【 ပြည်တွင်း 】တရုတ်စာ လက်ရေးလှသင်တန်း မြန်မာကျောင်းသားများ တက်ရောက်သင်ယူ

【 ပြည်တွင်း 】တရုတ်စာ လက်ရေးလှသင်တန်း မြန်မာကျောင်းသားများ တက်ရောက်သင်ယူ

ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာမှာပြုလုပ်တဲ့  နွေရာသီတရုတ်စာလက်ရေးလှသင်တန်းသို့ မြန်မာနိုင်ငံရှိ ကျောင်းသားတချို့ တက်ရောက်သင်ယူခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်စာလက်ရေးလှယဉ်ကျေးမှုကို မိတ်ဆက်မြှင့်တင်ရန်အတွက် ယခုနှစ် နွေရာသီအားလပ်ရက်တွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာနှင့် မြန်မာနိုင်ငံတရုတ်စာပန်းချီနှင့် ပန်းချီအသင်းအဖွဲ့တို့ ပူးပေါင်းကာ “၂၀၂၃ ခုနှစ် နွေရာသီတရုတ်စာလက်ရေးလှသင်တန်း” ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို မတ်လ ၂၈ ရက်နေ့မှစတင်၍ မေလ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းချိန်စုစုပေါင်း (၈)ချိန် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ယခုသင်တန်းသည် အခြေခံလက်ရေးလှနည်းစနစ်များနှင့် ဗဟုသုတများကို သင်ကြားပေးခြင်းဖြင့် မြန်မာလူမျိုးများ တရုတ်စာလက်ရေးလှအနုပညာအား ပိုမိုနားလည်သဘောပေါက်လာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယခုတစ်ခေါက်တရုတ်စာလက်ရေးလှရေးသင်တန်းကို မြန်မာနိုင်ငံတရုတ်စာပန်းချီနှင့် ပန်းချီအသင်းအဖွဲ့ဥက္ကဋ္ဌ ဦးမော်လီရွှေမှ ကိုယ်တိုင်လာရောက်သင်ကြားပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

အောင်အောင်

ရန်ကုန် ၊ မေ  ၂၈