【 ပြည်တွင်း 】 စက်မှုကုန်ချော တင်ပို့မှုမှ ကန်ဒေါ်လာ ၈၈၀၀ ကျော်ရရှိ

【 ပြည်တွင်း 】 စက်မှုကုန်ချော တင်ပို့မှုမှ ကန်ဒေါ်လာ ၈၈၀၀ ကျော်ရရှိ

ရန်ကုန်၊ ဧပြီ - ၂၁
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ စက်မှုကုန်ချောတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၈၈၀၀ ကျော် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလကနေ မတ်လကုန်အထိ တစ်နှစ်တာကာလအတွင်းမှာ နိုင်ငံပိုင်ကဏ္ဍကနေ စက်မှုကုန်ချောတင်ပို့မှုမှ ဒေါ်လာ  ၃၃၃၅.၅၂၅ သန်း ရရှိခဲ့ပြီး ပုဂ္ဂလိကကဏ္ဍကနေ တင်ပို့မှုမှ ဒေါ်လာ ၅၅၁၂.၅၄၂ သန်း ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
 
သို့ရာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း စက်မှုကုန်ချော တင်ပို့မှုကနေ ဒေါ်လာ ၁၀၉၄၀.၄၉၀ သန်း ရရှိခဲ့ခြင်းကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စက်မှုကုန်ချော တင်ပို့မှု တန်ဖိုးဟာ အရင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ သန်း ၂၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း သိရပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်အားလုံးရဲ့ စုစုပေါင်းတင်ပို့မှုတန်ဖိုးဟာလည်း ဒေါ်လာ ၁၄၆၁၈.၄၅၉ သန်း ရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။