【 ပြည်တွင်း 】 နေ့အပူချိန် ထင်ထားသည်ထက် မြင့်တက်မည်ဟု ဆို

【 ပြည်တွင်း 】 နေ့အပူချိန် ထင်ထားသည်ထက် မြင့်တက်မည်ဟု ဆို

ရန်ကုန်၊ ဧပြီ - ၃
 
မြန်မာနိုင်ငံ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ဧပြီလ ၁၀ ရက်နောက်ပိုင်း နေ့အပူချိန်မှာ ထင်ထားသည်ထက် မြင့်တက်နိုင်ကြောင်း lobal Tropics Hazards Outlook-GTHO က ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
 
အဆိုပါဖော်ပြမှုတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ဒေသတွေမှာ ဧပြီလ ၁၀ ရက်မှ ၁၆ ရက်အတွင်း ပုံမှန်ထက် ၅၀% အပူချိန်ပိုမိုမြင့်မားနိုင်ကာ ကရင်ပြည်နယ်တွင် ပုံမှန်ထက် ၆၅% အပူချိန် ပိုမိုမြင့်မားနိုင်တယ်လို့ lobal Tropics Hazards Outlook-GTHO က ထုတ်ပြန်ထားပါတယ်။
 
လက်ရှိတွင်လည်း ရန်ကုန်မြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၉°C ၊ မကွေးတိုင်းတွင်  ၄၃°C ၊ မန္တလေးတိုင်းတွင် ၄၂°C ၊ မုံရွာမြို့တွင် ၄၁°C အထိရှိနေပြီး ပဲခူးမြို့ရဲ့ အပူချိန်မှာ ၄၀°C နဲ့ ၄၀°C ဒီဂရီအထက်တွင်ရှိနေတယ်လို့ မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
 
အရှေ့တောင်အာရှနိုင်ငံအများစုမှာ ဧပြီလ ပထမပတ်ကစလို့ အပူလှိုင်းဖြတ်မှုတွေ ဖြစ်ပွားနေပြီး မြန်မာအပါအဝင် ထိုင်းနဲ့ တခြားနိုင်ငံတွေမှာလည်း ဒီရက်ပိုင်းအတွင်း အပူချိန်တွေ သိသိသာသာမြင့်တက်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
 
ဇိုင်းဇိုင်း