【 ပြည်တွင်း 】တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၄၀ ကျော်ရရှိ

【 ပြည်တွင်း 】တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၄၀ ကျော်ရရှိ

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ရက်မှ မေလ ၁၂ ရက်အထိ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ရရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့အချက်လက်တွေအရ သိရပါတယ်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် တရုတ်၊ ဂျပန် ၊ ထိုင်း နှင့် ဥရောပနိုင်ငံများသို့ ရေလမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်သလို မူဆယ်၊ မြဝတီ ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော စတဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေလည်း ပုံမှန်တင်ပို့နေခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် အလားတူကာလတွင် ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၄ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုကို ပုံမှန်အတိုင်းတင်ပို့နေသော်လည်း ကိုဗစ်ကာလ မတိုင်ခင် အခြေအနေကို ပြန်လည်မရောက်ရှိသေးဘဲ တင်ပို့မှုလျော့ကျနေဆဲဖြစ်ပါတယ်။

အောင်အောင်

ရန်ကုန်၊ မေ ၂၉