【 ပြည်တွင်း 】 “ဘီယာဗိုက်” အမည်နဲ့ ထုတ်လွှင့်ခဲ့ပြသခဲ့တဲ့ တေးသီချင်းဗီဒီယိုပါ အဆိုတော်နဲ့ သရုပ်ဆောင်တချို့ကို အမှုဖွင့်

【 ပြည်တွင်း 】 “ဘီယာဗိုက်” အမည်နဲ့ ထုတ်လွှင့်ခဲ့ပြသခဲ့တဲ့ တေးသီချင်းဗီဒီယိုပါ အဆိုတော်နဲ့ သရုပ်ဆောင်တချို့ကို အမှုဖွင့်

ရန်ကုန်၊ ဧပြီ - ၅

လူမှုကွန်ရက်မှာ “ဘီယာဗိုက်” အမည်နဲ့ ထုတ်လွှင့်ခဲ့ပြသခဲ့တဲ့ တေးသီချင်းဗီဒီယိုဟာ အရှက်ကင်းမဲ့ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတယ်လို့ သက်ဆိုင်ရာက အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနဲ့ တခြားပါဝင်ပတ်သက်သူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရွန်နစ် ဆက်သွယ်ရေး ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃ (က) နဲ့ အမှုဖွင့် အရေးယူထားကြောင်း ဧပြီလ ၅ ရက် ဒီနေ့မှာ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ယခုအရေးယူမှုမှာ တေးသီချင်းဗီဒီယိုတွေကို နည်းလမ်းပေါင်းစုံနဲ့ ရိုက်ကူးထုတ်လွှင့်ပြသမှုတွေမှာ ဆင်ဆာမူဝါဒတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူမယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဧပြီလ ၄ ရက် မနေ့က ထုတ်ပြန်ပြီးနောက် အရေးယူမှုဖြစ်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါ တေးသီချင်းဗီဒီယိုတစ်ခု ရိုက်ကူးမှုမှာပါတဲ့ အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနဲ့ တခြားပါဝင်ပတ်သက်သူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရွန်နစ် ဆက်သွယ်ရေး ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃ (က) နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

အဆိုပါ အရေးယူထားသူတွေကို အီလစ်ထရွန်နစ် ဥပဒေပုဒ်မ-၃၃ (က) နဲ့ အမှုဖွင့် အရေးယူထားတာဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရင် အနည်းဆုံး ထောင်ခုနစ်နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လင်းလင်း