【 ပြည်တွင်း 】 ဒေါ်လာ ၃ သန်း၊ တရုတ်ယွမ် ၂ သန်းနှင့် ထိုင်းဘတ်သန်း ၄၀ တို့ကို ဗဟိုဘဏ်မှ ထုတ်ရောင်း

【 ပြည်တွင်း 】 ဒေါ်လာ ၃ သန်း၊ တရုတ်ယွမ် ၂ သန်းနှင့် ထိုင်းဘတ်သန်း ၄၀ တို့ကို ဗဟိုဘဏ်မှ ထုတ်ရောင်း

ရန်ကုန်၊ ဧပြီ - ၃

Online Trading Platform မှ တစ်ဆင့် ဒေါ်လာ ၃ သန်း၊ တရုတ်ယွမ် ၂ သန်းနဲ့ ထိုင်းဘတ် သန်း ၄၀ တို့ကို ယနေ့ (ဧပြီ ၃ ရက်) မှာ ထပ်မံ၍ ထုတ်ရောင်းနေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရပါတယ်။

ဗဟိုဘဏ်က Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေမျာကို ထုတ်ရောင်းရာမှာ ဖေဖော်ဝါရီ ၂ ရက်က ဒေါ်လာ ၅ သန်းနဲ့ ထိုင်းဘတ် သန်း ၅၀၊ မတ်လ ၅ ရက်မှာ တရုတ်ယွမ် ၇ သန်းနဲ့ ထိုင်းဘတ် ၁၂ သန်း၊ မတ်လ ၉ ရက်မှာ ထိုင်းဘတ် သန်း ၅၀၊ မတ်လ ၁၄ ရက်မှာ ဒေါ်လာ ၅ သန်း၊ မတ်လ ၂၂ ရက်မှာ ဒေါ်လာ ၅ သန်း၊ မတ်လ ၂၉ ရက်မှာ ဒေါ်လာ ၃ သန်း ထုတ်ရောင်းထားပြီး နှစ်လကျော်ကာလအတွင်း Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေများကို ခြောက်ကြိမ် ရောင်းချပေးခဲ့ကြောင်း၊ စုစုပေါင်း ဒေါ်လာ ၁၈ သန်း၊ တရုတ်ယွမ် ၇ သန်းနဲ့ ထိုင်းဘတ် ၁၁၂ သန်းတို့ကို ထုတ်ရောင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့ ထုတ်ရောင်းပေမယ့် နိုင်ငံခြားငွေကြေးဈေးကွက်ထဲမှာတော့ ယနေ့ (ဧပြီ ၃ ရက်) မှာ တစ်ဒေါ်လာလျှင် ဝယ်စျေး ၃၈၁၀ ကျပ်၊ ရောင်းစျေး ၃၈၈၀ ကျပ်ဖြစ်ခဲ့ပြီး ၃၈၀၀ အထက်မှာရှိနေတယ်လို့ သိရပါတယ်။

Online Trading Platform မဟုတ်တဲ့ နိုင်ငံခြား ငွေဈေးကွက်ထဲကို ဇန်နဝါရီ ၁ ရက်မှစ၍ မတ်လ ၄ ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်းကို ဒေါ်လာ ၁၅ ကြိမ် ထုတ်ရောင်းပေးထားပြီး ဇန်နဝါရီ ၁၉ ရက်မှစ၍ မတ်လ ၄ ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ် သန်း ၁၃၀၀ ကို ထုတ်ရောင်းပေးထားတယ်လို့ သိရပါတယ်။

စီစီ