【 ပြည်တွင်း 】 နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်း တရုတ်ပြော

【 ပြည်တွင်း 】 နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်း တရုတ်ပြော

ပေကျင်း၊ ဧပြီ - ၂၆

တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး လောင်းကစား လိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်က ပြောပါတယ်။

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် နစကရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်နှင့် ဧပြီ ၂၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့တွေ့ဆုံရာ၌ ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံကြား လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံနက်ရှိုင်းအောင် ဆောင်ရွက်သွားလိုပြီး လောင်းကစား လိမ်ညာမှု၊ မူးယစ်ဆေးဝါး စသည့် နယ်စပ်ဖြတ်ကျော်ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး လူပုဂ္ဂိုလ်နှင့် စီမံကိန်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များကို မြှင့်တင်သွားလိုပြီး တရားဥပဒေစိုးမိုးရေး စွမ်းရည် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်လိုကြောင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးကာ နှစ်နိုင်ငံနှင့် ဒေသ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်း  ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ နစကရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။