【 အားကစား 】 တိုကျိုအိုလံပစ် တင်းနစ် ရွှေတံဆိပ်ဆုရှင် ပြိုင်ပွဲဝင်ခွင့် အပိတ်ခံရ

【 အားကစား 】 တိုကျိုအိုလံပစ် တင်းနစ် ရွှေတံဆိပ်ဆုရှင် ပြိုင်ပွဲဝင်ခွင့် အပိတ်ခံရ

မက္ကဆီကို အိုးပင်းပြိုင်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ဒိုင်လူကြီး၏ ထိုင်ခုံအား ကြိမ်ဖန်များစွာ ရိုက်ပုတ်မှုဖြင့် တိုကျိုအိုလံပစ် တင်းနစ် ရွှေတံဆိပ်ဆုရှင် တင်းနစ်ကစားသမား အလက်ဇန်းဒါး ဇဗဲရက်ဖ် ကို ပြိုင်ပွဲများဝင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

The Association of Tennis Professionals (ATP) မှ တစ်နှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ် ၃ အဆင့်ရှိ ဇဗဲရက်ဖ်အနေနဲ့ ATP စည်းမျဉ်းနဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဌ Miro Bratoev ရဲ့ စီရင်ချက်ကို အယူခံဝင်ရန် သောကြာနေ့အထိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Bratoev မှ ပြီးခဲ့သည့်လက မက္ကဆီကိုနိုင်ငံ၊ Acapulco တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သုံးသပ်ခဲ့ပြီး၊ ဇဗဲရက်ဖ်ဟာ ATP စည်းမျဉ်းစာအုပ်ရဲ့ အဓိကပြစ်မှုအပိုင်းအောက်တွင် ပိုမိုဆိုးရွားသော အပြုအမူကို လုပ်ဆောင်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

မက္ကဆီကို အိုးပင်းပြိုင်ပွဲတွင် တစ်ဦးတည်းချန်ပီယံဖြစ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ဂျာမန်သားဟာ ဒိုင်လူကြီးအား အော်ဟစ်ဆဲဆိုကာ ထိုင်ခုံအား လေးကြိမ်ထက်မနည်း ပြင်းထန်စွာ ရိုက်ပုတ်ခဲ့မှုကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။အဆိုပါ အခင်းမဖြစ်ပွားမီ နှစ်ယောက်တွဲပွဲစဉ်တွေမှာ ဇဗဲရက်ဖ်တို့ အတွဲဟာ နှစ်ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီးဘက်မှ ဇ‌ဗဲရက်ဖ် ကို အော်ဟစ်ဆဲဆိုခြင်းအတွက် စည်းကမ်းချိုးဖောက်မှုပြုလုပ်ခဲ့သည်ဟု သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဇဗဲရက်ဖ်အနေနဲ့ ၎င်းရဲ့ အပြုအမူကြောင့် ဒဏ်ငွေ ဒေါ်လာ ၄၀,၀၀၀ ကို ဒဏ်ရိုက်ခံခဲ့ရပြီး၊ မက္ကဆီကို အိုးပင်းပြိုင်ပွဲမှာ ရရှိခဲ့သည့် ရမှတ်များအားလုံးနဲ့အတူ ဆုငွေ ဒေါ်လာ ၃၀,၀၀၀ ကိုလည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အောက်တိုဘာလတုန်းကလည်း ATP မှ ဇဗဲရက်ဖ်ရဲ့ ရည်းစားဟောင်းထံမှ အိမ်တွင်းရေးချိုးဖောက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှုများ ဖွင့်လှစ်ခဲ့ပါသေးတယ်။

Linko
Ref - thewest
မတ် - ၈