【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ၅ သိန်းကျော် တင်ပို့ခဲ့

【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ၅ သိန်းကျော် တင်ပို့ခဲ့

ရန်ကုန်၊ ဧပြီ - ၁၇
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ပဲတီစိမ်းတန်ချိန် ၅ သိန်းကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါ တယ်။
 
ပြည်ပနိုင်ငံများသို့ ပဲတီစိမ်း တင်ပို့မှုတွင် ပင်လယ်ရေကြောင်းကနေ ၄၄၆,၀၀၀ ကျော် တင်ပို့ခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကလည်း တန်ချိန် ၅၇,၀၀၀ ကျော် တင်ပို့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
 
နည်းလမ်းနှစ်သွယ်ကနေ ပဲတီစိမ်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၆ သန်းကျော် ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
 
ပြည်တွင်းက ထွက်ရှိတဲ့ ပဲတီစိမ်းများကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရခြင်းဖြစ်ကြောင်း သိရပါတယ်။
 
ဒါ့အပြင် တရုတ်နိုင်ငံသို့ ပဲတီစိမ်းအပြင် အခြားသီးနှံတွေဖြစ်တဲ့ ပြောင်းဖူးစေ့၊ နှမ်းနက်၊ နှမ်းညို၊ မြေပဲဆံတို့ကိုလည်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အောင်အောင်