【 ပြည်တွင်း 】သုံးနှစ်ကြာဆိုင်းငံ့ထားခဲ့သည့် နာဘန်းနယ်စပ်ဂိတ်တွင် လူဝင်လူထွက်ကြီးကြပ်ရေးလုပ်ငန်းအား ပြန်လည်စတင်

【 ပြည်တွင်း 】သုံးနှစ်ကြာဆိုင်းငံ့ထားခဲ့သည့် နာဘန်းနယ်စပ်ဂိတ်တွင် လူဝင်လူထွက်ကြီးကြပ်ရေးလုပ်ငန်းအား ပြန်လည်စတင်

သုံးနှစ်ကြာ ဆိုင်းငံ့ထားခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ရှိ နာဘန်းနယ်စပ်ဂိတ်တွင် အဝင်အထွက် ခရီးသည်များအား ပြန်လည်ခွင့်ပြုပေးလျက်ရှိတယ်လို့ သိရပါတယ်။

မေလ ၅ ရက်နေ့ နံနက်ပိုင်းကစပြီး တရုတ်-မြန်မာနယ်စပ်ရှိ နာဘန်းနယ်စပ်ဂိတ်တွင် ပထမအသုတ် အဝင်အထွက် ခရီးသည်များကို ပြန်လည်ခွင့်ပြုပေးခဲ့တာလို့ ဆိုပါတယ်။

နာဘန်းနယ်စပ်ဂိတ်သည် ဝမ်တိန်နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်း၏ လက်အောက်ရှိ နယ်စပ်ဂိတ်နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး  အဆိုပါနယ်စပ်ဂိတ်မှတစ်ဆင့် တင်သွင်းတင်ပို့သည့် ကုန်စည်များမှာ အဓိကအားဖြင့် မီးသွေး၊ နေ့စဥ်သုံးပစ္စည်း၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အိမ်ဆောက်ပစ္စည်း စသည်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ နာဘန်းနယ်စပ်ဂိတ်တွင် နှစ်စဉ်ပျမ်းမျှအားဖြင့် ပြည်ဝင်ပြည်ထွက်ခရီးသည် ၆ သိန်း ခန့်ရှိပြီး သွင်းကုန်၊ ပို့ကုန် ပို့ဆောင်ရေးပမာဏမှာ တန်ချိန် ၃ သိန်းကျော်ရှိပြီး ကုန်စည်တန်ဖိုးမှာ တရုတ်ယွမ် သန်း ၅၀၀ နီးပါးရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အောင်အောင်

ရန်ကုန်၊ မေ ၂၃