【 ပြည်တွင်း 】တစ်နှစ်အတွင်း ပြည်ပသို့ရော်ဘာတန်ချိန် ၂သိန်းကျော်တင်ပို့ခဲ့ရာ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထား

【 ပြည်တွင်း 】တစ်နှစ်အတွင်း ပြည်ပသို့ရော်ဘာတန်ချိန် ၂သိန်းကျော်တင်ပို့ခဲ့ရာ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထား

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် ၂သိန်းကျော်တင်ပို့ခဲ့ရပြီး အိမ်နီးချင်း တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထားခြင်းဖြစ်တယ်လို့ စီးပွားကူးသန်းရဲ့အချက်လက်တွေအရ သိရပါတယ်။ 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံးမှ ရော်ဘာတန်ချိန် (၃) သိန်း (၆) သောင်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပသို့ ရော်ဘာတန်ချိန် (၂) သိန်းကျော် တင်ပို့ခဲ့တာလို့ ဆိုပါတယ်။ 
မြန်မာ့ရော်ဘာတင်ပို့မှုတွင် တရုတ်နိုင်ငံကို အဓိကတင်ပို့ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့ခဲ့တယ်လို့ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရပါတယ်။ 
ပြည်ပနိုင်ငံများသို့ ရော်ဘာတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့နေခြင်း ဖြစ်ပါတယ်။ 
ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး တစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ၁၆ သိန်းကျော်ရှိကာ စိုက်ဧက ၈ သိန်းကျော်မှ တစ်နှစ်လျှင် တန်ချိန်သုံးသိန်းကျော် ထုတ်လုပ်နေကြောင်း သိရပါတယ်။ 
 
အောင်အောင်