【 ပြည်တွင်း 】တရုတ်ကြက်ခြေနီအသင်းက မြန်မာကြက်ခြေနီအသင်းထံ ကန်ဒေါ်လာ ၁ သိန်း ပေးအပ်လှူဒါန်း

【 ပြည်တွင်း 】တရုတ်ကြက်ခြေနီအသင်းက မြန်မာကြက်ခြေနီအသင်းထံ ကန်ဒေါ်လာ ၁ သိန်း ပေးအပ်လှူဒါန်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြုံတွေ့ရပြီးနောက် ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ကူညီပံ့ပိုးပေးရန်အတွက် တရုတ်နိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းထံသို့ အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့တွင် လက်ငင်းငွေကူညီမှုအဖြစ် ကန်ဒေါ်လာ ၁ သိန်းပေးအပ်ခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်ကလည်း တရုတ်နိုင်ငံသည် ရှေးဦးစွာ မြန်မာနိုင်ငံထံသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံကြက်ခြေနီအသင်းသည်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံသို့ ကူညီမှုများပေးအပ်ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီ၍ အေးအတူပူအမျှဖြစ်သည့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကိုအပြည့်အဝပေါ်လွင်စေကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏လိုအပ်ချက်အရ မိမိတတ်နိုင်သမျှ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်သွားကာ ဒေသခံပြည်သူများ ယာယီအခက်အခဲများကိုကျော်ဖြတ်၍ ဆောလျင်စွာအိမ်ရာ ပြန်လည်တည်ဆောက်ရန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အတူ မေလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် “မိုခါ” (MOCHA) ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသော မြန်မာနိုင်ငံသဘာဝဘေးသင့်ပြည်သူများအတွက် ယွမ် ၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သေးတယ်လို့ သိရပါတယ်။

အောင်အောင်

ရန်ကုန်၊ မေ ၃၀