လာသည့် ကွမ်ရှီးဒေသ

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာကြီးသို့ တံခါးဖွင့်ရာတွင် အဓိကဖြစ်လာသည့် ကွမ်ရှီးဒေသ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဗီယက်နမ်ခရီးစဉ်အပြီးတွင် ဗီယက်နမ်နှင့် နယ်စပ်ထိစပ်နေသော ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းသို့ ဆက်လက်သွားရောက်ခဲ့ပြီး တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးများအပါအဝင် သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် လက်တွေ့အသုံးပြုမှုများကို စိစစ်ခဲ့ကာ တရုတ်အစိုးရသည် ကမ္ဘာကြီးသို့ တရုတ်က တံခါးဖွင့်ရာတွင် ကွမ်ရှီးဒေသ၏ အရေးကြီးသော အခန်းကဏ္ဍကို အလေးထားကြောင်း ပြောခဲ့သည်။

ယခုအပတ်အစောပိုင်းတွင် သမ္မတ ရှီသည် ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံသို့ တက်ရောက်ခဲ့သည်။ထို့နောက်တွင် ဗီယက်နမ်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး မျှဝေသော အနာဂတ်ရှိသည့် တရုတ်-ဗီယက်နမ် အသိုက်အဝန်း တည်ဆောက်ရေးအပါအဝင် အရေးကြီးသော မဟာဗျူဟာများကို ဆွေးနွေးခဲ့သည်။ထို့အပြင် ခါးပတ်နှင့် လမ်း အစီအစဉ်ကို အကောင်အထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော် မီးရထားလမ်း တည်ဆောက်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဇုန်များ တည်ဆောက်ရေးနှင့် နယ်ပယ်အမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ကွမ်ရှီးသည် ဗီယက်နမ်နှင့် ကုန်းလမ်း၊ ရေလမ်းဖြင့် နယ်စပ်ဆက်နွယ်နေသော တစ်ခုတည်းသော တရုတ်ပြည်နယ်ဖြစ်ပြီး အထူးသဖြင့် ကွမ်ရှီးသည် ရေလမ်းကြောင်းတွင် အရေးပါသည်။

တရုတ်ခေါင်းဆောင်များသည် ၂၀၁၇ ခုနှစ်၌ ခေတ်သစ်ကို ဝင်ရောက်လာချိန်မှ စတင်ပြီး ကွမ်ရှီး၏ အရေးပါသောကဏ္ဍကို အသိအမှတ်ပြုထားပြီးဖြစ်ကာ တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် အမျိုးသားညီလာခံ ကျင်းပချိန်မှ စတင်ပြီး သမ္မတ ရှီသည် ကွမ်ရှီးဒေသကို ကိုယ်တိုင် သုံးကြိမ်စစ်ဆေးခဲ့ပြီးဖြစ်ကာ အရေးပါသော ညွှန်ကြားချက်များကို ချမှတ်ခဲ့သည်။

အထူးသဖြင့် အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံတွင် သမ္မတ ရှီသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သံတမန်များပါဝင်သောအဖွဲ့ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပြီး ညီလာခံ၏ မူဝါဒများကို အကောင်အထည်ဖော်ရေး၊ မဟာဗျူဟာအတွက် အရေးကြီးသော လိုအပ်ချက်များကို တွန်းအားပေးရေးနှင့် ကွမ်ရှီးဒေသ၏ ရေရှည်တိုးတက်ရေးတို့အတွက် မိန့်ခွန်းများ ပြောကြားခဲ့သည်။ထို့အပြင် နယ်စပ်တိုင်းရင်းသားဒေသများတွင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်၊ ဖွံ့ဖြိုးရေးပုံစံအသစ်အတွက် အောင်မြင်မှုများ ရရှိစေရန်၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု တိုးတက်မှု ပန်းတိုင်များ ရရှိစေရန်နှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရာတွင်လည်း ပါဝင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ပါတီခေါင်းဆောင်ပိုင်းသည် ကွမ်ရှီးဒေသ၏ တိုးတက်မှုအတွက် တိကျသေချာသော လမ်းညွှန်မှုများနှင့် ခိုင်မာသော အုတ်မြစ်များကို ချမှတ်ပေးခဲ့သည်။သမ္မတ ရှီ၏ လမ်းညွှန်ချက်အရ ကွမ်ရှီးဒေသည် အဓိကလုပ်ငန်းသုံးခုအတွက် အာရုံစိုက်ထားခြင်းဖြစ်သည်။ထိုလုပ်ငန်းသုံးခုမှာ အာဆီယံအတွက် နိုင်ငံတကာဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်ရေး၊ တရုတ်အနောက်တောင်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တံခါးဖွင့်ရေးအတွက် မဟာဗျူဟာအသစ်ဖြစ်လာရေးနှင့် ခါးပတ်နှင့် စီးပွားရေး အစီအစဉ်အတွက် အကျိုးရှိသော ဆက်သွယ်မှုတွင် အရေးပါသော ဂိတ်တံခါးဖြစ်လာစေရေးတို့ဖြစ်သည်။

ထိုရည်မှန်းချက်များဖြင့် ကွမ်ရှီးသည် ဖွံ့ဖြိုးမှုပုံစံအသစ်တွင် အောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးလျက်ရှိသည်။
 
အရည်အသွေးမြင့် တံခါးဖွင့်လုပ်ငန်းစဉ်များဖြင့် အရည်အသွေးမြင့် တိုးတက်မှုများ ရရှိလာပြီး ခါးပတ်နှင့် လမ်း ပူးပေါင်းဆောင်ရွက်ရေးကိုလည်း အထောက်အကူပြုခဲ့ကာ မျှဝေသော အနာဂတ်ရှိသည့် တရုတ်-အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သည်။

တရုတ်နိုင်ငံအနောက်ပိုင်း ကုန်းကြောင်း-ရေကြောင်း နိုင်ငံတကာစင်္ကြံအသစ် ဖွံ့ဖြိုးတိုးတက်မှုအောက်တွင် ကွမ်ရှီးဒေသသည် ပို့ဆောင်ကုန်သွယ်ရေးဒေသများကို အရှိန်အဟုန်မြှင့် တိုးတက်စေခဲ့သည်။

ပင်လုရေလက်ကြား တည်ဆောက်ခြင်းကိုလည်း အရှိန်မြှင့်တင်ကာ သွားလာရေးများကို အချိန်မြန်ဆန်စေခဲ့သည်။ကွေ့ကျိုးပြည်နယ်၊ ဟွမ်တုန်းဒေသမှ ကွမ်ရှီးဒေသ၏ တောင်ပိုင်းမြို့၊ ပိုင်စီမြို့သို့ ဆက်သွယ်ထားသည့် မီးရထားလမ်းကြောင်းကို တည်ဆောက်ခဲ့ပြီး တရုတ်၏ ဒေသများစွာကို အာဆီယံနှင့် ပိုမိုမြန်ဆန်စွာ ဆက်သွယ်စေနိုင်ခဲ့သည်။

ကွမ်ရှီးဒေသသည် အာဆီယံနှင့် နီးကပ်စွာ အလုပ် လုပ်ဆောင်ပြီး ကြီးကျယ်သော ပင်လယ်အော်ဧရိယာနှင့် ပေါင်းစပ်ကာ ဒေသ၏ တံခါးဖွင့်ခြင်းလုပ်ငန်းစဉ်တွင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံပြပွဲနှင့် အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်နိုင်ခဲ့သည်။ဒေသသည် ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်လည်ပတ်မှုများအတွက် အဆင်ပြေချောမွေ့စေမည့် နေရာများကို ဖန်တီးခဲ့ကာ တရုတ် (ကွမ်ရှီး) လွတ်လပ်စွာကုန်သွယ်ရေး စမ်းသပ်ဇုန်၊ တရုတ်-အာဆီယံ သတင်းအချက်အလက် ဆိပ်ကမ်းနှင့် အာဆီယံဗဟိုပြု ဘဏ္ဍာရေးဂိတ်တို့ကဲ့သို့ အဓိကပလက်ဖောင်းများကို တည်ဆောက်ခဲ့ပြီး ထိရောက်မှုရှိသော မူဝါဒများကိုလည်း မြှင့်တင်အားပေးခဲ့သည်။

ကွမ်ရှီးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်၏ တံခါးဖွင့်လုပ်ငန်းစဉ်နှင့် များစွာသက်ရောက် ချိတ်ဆက်နေခြင်းဖြစ်သောကြောင့် ကွမ်ရှီးဒေသအနေဖြင့် အနာဂတ်တွင်လည်း ဖွံ့ဖြိုးတိုးတက်ရေးပုံစံအသစ်တွင်လည်း အောင်မြင်မှုများ ဆက်လက်ရယူနိုင်ရန် မျှော်မှန်းလျက်ရှိသည်။

စိုးနိုင်ထွန်း
Ref - CMG | Guangxi to play key role in China's opening to the world