【 ပြည်တွင်း 】 ကွဲကွာထားတဲ့ ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်စကားများရာမှ ဓားခုတ်မှုဖြစ်ပြီး အမျိုးသမီးသေဆုံး

【 ပြည်တွင်း 】 ကွဲကွာထားတဲ့ ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်စကားများရာမှ ဓားခုတ်မှုဖြစ်ပြီး အမျိုးသမီးသေဆုံး

နေပြည်တော်၊ ဧပြီ - ၂၄

အိမ်ထောင်ကွဲ အမျိုးသားနဲ့ အမျိုးသမီး ရန်ဖြစ်စကားများရာမှာ အမျိုးသားက ဓားနဲ့ခုတ်လို့ အမျိုးသမီးသေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ  ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဓားဖြင့်ခုတ်သူ အမျိုးသားနဲ့ သေဆုံးသူ အမျိုးသမီးမှာ အရင်က လင်မယားတွေဖြစ်ခဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်း မတိုက်ဆိုင်တဲ့အတွက် ကွဲထားရာမှ ဧပြီလ ၂၃ ရက်နေ ညပိုင်းအချိန်မှာ ကွဲကွာထားတဲ့ ခင်ပွန်းဟောင်းဖြစ်သူက ဇနီးဖြစ်ခဲ့ဖူးသူရဲ့ နေအိမ်ကို ရောက်ရှိလာပြီး သူတို့နှစ်ဦး ရန်ဖြစ်စကားများရာမှာ ခင်ပွန်းဟောင်းဖြစ်သူက အမျိုးသမီးကို ဓားဖြင့်ခုတ်ခဲ့တာကြောင့် အမျိုးသမီးမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရုပ်အလောင်းကို နေပြည်တော် ကုတင် (၃၀၀) ဆေးရုံကြီး ပြင်ပဌာနမှာ စစ်ဆေးမှုတွေပြုလုပ်ပြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့သလို ဓားနဲ့ခုတ်တဲ့ အမျိုးသားကိုလည်း ဖမ်းဆီးအရေးယူထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နေနေ
Photo - သဗ္ဗသုခအလုံးစုံအခမဲ့နာရေးကူညီမှုအသင်း