【 ပြည်တွင်း 】 တရုတ်နိုင်ငံသို့ တစ်လအတွင်း ပဲတီစိမ်း တန်ချိန် ၆၆,၀၀၀ ကျော် တင်ပို့ခဲ့

【 ပြည်တွင်း 】 တရုတ်နိုင်ငံသို့ တစ်လအတွင်း ပဲတီစိမ်း တန်ချိန် ၆၆,၀၀၀ ကျော် တင်ပို့ခဲ့

ရန်ကုန်၊ ဧပြီ - ၉

ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း တရုတ်နိုင်ငံသို့ ပဲတီစိမ်း တန်ချိန် ၆၆,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။

မတ်လအတွင်း ပြည်ပသို့ ပဲတီစိမ်း တင်ပို့မှုတွင် တရုတ်နိုင်ငံသို့ တန်ချိန် ၆၆,၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၆၃၀၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ၄၃၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၈၀၀ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၆၂၀ ကျော်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၄၆၀ နီးပါး၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၇၀ နီးပါး၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၀၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၄၀ ခန့်နှင့် တခြားဥရောပနိုင်ငံများသို့လည်း တင်ပို့ခဲ့ကြောင်း သိရပါတယ်။

အဆိုပါပြည်ပနိုင်ငံအသီးသီးသို့ တစ်လအတွင်း ပဲတီစိမ်း တင်ပို့မှုဟာ စုစုပေါင်းတန်ချိန် ၈၂,၀၀၀ နီးပါးရှိခဲ့ကာ ကန်ဒေါ်လာ ၅၃ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။

အလားတူ မတ်လအတွင်းမှာ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ စုစုပေါင်းတန်ချိန် ၁၅၆,၀၀၀ ကျော်တင်ပို့ခဲ့ကြောင်းလည်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

အောင်အောင်