【 အားကစား 】 စကော့တလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာကို ယူကရိန်းတောင်းဆို

【 အားကစား 】 စကော့တလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာကို ယူကရိန်းတောင်းဆို

ယူကရိန်းနိုင်ငံမှ ၎င်းရဲ့ လက်ရွေးစင်ဘောလုံးအသင်းကစားရမယ့် စ‌ကော့တလန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးထွက်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာထံ တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံမှ ယူကရိန်းအပေါ် ကျူးကျော်စစ်အတွင်းမှာ ပြည်တွင်းဘောလုံးပြိုင်ပွဲများမှာ ရပ်တန့်သွားတာဖြစ်ပါတယ်။

"မတ်လအတွင်း စီစဉ်ထားတဲ့ သူတို့ရဲ့ပွဲစဉ်တွေကို ရွှေ့ဆိုင်းပေးဖို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဘက်မှ ဒီကနေ့တောင်းဆိုချက်ကို ဖီဖာမှ အတည်ပြုလက်ခံရရှိပါတယ်" ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

ယူကရိန်း လက်ရွေးစင်အသင်းဟာ မတ် ၂၄ ရက်နေ့တွင် စကော့တလန်အသင်းနဲ့ ဂလက်စဂိုမြို့မှာ ယှဉ်ပြိုင်သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး၊ အနိုင်ရရှိတဲ့ အသင်းဟာ ဝေးလ်စ် သို့မဟုတ် သြစတြီးယားအသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ထိုပွဲစဉ်အားလုံးကို အနိုင်ရရှိတဲ့ အသင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် စတင်ပြီးနောက် ယူကရိန်း အမျိုးသားလိဂ် ဘောလုံးပြိုင်ပွဲများဟာ ရပ်နားခဲ့ရပြီး ယူကရိန်းနိုင်ငံမှ မဟုတ်သော ကစားသမားအများအပြားဟာ နိုင်ငံမှထွက်ခွာခဲ့ကြပါတယ်။

ဖီဖာဘက်မှ စကော့တလန် တာဝန်ရှိသူတွေ၊ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တို့နဲ့ ဆွေးနွေးပြီး သင့်လျော်တဲ့ အဖြေတစ်ခုကို ရှာဖွေဖို့ ရှိနေပါတယ်။ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေကြောင့် ထိခိုက်ခံစားရသူတိုင်းအတွက် အလေးနက်ဆုံး စည်းလုံးညီညွတ်မှုကို ဖီဖာက ဖော်ပြပါတယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ ဘီလာရုစ် အားကစားသမားများကို ဆောင်းရာသီ မသန်စွမ်းအိုလံပစ် ယှဉ်ပြိုင်ခွင့်ကိုလည်း ပိတ်ပင်ထားပြီးဖြစ်ပါတယ်။

ရုရှား လက်ရွေးစင် ဘောလုံးအသင်းကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်ပေးဖို့ ဖီဖာကို တောင်းဆိုလျက်လည်း ရှိနေပါတယ်။

Linko
Ref - nypost
မတ် - ၄