【 ပြည်တွင်း 】 သစ်တောထွက်ပစ္စည်း တင်ပို့မှု ထက်ဝက်ကျော် လျော့ကျ

【 ပြည်တွင်း 】 သစ်တောထွက်ပစ္စည်း တင်ပို့မှု ထက်ဝက်ကျော် လျော့ကျ

ရန်ကုန်၊ ဧပြီ - ၁၅
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုဟာ အရင်ဘဏ္ဍာနှစ် အလားတူကာလထက် ထက်ဝက်ကျော် လျော့နည်းခဲ့ကြောင်း သိရပါတယ်။
 
ပြည်ပနိုင်ငံများသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက ကန်ဒေါ်လာ ၁၃၉ သန်းကျော် ရရှိခဲ့သော်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ ၆၇ သန်းကျော်သာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။
 
မြန်မာနိုင်ငံကနေ ပြည်ပသို့ ဘဏ္ဍာနှစ်အလိုက် သစ်တောထွက်ပစ္စည်း တင်ပို့မှုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၅၄
သန်းကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၂၈ သန်းကျော်၊ ၂၀၂၁-၂၀၂၂ Mini Budget မှာ ဒေါ်လာ ၈၃ သန်းကျော်နှင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၃၉ သန်းကျော် အသီးသီးရရှိထားခြင်းဖြစ်ပါတယ်။
 
ပြည်ပသို့ ပို့ကုန်တင်ပို့မှုတွင် သစ်တောထွက်ပစ္စည်းအပါအဝင်၊ လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များကို တင်ပို့နေခြင်းဖြစ်ပါတယ်။
 
အဆိုပါပို့ကုန်အားလုံးရဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့တင်ပို့မှု ပမာဏဟာလည်း ကန်ဒေါ်လာ သန်း ၁၄,၆၀၀ ကျော်ရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
 
လင်းလင်း