【ပြည်တွင်း】ယခုဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၂ သန်းတင်သွင်းမည်

【ပြည်တွင်း】ယခုဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၂ သန်းတင်သွင်းမည်

ရန်ကုန် ၊ ဧပြီ ၂၀
အခုလက်ရှိ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပကနေ ဓာတ်မြေဩဇာတန်ချိန် ၂သန်းတင်သွင်း မည်ဖြစ်ကြောင်း ယူရီးယားဓါတ်မြေဩဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ သိရပါတယ်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ ဓာတ်မြေဩဇာတန်ချိန် (၂)သန်း နှင့် ပိုးသတ်ဆေးတန်ချိန် ၃၅,၀၀၀ ကို ပြည် ပမှတင်သွင်းပြီး ရာသီချိန်အမီ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ 
 
ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍမှာ လိုအပ်တဲ့ ဓာတ်မြေဩဇာတွေကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ် ၊ အို မန်၊ ယူအေအီး၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘာရိန်း၊ ဂျပန်၊ ဗီယက်နမ်၊ မလေးရှား၊တောင်ကိုရီးယား၊ ဂျာမနီ၊ ဘီလာရုဇ်၊ ဥဇဘက်ကစ္စတန်၊ ရုရှား၊ လာအို၊ ဆော်ဒီအာရေဗျ၊ ကနေဒါ၊ မက္ကဆီကို၊ ထိုင်ဝမ်၊ အီရန်၊ အင်္ဂလန် ၊ နော်ဝေ ၊ ဘယ်လ်ဂျီယံ၊ အစ္စရေး၊ ဘရူနိုင်း၊ ဖင်လန် စတဲ့နိုင်ငံများကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။
 
ပြည်တွင်းသို့ ဓာတ်မြေဩဇာတင်သွင်းမှုတွင် အိမ်နီးချင်းတရုတ်နိုင်ငံကနေ အများဆုံးတင်သွင်းနေ ခြင်းဖြစ်ကြောင်း သိရပါတယ်။ 
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအထိ   ၆လအတွင်းမှာပဲ တရုတ်နိုင်ငံကနေ ဓာတ်မြေဩဇာတန်ချိန် ၅ သိန်းကျော် တင်သွင်းခဲ့ကြောင်းလည်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။ 
 
အောင်အောင်