【 ပြည်တွင်း 】 ပြည်ပသို့ ကော်ဖီတန်ချိန် နှစ်ထောင်ခန့် တင်ပို့မည်

【 ပြည်တွင်း 】 ပြည်ပသို့ ကော်ဖီတန်ချိန် နှစ်ထောင်ခန့် တင်ပို့မည်

ရန်ကုန်၊ ဧပြီ - ၈

အခု ၂၀၂၄ ခုနှစ်အတွင်းမှာ ပြည်ပနိုင်ငံများသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့် တင်ပို့ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။

လက်ရှိတွင် ကော်ဖီခူးဆွတ်တဲ့ ရာသီဖြစ်ပြီး နှစ်စဉ် ဧပြီ၊ မေနှင့် ဇွန်လတို့တွင် ပြည်ပသို့ တင်ပို့လေ့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ ကော်ဖီများအနက် ပြည်ပစျေးကွက်ရရှိထားသည်မှာ အာရေဗီးကားကော်ဖီဖြစ်ပြီး ရိုဘတ်စတာကော်ဖီအမျိုးအစားကတော့ ပြည်တွင်းစျေးကွက်မှာ သုံးစွဲမှုများတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့်နှစ် ဧပြီ၊ မေနှင့် ဇွန်လအတွင်းကလည်း တရုတ်၊ ထိုင်း၊ ဂျပန်၊တောင်ကိုရီးယား၊ ဥရောပနှင့် တခြားအာရှနိုင်ငံများသို့ တန်ချိန်နှစ်ထောင်ဝန်းကျင် တင်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ကော်ဖီစိုက်ဧက လေးသောင်းဝန်းကျင်ရှိပြီး နှစ်စဉ်တန်ချိန် ရှစ်ထောင်နှင့် တစ်သောင်းကြား ထွက်ရှိတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။

ပြည်တွင်းကော်ဖီစိုက်ပျိုးမှုတွင် ရှမ်းပြည်နယ်က အများဆုံးစိုက်ပျိုးပြီး၊ ကရင်ပြည်နယ်တွင် ဒုတိယအများဆုံးဖြစ်ကာ မန္တလေးတိုင်းဒေသကြီးကတော့ တတိယအများဆုံး စိုက်ပျိုးတယ်လို့ သိရပါတယ်။

လင်းလင်း