【 ပြည်တွင်း 】 ရွှေတိဂုံစေတီတော်မှာ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Station များ ဖွင့်လှစ်ထား

【 ပြည်တွင်း 】 ရွှေတိဂုံစေတီတော်မှာ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Station များ ဖွင့်လှစ်ထား

ရန်ကုန်၊ ဧပြီ - ၅

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် (Shwedagon Pagoda Digital Directory) ကို ရင်ပြင်တော် အရပ်လေးမျက်နှာရှိ သတ်မှတ်နေရာအသီးသီးတွင် Station များ တည်ဆောက် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

အဆိုပါ Station များကို ဧပြီ ၁ ရက်မှ စတင်ဖွင့်လှစ်လိုက်ကြောင်း စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

Pagoda Digital Directory ကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပြင် မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရားစေတီ၊ ပုထိုးများဖြစ်သည့် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော်နှင့် ပုဂံ အာနန္ဒာစေတီ၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်၊ မကွေးမြို့ရှိ မြသလွန်စေတီ၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီနှင့် မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရား၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား တို့တွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဒါ့အပြင် တခြားသော အထင်ကရ ဘုရား၊ စေတီများတွင်လည်း Pagoda Digital Directory ဖြင့် အဆင့်မြှင့်တင် ပြသနိုင်ဖို့ Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရပါတယ်။

လင်းလင်း