【 ပြည်တွင်း 】 ပဲနွယ်ကုန်းစျေး မီး ၃ နာရီကျော် ထိန်းမရ လောင်ကာ စျေးဆိုင်ခန်းအားလုံးနီးပါး မီးထဲပါ

【 ပြည်တွင်း 】 ပဲနွယ်ကုန်းစျေး မီး ၃ နာရီကျော် ထိန်းမရ လောင်ကာ စျေးဆိုင်ခန်းအားလုံးနီးပါး မီးထဲပါ

ရန်ကုန်၊ ဧပြီ - ၃

ပဲခူးတိုင်းက ပဲနွယ်ကုန်းမြို့စျေး မီးလောင်ကျွမ်းမှု ၃ နာရီကျော်ကြာမြင့်ပြီး စျေးမှာရှိနေတဲ့ ဆိုင်ခန်းအားလုံး မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြိုစည်ပင်စျေးရုံဟာ ညနေ ၆ နာရီလောက်က စတင်မီးလောင်ကျွမ်းခဲ့ပြီး စျေးဆိုင်ခန်းအားလုံးအပြင် လူနေအိမ်များပါ မီးကူးစက် လောင်ကျွမ်းခဲ့ပါတယ်၊ ဒါ့အပြင် မီးလောင်ကျွမ်းမှုမှာ ၃ နာရီ ကြာမြင့်ခဲ့ပြီး ည ၉ နာရီလောက်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စျေးမှာရှိတဲ့ ဆိုင်ခန်းတွေကတော့ အားလုံး မီးထဲပါသွားတယ်၊ ညနေ ၆ နာရီလောက်ကတည်းက လောင်တဲ့မီး  ည ၉ နာရီလောက်မှပဲ မီးထိန်းနိုင်သွားတယ်၊ တချို့တွေကတော့ ဝါယာရှော့ခ်လို့တော့ ပြောတာပဲ၊ တိတိကျကျတော့ မသိသေးပါဘူး၊ တာဝန်ရှိတဲ့သူတွေကတော့ မီးလောင်ကျွမ်းမှုနဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေတွေကိုတော့ လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတုန်းပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး လက်ရှိမှာ မီးထိန်းထားနိုင်ပေမယ့်လည်း မီးမငြိမ်းသေးဘဲ ဆက်လက်ငြှိမ်းသတ်နေကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ မီးခိုးမွန်တာတွေရှိနေကြောင်း သိရပါတယ်၊ ဒါ့အပြင် မီးလောင်ကျွမ်းသွားတဲ့နေရာကို ဒေသခံ မီးသတ်ကားများအပြင် တခြားမြို့က မီးသတ်ကားတွေ လာရောက်ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

နေနေ