【 ပြည်တွင်း 】ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် နွေရာသီဝူရှူးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့

【 ပြည်တွင်း 】ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် နွေရာသီဝူရှူးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့

ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်မှာရှိတဲ့ တရုတ်ယဉ်ကျေးမှုစင်တာတွင် နွေရာသီဝူရှူးသင်တန်းကို ၃ လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့ Chinese Culture Center Yangon ရဲ့လူမှုကွန်ရက်မှာ‌ ဖော်ပြချက်အရ သိရပါတယ်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် FSSL (Myanmar) Services Limited တို့ ပူးပေါင်းစီစဉ်သော “၂၀၂၃ ခုနှစ် နွေရာသီဝူရှူးသင်တန်း” အစီအစဉ်မှ ဝူရှူး(ထောက်လု)နှင့် ထိုက်ကျီသိုင်းသင်တန်းတို့ကို မတ်လမှ စတင်၍ မေလ ၃၀ရက်အထိ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ မနက်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဖွင့်လှစ်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ သင်တန်းများကို အတွေ့အကြုံရင့်ကျက်သော နည်းပြဆရာများဖြစ်ကြသည့် ဆရာသူရစိုးနှင့် ဆရာငြိမ်းချမ်းကိုကိုတို့မှ တာဝန်ယူသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ သင်တန်း၏ နည်းပြဆရာများအဖြစ် တာဝန်ယူခဲ့သော ဆရာသူရစိုးနှင့် ဆရာငြိမ်းချမ်းကိုကိုတို့သည် အောင်မြင်မှု ဆုတံဆိပ်အများအပြားကို ဆွတ်ခူးရရှိထားကြသူများဖြစ်တယ်လို့ သိရပါတယ်။

အောင်အောင်