【 ပြည်တွင်း 】 ကျိုင်းတုံနယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ သန်း ၁၅၀ ကျော်ရှိ

【 ပြည်တွင်း 】 ကျိုင်းတုံနယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ သန်း ၁၅၀ ကျော်ရှိ

ရန်ကုန်၊ ဧပြီ - ၁၉
 
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ကျိုင်းတုံနယ်စပ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၅၄ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။
 
အဆိုပါ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်နှစ်အတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၅၆ သန်းကျော် တင်ပို့ခဲ့ရပြီး သွင်းကုန်အနေဖြင့် ဒေါ်လာ ၉၇ သန်းကျော်ဖိုး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ ၁၁ သန်းကျော်သာရှိခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၄၂ သန်းကျော် တိုးလာခြင်းဖြစ်ပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ  တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးရဲ့ ကုန်သွယ်မှုတန်ဖိုးဟာလည်း ဒေါ်လာ ၃၂၇၉.၈၀၂ သန်းရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
အောင်အောင်